[Unicode]

COVID-19 ရဲ့ ရိုက်ခတ်မှုခံနေရတဲ့ ပြည်တွင်း Esports ပြိုင်ပွဲများ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ဟာ မတ်လ (၂၅) ရက်နေ့မှာ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဝန်ကြီးဌာနမှလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန်အတွက် လိုအပ်တဲ့ ညွှန်ကြားချက်များကိုလည်း အချိန်နဲ့ တပြေးညီ ထုတ်ပြန် ကြေညာလျှက် ရှိနေပါတယ်။

ကမ္ဘာအနှံ့မှာလည်း COVID-19 ကြောင့် ဖျက်သိမ်းလိုက်ရတဲ့ ပြိုင်ပွဲတွေ၊ ရွေ့ဆိုင်းလိုက်ရတဲ့ပြိုင်ပွဲတွေနဲ့ LAN Event ကနေ Online Tournament အဖြစ် ပြောင်းလဲလိုက်ရတဲ့ ပြိုင်ပွဲတွေ မနည်းမနောပါပဲ။ မြန်မာနိုင်ငံကို COVID-19 တရားဝင် ရောက်ရှိလာမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး Esports ပြိုင်ပွဲနှစ်ခုကိုလည်း အခက်တွေ့စေခဲ့ပါတယ်။

​ပြည်တွင်းမှာ အကြီးမားဆုံး Esports ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲ MPL Myanmar Season-4 ရဲ့ Regular Season ကို လာမယ့် မတ်လ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို စတင်ရောက်ရှိလာတဲ့ COVID-19 ကြောင့် ပါဝင်မယ့် အသင်းသားတွေရဲ့ လုံခြုံရေးကို ဦးစားပေးတဲ့အနေနဲ့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်းကို မတ်လ ၂၄ ရက်နေ့က တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။

MPL Myanmar Season-4 ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အကောင်းဆုံး MLBB အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၇၀၀ ခန့်) ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အသင်းပေါင်း ၄၀၀ ခန့်ပါဝင်ယှဉ်ပြိုင်ကြပြီး ယခု Regular Season ကိုတော့ အောက်ပါ (၈) သင်းက ရောက်ရှိလာပါတယ်။

နောက်ထပ် ပြိုင်ပွဲတစ်ခုကတော့ PUBG Mobile Myanmar Championship 2020 (PMMC 2020) ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ အကြီးမားဆုံး PUBG Mobile ပြိုင်ပွဲတစ်ခုဖြစ်တဲ့ PMMC ကို ယခင်က Yangon Convention Center မှာ လာမယ့် မတ်လ ၂၉ နဲ့ ၃၀ ရက်တို့မှာ ခမ်းခမ်းနားနားကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ သို့ပေမယ့် နိုင်ငံတွင်း COVID-19 ရောဂါ ပြန့်နှံ့နေမှုကြောင့် ယခုအခါမှာတော့ Online ပြိုင်ပွဲအဖြစ်ကို ပြောင်းလဲခဲ့ရပါတယ်။

PMMC ပြိုင်ပွဲဟာလည်း ပြည်တွင်း ဆုကြေးငွေအများဆုံး PUBG Mobile ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆုကြေးငွေ သိန်း (၅၀၀) ကျပ် ပေးအပ်သွားမှာပါ။ PMMC ပြိုင်ပွဲကို လာရောက် အားပေးဖို့ အားခဲထားတဲ့ ပရိသတ်တွေအတွက်လည်း PUBG Mobile Page ကနေ တိုက်ရိုက်ပြသပေးသွားမှာပါ။ PMMC 2020 ပါဝင်မယ့် အသင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ကူးစက်နိုင်တဲ့ ကပ်ရောဂါ အမျိုးအစား ဖြစ်တာနဲ့အညီ Gaming Noodle ပရိသတ်တွေလည်း အတတ်နိုင်ဆုံး အိမ်မှာပဲနေပြီး ဂိမ်းဆော့တာဖြစ်ဖြစ် ဂိမ်းပြိုင်ပွဲတွေ ကြည့်ရှုအားပေးတာပဲဖြစ်ဖြစ် မိမိစိတ်ဝင်စားရာ ဝါသနာတစ်ခုခုကို လုပ်ဆောင်နေဖို့ အကြံပြုလိုက်ပါတယ်။ COVID-19 ဖြစ်ပွားနေပေမယ့်လည်း Gaming Noodle ကနေ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအသစ်တွေကို တင်ဆက်ပေးသွားဦးမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ခင်ဗျာ။

 

Source: MLBB-MM & PUBG Mobile Facebook


[ZawGyi]

COVID-19 ရဲ႕ ႐ိုက္ခတ္မႈခံေနရတဲ့ ျပည္တြင္း Esports ၿပိဳင္ပြဲမ်ား

 

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ တရားဝင္ထုတ္ျပန္ခ်က္အရ တစ္ကမာၻလုံးမွာ ျဖစ္ပြားေနတဲ့ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ဟာ မတ္လ (၂၅) ရက္ေန႔မွာ ျမန္မာႏိုင္ငံမွာ စတင္ေတြ႕ရွိခဲ့ပါတယ္။ ဝန္ႀကီးဌာနမွလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈမွ ကာကြယ္ရန္အတြက္ လိုအပ္တဲ့ ၫႊန္ၾကားခ်က္မ်ားကိုလည္း အခ်ိန္နဲ႔ တေျပးညီ ထုတ္ျပန္ ေၾကညာလွ်က္ ရွိေနပါတယ္။

ကမာၻအႏွံ႔မွာလည္း COVID-19 ေၾကာင့္ ဖ်က္သိမ္းလိုက္ရတဲ့ ၿပိဳင္ပြဲေတြ၊ ေ႐ြ႕ဆိုင္းလိုက္ရတဲ့ၿပိဳင္ပြဲေတြနဲ႔ LAN Event ကေန Online Tournament အျဖစ္ ေျပာင္းလဲလိုက္ရတဲ့ ၿပိဳင္ပြဲေတြ မနည္းမေနာပါပဲ။ ျမန္မာႏိုင္ငံကို COVID-19 တရားဝင္ ေရာက္ရွိလာမႈနဲ႔အတူ ျမန္မာႏိုင္ငံရဲ႕ အႀကီးမားဆုံး Esports ၿပိဳင္ပြဲႏွစ္ခုကိုလည္း အခက္ေတြ႕ေစခဲ့ပါတယ္။

​ျပည္တြင္းမွာ အႀကီးမားဆုံး Esports ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Mobile Legends: Bang Bang (MLBB) ၿပိဳင္ပြဲ MPL Myanmar Season-4 ရဲ႕ Regular Season ကို လာမယ့္ မတ္လ ၂၈ ရက္ေန႔မွာ စတင္က်င္းပဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံကို စတင္ေရာက္ရွိလာတဲ့ COVID-19 ေၾကာင့္ ပါဝင္မယ့္ အသင္းသားေတြရဲ႕ လုံၿခဳံေရးကို ဦးစားေပးတဲ့အေနနဲ႔ ရက္အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းေၾကာင္းကို မတ္လ ၂၄ ရက္ေန႔က တရားဝင္ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။

MPL Myanmar Season-4 ဟာ ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ အေကာင္းဆုံး MLBB အသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ၾကတာျဖစ္ၿပီး ဆုေၾကးေငြ ေဒၚလာ ၅၀,၀၀၀ (ျမန္မာက်ပ္ေငြ သိန္း ၇၀၀ ခန႔္) ေပးအပ္သြားမွာ ျဖစ္ပါတယ္။ အသင္းေပါင္း ၄၀၀ ခန႔္ပါဝင္ယွဥ္ၿပိဳင္ၾကၿပီး ယခု Regular Season ကိုေတာ့ ေအာက္ပါ (၈) သင္းက ေရာက္ရွိလာပါတယ္။

ေနာက္ထပ္ ၿပိဳင္ပြဲတစ္ခုကေတာ့ PUBG Mobile Myanmar Championship 2020 (PMMC 2020) ပဲျဖစ္ပါတယ္။ ျပည္တြင္းမွာ အႀကီးမားဆုံး PUBG Mobile ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ PMMC ကို ယခင္က Yangon Convention Center မွာ လာမယ့္ မတ္လ ၂၉ နဲ႔ ၃၀ ရက္တို႔မွာ ခမ္းခမ္းနားနားက်င္းပဖို႔ စီစဥ္ခဲ့ပါတယ္။ သို႔ေပမယ့္ ႏိုင္ငံတြင္း COVID-19 ေရာဂါ ျပန႔္ႏွံ႔ေနမႈေၾကာင့္ ယခုအခါမွာေတာ့ Online ၿပိဳင္ပြဲအျဖစ္ကို ေျပာင္းလဲခဲ့ရပါတယ္။

PMMC ၿပိဳင္ပြဲဟာလည္း ျပည္တြင္း ဆုေၾကးေငြအမ်ားဆုံး PUBG Mobile ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ဆုေၾကးေငြ သိန္း (၅၀၀) က်ပ္ ေပးအပ္သြားမွာပါ။ PMMC ၿပိဳင္ပြဲကို လာေရာက္ အားေပးဖို႔ အားခဲထားတဲ့ ပရိသတ္ေတြအတြက္လည္း PUBG Mobile Page ကေန တိုက္႐ိုက္ျပသေပးသြားမွာပါ။ PMMC 2020 ပါဝင္မယ့္ အသင္းေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

 

COVID-19 ကို႐ိုနာဗိုင္းရပ္စ္ေရာဂါဟာ ကူးစက္ႏိုင္တဲ့ ကပ္ေရာဂါ အမ်ိဳးအစား ျဖစ္တာနဲ႔အညီ Gaming Noodle ပရိသတ္ေတြလည္း အတတ္ႏိုင္ဆုံး အိမ္မွာပဲေနၿပီး ဂိမ္းေဆာ့တာျဖစ္ျဖစ္ ဂိမ္းၿပိဳင္ပြဲေတြ ၾကည့္ရႈအားေပးတာပဲျဖစ္ျဖစ္ မိမိစိတ္ဝင္စားရာ ဝါသနာတစ္ခုခုကို လုပ္ေဆာင္ေနဖို႔ အႀကံျပဳလိုက္ပါတယ္။ COVID-19 ျဖစ္ပြားေနေပမယ့္လည္း Gaming Noodle ကေန သတင္းေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအသစ္ေတြကို တင္ဆက္ေပးသြားဦးမွာမလို႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။

Source: MLBB-MM & PUBG Mobile Facebook