Zawgyi

Valve ရဲ႕ Operation Shattered Web လို႔ အမည္ေပးထားတဲ့ CS: GO Update ဟာ မၾကာေသးမီက ထြက္ေပၚလာခဲ့ပါတယ္။ Operation Shattered Web ဟာ ၾကီးမားတဲ့ update တစ္ခုျဖစ္ျပီး 16$ ခန္႔ က်သင့္မယ့္ pass တစ္ခုလည္း ပါဝင္လာပါတယ္။ ဒီ update ထဲမွာ CS: GO ရဲ႕ T နဲ႔ CT-sided character သစ္မ်ား အားလုံးကို unlock လုပ္ ကစားႏိုင္ခြင့္ကို ထည့္သြင္းထားျပီး ဒီလိုျပဳလုပ္ႏိုင္ခြင့္ေပးတာမ်ိဳး အရင္က မရွိခဲ့ဖူးပါဘူး။

Character တစ္ခုခ်င္းစီမွာ progression tree မ်ားနဲ႔ level တင္ရင္ ရရွိမယ့္ reward မ်ား ပါဝင္ပါတယ္။ ပြဲအျပီးမွာ ကိုယ္ဘယ္ေလာက္ထိေကာင္းေကာင္းကစားႏိုင္ခဲ့လဲဆိုတာကို ျပသေပးမယ့္ end-of-match accolades၊ weapon collection အသစ္မ်ား၊ stickers collection သစ္မ်ား၊ graffiti သစ္မ်ား စတာေတြကိုလည္း ယခု update ထဲမွာ ထည့္သြင္းေပးထားပါတယ္။

Shattered Web အတြင္းမွာ ထူးျခားတာကေတာ့ character skin မ်ားပါ။ Unlock လုပ္ႏိုင္မယ့္ skin စုစုေပါင္း ၂၂ ခုအထိ ပါဝင္ျပီး တစ္ခုခ်င္းစီမွာ ကိုယ္ပိုင္ rarity descriptor မ်ား ပါဝင္ပါတယ္။ အျမင့္ဆုံး tier ကေတာ့ Master Agents မ်ား ျဖစ္ျပီး Lt.Commander Ricksaw, The Elite Mr.Muhlik, Special Agent Ava စသျဖင့္ ပါဝင္ပါတယ္။

Mission မ်ား ေအာင္ျမင္ရင္ star မ်ား ရရွိႏိုင္မွာျဖစ္ျပီး Master Agent တစ္ခုကို ရရွိဖုိ႔အတြက္ star ၁၀၀ လုိအပ္ပါတယ္။ Master Agent အခ်ိဳ႕မွာ ကိုယ္ပိုင္ cheers နဲ႔ voices သံမ်ား ထည့္သြင္းထားျပီး အျခား rarity descriptor မ်ားအေနနဲ႔ Superior Agent, Exceptional Agent စတာေတြလည္း ပါဝင္ပါေသးတယ္။

တစ္ပတ္ကို mission ၆ ခုပါဝင္တဲ့ mission card တစ္ခုစီ ရရွိမွာျဖစ္ျပီး mission မ်ားကို ဘယ္ mode မွာ မဆို ျပဳလုပ္ႏို္င္မွာပါ။ Mission မ်ား ျပဳလုပ္ျပီး bronze ကေန diamond အထိ upgrade ျပဳလုပ္ႏိုင္မယ့္ shattered web coin လည္း ပါဝင္လာပါတယ္။ Mission ၃၃ ခု ေအာင္ျမင္ရင္ silver, ၆၆ ခု ေအာင္ျမင္ရင္ gold နဲ႔ ၁၀၀ ေအာင္ျမင္ရင္ diamond အထိ upgrade လုပ္ႏိုင္မွာပါ။

အသစ္ပါဝင္လာတဲ့ map လည္း စုစုေပါင္း ၃ ခုရွိျပီး Lunacy, Jungle နဲ႔ Studio တို႔ ျဖစ္ၾကပါတယ္။ Lunacy map က လေပၚကအေနအထားကို ပုံေဖာ္ထားျပီး Jungle ကေတာ့ ေတာတြင္းတစ္ေနရာပုံစံပါ။ Studio ကေတာ့ TV production အေသးစားတစ္ခုရဲ႕ အတြင္းပိုင္းအသြင္အျပင္ရွိတဲ့ map တစ္ခုပါ။

Shattered Web ဟာ ရက္သတၱပတ္ ၁၆ ပတ္ခန္႔ ၾကာျမင့္မွာျဖစ္ျပီး တစ္ပတ္ခ်င္းစီမွာ mission card အသစ္မ်ား ရရွိႏိုင္မွာပါ။ အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ www.counter-striker.net/shatteredweb မွာ ဖတ္ရႈႏိုင္ပါတယ္။ CS: GO ရဲ႕ ယခု update ဟာ ထူးျခားတာမို႔ ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: counter-strike.net, hardwarezone, bleedingcool

Unicode

Valve ရဲ့ Operation Shattered Web လို့ အမည်ပေးထားတဲ့ CS: GO Update ဟာ မကြာသေးမီက ထွက်ပေါ်လာခဲ့ပါတယ်။ Operation Shattered Web ဟာ ကြီးမားတဲ့ update တစ်ခုဖြစ်ပြီး 16$ ခန့် ကျသင့်မယ့် pass တစ်ခုလည်း ပါဝင်လာပါတယ်။ ဒီ update ထဲမှာ CS: GO ရဲ့ T နဲ့ CT-sided character သစ်များ အားလုံးကို unlock လုပ် ကစားနိုင်ခွင့်ကို ထည့်သွင်းထားပြီး ဒီလိုပြုလုပ်နိုင်ခွင့်ပေးတာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။

Character တစ်ခုချင်းစီမှာ progression tree များနဲ့ level တင်ရင် ရရှိမယ့် reward များ ပါဝင်ပါတယ်။ ပွဲအပြီးမှာ ကိုယ်ဘယ်လောက်ထိကောင်းကောင်းကစားနိုင်ခဲ့လဲဆိုတာကို ပြသပေးမယ့် end-of-match accolades၊ weapon collection အသစ်များ၊ stickers collection သစ်များ၊ graffiti သစ်များ စတာတွေကိုလည်း ယခု update ထဲမှာ ထည့်သွင်းပေးထားပါတယ်။

Shattered Web အတွင်းမှာ ထူးခြားတာကတော့ character skin များပါ။ Unlock လုပ်နိုင်မယ့် skin စုစုပေါင်း ၂၂ ခုအထိ ပါဝင်ပြီး တစ်ခုချင်းစီမှာ ကိုယ်ပိုင် rarity descriptor များ ပါဝင်ပါတယ်။ အမြင့်ဆုံး tier ကတော့ Master Agents များ ဖြစ်ပြီး Lt.Commander Ricksaw, The Elite Mr.Muhlik, Special Agent Ava စသဖြင့် ပါဝင်ပါတယ်။

Mission များ အောင်မြင်ရင် star များ ရရှိနိုင်မှာဖြစ်ပြီး Master Agent တစ်ခုကို ရရှိဖို့အတွက် star ၁၀၀ လိုအပ်ပါတယ်။ Master Agent အချို့မှာ ကိုယ်ပိုင် cheers နဲ့ voices သံများ ထည့်သွင်းထားပြီး အခြား rarity descriptor များအနေနဲ့ Superior Agent, Exceptional Agent စတာတွေလည်း ပါဝင်ပါသေးတယ်။

တစ်ပတ်ကို mission ၆ ခုပါဝင်တဲ့ mission card တစ်ခုစီ ရရှိမှာဖြစ်ပြီး mission များကို ဘယ် mode မှာ မဆို ပြုလုပ်နိုင်မှာပါ။ Mission များ ပြုလုပ်ပြီး bronze ကနေ diamond အထိ upgrade ပြုလုပ်နိုင်မယ့် shattered web coin လည်း ပါဝင်လာပါတယ်။ Mission ၃၃ ခု အောင်မြင်ရင် silver, ၆၆ ခု အောင်မြင်ရင် gold နဲ့ ၁၀၀ အောင်မြင်ရင် diamond အထိ upgrade လုပ်နိုင်မှာပါ။

အသစ်ပါဝင်လာတဲ့ map လည်း စုစုပေါင်း ၃ ခုရှိပြီး Lunacy, Jungle နဲ့ Studio တို့ ဖြစ်ကြပါတယ်။ Lunacy map က လပေါ်ကအနေအထားကို ပုံဖော်ထားပြီး Jungle ကတော့ တောတွင်းတစ်နေရာပုံစံပါ။ Studio ကတော့ TV production အသေးစားတစ်ခုရဲ့ အတွင်းပိုင်းအသွင်အပြင်ရှိတဲ့ map တစ်ခုပါ။

Shattered Web ဟာ ရက်သတ္တပတ် ၁၆ ပတ်ခန့် ကြာမြင့်မှာဖြစ်ပြီး တစ်ပတ်ချင်းစီမှာ mission card အသစ်များ ရရှိနိုင်မှာပါ။ အသေးစိတ်အချက်အလက်များကိုတော့ www.counter-striker.net/shatteredweb မှာ ဖတ်ရှုနိုင်ပါတယ်။ CS: GO ရဲ့ ယခု update ဟာ ထူးခြားတာမို့ ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: counter-strike.net, hardwarezone, bleedingcool