[Unicode]

Crash Bandicoot မြေခွေးလမ်းလျှောက် မိုဘိုင်းလ်ဂိမ်း ထွက်ပေါ်လာတော့မည်

 

ခေတ်ဟောင်းဗီဒီယိုဂိမ်းပရိသတ်များရဲ့ အထူးတလည်အားပေးခြင်းကို ခံခဲ့ရတဲ့ Crash Bandicoot ဟာ မိုဘိုင်းလ်ပေါ်ကိုလည်း ရောက်ရှိလာတော့မှာပါ။ PlayStation, Xbox နဲ့ Nintendo အပါအဝင် ဂိမ်းပလက်ဖောင်းပေါင်းစုံပေါ်မှာ အရေအတွက်ပေါင်း သန်းချီ ရောင်းချနိုင်ခဲ့တဲ့ ယင်းဂိမ်းစီးရီးရဲ့ မိုဘိုင်းလ်ဂိမ်းကို Activision က ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Original Crash Bandicoot (1996)

ဒီအကြောင်းကို Twitter အသုံးပြုသူများဖြစ်ကြတဲ့ JumpButton နဲ့ Motwera တို့က အရင်ဆုံးတင်ခဲ့တာပါ။ ယင်းပို့စ်များအရတော့ Crash Bandicoot မိုဘိုင်းလ်ဂိမ်းဟာ Temple Run ဂိမ်းနဲ့ ကစားပုံကစားနည်းချင်း ဆင်တူမယ်လို့ ယူဆရပါတယ်။ Activision ရဲ့ တရားဝင်ကြေညာချက် မထွက်ပေါ်လာသေးပေမယ့် ကုမ္ပဏီဟာ ယင်းတို့ပိုင်ဆိုင်တဲ့ ဂိမ်းဖရန်ချိုက်စ်တစ်ခုစီအတွက် မိုဘိုင်းလ်ဂိမ်းများ အလေးပေးထုတ်လုပ်သွားမှာဖြစ်ကြောင်း ကြေညာဖူးလို့ ဒီသတင်းဟာ သေချာသလောက် ရှိပါတယ်။

မိုဘိုင်းလ်ဖုန်းများပေါ်မှာ လွန်စွာအောင်မြင်ခဲ့တဲ့ Candy Crush Saga ကို ထုတ်လုပ်ခဲ့တဲ့ King ကုမ္ပဏီကို ၂၀၁၆ မှာ Activision Blizzard က ကန်ဒေါ်လာ ၅.၉ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါကြောင့် Crash Bandicoot မိုဘိုင်းလ်ဂိမ်း ထုတ်လုပ်ဖို့အတွက် King ရဲ့ developer များကို တာဝန်ပေးထားတာဖြစ်နိုင်ကြောင်းကိုလည်း အများက ထင်ကြေးပေးနေကြပါတယ်။

မိုဘိုင်းလ်အတွက် Crash Bandicoot ထွက်ပေါ်လာမှာကတော့ ယခုအကြိမ်ဟာ ပထမဆုံး မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်တုန်းက racing ဂိမ်းအမျိုးအစား Crash Bandicoot Nitro Kart 3D ဟာ iPod Touch နဲ့ iPhone များအတွက် Apple Store ပေါ်မှာ အဦးဆုံး Crash Bandicoot မိုဘိုင်းလ်ဂိမ်များထဲကတစ်ခုအဖြစ် ထွက်ရှိခဲ့ဖူးပါတယ်။

ထွက်ရှိမယ့်အချိန်နဲ့ အခြားအသေးစိတ်အချက်အလက်များကိုတော့ Activision က တရားဝင်ကြေညာမှသာ သိရှိကြရမှာပဲ ဖြစ်ပါတယ်။ Crash Bandicoot ဂိမ်းဇာတ်ကောင်လေးဟာ ဗီဒီယိုဂိမ်းများကို ယခင်နှစ်များစွာထဲက အားပေးလာကြတဲ့ gamer များရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တာမို့ မိုဘိုင်းလ်ဂိမ်းထွက်ရှိလာခဲ့ရင်လည်း download ပေါင်းများစွာ ရရှိဦးမှာ အသေအချာပဲ ဖြစ်ပါတော့တယ်။ မိုဘိုင်းလ်ဂိမ်းသတင်းများအပါအဝင် Esports အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: UNILAD


[Zawgyi]

Crash Bandicoot ေျမေခြးလမ္းေလွ်ာက္ မိုဘိုင္းလ္ဂိမ္း ထြက္ေပၚလာေတာ့မည္

 

ေခတ္ေဟာင္းဗီဒီယိုဂိမ္းပရိသတ္မ်ားရဲ႕ အထူးတလည္အားေပးျခင္းကို ခံခဲ့ရတဲ့ Crash Bandicoot ဟာ မိုဘိုင္းလ္ေပၚကိုလည္း ေရာက္ရွိလာေတာ့မွာပါ။ PlayStation, Xbox နဲ႔ Nintendo အပါအဝင္ ဂိမ္းပလက္ေဖာင္းေပါင္းစုံေပၚမွာ အေရအတြက္ေပါင္း သန္းခ်ီ ေရာင္းခ်ႏိုင္ခဲ့တဲ့ ယင္းဂိမ္းစီးရီးရဲ႕ မိုဘိုင္းလ္ဂိမ္းကို Activision က ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သတင္းထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

Original Crash Bandicoot (1996)

ဒီအေၾကာင္းကို Twitter အသုံးျပဳသူမ်ားျဖစ္ၾကတဲ့ JumpButton နဲ႔ Motwera တို႔က အရင္ဆုံးတင္ခဲ့တာပါ။ ယင္းပို႔စ္မ်ားအရေတာ့ Crash Bandicoot မိုဘိုင္းလ္ဂိမ္းဟာ Temple Run ဂိမ္းနဲ႔ ကစားပုံကစားနည္းခ်င္း ဆင္တူမယ္လို႔ ယူဆရပါတယ္။ Activision ရဲ႕ တရားဝင္ေၾကညာခ်က္ မထြက္ေပၚလာေသးေပမယ့္ ကုမၸဏီဟာ ယင္းတို႔ပိုင္ဆိုင္တဲ့ ဂိမ္းဖရန္ခ်ိဳက္စ္တစ္ခုစီအတြက္ မိုဘိုင္းလ္ဂိမ္းမ်ား အေလးေပးထုတ္လုပ္သြားမွာျဖစ္ေၾကာင္း ေၾကညာဖူးလို႔ ဒီသတင္းဟာ ေသခ်ာသေလာက္ ရွိပါတယ္။

မိုဘိုင္းလ္ဖုန္းမ်ားေပၚမွာ လြန္စြာေအာင္ျမင္ခဲ့တဲ့ Candy Crush Saga ကို ထုတ္လုပ္ခဲ့တဲ့ King ကုမၸဏီကို ၂၀၁၆ မွာ Activision Blizzard က ကန္ေဒၚလာ ၅.၉ ဘီလီယံနဲ႔ ဝယ္ယူခဲ့ပါတယ္။ ဒါေၾကာင့္ Crash Bandicoot မိုဘိုင္းလ္ဂိမ္း ထုတ္လုပ္ဖို႔အတြက္ King ရဲ႕ developer မ်ားကို တာဝန္ေပးထားတာျဖစ္ႏိုင္ေၾကာင္းကိုလည္း အမ်ားက ထင္ေၾကးေပးေနၾကပါတယ္။

မိုဘိုင္းလ္အတြက္ Crash Bandicoot ထြက္ေပၚလာမွာကေတာ့ ယခုအႀကိမ္ဟာ ပထမဆုံး မဟုတ္ပါဘူး။ ၂၀၀၈ ခုႏွစ္တုန္းက racing ဂိမ္းအမ်ိဳးအစား Crash Bandicoot Nitro Kart 3D ဟာ iPod Touch နဲ႔ iPhone မ်ားအတြက္ Apple Store ေပၚမွာ အဦးဆုံး Crash Bandicoot မိုဘိုင္းလ္ဂိမ္မ်ားထဲကတစ္ခုအျဖစ္ ထြက္ရွိခဲ့ဖူးပါတယ္။

ထြက္ရွိမယ့္အခ်ိန္နဲ႔ အျခားအေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ Activision က တရားဝင္ေၾကညာမွသာ သိရွိၾကရမွာပဲ ျဖစ္ပါတယ္။ Crash Bandicoot ဂိမ္းဇာတ္ေကာင္ေလးဟာ ဗီဒီယိုဂိမ္းမ်ားကို ယခင္ႏွစ္မ်ားစြာထဲက အားေပးလာၾကတဲ့ gamer မ်ားရဲ႕ ႏွလုံးသားကို ဖမ္းစားႏိုင္ခဲ့တာမို႔ မိုဘိုင္းလ္ဂိမ္းထြက္ရွိလာခဲ့ရင္လည္း download ေပါင္းမ်ားစြာ ရရွိဦးမွာ အေသအခ်ာပဲ ျဖစ္ပါေတာ့တယ္။ မိုဘိုင္းလ္ဂိမ္းသတင္းမ်ားအပါအဝင္ Esports အေၾကာင္းအရာမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: UNILAD