[Unicode]

EternalEnvy ရောက်ရှိပြီးနောက် ပွဲပေါင်း ၁၇ ပွဲ ဆက်တိုက်ရှုံးနိမ့်သွားခဲ့တဲ့ Cloud9 အသင်း

 

မြောက်အမေရိက Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Cloud9 ရဲ့ Dota 2 အသင်းဟာ ယခု DPC season အတွင်းမှာ ရှုံးပွဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ Cloud9 အသင်းဟာ TI4 မှာ အဆင့် ၅ နေရာအထိရရှိခဲ့ဖူးပြီး ထိုစဉ်က အသင်းထဲမှာ ယခုလိုပဲ EternalEnvy နဲ့ pieliedie တို့ ရှိနေခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူတို့ ၂ ဦး ပါဝင်တဲ့ Cloud9 ဟာ ပွဲအတော်များများမှာ အရေးနိမ့်လျက်ရှိပါတယ်။

Cloud9 TI4 Roster (Bone7, EE, PieLieDie, SingSing, Aui_2000)

လက်ရှိ Cloud9 အသင်းသားများဖြစ်ကြတဲ့ EternalEnvy, Ace နဲ့ Sneyking တို့ ၃ ဦးဟာ အသင်းထဲကို လွန်ခဲ့တဲ့ တစ်လခန့်ကမှ ပြောင်းရွှေ့လာခဲ့ကြတာပါ။ သူတို့ ရောက်ရှိလာချိန်က စ လို့ Cloud 9 အသင်းဟာ DOTA Summit 12 ကနေ လက်ရှိ BTS Pro Series: Americas အထိ ပွဲပေါင်း ၁၇ ပွဲအထိ ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး WeSave! Charity Play မှာတော့ တစ်ပွဲအနိုင်ရရှိခဲ့ပါတယ်။

ပြိုင်ပွဲများတစ်လျှောက်မှာ Cloud9 ဟာ Evil Geniuses နဲ့ Team Liquid တို့လို ထိပ်တန်းအသင်းများကိုသာ ရှုံးနိမ့်တာ မဟုတ်ပဲ Thunder Predator, CR4ZY နဲ့ Business Associates တို့လို ထိပ်တန်းစာရင်းမဝင်တဲ့ အသင်းများကိုလည်း ရှုံးနိမ့်ခဲ့ပါတယ်။ အထူးသဖြင့် EternalEnvy ရဲ့ mid role ဟာ Cloud9 အသင်း ဆက်တိုက်ရှုံးနိမ့်နေရခြင်းရဲ့ အကြောင်းအရင်းများထဲကတစ်ခု ဖြစ်နေပါတယ်။

EternalEnvy ဟာ mid role ကို အလွန်ကြိုက်နှစ်သက်သူဖြစ်ပြီး pub ပွဲများမှာရော ပြိုင်ပွဲများမှာပါ mid lane သွား ကစားလေ့ရှိသူပါ။ ဒါပေမယ့် လတ်တလောပြိုင်ပွဲများမှာတော့ သူ့ရဲ့ mid ဟာ အမြဲအရေးနိမ့်နေလေ့ရှိပြီး အသင်းရဲ့ offlane နဲ့ carry များထက် net worth နည်းသွားလေ့ရှိပါတယ်။ ရှုံးပွဲအချို့မှာဆိုရင် EternalEnvy ဟာ Cloud9 ရဲ့ support ကစားသမား Misery ထက်တောင် net worth နည်းနေတာကို တွေ့မြင်ခဲ့ကြရပါတယ်။

မကြာသေးမီက ကစားခဲ့ကြတဲ့ Cloud9 နဲ့ Thunder Predator တို့ရဲ့ ပထမဆုံးပွဲမှာ ဒီကိစ္စဟာ အလွန်ထင်ရှားနေခဲ့ပါတယ်။ ယင်းပွဲအပြီး Cloud9 တို့ရှုံးနိမ့်သွားချိန်မှာ EternalEnvy ရဲ့ Ember Spirit ဟာ Misery ရဲ့ support ဟီးရိုး Rubick ထက် net worth 0.7 k နည်းနေခဲ့ပါတယ်။ တစ်ဖက်အသင်းက mid lane ဟီးရိုး Shadow Fiend ကတော့ ပွဲအဆုံးမှာ KDA 11/2/8 အထိ ရရှိသွားနိုင်ခဲ့ပါတယ်။

Thunder Predator နဲ့ ဒုတိယပွဲမှာ EternalEnvy ဟာ mid lane ကိုပဲ Nature Prophet ကိုင်ပြီး သွားရောက်ခဲ့ပါတယ်။ တစ်ဖက်အသင်းက Legion Commander လာထိန်းခဲ့ပြီး ပွဲအပြီးမှာ KDA 11/3/9 အထိ ရယူသွားခဲ့ပြန်ပါတယ်။ ပွဲအတွင်းမှာ Cloud9 တို့ ပြုလုပ်ခဲ့တဲ့ အမှားတစ်ချို့ဟာလည်း ပရိသတ်များကြား ဝေဖန်စရာကိစ္စတစ်ခုဖြစ်နေခဲ့ရပါတယ်။

Cloud9 Standing in BTS Pro Series : America

မည်သို့ပင်ဖြစ်စေ Cloud9 တို့ဟာ လာမယ့်ရက်များအတွင်းမှာ BTS Pro Series: Americas ရဲ့ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြဦးမှာပါ။ အစဉ်အလာကောင်းခဲ့ဖူးတဲ့ Cloud9 အသင်းကို ပြန်လည်ဦးမော့လာစေဖို့ Dota 2 ပရိသတ်အမြောက်အများက လိုလားလျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpgame


[ZawGyi]

EternalEnvy ေရာက္ရွိျပီးေနာက္ ပြဲေပါင္း ၁၇ ပြဲ ဆက္တိုက္ရႈံးနိမ့္သြားခဲ့တဲ့ Cloud9 အသင္း

 

ေျမာက္အေမရိက Esports အဖြဲ႔အစည္းၾကီးတစ္ခုျဖစ္တဲ့ Cloud9 ရဲ႕ Dota 2 အသင္းဟာ ယခု DPC season အတြင္းမွာ ရႈံးပြဲေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ေနရပါတယ္။ Cloud9 အသင္းဟာ TI4 မွာ အဆင့္ ၅ ေနရာအထိရရွိခဲ့ဖူးျပီး ထိုစဥ္က အသင္းထဲမွာ ယခုလိုပဲ EternalEnvy နဲ႔ pieliedie တို႔ ရွိေနခဲ့ၾကပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ သူတို႔ ၂ ဦး ပါဝင္တဲ့ Cloud9 ဟာ ပြဲအေတာ္မ်ားမ်ားမွာ အေရးနိမ့္လ်က္ရွိပါတယ္။

Cloud9 TI4 Roster (Bone7, EE, PieLieDie, SingSing, Aui_2000)

လက္ရွိ Cloud9 အသင္းသားမ်ားျဖစ္ၾကတဲ့ EternalEnvy, Ace နဲ႔ Sneyking တို႔ ၃ ဦးဟာ အသင္းထဲကို လြန္ခဲ့တဲ့ တစ္လခန္႔ကမွ ေျပာင္းေရႊ႕လာခဲ့ၾကတာပါ။ သူတို႔ ေရာက္ရွိလာခ်ိန္က စ လို႔ Cloud 9 အသင္းဟာ DOTA Summit 12 ကေန လက္ရွိ BTS Pro Series: Americas အထိ ပြဲေပါင္း ၁၇ ပြဲအထိ ဆက္တိုက္ရႈံးနိမ့္ခဲ့တာျဖစ္ျပီး WeSave! Charity Play မွာေတာ့ တစ္ပြဲအႏိုင္ရရွိခဲ့ပါတယ္။

ျပိဳင္ပြဲမ်ားတစ္ေလွ်ာက္မွာ Cloud9 ဟာ Evil Geniuses နဲ႔ Team Liquid တို႔လို ထိပ္တန္းအသင္းမ်ားကိုသာ ရႈံးနိမ့္တာ မဟုတ္ပဲ Thunder Predator, CR4ZY နဲ႔ Business Associates တို႔လို ထိပ္တန္းစာရင္းမဝင္တဲ့ အသင္းမ်ားကိုလည္း ရႈံးနိမ့္ခဲ့ပါတယ္။ အထူးသျဖင့္ EternalEnvy ရဲ႕ mid role ဟာ Cloud9 အသင္း ဆက္တိုက္ရႈံးနိမ့္ေနရျခင္းရဲ႕ အေၾကာင္းအရင္းမ်ားထဲကတစ္ခု ျဖစ္ေနပါတယ္။

EternalEnvy ဟာ mid role ကို အလြန္ၾကိဳက္ႏွစ္သက္သူျဖစ္ျပီး pub ပြဲမ်ားမွာေရာ ျပိဳင္ပြဲမ်ားမွာပါ mid lane သြား ကစားေလ့ရွိသူပါ။ ဒါေပမယ့္ လတ္တေလာျပိဳင္ပြဲမ်ားမွာေတာ့ သူ႔ရဲ႕ mid ဟာ အျမဲအေရးနိမ့္ေနေလ့ရွိျပီး အသင္းရဲ႕ offlane နဲ႔ carry မ်ားထက္ net worth နည္းသြားေလ့ရွိပါတယ္။ ရႈံးပြဲအခ်ိဳ႕မွာဆိုရင္ EternalEnvy ဟာ Cloud9 ရဲ႕ support ကစားသမား Misery ထက္ေတာင္ net worth နည္းေနတာကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။

မၾကာေသးမီက ကစားခဲ့ၾကတဲ့ Cloud9 နဲ႔ Thunder Predator တို႔ရဲ႕ ပထမဆုံးပြဲမွာ ဒီကိစၥဟာ အလြန္ထင္ရွားေနခဲ့ပါတယ္။ ယင္းပြဲအျပီး Cloud9 တို႔ရႈံးနိမ့္သြားခ်ိန္မွာ EternalEnvy ရဲ႕ Ember Spirit ဟာ Misery ရဲ႕ support ဟီးရိုး Rubick ထက္ net worth 0.7 k နည္းေနခဲ့ပါတယ္။ တစ္ဖက္အသင္းက mid lane ဟီးရိုး Shadow Fiend ကေတာ့ ပြဲအဆုံးမွာ KDA 11/2/8 အထိ ရရွိသြားႏိုင္ခဲ့ပါတယ္။

Thunder Predator နဲ႔ ဒုတိယပြဲမွာ EternalEnvy ဟာ mid lane ကိုပဲ Nature Prophet ကိုင္ျပီး သြားေရာက္ခဲ့ပါတယ္။ တစ္ဖက္အသင္းက Legion Commander လာထိန္းခဲ့ျပီး ပြဲအျပီးမွာ KDA 11/3/9 အထိ ရယူသြားခဲ့ျပန္ပါတယ္။ ပြဲအတြင္းမွာ Cloud9 တို႔ ျပဳလုပ္ခဲ့တဲ့ အမွားတစ္ခ်ိဳ႕ဟာလည္း ပရိသတ္မ်ားၾကား ေဝဖန္စရာကိစၥတစ္ခုျဖစ္ေနခဲ့ရပါတယ္။

Cloud9 Standing in BTS Pro Series : America

မည္သုိ႔ပင္ျဖစ္ေစ Cloud9 တို႔ဟာ လာမယ့္ရက္မ်ားအတြင္းမွာ BTS Pro Series: Americas ရဲ႕ ပြဲစဥ္မ်ားကို ဆက္လက္ယွဥ္ျပိဳင္ကစားၾကဦးမွာပါ။ အစဥ္အလာေကာင္းခဲ့ဖူးတဲ့ Cloud9 အသင္းကို ျပန္လည္ဦးေမာ့လာေစဖုိ႔ Dota 2 ပရိသတ္အေျမာက္အမ်ားက လိုလားလ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpgame