[Unicode]

Counter-Strike 1.6 ကို Web Browser ထဲက ဝင်ပစ်နိုင်ပြီ

 

ခေတ်ဟောင်းဂိမ်းပရိသတ်များ နှစ်ခြိုက်စွာဆော့ကစားလာခဲ့ကြတဲ့ Counter-Strike 1.6 ဟာ ပရိသတ်များထံကို အသွင်တစ်မျိုးနဲ့ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ အဲဒါကတော့ browser ထဲကနေ Counter-Strike 1.6 ကို ဝင်ရောက်ကစားနိုင်မယ့် cs-online.club လို့ အမည်ရတဲ့ ဝက်ဘ်ဆိုက်တစ်ခု မကြာသေးမီက ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

cs-online.club ကို ဝင်ရောက်ကစားနိုင်ဖို့အတွက် မဖြစ်မနေ registration လုပ်စရာ မလိုအပ်ပါဘူး။ ဆာဗာများအနေနဲ့ကတော့ ဥရောပ၊ ကနေဒါ၊ ယူအက်စ်အေ၊ အာရှ၊ အိန္ဒိယ၊ ဘရာဇီး စ သဖြင့် မျိုးစုံရှိပြီး Counter-Strike 1.6 map များလည်း အများအပြား ပါရှိပါတယ်။

ကစားသူများဟာ cs-online.club ကို စတင်ဝင်ရောက်တာနဲ့ မိမိတို့ အလိုရှိတဲ့ ဆာဗာများ၊ map များနဲ့ ကန့်သတ်ချက်အချို့ကို ရွေးချယ်ပြီးတာနဲ့ connect လုပ် ဝင်ရောက်ကစားနိုင်ပါပြီ။ ဝက်ဘ်ဆိုက်ပေါ်က ကစားသမားများနဲ့ စကားပြောဆိုနိုင်မယ့် chat တစ်ခုလည်း ပါရှိပြီး ယင်းကို အသုံးပြုဖို့အတွက်တော့ register ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

cs-online.club အတွက် registration ကိုတော့ Facebook, Steam, Instagram စတာတွေကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဂိမ်းကို စိတ်ကြိုက်ကစားနိုင်အောင် ပြင်ဆင်နိုင်ဖို့အတွက် settings များလည်း ပါရှိပြီး ယင်းထဲမှာတော့ cs-online.club ဟာ Google Chrome, Chromium, Comodo Dragon နဲ့ Safari (Mac OS X) တို့ ၄ ခုပေါ်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သူစိမ်းများနဲ့ ယှဉ်တွဲကစားရတာ မနှစ်သက်သူများအတွက် ဆာဗာများကို အခကြေးငွေနဲ့ ငှားရမ်းခွင့်ပြုထားပါတယ်။ ဒါ့အပြင် မိမိရဲ့အကောင့်ကို premium ဖြစ်အောင် မြှင့်တင်နိုင်မယ့် feature လည်း ယင်းဝက်ဘ်ဆိုက်အတွင်းမှာ ပါဝင်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန် cs-online.club ပေါ်မှာ ဝင်ရောက်စမ်းသပ်ကစားနေသူများရဲ့အဆိုအရ​ ဝက်ဘ်ဆိုက်ဟာ အလွန်နှေးကွေး​​လေးလံပြီး ကစားရအဆင်မပြေ​​ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ဒါ​​ကြောင့်​ တာဝန်ရှိသူများက ဝက်ဘ်ဆိုက်ကို maintenance များ ပြုလုပ်နေပြီလို့လည်း အချို့ကဆိုကြပါတယ်။

မည်သို့ပင်ဖြစ်စေ​​ Counter-Strike 1.6 ကို မည်သည့်ဒေါင်းလုတ်မှပြုလုပ်စရာမလိုပဲ အလွမ်းပြေ ပြန်လည်ကစားနိုင်တဲ့ ဝက်ဘ်ဆိုက်​ပေါ်ထွက်လာမှုဟာ ထူးခြားတာမို့ ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: cs-online.club


[ZawGyi]

Counter-Strike 1.6 ကို Web Browser ထဲက ဝင္ပစ္ႏိုင္ၿပီ

 

ေခတ္ေဟာင္းဂိမ္းပရိသတ္မ်ား ႏွစ္ၿခိဳက္စြာေဆာ့ကစားလာခဲ့ၾကတဲ့ Counter-Strike 1.6 ဟာ ပရိသတ္မ်ားထံကို အသြင္တစ္မ်ိဳးနဲ႔ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ။ အဲဒါကေတာ့ browser ထဲကေန Counter-Strike 1.6 ကို ဝင္ေရာက္ကစားႏိုင္မယ့္ cs-online.club လို႔ အမည္ရတဲ့ ဝက္ဘ္ဆိုက္တစ္ခု မၾကာေသးမီက ထြက္ေပၚလာခဲ့တာပဲျဖစ္ပါတယ္။

 

cs-online.club ကို ဝင္ေရာက္ကစားႏိုင္ဖို႔အတြက္ မျဖစ္မေန registration လုပ္စရာ မလိုအပ္ပါဘူး။ ဆာဗာမ်ားအေနနဲ႔ကေတာ့ ဥေရာပ၊ ကေနဒါ၊ ယူအက္စ္ေအ၊ အာရွ၊ အိႏၵိယ၊ ဘရာဇီး စ သျဖင့္ မ်ိဳးစုံရွိၿပီး Counter-Strike 1.6 map မ်ားလည္း အမ်ားအျပား ပါရွိပါတယ္။

ကစားသူမ်ားဟာ cs-online.club ကို စတင္ဝင္ေရာက္တာနဲ႔ မိမိတို႔ အလိုရွိတဲ့ ဆာဗာမ်ား၊ map မ်ားနဲ႔ ကန္႔သတ္ခ်က္အခ်ိဳ႕ကို ေ႐ြးခ်ယ္ၿပီးတာနဲ႔ connect လုပ္ ဝင္ေရာက္ကစားႏိုင္ပါၿပီ။ ဝက္ဘ္ဆိုက္ေပၚက ကစားသမားမ်ားနဲ႔ စကားေျပာဆိုႏိုင္မယ့္ chat တစ္ခုလည္း ပါရွိၿပီး ယင္းကို အသုံးျပဳဖို႔အတြက္ေတာ့ register ျပဳလုပ္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

cs-online.club အတြက္ registration ကိုေတာ့ Facebook, Steam, Instagram စတာေတြကို အသုံးျပဳၿပီး ျပဳလုပ္ႏိုင္ပါတယ္။ ဂိမ္းကို စိတ္ႀကိဳက္ကစားႏိုင္ေအာင္ ျပင္ဆင္ႏိုင္ဖို႔အတြက္ settings မ်ားလည္း ပါရွိၿပီး ယင္းထဲမွာေတာ့ cs-online.club ဟာ Google Chrome, Chromium, Comodo Dragon နဲ႔ Safari (Mac OS X) တို႔ ၄ ခုေပၚမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္ေၾကာင္းကိုလည္း ေဖာ္ျပထားပါတယ္။

 

ဒါ့အျပင္ သူစိမ္းမ်ားနဲ႔ ယွဥ္တြဲကစားရတာ မႏွစ္သက္သူမ်ားအတြက္ ဆာဗာမ်ားကို အခေၾကးေငြနဲ႔ ငွားရမ္းခြင့္ျပဳထားပါတယ္။ ဒါ့အျပင္ မိမိရဲ႕အေကာင့္ကို premium ျဖစ္ေအာင္ ျမႇင့္တင္ႏိုင္မယ့္ feature လည္း ယင္းဝက္ဘ္ဆိုက္အတြင္းမွာ ပါဝင္ပါတယ္။

ဒါေပမယ့္ လက္ရွိအခ်ိန္ cs-online.club ေပၚမွာ ဝင္ေရာက္စမ္းသပ္ကစားေနသူမ်ားရဲ႕အဆိုအရ​ ဝက္ဘ္ဆိုက္ဟာ အလြန္ေႏွးေကြး​​ေလးလံၿပီး ကစားရအဆင္မေျပ​​ျဖစ္ေနတယ္လို႔ ဆိုၾကပါတယ္။ ဒါ​​ေၾကာင့္​ တာဝန္ရွိသူမ်ားက ဝက္ဘ္ဆိုက္ကို maintenance မ်ား ျပဳလုပ္ေနၿပီလို႔လည္း အခ်ိဳ႕ကဆိုၾကပါတယ္။

မည္သို႔ပင္ျဖစ္ေစ​​ Counter-Strike 1.6 ကို မည္သည့္ေဒါင္းလုတ္မွျပဳလုပ္စရာမလိုပဲ အလြမ္းေျပ ျပန္လည္ကစားႏိုင္တဲ့ ဝက္ဘ္ဆိုက္ ​ေပၚထြက္လာမႈဟာ ထူးျခားတာမို႔ ပရိသတ္မ်ားအတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: cs-online.club