[Zawgyi]

အသင္းသစ္ ရွာေတြ႕သြားၿပီျဖစ္တဲ့ “coldzera”

 

၂၀၁၉ ဇူလိုင္လကတည္းက “mibr” ရဲ႕ active roster ထဲကေန ႏုတ္ထြက္သြားတဲ့ နာမည္ႀကီး ဘရာဇီး CSGO Player “coldzera” ကေတာ့ အသင္းသစ္ ရွာေတြ႕သြားၿပီပဲ ျဖစ္ပါတယ္။ စက္တင္ဘာ ၂၆ ရက္ေန႔ (ယေန႔) မွာေတာ့ နာမည္ႀကီး ဥေရာပ အဖြဲအစည္း တစ္ခုျဖစ္တဲ့ “FaZe Clan” ဟာ coldzera ကို ေခၚယူခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။

2017-2018 ေလာက္မွာ CSGO ေလာကကို မင္းမူခဲ့တဲ့ FaZe အသင္းဟာေတာ့ ၂၀၁၉ စကတည္းက ပံုမွန္လက္စြမ္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဧၿပီလမွာ ဗိုလ္စြဲခဲ့တဲ့ Blast Pro Miami ပြဲကလြဲရင္ ေအာင္ျမင္ ေအာင္ျမင္မႈ ႀကီးႀကီးမားမား မရရွိထားပါဘူး။ ေနာက္ဆံုး ဘာလင္ Major မွာလည္း ပံုမွန္လက္စြမ္းေအာက္ကို ေရာက္ရွိေနၿပီး အဆင့္ ၁၂ သာ ရရွိခဲ့လို႔ FaZe အေနနဲ႔ လူစာရင္း အေျပာင္း အလဲေတြ စတင္ လုပ္ေဆာင္လာပါတယ္။

အရန္အျဖစ္ ေခၚသံုးခဲ့တဲ့ Neo ကလည္း အသင္းနဲ႔ လမ္းခြဲခဲ့ၿပီး နာမည္ႀကီး Awper “GuardiaN” ကလည္း NaVi ကို ျပန္လည္ ေရာက္ရွိသြားခဲ့ပါတယ္။ သူတို႔ေနရာအတြက္ လက္ဗီယား လူငယ္ ကစားသမား “broky” ကို ESL One New York ပြဲအတြက္ စမ္းသပ္ အသံုးျပဳသြားမွာျဖစ္ၿပီး in-game-leader အတြက္ကိုေတာ့ “coldzera” ကို ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။

2016-2017 ခုႏွစ္အတြင္းမွာ တစ္ဦးခ်င္းေရာ အသင္းလိုက္ေရာ အေကာင္းဆံုးဆုေတြ သိမ္းပိုက္ခဲ့သလို အေကာင္းဆံုး Esports ကစားသမားဆုအထိ ရရွိခဲ့ဖူးတဲ့ coldzera ဟာ ဘရာဇီး အေျခစိုက္ အသင္းေတြမွာသာ ကစားခဲ့တာျဖစ္ၿပီး ဥေရာပအသင္းတစ္ခုအတြက္ ပထမဆံုးအႀကိမ္ စတင္ကစားမွာ ျဖစ္ပါတယ္။ Coldzera ဟာအသက္ (၂၄) ႏွစ္ခန္႔သာရွိေသးလို႔ ပံုမွန္လက္စြမ္းသာ ျပန္လည္ရရွိခဲ့မယ္ဆိုရင္ FaZe ကို tier-1 အသင္း အဆင့္ ျပန္လည္ ရရွိေအာင္ စြြမ္းေဆာင္ႏိုင္မွာပါ။

FaZe Clan ရဲ႕ လက္ရွိလူစာရင္းကေတာ့

Håvard “rain” Nygaard
Nikola “NiKo” Kovač
Olof “olofmeister” Kajbjer
Marcelo “coldzera” David
Helvijs “broky” Saukants (trial)

Janko “YNk” Paunović (coach) တို႔ပဲ ျဖစ္ပါတယ္။

Coldzera ဟာ FaZe အသင္းနဲ႔အတူ New York ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ယေန႔ည ျမန္မာအခ်ိန္ ၉:၃၀ မွာ စတင္ေတာ့မယ့္ ESL One – New York ပြဲမွာ FaZe အသင္းအတြက္ ပြဲဦးထြက္ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။ Astralis, Liquid, ENCE, NRG, G2, OpTic, eUnited တို႔ ပါဝင္ကစားၾကမယ့္ ESL One New York ပြဲမွာေတာ့ coldzera ဘယ္လိုစြမ္းေဆာင္ႏိုင္မလည္း ဆိုတာ ၾကည့္႐ွဳခံစားႏိုင္မွာ ျဖစ္ပါတယ္။ ပြဲစဥ္ေတြကိုေတာ့ Twitch မွာ ၾကည့္႐ွဳႏိုင္ပါတယ္။


[Unicode]

အသင်းသစ် ရှာတွေ့သွားပြီဖြစ်တဲ့ “coldzera”

 

၂၀၁၉ ဇူလိုင်လကတည်းက “mibr” ရဲ့ active roster ထဲကနေ နုတ်ထွက်သွားတဲ့ နာမည်ကြီး ဘရာဇီး CSGO Player “coldzera” ကတော့ အသင်းသစ် ရှာတွေ့သွားပြီပဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ (ယနေ့) မှာတော့ နာမည်ကြီး ဥရောပ အဖွဲအစည်း တစ်ခုဖြစ်တဲ့ “FaZe Clan” ဟာ coldzera ကို ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

 

2017-2018 လောက်မှာ CSGO လောကကို မင်းမူခဲ့တဲ့ FaZe အသင်းဟာတော့ ၂၀၁၉ စကတည်းက ပုံမှန်လက်စွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး ဧပြီလမှာ ဗိုလ်စွဲခဲ့တဲ့ Blast Pro Miami ပွဲကလွဲရင် အောင်မြင် အောင်မြင်မှု ကြီးကြီးမားမား မရရှိထားပါဘူး။ နောက်ဆုံး ဘာလင် Major မှာလည်း ပုံမှန်လက်စွမ်းအောက်ကို ရောက်ရှိနေပြီး အဆင့် ၁၂ သာ ရရှိခဲ့လို့ FaZe အနေနဲ့ လူစာရင်း အပြောင်း အလဲတွေ စတင် လုပ်ဆောင်လာပါတယ်။

အရန်အဖြစ် ခေါ်သုံးခဲ့တဲ့ Neo ကလည်း အသင်းနဲ့ လမ်းခွဲခဲ့ပြီး နာမည်ကြီး Awper “GuardiaN” ကလည်း NaVi ကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။ သူတို့နေရာအတွက် လက်ဗီယား လူငယ် ကစားသမား “broky” ကို ESL One New York ပွဲအတွက် စမ်းသပ် အသုံးပြုသွားမှာဖြစ်ပြီး in-game-leader အတွက်ကိုတော့ “coldzera” ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

2016-2017 ခုနှစ်အတွင်းမှာ တစ်ဦးချင်းရော အသင်းလိုက်ရော အကောင်းဆုံးဆုတွေ သိမ်းပိုက်ခဲ့သလို အကောင်းဆုံး Esports ကစားသမားဆုအထိ ရရှိခဲ့ဖူးတဲ့ coldzera ဟာ ဘရာဇီး အခြေစိုက် အသင်းတွေမှာသာ ကစားခဲ့တာဖြစ်ပြီး ဥရောပအသင်းတစ်ခုအတွက် ပထမဆုံးအကြိမ် စတင်ကစားမှာ ဖြစ်ပါတယ်။ Coldzera ဟာအသက် (၂၄) နှစ်ခန့်သာရှိသေးလို့ ပုံမှန်လက်စွမ်းသာ ပြန်လည်ရရှိခဲ့မယ်ဆိုရင် FaZe ကို tier-1 အသင်း အဆင့် ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်မှာပါ။

FaZe Clan ရဲ့ လက်ရှိလူစာရင်းကတော့

Håvard “rain” Nygaard
Nikola “NiKo” Kovač
Olof “olofmeister” Kajbjer
Marcelo “coldzera” David
Helvijs “broky” Saukants (trial)

Janko “YNk” Paunović (coach) တို့ပဲ ဖြစ်ပါတယ်။

Coldzera ဟာ FaZe အသင်းနဲ့အတူ New York ကို ရောက်ရှိနေပြီဖြစ်ပြီး ယနေ့ည မြန်မာအချိန် ၉:၃၀ မှာ စတင်တော့မယ့် ESL One – New York ပွဲမှာ FaZe အသင်းအတွက် ပွဲဦးထွက် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ Astralis, Liquid, ENCE, NRG, G2, OpTic, eUnited တို့ ပါဝင်ကစားကြမယ့် ESL One New York ပွဲမှာတော့ coldzera ဘယ်လိုစွမ်းဆောင်နိုင်မလည်း ဆိုတာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ပွဲစဉ်တွေကိုတော့ Twitch မှာ ကြည့်ရှုနိုင်ပါတယ်။