Clash of Clans (CoC) Gold Pass အကြောင်း သိကောင်းစရာ

 

ဒီဘက်ခေတ်မှာ ဂိမ်းတိုင်းဂိမ်းတိုင်းမှာ သက်ဆိုင်ရာ monthly subscribe လုပ်ရတဲ့ battle pass လိုမျိုးတွေ ရှိလာတာကိုတွေ့ရပါတယ်။ ဒီ battle pass လေးတွေက ဝယ်ထားပြီ ဆိုရင် သင့်ကို in game မှာ သူများတွေထက် နှာတစ်ဖျားသာ အောင် perks လေးတွေ ပေးမှာပါ။ ဒီ battle pass တွေထဲမှာမှ ဒီတစ်ခါတော့ CoC ရဲ့ Gold pass လေး အကြောင်းကို ပြောပြချင်ပါတယ်။

CoC ရဲ့ gold pass ကလဲ တစ်ခြားဂိမ်းတွေလိုပဲ ဝယ်တဲ့သူနဲ့ မဝယ်တဲ့ သူနဲ့ ကိုခွဲခြားပြီး တော့ perks လေးတွေပေးမှာပါ။ မဝယ်တဲ့သူတွေကိုတော့ အမြည်းအနေနဲ့ နည်းနည်းတော့ ပေးထားပါတယ်။ သို့ပေမယ့် တစ်ကယ် အသုံးဝင်မယ့် item တွေ research boost, builder boost, troop boost တွေကိုတော့ ဝယ်မှရမှာပါ။ ဒါပေမယ့် သူ့ရဲ့ ဈေးက ၅ ဒေါ်လာ ဆိုတဲ့ အတွက် ဝယ်ရတာ အင်မတန်မှ ဝယ်ပျော်ပါတယ်။

မြန်မာငွေ ၆၅၀၀-၇၀၀၀ ဟာ ရည်းစားနဲ့ချိန်းတွေ မုန့်စားသလောက်တောင် မရှိပါဘူး။ တစ်လတိတိ in game အကျိုးအမြတ်တွေ တစ်သီတစ်တန်းကြီး ရမှာပါ။ ဒါပေမယ့် ဝယ်ထားရုံနဲ့တော့ မရပါဘူး။ ဝယ်ပြီးရင်တော့ ကစားတော့ ကစားရပါမယ်။ Gold pass က ပေးတဲ့ quest လေးတွေ ကို ပုံမှန်လေးလုပ်သွားရင်ရပါပြီ။

ဒီနေရာမှာ အရေးအကြီးဆုံး point တစ်ခု အနေနဲ့ liquid gem score 1700 ကိုသတ်မှတ်ပေးချင်ပါတယ်။ 1700 မှာ ဘာရသလဲ ဆိုတော့ builder boost ၂၀% ရပါတယ်။ သူ့အရှေ့မှာလည်း research boost နဲ့ troop boost 20% ရပါတယ်။ နေ့တိုင်း ပုံမှန်လေး login ဝင် နာရီဝက်တစ်နာရီလောက် အချိန်ပေးပြီး ပေးတဲ့ quest လေးတွေကို လုပ်သွားမယ်ဆိုရင် အဲဒီ့ 1700 ကို ၈ ရက်ကနေ ၁၀ ရက်လောက်အတွင်းမှာ ရောက်ပါတယ်။ အဲဒီတော့ နောက် ရက် ၂၀ တိတိ သင့်ရဲ့ base တိုးတက်နှုန်းဟာ 20% တိတိမြန်ပါတယ်။

သေချာပြန်တွက်ကြည့်ရင် 20% ဆိုတာမနည်းပါဘူး။ ၁၀ ရက်နဲ့ ဆောက်ရမယ့် building တစ်ခုဟာ ၈ ရက်နဲ့ပြီးမှာပါ။ ပိုက်ဆံလဲ ၂၀% သက်သာမှာပါ။ Wall တွေ upgrade တဲ့ အခါ အဲဒီ့ ၂၀% က စကားပြောပါတယ်။ နောက်တစ်ခါ hero တွေ level တင်ရင် 20% ပိုမြန်တဲ့ အတွက် hero မရှိဘဲ နေရတဲ့ အချိန်တွေ သက်သာစေမှာပါ။

ဒါတင်ပဲလားဆိုတော့ တစ်ခြား အသုံးဝင်တဲ့ item တွေ ဖြစ်တဲ့ book of heroes, book of buildings, book of fighting, book of everything, book of spells, builder gold/elixir runes, main base gold/elixir/dark elixir runes, raw builder gold and elixir, seasonal bank chest စတာ စတာတွေ အများကြီးမှ အများကြီးပါ။

5$ ဖိုးသာ gem ဝယ်မယ် ဆိုရင် ဘယ်လောက်မှ မရပါဘူး။ အဲဒီ့ 5$ ကို gem အစား gold pass လေးသာ ဝယ်ထားလိုက်မယ် ဆိုရင်တော့ 5$ မက တန်တဲ့ အကျိုးအမြတ်တွေရစေမှာပါ။ Cosmetic အနေနဲ့ လဲ လစဉ် score 2600 ပြည့်သွားရင် hero skin တစ်ခုရမှာပါ။ အဲတာက သင့်ဆီမှာ အမြဲတမ်း ရှိနေမှာပါ။ နောက်လတွေ နောက်လတွေမှာလည်း ဆက်သုံးလို့ရနေမှာပါ။

ဒီ gold pass လေးက ဘယ်လိုလူတွေဝယ်သင့်လဲဆိုရင် CoC ပုံမှန်ကစားပေးနိုင်တဲ့သူ၊ Town hall level မြင့်တဲ့သူ၊ War တိုက်ရတာ ကြိုက်တဲ့သူတွေ ဝယ်သင့်ပါတယ်။ အကယ်၍ သင်ဟာ base တွေအများကြီးနဲ့ ကစားတဲ့သူဆိုရင်တော့ main base ကိုသာ gold pass ဝယ်ပြီးကျန်တဲ့ base တွေကိုတော့ သာမာန်လေးပဲ ကစားပေးဖို့ အကြံပြုချင်ပါတယ်။
iNtAnGibL3