[Unicode]

Command & Conquer – Remastered Collection ထွက်ရှိမည်

 

ခေတ်ဟောင်းဂိမ်မာပရိသတ်များ အလွန်နှစ်သက်ခဲ့ကြတဲ့ Command & Conquer ဂိမ်းစီးရီးထဲကမှ လူကြိုက်များခဲ့တဲ့ဂိမ်းများကို ပြန်လည်စုစည်းပြီး Command & Conquer Remastered Collection ထွက်ပေါ်လာတော့မှာဖြစ်ကြောင်း EA က တရားဝင်ကြေညာလိုက်ပါတယ်။ Command & Conquer ဂိမ်းများဟာ real-time strategy (RTS) ဂိမ်းအမျိုးအစားများဖြစ်ကြပြီး ယင်းဂိမ်းစီးရီးဟာ ၁၉၉၅ ခုနှစ်တည်းက စတင်ထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

C&C Red Alert (1996)

ဒါကြောင့် ယခုထွက်ရှိမယ့် Remastered Collection ဟာ Command & Conquer စီးရီးကြီးရဲ့ ၂၅ ပြည့်အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ collection ထဲမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ခေတ်စားခဲ့တဲ့ Command & Conquer: Tiberian Dawn နဲ့ Command & Conquer: Red Alert ၂ ခုတို့ရဲ့ remastered ဗားရှင်းများနဲ့ ယင်းတို့ရဲ့ expansion pack ၃ ခု ဖြစ်တဲ့ Covert Ops, Counterstrike, The Aftermath တို့ ပါဝင်လာမှာပါ။

ဒီ collection ကို Westwood Studios ရဲ့ မူရင်းအဖွဲ့ဝင်များနဲ့ EA တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပရိသတ်များတောင်းဆိုထားခဲ့တဲ့အချက်အလက်များနဲ့ ကိုက်ညီအောင် ဖန်တီးပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ထွက်ပေါ်လာခဲ့တဲ့ trailer အရတော့ ဂိမ်းတွင်း ပုံရိပ်များနဲ့ ဂရပ်ဖစ်ပိုင်းဆိုင်ရာများကို ခေတ်မီအရည်အသွေးများနဲ့ကိုက်ညီအောင် ထည့်သွင်းထားတဲ့အပြင် 4K resolution နဲ့ပါ ကစားနိုင်မယ်လို့လည်း ဆိုထားပါတယ်။

ဂိမ်းရဲ့ပင်မစာမျက်နှာ၊ control သစ်များ၊ map editor feature များကိုလည်း ဆန်းသစ်တဲ့အသွင်အပြင်ဖြစ်အောင် ဖန်တီးထားပါတယ်။ Command & Conquer အသိုင်းအဝိုင်းထဲက ပရိသတ်များတောင်းဆိုခဲ့ကြတဲ့ Tiberian Dawn အတွက် skirmish mode ကို ထည့်သွင်းပေးထားခြင်း၊ ဂိမ်းတွင်း soundtrack ကို ၇ နာရီကျော်ကြာအောင် ထည့်သွင်းပေးထားခြင်း အစရှိတာတွေကိုလည်း ပြုလုပ်ထားပါသေးတယ်။

ELO အခြေခံ matchmaking ပါဝင်လို့ multiplayer လည်း ကစားနိုင်မှာဖြစ်သလို ကစားသမားများအတွက် leaderboard များလည်း ပါဝင်ပါတယ်။ Custom games များ 1 vs 1 များလည်း ထည့်သွင်းထားလို့ အနာဂတ်မှာ ပြိုင်ပွဲများကိုလည်း ယှဉ်ပြိုင်ကစားနိုင်ကြမှာပါ။

EA ရဲ့ ထုတ်လုပ်ရေးအဖွဲ့မှူးဖြစ်သူ Jim Vessella က ဒီအကြောင်းနဲ့ ပတ်သက်လို့ “ကျွန်တော်တို့အဖွဲ့ဟာ ပထမဆုံးစတင်ခဲ့တဲ့ရက်တည်းက Command & Conquer ပရိသတ်များရဲ့ဆန္ဒအတိုင်း ညှိနှိုင်းပြုလုပ်ခဲ့ကြတာဖြစ်လို့ ဒီ Remastered Collection ဟာ ပရိသတ်များကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်းဖော်ပြမယ့် စာလေးတစ်စောင်ပဲဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာတော့ Remastered Collection ရဲ့ limited edition ကို Limited Run Games ပေါ်မှာ ဧပြီလ ၁၉ ရက်နေ့အထိ ကြိုတင်မှာယူနိုင်နေပြီဖြစ်ပြီး Steam ပလက်ဖောင်းပေါ်မှာလည်း မှာယူနိုင်နေပါပြီ။ Command & Conquer ဂိမ်းစီးရီးဟာ အောင်မြင်မှုများစွာရရှိထားခဲ့သလို ဂိမ်မာတို့ရဲ့ သည်းခြေကြိုက်ဂိမ်းများလည်း ပါဝင်ခဲ့တာမို့ ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: techradar


[ZawGyi]

Command & Conquer – Remastered Collection ထြက္ရွိမည္

 

ေခတ္ေဟာင္းဂိမ္မာပရိသတ္မ်ား အလြန္ႏွစ္သက္ခဲ့ၾကတဲ့ Command & Conquer ဂိမ္းစီးရီးထဲကမွ လူႀကိဳက္မ်ားခဲ့တဲ့ဂိမ္းမ်ားကို ျပန္လည္စုစည္းၿပီး Command & Conquer Remastered Collection ထြက္ေပၚလာေတာ့မွာျဖစ္ေၾကာင္း EA က တရားဝင္ေၾကညာလိုက္ပါတယ္။ Command & Conquer ဂိမ္းမ်ားဟာ real-time strategy (RTS) ဂိမ္းအမ်ိဳးအစားမ်ားျဖစ္ၾကၿပီး ယင္းဂိမ္းစီးရီးဟာ ၁၉၉၅ ခုႏွစ္တည္းက စတင္ထြက္ရွိခဲ့တာလည္းျဖစ္ပါတယ္။

C&C Red Alert (1996)

ဒါေၾကာင့္ ယခုထြက္ရွိမယ့္ Remastered Collection ဟာ Command & Conquer စီးရီးႀကီးရဲ႕ ၂၅ ျပည့္အထိမ္းအမွတ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီ collection ထဲမွာေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက ေခတ္စားခဲ့တဲ့ Command & Conquer: Tiberian Dawn နဲ႔ Command & Conquer: Red Alert ၂ ခုတို႔ရဲ႕ remastered ဗားရွင္းမ်ားနဲ႔ ယင္းတို႔ရဲ႕ expansion pack ၃ ခု ျဖစ္တဲ့ Covert Ops, Counterstrike, The Aftermath တို႔ ပါဝင္လာမွာပါ။

ဒီ collection ကို Westwood Studios ရဲ႕ မူရင္းအဖြဲ႕ဝင္မ်ားနဲ႔ EA တို႔ ပူးေပါင္းျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ပရိသတ္မ်ားေတာင္းဆိုထားခဲ့တဲ့အခ်က္အလက္မ်ားနဲ႔ ကိုက္ညီေအာင္ ဖန္တီးျပဳလုပ္ထားတယ္လို႔ ဆိုပါတယ္။ ထြက္ေပၚလာခဲ့တဲ့ trailer အရေတာ့ ဂိမ္းတြင္း ပုံရိပ္မ်ားနဲ႔ ဂရပ္ဖစ္ပိုင္းဆိုင္ရာမ်ားကို ေခတ္မီအရည္အေသြးမ်ားနဲ႔ကိုက္ညီေအာင္ ထည့္သြင္းထားတဲ့အျပင္ 4K resolution နဲ႔ပါ ကစားႏိုင္မယ္လို႔လည္း ဆိုထားပါတယ္။

ဂိမ္းရဲ႕ပင္မစာမ်က္ႏွာ၊ control သစ္မ်ား၊ map editor feature မ်ားကိုလည္း ဆန္းသစ္တဲ့အသြင္အျပင္ျဖစ္ေအာင္ ဖန္တီးထားပါတယ္။ Command & Conquer အသိုင္းအဝိုင္းထဲက ပရိသတ္မ်ားေတာင္းဆိုခဲ့ၾကတဲ့ Tiberian Dawn အတြက္ skirmish mode ကို ထည့္သြင္းေပးထားျခင္း၊ ဂိမ္းတြင္း soundtrack ကို ၇ နာရီေက်ာ္ၾကာေအာင္ ထည့္သြင္းေပးထားျခင္း အစရွိတာေတြကိုလည္း ျပဳလုပ္ထားပါေသးတယ္။

ELO အေျခခံ matchmaking ပါဝင္လို႔ multiplayer လည္း ကစားႏိုင္မွာျဖစ္သလို ကစားသမားမ်ားအတြက္ leaderboard မ်ားလည္း ပါဝင္ပါတယ္။ Custom games မ်ား 1 vs 1 မ်ားလည္း ထည့္သြင္းထားလို႔ အနာဂတ္မွာ ၿပိဳင္ပြဲမ်ားကိုလည္း ယွဥ္ၿပိဳင္ကစားႏိုင္ၾကမွာပါ။

EA ရဲ႕ ထုတ္လုပ္ေရးအဖြဲ႕မႉးျဖစ္သူ Jim Vessella က ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ “ကြၽန္ေတာ္တို႔အဖြဲ႕ဟာ ပထမဆုံးစတင္ခဲ့တဲ့ရက္တည္းက Command & Conquer ပရိသတ္မ်ားရဲ႕ဆႏၵအတိုင္း ညႇိႏႈိင္းျပဳလုပ္ခဲ့ၾကတာျဖစ္လို႔ ဒီ Remastered Collection ဟာ ပရိသတ္မ်ားကို ကြၽန္ေတာ္တို႔ ဘယ္ေလာက္ခ်စ္ေၾကာင္းေဖာ္ျပမယ့္ စာေလးတစ္ေစာင္ပဲျဖစ္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ Remastered Collection ရဲ႕ limited edition ကို Limited Run Games ေပၚမွာ ဧၿပီလ ၁၉ ရက္ေန႔အထိ ႀကိဳတင္မွာယူႏိုင္ေနၿပီျဖစ္ၿပီး Steam ပလက္ေဖာင္းေပၚမွာလည္း မွာယူႏိုင္ေနပါၿပီ။ Command & Conquer ဂိမ္းစီးရီးဟာ ေအာင္ျမင္မႈမ်ားစြာရရွိထားခဲ့သလို ဂိမ္မာတို႔ရဲ႕ သည္းေျခႀကိဳက္ဂိမ္းမ်ားလည္း ပါဝင္ခဲ့တာမို႔ ပရိသတ္မ်ားအတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: techradar