[Unicode]

“Clutch Gamers ကို ဘယ် Esports ပြိုင်ပွဲကိုမှ ဝင်ပြိုင်ခွင့် မပေးသင့်ပါဘူး” – SsaSpartan

 

မကြာသေးမီက ကျင်းပခဲ့တဲ့ WePlay! Dota 2 Tug of War: Mad Moon ပြိုင်ပွဲမှာ Aggressive Mode အသင်းခေါင်းဆောင် SsaSpartan ကို VPEsports က တွေ့ဆုံပြီး အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးအတွင်းမှာတော့ သူဟာ အရှေ့တောင်အာရှအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Clutch Gamers အသင်းမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ယင်းအဖွဲ့အစည်းဟာ ကစားသမားများ ရမယ့် ဆုကြေးငွေတွေကို လိမ်ယူသွားခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“Clutch Gamers ဟာ မရိုးသားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေပါပြီ။ လူကောင်းတွေ မဟုတ်ကြတော့ပါဘူး။ Clutch Gamers အဖွဲ့အစည်းကို ဘယ် Esports ပြိုင်ပွဲကိုမှ ဝင်ရောက်ခွင့်မပြုသင့်တော့သလို သူတို့ ဒီလောကထဲကို ပြန်ဝင်ရောက်လာခဲ့ရင်လည်း ကျွန်တော့်အနေနဲ့ ကန့်ကွက်ဖို့ အဆင်သင့်ပါ။ ကစားသမားများ ရမယ့် ဆုကြေးငွေတွေကို ပရော်ဖက်ရှင်နယ် မပီသစွာ လိမ်လည်သွားခဲ့တဲ့ သူတို့အကြောင်းကို အခုချိန်ထိ Reddit မှာ ရှာဖတ်နိုင်ပါသေးတယ်။

“သူတို့ ဆုကြေးငွေလိမ်တာခံရတဲ့ ကစားသမားတွေ အတော်များပါတယ်။ ကျွန်တော်လည်း ခံခဲ့ရပါတယ်။ Gamers Premier Nation Season 3 ပြိုင်ပွဲကို နိုင်တုန်းက ကျွန်တော် Clutch Gamers မှာ ကစားနေခဲ့တာပါ။ ဆုကြေးငွေ ဒေါ်လာ ၅,၄၀၀ ကျော် အနိုင်ရခဲ့ပေမယ့် အဖွဲ့အစည်းက လိမ်သွားပြီး ကစားသမားတွေကို ထုတ်မပေးခဲ့ပါဘူး။ တခြားကစားသမားတွေကိုလည်း သူတို့လိမ်တာ မခံရစေချင်ပါဘူး” အစရှိသဖြင့် SsaSpartan က ပြောသွားခဲ့ပါတယ်။

Gamers Premier Nation Champion Clutch Gamers

ယခုနှစ်အစောပိုင်းတုန်းကလည်း ရုရှား Dota 2 ကစားသမားတစ်ဦးဖြစ်သူ Yol ဟာ ငွေကြေးကိစ္စများနဲ့ ပတ်သက်လို့ Clutch Gamers အဖွဲ့အစည်းကို ပြင်းပြင်းထန်ထန် ရှုံ့ချပြောဆိုခဲ့ပါတယ်။ Yol ရဲ့ ပြောဆိုချက်များအရ သူတို့အသင်းဟာ MPGL Asian Championship မှာ ဒုတိယရပြီး ဆုကြေးငွေ ဒေါ်လာ ၂၀,၀၀၀ ဆွတ်ခူးနိုင်ခဲ့သလို ProDotA Cup SEA 12 မှာလည်း ဆုကြေးငွေ ဒေါ်လာ ၁.၅၀၀ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ယင်းတို့ထဲက သူ့အတွက် ရသင့်တဲ့ဆုကြေးငွေပမာဏကို အဖွဲ့အစည်းက လုံးဝထုတ်ပေးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် Yol ရဲ့ လစာအကြွေးစုစုပေါင်း ဒေါ်လာ ၅,၀၀၀ ကျော်ကိုလည်း မရရှိခဲ့ကြောင်း ဆိုခဲ့ပါသေးတယ်။ Yol ရသင့်တဲ့ ငွေကြေးများ ထုတ်ပေးဖို့ကိစ္စကို Clutch Gamers ဟာ အကြောင်းအမျိုးမျိုးပြ ငြင်းဆိုနေခဲ့တာပါ။ ကံဆိုးစွာနဲ့ အလိမ်ခံခဲ့ရတဲ့ Yol အပါအဝင် ကစားသမားများဘက်မှာ Clutch Gamers နဲ့ ချုပ်ဆိုထားတဲ့ စာရွက်စာတမ်းသက်သေအထောက်အထားမရှိလို့ ဒီငွေများကို ပြန်ရဖို့တော့ မလွယ်ကူတော့ပါဘူး။

Clutch Gamers ဟာ မြန်မာ Dota 2 ကစားသမား InsaNe ကို ၂၀၁၈ ခုနှစ်က ခေါ်ယူခဲ့ဖူးတဲ့ အဖွဲ့အစည်းဖြစ်ပြီး ထိုစဉ်က SsaSpartan လည်း အသင်းထဲမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဝင်ရောက်ပြီး ရက်ပိုင်းအကြာမှာပဲ InsaNe ဟာ ကျန်းမာရေး ကိစ္စများကြောင့် အမိမြေကို ပြန်လာခဲ့ပြီး Clutch Gamers အသင်းနဲ့အတူ ပြိုင်ပွဲဝင်ခြင်းများ မရှိခဲ့ပါဘူး။

WePlay! Tug of War: Mad Moon ပြိုင်ပွဲမှာတော့ Aggressive Mode ဟာ အဆင့် ၅ နဲ့ ၆ ပူးတွဲနေရာကို ရရှိသွားခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ Esports အသိုင်းအဝိုင်းအပါအဝင် နယ်ပယ်ပေါင်းစုံမှာ ငွေကြေးအရှုပ်အထွေးကိစ္စများကြုံလာခဲ့ရင် ဖြေရှင်းနိုင်ဖို့အတွက် ခိုင်မာတဲ့စာရွက်စာတမ်းများ ကြိုတင်ပြုလုပ်ထားသင့်ကြောင်း ဒီအဖြစ်အပျက်လေးက သက်သေပြလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming

Photos Credit: CG & Wyk

 


[ZawGyi]

“Clutch Gamers ကို ဘယ္ Esports ၿပိဳင္ပြဲကိုမွ ဝင္ၿပိဳင္ခြင့္ မေပးသင့္ပါဘူး” – SsaSpartan

 

မၾကာေသးမီက က်င္းပခဲ့တဲ့ WePlay! Dota 2 Tug of War: Mad Moon ၿပိဳင္ပြဲမွာ Aggressive Mode အသင္းေခါင္းေဆာင္ SsaSpartan ကို VPEsports က ေတြ႕ဆုံၿပီး အင္တာဗ်ဴးျပဳလုပ္ခဲ့ပါတယ္။ အင္တာဗ်ဴးအတြင္းမွာေတာ့ သူဟာ အေရွ႕ေတာင္အာရွအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Clutch Gamers အသင္းမွာ ကစားခဲ့ဖူးသူျဖစ္ၿပီး ယင္းအဖြဲ႕အစည္းဟာ ကစားသမားမ်ား ရမယ့္ ဆုေၾကးေငြေတြကို လိမ္ယူသြားခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“Clutch Gamers ဟာ မ႐ိုးသားတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္ေနပါၿပီ။ လူေကာင္းေတြ မဟုတ္ၾကေတာ့ပါဘူး။ Clutch Gamers အဖြဲ႕အစည္းကို ဘယ္ Esports ၿပိဳင္ပြဲကိုမွ ဝင္ေရာက္ခြင့္မျပဳသင့္ေတာ့သလို သူတို႔ ဒီေလာကထဲကို ျပန္ဝင္ေရာက္လာခဲ့ရင္လည္း ကြၽန္ေတာ့္အေနနဲ႔ ကန္႔ကြက္ဖို႔ အဆင္သင့္ပါ။ ကစားသမားမ်ား ရမယ့္ ဆုေၾကးေငြေတြကို ပေရာ္ဖက္ရွင္နယ္ မပီသစြာ လိမ္လည္သြားခဲ့တဲ့ သူတို႔အေၾကာင္းကို အခုခ်ိန္ထိ Reddit မွာ ရွာဖတ္ႏိုင္ပါေသးတယ္။

“သူတို႔ ဆုေၾကးေငြလိမ္တာခံရတဲ့ ကစားသမားေတြ အေတာ္မ်ားပါတယ္။ ကြၽန္ေတာ္လည္း ခံခဲ့ရပါတယ္။ Gamers Premier Nation Season 3 ၿပိဳင္ပြဲကို ႏိုင္တုန္းက ကြၽန္ေတာ္ Clutch Gamers မွာ ကစားေနခဲ့တာပါ။ ဆုေၾကးေငြ ေဒၚလာ ၅,၄၀၀ ေက်ာ္ အႏိုင္ရခဲ့ေပမယ့္ အဖြဲ႕အစည္းက လိမ္သြားၿပီး ကစားသမားေတြကို ထုတ္မေပးခဲ့ပါဘူး။ တျခားကစားသမားေတြကိုလည္း သူတို႔လိမ္တာ မခံရေစခ်င္ပါဘူး” အစရွိသျဖင့္ SsaSpartan က ေျပာသြားခဲ့ပါတယ္။

ယခုႏွစ္အေစာပိုင္းတုန္းကလည္း ႐ုရွား Dota 2 ကစားသမားတစ္ဦးျဖစ္သူ Yol ဟာ ေငြေၾကးကိစၥမ်ားနဲ႔ ပတ္သက္လို႔ Clutch Gamers အဖြဲ႕အစည္းကို ျပင္းျပင္းထန္ထန္ ရႈံ႕ခ်ေျပာဆိုခဲ့ပါတယ္။ Yol ရဲ႕ ေျပာဆိုခ်က္မ်ားအရ သူတို႔အသင္းဟာ MPGL Asian Championship မွာ ဒုတိယရၿပီး ဆုေၾကးေငြ ေဒၚလာ ၂၀,၀၀၀ ဆြတ္ခူးႏိုင္ခဲ့သလို ProDotA Cup SEA 12 မွာလည္း ဆုေၾကးေငြ ေဒၚလာ ၁.၅၀၀ ဆြတ္ခူးႏိုင္ခဲ့ေပမယ့္ ယင္းတို႔ထဲက သူ႔အတြက္ ရသင့္တဲ့ဆုေၾကးေငြပမာဏကို အဖြဲ႕အစည္းက လုံးဝထုတ္ေပးခဲ့ျခင္းမရွိဘူးလို႔ ဆိုပါတယ္။

Gamers Premier Nation Champion Clutch Gamers

ဒါ့အျပင္ Yol ရဲ႕ လစာအေႂကြးစုစုေပါင္း ေဒၚလာ ၅,၀၀၀ ေက်ာ္ကိုလည္း မရရွိခဲ့ေၾကာင္း ဆိုခဲ့ပါေသးတယ္။ Yol ရသင့္တဲ့ ေငြေၾကးမ်ား ထုတ္ေပးဖို႔ကိစၥကို Clutch Gamers ဟာ အေၾကာင္းအမ်ိဳးမ်ိဳးျပ ျငင္းဆိုေနခဲ့တာပါ။ ကံဆိုးစြာနဲ႔ အလိမ္ခံခဲ့ရတဲ့ Yol အပါအဝင္ ကစားသမားမ်ားဘက္မွာ Clutch Gamers နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာ႐ြက္စာတမ္းသက္ေသအေထာက္အထားမရွိလို႔ ဒီေငြမ်ားကို ျပန္ရဖို႔ေတာ့ မလြယ္ကူေတာ့ပါဘူး။

Clutch Gamers ဟာ ျမန္မာ Dota 2 ကစားသမား InsaNe ကို ၂၀၁၈ ခုႏွစ္က ေခၚယူခဲ့ဖူးတဲ့ အဖြဲ႕အစည္းျဖစ္ၿပီး ထိုစဥ္က SsaSpartan လည္း အသင္းထဲမွာ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ဝင္ေရာက္ၿပီး ရက္ပိုင္းအၾကာမွာပဲ InsaNe ဟာ က်န္းမာေရး ကိစၥမ်ားေၾကာင့္ အမိေျမကို ျပန္လာခဲ့ၿပီး Clutch Gamers အသင္းနဲ႔အတူ ၿပိဳင္ပြဲဝင္ျခင္းမ်ား မရွိခဲ့ပါဘူး။

WePlay! Tug of War: Mad Moon ၿပိဳင္ပြဲမွာေတာ့ Aggressive Mode ဟာ အဆင့္ ၅ နဲ႔ ၆ ပူးတြဲေနရာကို ရရွိသြားခဲ့ပါတယ္။ မည္သို႔ပင္ျဖစ္ေစ Esports အသိုင္းအဝိုင္းအပါအဝင္ နယ္ပယ္ေပါင္းစုံမွာ ေငြေၾကးအရႈပ္အေထြးကိစၥမ်ားႀကဳံလာခဲ့ရင္ ေျဖရွင္းႏိုင္ဖို႔အတြက္ ခိုင္မာတဲ့စာ႐ြက္စာတမ္းမ်ား ႀကိဳတင္ျပဳလုပ္ထားသင့္ေၾကာင္း ဒီအျဖစ္အပ်က္ေလးက သက္ေသျပလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming

Photos Credit: CG & Wyk