[Unicode]

Beta အဆင့်မှာတင် Twitch ပေါ်မှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ Valorant

 

Valorant ဆိုတာကတော့ နာမည်ကျော်ဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Riot Games ကနေ ထုတ်လုပ်ဖို့ ကြေညာထားခဲ့တဲ့ FPS အမျိုးအစားဂိမ်းတစ်ခုပါ။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက ဒီဂိမ်းရဲ့နာမည်ကို Project A အဖြစ် စတင်ကြေညာထားခဲ့တာဖြစ်ပြီး မကြာသေးမီကမှ Valorant ဆိုတဲ့ တရားဝင်နာမည်ကို ထုတ်ဖော်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Valorant ရဲ့ closed beta ကို လူအများ စမ်းသပ်ကစားနိုင်အောင် ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ဒီလိုကစားဖို့အတွက် closed beta key ရှိနေဖို့တော့ လိုအပ်ပါတယ်။ Closed beta စတင်တာ မကြာသေးတဲ့ ယခုအချိန်မှာ Twitch ပေါ်က Summit1g, TimTheTatman, Dr Disrespect အစရှိတဲ့ နာမည်ကြီး streamer များဟာ Valorant ကို စမ်းသပ်ကစားပြနေရင်း closed beta key များကို ကြည့်ရှုသူပရိသတ်အချို့အတွက် ပြန်လည်မျှဝေပေးလျက်ရှိကြပါတယ်။

Steamer များကနေ ပြန်လည်မျှဝေပေးတဲ့ closed beta key များကတော့ အရေအတွက် ၅ သောင်းခန့်သာ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ stream ကြည့်ရှုသူအမြောက်အများဟာ Valorant ဂိမ်း stream များကို လွန်စွာအားပေးကြည့်ရှုနေကြလို့ beta အဆင့်သာရှိသေးတဲ့ Valorant ဟာ Twitch ပေါ်မှာ အောင်မြင်တဲ့ဂိမ်းတစ်ခုအဖြစ် ရပ်တည်လာလျက်ရှိပါတယ်။

လက်ရှိမှာ Valorant ဟာ Twitch ပေါ်မှာ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူ ဒုတိယအများဆုံးဂိမ်းအဖြစ် peak viewer ပေါင်း ၁.၇၃ သန်း ရရှိထားပါတယ်။ ပထမအများဆုံးဂိမ်းဖြစ်တဲ့ League of Legends ဟာ peak viewer ပေါင်း ၁.၇၄ သန်း ရရှိထားလို့ Valorant နဲ့ တစ်သောင်းခန့်သာ ကွာခြားပါတယ်။ ဒါ့အပြင် Valorant ဟာ Twitch ပေါ်မှာ လတ်တလောကြည့်ရှုသူအများဆုံးဂိမ်းအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။

Valorant ယခုလို အောင်မြင်နေရခြင်းဟာ Riot Games ရဲ့ အရှိန်အဝါကြောင့်ဖြစ်သလို တရားဝင်နာမည်ကို ထုတ်ဖော်ကြေညာခဲ့စဉ်က ဝါရင့် FPS ကစားသမားအမြောက်အများရဲ့ ဂိမ်းအပေါ် အလေးပေးပြောဆိုခဲ့မှုများကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် လူအများဟာ closed beta အတွင်းမှာ စောစီးစွာ ဝင်ရောက်ဆော့ကစားနိုင်ဖို့ လိုလားနေကြသလို closed beta key ရှိပြီးသားအကောင့်များကို ဒေါ်လာ ရာဂဏန်းနဲ့ အွန်လိုင်းပေါ်ကတစ်ဆင့် ပြန်လည်ရောင်းချမှုတွေလည်း ပေါ်ပေါက်လျက်ရှိပါတယ်။

လက်ရှိအချိန် Valorant stream ကြည့်ရှုသူအများစုဟာ closed beta key ရရှိရေးအတွက်သာ ဦးတည်နေတာမို့ closed beta ပြီးဆုံးသွားရင် ကြည့်ရှုသူ ပြန်လည်နည်းပါးသွားနိုင်ကြောင်းလည်း အချို့က သုံးသပ်နေကြပါတယ်။ မည်သို့ပင်ဖြစ်စေ Valorant ဟာ Twitch ပေါ်မှာ လက်ရှိခေတ်စားနေတဲ့ FPS ဂိမ်းတစ်ခုဖြစ်ကြောင်း ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, twitchtracker


[ZawGyi]

Beta အဆင့္မွာတင္ Twitch ေပၚမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိေနတဲ့ Valorant

 

Valorant ဆိုတာကေတာ့ နာမည္ေက်ာ္ဂိမ္းကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Riot Games ကေန ထုတ္လုပ္ဖို႔ ေၾကညာထားခဲ့တဲ့ FPS အမ်ိဳးအစားဂိမ္းတစ္ခုပါ။ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းတုန္းက ဒီဂိမ္းရဲ႕နာမည္ကို Project A အျဖစ္ စတင္ေၾကညာထားခဲ့တာျဖစ္ၿပီး မၾကာေသးမီကမွ Valorant ဆိုတဲ့ တရားဝင္နာမည္ကို ထုတ္ေဖာ္ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။

ယခုအခ်ိန္မွာေတာ့ Valorant ရဲ႕ closed beta ကို လူအမ်ား စမ္းသပ္ကစားႏိုင္ေအာင္ ဖြင့္လွစ္လိုက္ၿပီျဖစ္ၿပီး ဒီလိုကစားဖို႔အတြက္ closed beta key ရွိေနဖို႔ေတာ့ လိုအပ္ပါတယ္။ Closed beta စတင္တာ မၾကာေသးတဲ့ ယခုအခ်ိန္မွာ Twitch ေပၚက Summit1g, TimTheTatman, Dr Disrespect အစရွိတဲ့ နာမည္ႀကီး streamer မ်ားဟာ Valorant ကို စမ္းသပ္ကစားျပေနရင္း closed beta key မ်ားကို ၾကည့္ရႈသူပရိသတ္အခ်ိဳ႕အတြက္ ျပန္လည္မွ်ေဝေပးလ်က္ရွိၾကပါတယ္။

Steamer မ်ားကေန ျပန္လည္မွ်ေဝေပးတဲ့ closed beta key မ်ားကေတာ့ အေရအတြက္ ၅ ေသာင္းခန႔္သာ ရွိပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ stream ၾကည့္ရႈသူအေျမာက္အမ်ားဟာ Valorant ဂိမ္း stream မ်ားကို လြန္စြာအားေပးၾကည့္ရႈေနၾကလို႔ beta အဆင့္သာရွိေသးတဲ့ Valorant ဟာ Twitch ေပၚမွာ ေအာင္ျမင္တဲ့ဂိမ္းတစ္ခုအျဖစ္ ရပ္တည္လာလ်က္ရွိပါတယ္။

လက္ရွိမွာ Valorant ဟာ Twitch ေပၚမွာ တစ္ခ်ိန္တည္းဝင္ေရာက္ၾကည့္ရႈသူ ဒုတိယအမ်ားဆုံးဂိမ္းအျဖစ္ peak viewer ေပါင္း ၁.၇၃ သန္း ရရွိထားပါတယ္။ ပထမအမ်ားဆုံးဂိမ္းျဖစ္တဲ့ League of Legends ဟာ peak viewer ေပါင္း ၁.၇၄ သန္း ရရွိထားလို႔ Valorant နဲ႔ တစ္ေသာင္းခန႔္သာ ကြာျခားပါတယ္။ ဒါ့အျပင္ Valorant ဟာ Twitch ေပၚမွာ လတ္တေလာၾကည့္ရႈသူအမ်ားဆုံးဂိမ္းအျဖစ္လည္း ရပ္တည္လ်က္ရွိပါတယ္။

Valorant ယခုလို ေအာင္ျမင္ေနရျခင္းဟာ Riot Games ရဲ႕ အရွိန္အဝါေၾကာင့္ျဖစ္သလို တရားဝင္နာမည္ကို ထုတ္ေဖာ္ေၾကညာခဲ့စဥ္က ဝါရင့္ FPS ကစားသမားအေျမာက္အမ်ားရဲ႕ ဂိမ္းအေပၚ အေလးေပးေျပာဆိုခဲ့မႈမ်ားေၾကာင့္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ လူအမ်ားဟာ closed beta အတြင္းမွာ ေစာစီးစြာ ဝင္ေရာက္ေဆာ့ကစားႏိုင္ဖို႔ လိုလားေနၾကသလို closed beta key ရွိၿပီးသားအေကာင့္မ်ားကို ေဒၚလာ ရာဂဏန္းနဲ႔ အြန္လိုင္းေပၚကတစ္ဆင့္ ျပန္လည္ေရာင္းခ်မႈေတြလည္း ေပၚေပါက္လ်က္ရွိပါတယ္။

 

လက္ရွိအခ်ိန္ Valorant stream ၾကည့္ရႈသူအမ်ားစုဟာ closed beta key ရရွိေရးအတြက္သာ ဦးတည္ေနတာမို႔ closed beta ၿပီးဆုံးသြားရင္ ၾကည့္ရႈသူ ျပန္လည္နည္းပါးသြားႏိုင္ေၾကာင္းလည္း အခ်ိဳ႕က သုံးသပ္ေနၾကပါတယ္။ မည္သို႔ပင္ျဖစ္ေစ Valorant ဟာ Twitch ေပၚမွာ လက္ရွိေခတ္စားေနတဲ့ FPS ဂိမ္းတစ္ခုျဖစ္ေၾကာင္း ပရိသတ္မ်ားအတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming, twitchtracker