[Unicode]

Dota2 ကစားသမား အပြောင်းအရွှေ့ကြောင့် အငြင်းပွားနေကြတဲ့ NaVi နဲ့ Virtus Pro

 

Natus Vincere (Na’Vi) အသင်းရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ Zayac ဟာ Virtus.Pro (VP) အသင်းကို မကြာသေးမီရက်ပိုင်းအတွင်းကပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။ Zayac ဟာ Na’Vi အသင်းကို စောစီးစွာ ကြိုတင်အသိပေးထားခဲ့ခြင်း မရှိပဲ ESL One Los Angeles Major ရဲ့ qualifier ပွဲစဉ်များကို ကစားဖို့ ၂ ပတ်ခန့်အလိုမှာမှ ရုတ်တရတ်ထွက်ခွာသွားခဲ့တာဖြစ်လို့ ကျန်ရစ်တဲ့ Na’Vi အသင်းသားများကို အခက်တွေ့စေခဲ့ပါတယ်။

ဒီကိစ္စဟာ Na’Vi အသင်းအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ Yevhen Zolotarov ကိုလည်း ဒေါသထွက်စေခဲ့ပါတယ်။ ဒါကြောင့် Zolotarov ဟာ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြောကြားထားတဲ့ ဗီဒီယိုတစ်ခုကို အသင်းရဲ့ YouTube ချန်နယ်ပေါ်မှာ တင်ပြီး ကန့်လန့်ကာနောက်ကွယ်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စများအကြောင်းကို ရှည်လျားစွာ ရှင်းပြသွားခဲ့ပါတယ်။

Zolotarov ပြောသွားခဲ့တဲ့ အကြောင်းအရာများထဲမှာ Zayac ဟာ ကစားသမားသက်တမ်းတိုးစာချုပ်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ထွက်ခွာသွားတာဖြစ်ကြောင်း၊ Na’Vi အနေနဲ့ Zayac ကို လက်လွှတ်ပေးလိုက်မှာဖြစ်ပေမယ့် VP အသင်းကပေးတဲ့ ကစားသမားပြောင်းရွှေ့ကြေးငွေကို လက်ခံမှာ မဟုတ်ကြောင်း စ တာတွေ ပါဝင်ခဲ့ပါတယ်။ အနာဂတ်မှာ ယခုလို အသင်းထဲက ကစားသမားတစ်ဦး ဒီလိုလုပ်ပြီး ထွက်ခွာသွားခြင်းကိစ္စမျိုးကို လက်သင့်မခံလိုကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

Zolotarov ရဲ့ အပြောအရတော့ Zayac ဟာ Na’Vi အသင်းကနေ မထွက်ခွာမီ တစ်ရက်အလိုမှာမှ Na’Vi အသင်းရဲ့ မန်နေဂျာဖြစ်သူကို ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ လာမယ့် Major အတွက် အားခဲပြင်ဆင်နေကြချိန်ဖြစ်လို့ အသင်းသားအားလုံးရော မန်နေဂျာနဲ့ Zolotarov တို့ပါ ခက်ခဲတဲ့အနေအထားများကို ကြုံတွေ့ခဲ့ကြရကြောင်းကိုလည်း ပြောခဲ့ပါတယ်။

“ကျွန်တော့်ကို Zayac က မေးလ်တစ်စောင်ပို့ပါတယ်။ အဲဒီမေးလ်က သူရေးထားတာ မဟုတ်ပေမယ့် အထဲမှာ သူ့ရဲ့ ကစားသမားသက်တမ်းတိုးစာချုပ်နဲ့ ပတ်သက်တဲ့ တရားဝင်အကြောင်းအရာတွေ ပါဝင်ပါတယ်။ Zayac အနေနဲ့ Na’Vi အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် စာချုပ်သက်တမ်းတိုးမြှင့်ထားပြီးဖြစ်ပေမယ့် သူကိုယ်တိုင် အတည်ပြုစာနဲ့ အကြောင်းမပြန်ရသေးတဲ့အတွက် သူဟာ လွတ်လွတ်လပ်လပ်ထွက်သွားလို့ရကြောင်းနဲ့ မကျေနပ်ရင် တရားစွဲဆိုနိုင်ကြောင်း တွေ ရေးထားတာပါ” လို့ Zolotarov က ပြောပါတယ်။

NaVi Old Roster

ဒါကြောင့် Zolotarov ဟာ VP အသင်းရဲ့ ဥက္ကဌကို ဆက်သွယ်ပြီး Zayac ရဲ့ မေးလ်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။ VP ကတော့ စာချုပ်အတွင်းမှာ ပါဝင်တဲ့အကြောင်းအရာအချို့ရဲ့ အားနည်းချက်အပေါ်ကို အခွင့်ကောင်းယူပြီး Zayac အနေနဲ့ ကြိုက်နှစ်သက်သလို ယူဆလို့ရသွားတာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

“The International အပြီးတုန်းက Zayac က အသင်းကထွက်ပြီး Gambit အသင်းကို သွားချင်တဲ့အကြောင်းပြောဖူးတယ်။ သူ Na’Vi အသင်းမှာ ဆက်ရှိနေဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ အောင်လည်း အောင်မြင်ခဲ့တယ်။ Zayac လိုအပ်တဲ့ အခြေအနေတွေနဲ့ ပြည့်စုံအောင် ပြုပြင်ဆောင်ရွက်ပေးခဲ့သလို ၂၀၂၀ ခုနှစ်မှာ အသင်းသားအားလုံးဆက်ရှိနေအောင် စာချုပ်သက်တမ်းတိုးပြီး လစာတွေကိုလည်း ၂ ဆ တိုးမြှင့်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်” လို့လည်း Zolotarov က ပြောခဲ့ပါတယ်။

ဒါပေမယ့် ကစားသမားသက်တမ်းတိုးစာချုပ်မှာ ပါဝင်တဲ့အချက်တစ်ခုအရ ကစားသမားများဘက်က အတည်ပြုစာရေးပြီး နိုဝင်ဘာလမတိုင်မီမှာ အသင်းကို အကြောင်းပြန်ဖို့ လိုအပ်ကြောင်း ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့်လည်း စာချုပ်ရဲ့ ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး Zayac ထွက်ခွာသွားတာဖြစ်ကြောင်း၊ Na’Vi အသင်းရဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ ဒီလိုကိစ္စမျိုး လုံးဝမဖြစ်ဖူးခဲ့ကြောင်း စ တာတွေကိုလည်း ပြောခဲ့ပါတယ်။

Zolotarov ရဲ့ စကားများထဲမှာ VP ရဲ့ ဥက္ကဌဟာ Zayac ကို ယခင်ထဲက တိတ်တဆိတ်ဆက်သွယ်ပြီး ခေါ်ယူခဲ့ပုံရကြောင်း အထင်အမြင်များလည်း ပါဝင်နေပါတယ်။ အသင်းတစ်သင်းရဲ့ ကစားသမားကို ခေါ်ယူဖို့အတွက် အသင်းရဲ့ တာဝန်ရှိသူများကို အရင်မဆက်သွယ်ပဲ ကစားသမားလာရောက်စေဖို့ ဆွဲဆောင်ခြင်းဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ကြောင်း၊ နောက်ပိုင်း ဒီလိုကိစ္စတွေ မဖြစ်ရလေအောင် CIS အသင်းများရဲ့ ဥက္ကဌတွေ စုပေါင်းအစည်းအဝေးလုပ်ပြီး စည်းမျဉ်းစည်းကမ်းသစ်များ ချမှတ်သင့်ကြောင်း စ တာတွေကိုလည်း ပြောခဲ့ပါသေးတယ်။

မည်သို့ပင်ဖြစ်စေ Zayac ကတော့ VP အသင်းကို တရားဝင်ရောက်ရှိသွားပြီဖြစ်ပြီး Na’Vi ကတော့ လစ်လပ်သွားတဲ့နေရာကို ကစားသမား CemaTheSlayer ကို ခေတ္တခေါ်ယူပြီး အစားထိုးလိုက်ရပါတော့တယ်။ VP ရဲ့ General Manager “Sergey” ကလည်း Leipzig Major မှာ အားနည်းခဲ့တဲ့ လူစာရင်းကို အားဖြည့်ဖို့အတွက် Zayac ကိူ ခေါ်ယူခဲ့ကြောင်းကို အောက်ပါမိနစ် (၃၀) ကြာ Video မှာ ပြန်လည် ရှင်းပြထားပါတယ်။

VP ကလည်း Zayac ပါဝင်တဲ့ လူစာရင်းသစ်ကို ကြေညာခဲ့ပြီး လက်စွမ်းမပြနိုင်တဲ့ လူငယ် ကစားသမား ၂ ယောက်ဖြစ်တဲ့ Save- နဲ့ epileptick1d တို့ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပါတယ်။ ထို ၂ ယောက်နေရာမှာတော့ Zayac အပြင် Winstrike ကစားသမားဟောင်း Cooman ကိုပါ Stand-in အနေနဲ့ အားဖြည့်ခဲ့ပါတယ်။

VP New Players “Cooman” & “Zayac”

စာချုပ်တစ်ခုကို ချုပ်ဆိုရင် အားနည်းချက်ဖြစ်လာနိုင်တဲ့အရာများကို သတိထားသင့်ကြောင်း Esports နယ်ပယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ယခုကိစ္စလေးက သက်သေခံလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

source: dotesports, VP


[ZawGyi]

Dota2 ကစားသမား အေျပာင္းအေ႐ႊ႕ေၾကာင့္ အျငင္းပြားေနၾကတဲ့ NaVi နဲ႔ Virtus Pro

 

Natus Vincere (Na’Vi) အသင္းရဲ႕ ေခါင္းေဆာင္ျဖစ္ခဲ့သူ Zayac ဟာ Virtus.Pro (VP) အသင္းကို မၾကာေသးမီရက္ပိုင္းအတြင္းကပဲ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ Zayac ဟာ Na’Vi အသင္းကို ေစာစီးစြာ ႀကိဳတင္အသိေပးထားခဲ့ျခင္း မရွိပဲ ESL One Los Angeles Major ရဲ႕ qualifier ပြဲစဥ္မ်ားကို ကစားဖို႔ ၂ ပတ္ခန္႔အလိုမွာမွ ႐ုတ္တရတ္ထြက္ခြာသြားခဲ့တာျဖစ္လို႔ က်န္ရစ္တဲ့ Na’Vi အသင္းသားမ်ားကို အခက္ေတြ႕ေစခဲ့ပါတယ္။

ဒီကိစၥဟာ Na’Vi အသင္းအဖြဲ႕ရဲ႕ ဥကၠဌျဖစ္သူ Yevhen Zolotarov ကိုလည္း ေဒါသထြက္ေစခဲ့ပါတယ္။ ဒါေၾကာင့္ Zolotarov ဟာ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ေျပာၾကားထားတဲ့ ဗီဒီယိုတစ္ခုကို အသင္းရဲ႕ YouTube ခ်န္နယ္ေပၚမွာ တင္ၿပီး ကန္႔လန္႔ကာေနာက္ကြယ္မွာ ျဖစ္ပ်က္ခဲ့တဲ့ကိစၥမ်ားအေၾကာင္းကို ရွည္လ်ားစြာ ရွင္းျပသြားခဲ့ပါတယ္။

Zolotarov ေျပာသြားခဲ့တဲ့ အေၾကာင္းအရာမ်ားထဲမွာ Zayac ဟာ ကစားသမားသက္တမ္းတိုးစာခ်ဳပ္ရဲ႕ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး ထြက္ခြာသြားတာျဖစ္ေၾကာင္း၊ Na’Vi အေနနဲ႔ Zayac ကို လက္လႊတ္ေပးလိုက္မွာျဖစ္ေပမယ့္ VP အသင္းကေပးတဲ့ ကစားသမားေျပာင္းေ႐ႊ႕ေၾကးေငြကို လက္ခံမွာ မဟုတ္ေၾကာင္း စ တာေတြ ပါဝင္ခဲ့ပါတယ္။ အနာဂတ္မွာ ယခုလို အသင္းထဲက ကစားသမားတစ္ဦး ဒီလိုလုပ္ၿပီး ထြက္ခြာသြားျခင္းကိစၥမ်ိဳးကို လက္သင့္မခံလိုေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။

Zolotarov ရဲ႕ အေျပာအရေတာ့ Zayac ဟာ Na’Vi အသင္းကေန မထြက္ခြာမီ တစ္ရက္အလိုမွာမွ Na’Vi အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူကို ေျပာသြားခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္မွာ လာမယ့္ Major အတြက္ အားခဲျပင္ဆင္ေနၾကခ်ိန္ျဖစ္လို႔ အသင္းသားအားလုံးေရာ မန္ေနဂ်ာနဲ႔ Zolotarov တို႔ပါ ခက္ခဲတဲ့အေနအထားမ်ားကို ႀကဳံေတြ႕ခဲ့ၾကရေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ့္ကို Zayac က ေမးလ္တစ္ေစာင္ပို႔ပါတယ္။ အဲဒီေမးလ္က သူေရးထားတာ မဟုတ္ေပမယ့္ အထဲမွာ သူ႔ရဲ႕ ကစားသမားသက္တမ္းတိုးစာခ်ဳပ္နဲ႔ ပတ္သက္တဲ့ တရားဝင္အေၾကာင္းအရာေတြ ပါဝင္ပါတယ္။ Zayac အေနနဲ႔ Na’Vi အသင္းမွာ ဆက္လက္ရွိေနဖို႔အတြက္ စာခ်ဳပ္သက္တမ္းတိုးျမႇင့္ထားၿပီးျဖစ္ေပမယ့္ သူကိုယ္တိုင္ အတည္ျပဳစာနဲ႔ အေၾကာင္းမျပန္ရေသးတဲ့အတြက္ သူဟာ လြတ္လြတ္လပ္လပ္ထြက္သြားလို႔ရေၾကာင္းနဲ႔ မေက်နပ္ရင္ တရားစြဲဆိုႏိုင္ေၾကာင္း ေတြ ေရးထားတာပါ” လို႔ Zolotarov က ေျပာပါတယ္။

NaVi Old Roster

ဒါေၾကာင့္ Zolotarov ဟာ VP အသင္းရဲ႕ ဥကၠဌကို ဆက္သြယ္ၿပီး Zayac ရဲ႕ ေမးလ္နဲ႔ ပတ္သက္လို႔ ေမးျမန္းခဲ့ပါတယ္။ VP ကေတာ့ စာခ်ဳပ္အတြင္းမွာ ပါဝင္တဲ့အေၾကာင္းအရာအခ်ိဳ႕ရဲ႕ အားနည္းခ်က္အေပၚကို အခြင့္ေကာင္းယူၿပီး Zayac အေနနဲ႔ ႀကိဳက္ႏွစ္သက္သလို ယူဆလို႔ရသြားတာျဖစ္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

“The International အၿပီးတုန္းက Zayac က အသင္းကထြက္ၿပီး Gambit အသင္းကို သြားခ်င္တဲ့အေၾကာင္းေျပာဖူးတယ္။ သူ Na’Vi အသင္းမွာ ဆက္ရွိေနဖို႔အတြက္ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ေအာင္လည္း ေအာင္ျမင္ခဲ့တယ္။ Zayac လိုအပ္တဲ့ အေျခအေနေတြနဲ႔ ျပည့္စုံေအာင္ ျပဳျပင္ေဆာင္႐ြက္ေပးခဲ့သလို ၂၀၂၀ ခုႏွစ္မွာ အသင္းသားအားလုံးဆက္ရွိေနေအာင္ စာခ်ဳပ္သက္တမ္းတိုးၿပီး လစာေတြကိုလည္း ၂ ဆ တိုးျမႇင့္ေပးခဲ့ၿပီးလည္း ျဖစ္ပါတယ္” လို႔လည္း Zolotarov က ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ကစားသမားသက္တမ္းတိုးစာခ်ဳပ္မွာ ပါဝင္တဲ့အခ်က္တစ္ခုအရ ကစားသမားမ်ားဘက္က အတည္ျပဳစာေရးၿပီး ႏိုဝင္ဘာလမတိုင္မီမွာ အသင္းကို အေၾကာင္းျပန္ဖို႔ လိုအပ္ေၾကာင္း ပါဝင္ေနခဲ့ပါတယ္။ ဒါေၾကာင့္လည္း စာခ်ဳပ္ရဲ႕ ဒီအားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး Zayac ထြက္ခြာသြားတာျဖစ္ေၾကာင္း၊ Na’Vi အသင္းရဲ႕ ၁၀ ႏွစ္တာ ကာလအတြင္းမွာ ဒီလိုကိစၥမ်ိဳး လုံးဝမျဖစ္ဖူးခဲ့ေၾကာင္း စ တာေတြကိုလည္း ေျပာခဲ့ပါတယ္။

Zolotarov ရဲ႕ စကားမ်ားထဲမွာ VP ရဲ႕ ဥကၠဌဟာ Zayac ကို ယခင္ထဲက တိတ္တဆိတ္ဆက္သြယ္ၿပီး ေခၚယူခဲ့ပုံရေၾကာင္း အထင္အျမင္မ်ားလည္း ပါဝင္ေနပါတယ္။ အသင္းတစ္သင္းရဲ႕ ကစားသမားကို ေခၚယူဖို႔အတြက္ အသင္းရဲ႕ တာဝန္ရွိသူမ်ားကို အရင္မဆက္သြယ္ပဲ ကစားသမားလာေရာက္ေစဖို႔ ဆြဲေဆာင္ျခင္းဟာ မျဖစ္သင့္တဲ့ကိစၥျဖစ္ေၾကာင္း၊ ေနာက္ပိုင္း ဒီလိုကိစၥေတြ မျဖစ္ရေလေအာင္ CIS အသင္းမ်ားရဲ႕ ဥကၠဌေတြ စုေပါင္းအစည္းအေဝးလုပ္ၿပီး စည္းမ်ဥ္းစည္းကမ္းသစ္မ်ား ခ်မွတ္သင့္ေၾကာင္း စ တာေတြကိုလည္း ေျပာခဲ့ပါေသးတယ္။

မည္သို႔ပင္ျဖစ္ေစ Zayac ကေတာ့ VP အသင္းကို တရားဝင္ေရာက္ရွိသြားၿပီျဖစ္ၿပီး Na’Vi ကေတာ့ လစ္လပ္သြားတဲ့ေနရာကို ကစားသမား CemaTheSlayer ကို ေခတၱေခၚယူၿပီး အစားထိုးလိုက္ရပါေတာ့တယ္။ VP ရဲ႕ General Manager “Sergey” ကလည္း Leipzig Major မွာ အားနည္းခဲ့တဲ့ လူစာရင္းကို အားျဖည့္ဖို႔အတြက္ Zayac ကိူ ေခၚယူခဲ့ေၾကာင္းကို ေအာက္ပါမိနစ္ (၃၀) ၾကာ Video မွာ ျပန္လည္ ရွင္းျပထားပါတယ္။

VP ကလည္း Zayac ပါဝင္တဲ့ လူစာရင္းသစ္ကို ေၾကညာခဲ့ၿပီး လက္စြမ္းမျပႏိုင္တဲ့ လူငယ္ ကစားသမား ၂ ေယာက္ျဖစ္တဲ့ Save- နဲ႔ epileptick1d တို႔ကို အရန္ခုံမွာ ထိုင္ခိုင္းခဲ့ပါတယ္။ ထို ၂ ေယာက္ေနရာမွာေတာ့ Zayac အျပင္ Winstrike ကစားသမားေဟာင္း Cooman ကိုပါ Stand-in အေနနဲ႔ အားျဖည့္ခဲ့ပါတယ္။

VP New Players “Cooman” & “Zayac”

စာခ်ဳပ္တစ္ခုကို ခ်ဳပ္ဆိုရင္ အားနည္းခ်က္ျဖစ္လာႏိုင္တဲ့အရာမ်ားကို သတိထားသင့္ေၾကာင္း Esports နယ္ပယ္အတြင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ ယခုကိစၥေလးက သက္ေသခံလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

source: dotesports, VP