ဘယ်အချိန်မှာ Town hall တင်သင့်လဲ Town hall တင်ပြီးရင် ဘာတွေဆက်လုပ်ကြမလဲ

 

သင်ဟာ clash of clan player တစ်ယောက်ဆိုရင် ဒီမေးခွန်းလေးတွေက မိမိကိုယ်ကို ခဏခဏ မေးမိနေတဲ့မေးခွန်းလေးတွေဖြစ်နေမှာပါ။ မိမိ ကိုယ်ကိုတင် မကပါဘူး သူများတွေက လဲ မေးတတ် ကြမှာပါ။ ဒါကြောင့်မို့လို့ clash of clan player တွေ အတွက် town hall guide လေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ guide လေးကတော့ town hall အမြင့်မှ မဟုတ်ပါဘူး။ ဘယ် town hall မှာမဆို အသုံးဝင်မယ့် guide လေးတစ်ခုလည်းဖြစ်ပါတယ်။

ပထမ မေးခွန်းအနေနဲ့ ကတော့ ဘယ်အချိန်မှာ town hall တင်သင့်လဲဆိုတဲ့ မေးခွန်းပါ။ ဒီနေရာမှာ Town hall level တစ်ခုစီ တစ်ခုစီတိုင်းအတွက် building တွေ နဲ့ lab ဆိုပြီး နှစ်ခု အဓိက ခွဲချင်ပါတယ်။ Town hall အနိမ့်တွေမှာ သိပ်မသိသာပေမယ့် town hall မြင့်လာလေလေ lab မှာ spell တွေ troop တွေ Level တင်ရင်ပေးရတဲ့ အချိန်က ပိုပိုများလာပါတယ်။ ဒါကြောင့်မို့ lab မှာတင်စရာ မရှိတော့ဘူး ဆိုရင်တော့ Town hall တင်ဖို့ စဉ်းစား သင့်ပါပြီ။

နောက်တစ်ခုကတော့ hero level ပါ။ Town hall တင်တော့ မယ်ဆိုရင် ပေးထားတဲ့ town hall ရဲ့ တင်လို့ရတဲ့ Hero ရဲ့အောက် အနည်းဆုံး ၅ခုလောက် အထိတော့ တင်သင့်ပါတယ်။ ဥပမာ Town hall 10 မှာ queen 40 အထိတင်လို့ ရမယ်ဆိုရင် Town hall 11 မတင်ခင်မှာ Queen ကို 35 လောက်ထိတော့တင်သင့်ပါတယ်။ နောက်ဆုံးတစ်ခုက တော့ သင်ကိုယ်တိုင်ရဲ့ ရည်ရွယ်ချက်ပါ။ သင်က account တွေ အများကြီး နဲ့ ဆော့တတ်တဲ့သူ ဆိုရင်တော့ second account တွေ ကို donation ပေးဖို့ရည်ရွယ်ချက်သက်သက်နဲ့ ဆိုရင်တော့ တင်ချင်ရင် တင်နိုင်ပါတယ်။

ဒုတိယ တစ်ချက်က တော့ town hall တင်ပြီးရင်ဘာလုပ်ကြမလဲ ဆိုတာပါပဲ။ အခု CoC မှာ town hall တင်ပြီးတာ နဲ့ hero တွေ ကို 5 level boost ၅ ရက် ပေးပါတယ်။ ဒါကြောင့် Hero တွေ ကို မတင်သေးဘဲ ခဏစောင့် နိုင်ပါတယ်။

Town hall တင်တင်ပြီးချင်း လုပ်ရမှာကတော့ lab ကိုတင်တာပါ။ Book of buildings တွေဘာတွေ ရှိရင် သုံးပြီးတော့ ချက်ချင်းတင်ချင်ရင်တင်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ troop တွေကိုလဲ ၅ရက် max level (lab မှာတင်လို့ရတဲ့အထိ) အထိတင်ပေးထားလို့ပါ။ နောက် ဘာတွေ ဆက် ဆောက်ကြမလဲ ဆိုတာ ကတော့ သင်က ဘယ်လိုကစားသမား အမျိုးလဲ ဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ သင်က war တိုက်တာ ကြိုက်တဲ့ player၊ war မှာ 3 star တွေ ယူပြရတာ ဂုဏ်ယူတတ်တဲ့ player ဆိုရင်တော့ town hall တင်တင်ပြီးပြီးချင်းမှာ အဲဒီ့ town hall ရဲ့ exclusive ဖြစ်တဲ့ defense တွေ ကို မဆောက်သေးဘဲ offensive structure တွေ ကိုဉီးစားပေးတင် သင့်ပါတယ်။

ဆိုလိုတာက town hall 9 -x bow, town hall 10-inferno tower, Town hall 11 eagle artillery စသည်ဖြင့်ပေါ့။ Offensive structure ဆိုတာ ကတော့ army camp, spell factories, barracks and heroes ပါ။ ဒါမှမဟုတ်သင်က ဒီအတိုင်း casual player ဆိုရင်တော့ defense တွေကို တင်ချင်ရင်တင်နိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ town hall အသစ်တစ်ခု ကိုရောက်ပြီ ဆိုတာနဲ့ သင့်ရဲ့ defense တွေ က town hall level တစ်ဆင့်နိမ့်နေတာ မို့ ဒီ exclusive defense structure တွေက သင့် village ကို ခဏခဏ raid ခံရခြင်းမှကင်း‌ဝေးစေမှာပါ။

Town hall 10 တစ်ယောက်က Eagle artillery ရှိနေတဲ့ town hall 11 ကို တော်ရုံနဲ့ ချဖို့ မစဉ်းစားပါဘူး။ နောက်တစ်ခုကတော့ သင်က active သိပ်မဖြစ်တဲ့ player ဆိုရင် gold mine, elixir drill နဲ့ de drill တွေကိုလဲ ဉီးစားပေးတင်သင့်ပါတယ်။ Defense တွေထဲမှာဆိုရင် cannon နဲ့ motor တွေကို နောက်ဆုံးမှ တင်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ဟာ ground only ဖြစ်လို့ ပါ။ Archer tower တွေ နဲ့ wizard tower တွေကို တင်မယ်ဆိုရင် air ရော ground ပါ cover ဖြစ်စေမှာပါ။ နောက်ဆုံးတစ်ခုက တော့ Gold နဲ့ elixir upgrade တွေကို မျှပြီးတော့ တင်ပါ။

Clash of clan ဟာ ဆိုရင်ကစားတတ်မယ် ဆိုရင် အချိန်အများကြီးမကုန်စေဘဲ၊ တစ်ခြား ဂိမ်းတွေ ဆော့ပြီးလို့ ခဏနားတဲ့ အချိန်မှာ အပြင်းပြေ စေမှာပါ။ နောက်ပြီး supercell ကလဲ player တွေ အပေါ် မှာ response နဲ့ respect တော်တော်ပေးတာ ကြောင့် မို့ ကစားရတာ တော်တော် ‌လေးကောင်းပါတယ်။
iNtAnGibL3