[Zawgyi]

ေျပာင္းလဲမႈစတင္လာတဲ့ Claw Esports PUBG Mobile အသင္း

 

Samsung Galaxy Challenge 2019 ၿပိဳင္ပြဲၿပီး ေနာက္တစ္ရက္မွာေတာ့ ျပည္တြင္ နာမည္ႀကီး PUBG Mobile အသင္းတစ္သင္းျဖစ္တဲ့ Claw Esports ဟာ လူစာရင္း ေျပာင္းလဲမႈေတြကို ခ်က္ျခင္း လုပ္ေဆာင္ခဲ့ပါတယ္။
Claw Esports PUBG Mobile က Player ေတြျဖစ္တဲ့ Pablo နဲ႔ AKgTaMyo တို႔ဟာ အသင္းနဲ႔ မသက္ဆိုင္ေတာ့ေၾကာင္း ေၾကညာခဲ့ပါတယ္။

Claw Esports Facebook Announcement

 

ဒါဟာ သူတို႔ရဲ႕ Galaxy Challenge က ပံုမွန္ေအာက္ ေရာက္ခဲ့တဲ့ Performace ရဲ႕ ေနာက္ဆက္တြဲ ျဖစ္ရပ္အေနနဲ႔လည္း ယူဆႏိုင္ပါတယ္။ဒါ့အျပင္ ၿပိဳင္ပြဲတြင္းမွာလည္း နည္းပညာဆိုင္ရာ အခက္အခဲေတြရွိခဲ့လို႔ အသင္းေတာ္ေတာ္မ်ားမ်ားရဲ႕ ေဝဖန္မႈေတြရွိခဲ့ၿပီး ပံုမွန္လက္စြမ္းမျပႏိုင္မႈေတြ ရွိခဲ့တယ္လို႔လည္း ၾကားသိရပါတယ္။

Claw Esports ဟာ Galaxy Challenge 2019 ခ်န္ပီယံဆုအတြက္ ေရပန္းစားခဲ့တဲ့ အသင္းတစ္သင္းျဖစ္ၿပီး ၿပိဳင္ပြဲမတိုင္ခင္ကလည္း Blizzard နဲ႔ Odin ကိုေခၚယူအားျဖည့္ခဲ့ပါေသးတယ္။

Claw Esports PUBGM Old Roster

Pablo နဲ႔ AKgTaMyo တို႔ဟာ Huawei NYC 2018 Champion “OG Stars” အသင္းကေန ေဖေဖာ္ဝါရီ ၂၀၁၉ က စတင္ေျပာင္းေရြ႕လာတာျဖစ္ၿပီး Claw Esports PUBG Mobile ရဲ႕ ပထမဆံုး ကစားသမားေတြပဲ ျဖစ္ပါတယ္။
Claw Esports ဟာ ေမလ ၂၀၁၉ မွာ Odin နဲ႔ Blizzard ကိုေခၚယူၿပီးေနာက္ပိုင္း ပထမဆံုးျပဳလုပ္ခဲ့တဲ့ အေျပာင္းအလဲပဲ ျဖစ္ပါတယ္။

PUBGM Tencent Community Battlegrounds

PUBG Mobile ရဲ႕ Developer ျဖစ္တဲ့ Tencent ကလည္း ျမန္မာလူမ်ိဳးဝန္ထမ္းမ်ားကို စတင္ခန္႔အပ္ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံအတြက္ တရားဝင္ၿပိဳင္ပြဲမ်ားကို စတင္က်င္းပေတာ့မွာျဖစ္ၿပီး မၾကာခင္က်င္းပမယ့္ Community Battlegrounds စတင္က်င္းပေတာ့မွာ ျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ ျပည္တြင္း PUBG Mobile အသင္းေတြရဲ႕ အားၿပိဳင္မႈကေတာ့ ပိုမိုျပင္းထန္လာေတာ့မွာပဲ ျဖစ္ပါတယ္။


[Unicode]

ပြောင်းလဲမှုစတင်လာတဲ့ Claw Esports PUBG Mobile အသင်း

 

Samsung Galaxy Challenge 2019 ပြိုင်ပွဲပြီး နောက်တစ်ရက်မှာတော့ ပြည်တွင် နာမည်ကြီး PUBG Mobile အသင်းတစ်သင်းဖြစ်တဲ့ Claw Esports ဟာ လူစာရင်း ပြောင်းလဲမှုတွေကို ချက်ခြင်း လုပ်ဆောင်ခဲ့ပါတယ်။
Claw Esports PUBG Mobile က Player တွေဖြစ်တဲ့ Pablo နဲ့ AKgTaMyo တို့ဟာ အသင်းနဲ့ မသက်ဆိုင်တော့ကြောင်း ကြေညာခဲ့ပါတယ်။

Claw Esports Facebook Announcement

ဒါဟာ သူတို့ရဲ့ Galaxy Challenge က ပုံမှန်အောက် ရောက်ခဲ့တဲ့ Performace ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်အနေနဲ့လည်း ယူဆနိုင်ပါတယ်။ဒါ့အပြင် ပြိုင်ပွဲတွင်းမှာလည်း နည်းပညာဆိုင်ရာ အခက်အခဲတွေရှိခဲ့လို့ အသင်းတော်တော်များများရဲ့ ဝေဖန်မှုတွေရှိခဲ့ပြီး ပုံမှန်လက်စွမ်းမပြနိုင်မှုတွေ ရှိခဲ့တယ်လို့လည်း ကြားသိရပါတယ်။

Claw Esports ဟာ Galaxy Challenge 2019 ချန်ပီယံဆုအတွက် ရေပန်းစားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင်ကလည်း Blizzard နဲ့ Odin ကိုခေါ်ယူအားဖြည့်ခဲ့ပါသေးတယ်။

Claw Esports PUBGM Old Roster

Pablo နဲ့ AKgTaMyo တို့ဟာ Huawei NYC 2018 Champion “OG Stars” အသင်းကနေ ဖေဖော်ဝါရီ ၂၀၁၉ က စတင်ပြောင်းရွေ့လာတာဖြစ်ပြီး Claw Esports PUBG Mobile ရဲ့ ပထမဆုံး ကစားသမားတွေပဲ ဖြစ်ပါတယ်။
Claw Esports ဟာ မေလ ၂၀၁၉ မှာ Odin နဲ့ Blizzard ကိုခေါ်ယူပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်ခဲ့တဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။

PUBGM Tencent Community Battlegrounds

PUBG Mobile ရဲ့ Developer ဖြစ်တဲ့ Tencent ကလည်း မြန်မာလူမျိုးဝန်ထမ်းများကို စတင်ခန့်အပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက် တရားဝင်ပြိုင်ပွဲများကို စတင်ကျင်းပတော့မှာဖြစ်ပြီး မကြာခင်ကျင်းပမယ့် Community Battlegrounds စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ သေချာတာကတော့ ပြည်တွင်း PUBG Mobile အသင်းတွေရဲ့ အားပြိုင်မှုကတော့ ပိုမိုပြင်းထန်လာတော့မှာပဲ ဖြစ်ပါတယ်။