[Unicode]

ဝူဟန်ဗိုင်းရပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တဲ့ Dota2 Major တရုတ်အသင်းများ

 

အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပေါ်နေတဲ့ corona ဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံအတွင်း လူဝင်ရောက်မှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းကန့်သတ်ချက်ထဲမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်အတွင်း တရုတ်နိုင်ငံကို ရောက်နေခဲ့တဲ့ မည်သည့်နိုင်ငံသားကို မဆို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း ပါဝင်ခဲ့ပါတယ်။

ဒီကန့်သတ်ချက်သာ ဆက်လက်အသက်ဝင်နေခဲ့ရင် လာမယ့်မတ်လအတွင်း အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် ESL One Los Angeles 2020 Major ကို တရုတ်အသင်းများ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဝူဟန်ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းပြီးနောက်ပိုင်း လူဝင်ရောက်မှုကန့်သတ်ချက် ပျက်ပြယ်သွားမှသာ ပါဝင်လာနိုင်ဖို့ အလားအလာများပါတယ်။

ဒါပေမယ့် ESL ကတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ Major ရဲ့ qualifier ပွဲစဉ်များမှာ တရုတ်အသင်း ၃ သင်း ပါဝင်မှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာ ယင်းပွဲစဉ်များကို ကျင်းပမှာဖြစ်ကြောင်း ယခင်အတိုင်း ကြေညာထားဆဲပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အရှေ့တောင်ဒေသက ဝင်ရောက်မယ့်အသင်း ၃ သင်းထဲမှာလည်း တရုတ်နိုင်ငံကိုရောက်ရှိတာ မကြာသေးတဲ့ အသင်းသားများ ပါဝင်နေခဲ့ရင် အငြင်းပွားမှုများ ဖြစ်နိုင်ပါသေးတယ်။ ယင်း Major အတွင်းမှာ အရှေ့တောင်အာရှအသင်း ၃ သင်း၊ တရုတ်အသင်း ၃ သင်း၊ ဥရောပအသင်း ၃ သင်း၊ SLi Minor ကို အနိုင်ရမယ့်အသင်း ၁ သင်း၊ CIS အသင်း ၂ သင်း၊ တောင်အမေရိကနဲ့ မြောက်အမေရိကအသင်း ၂ သင်းစီ စုစုပေါင်း အသင်း ၁၆ သင်း ဝင်ရောက်နိုင်ဖို့ စီစဉ်ထားခဲ့တာပါ။

လက်ရှိအချိန်အထိ ဖြစ်ပေါ်နေတဲ့ corona ဗိုင်းရပ်ပြဿနာကြောင့် တရုတ်နိုင်ငံမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ Esports ပွဲအများအပြား ဖျက်သိမ်းခဲ့ရသလို တရုတ်ကစားသမားများအတွက် အခက်အခဲများ ပေါ်ပေါက်လျက် ရှိပါတယ်။ Esports အသိုင်းအဝိုင်းအပါအဝင် နယ်ပယ်မျိုးစုံကို ထိခိုက်လာနေတဲ့ ဒီပြဿနာကြီး ပြေလည်သွားစေဖို့ကို အားလုံးက မျှော်လင့်လျက် ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: afkgaming


[Zawgyi]

ဝူဟန္ဗိုင္းရပ္ရဲ႕ ဆိုးက်ိဳးေတြကို ခံစားရႏိုင္တဲ့ Dota2 Major တ႐ုတ္အသင္းမ်ား

 

အေမရိကန္ျပည္ေထာင္စုဟာ တရုတ္ႏိုင္ငံ ဝူဟန္ျမိဳ႕မွာ ျဖစ္ေပၚေနတဲ့ corona ဗိုင္းရပ္စ္ျပႆနာေၾကာင့္ ႏိုင္ငံအတြင္း လူဝင္ေရာက္မႈနဲ႔ ပတ္သက္တဲ့ ကန္႔သတ္ခ်က္တစ္ရပ္ကို မၾကာေသးမီက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ယင္းကန္႔သတ္ခ်က္ထဲမွာ လြန္ခဲ့တဲ့ ရက္သတၱပတ္ ၂ ပတ္အတြင္း တရုတ္ႏိုင္ငံကို ေရာက္ေနခဲ့တဲ့ မည္သည့္ႏိုင္ငံသားကို မဆို အေမရိကန္ႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္ျပဳမွာ မဟုတ္ေၾကာင္း ပါဝင္ခဲ့ပါတယ္။

ဒီကန္႔သတ္ခ်က္သာ ဆက္လက္အသက္ဝင္ေနခဲ့ရင္ လာမယ့္မတ္လအတြင္း အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ျမိဳ႕မွာ က်င္းပမယ့္ ESL One Los Angeles 2020 Major ကို တရုတ္အသင္းမ်ား တက္ေရာက္ႏိုင္မွာ မဟုတ္ပါဘူး။ ဝူဟန္ဗိုင္းရပ္စ္ျပႆနာကို ေျဖရွင္းျပီးေနာက္ပိုင္း လူဝင္ေရာက္မႈကန္႔သတ္ခ်က္ ပ်က္ျပယ္သြားမွသာ ပါဝင္လာႏိုင္ဖုိ႔ အလားအလာမ်ားပါတယ္။

 

ဒါေပမယ့္ ESL ကေတာ့ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဘာမွထုတ္ျပန္ထားျခင္း မရွိေသးပါဘူး။ Major ရဲ႕ qualifier ပြဲစဥ္မ်ားမွာ တရုတ္အသင္း ၃ သင္း ပါဝင္မွာျဖစ္ျပီး လာမယ့္ ေဖေဖာ္ဝါရီလမွာ ယင္းပြဲစဥ္မ်ားကို က်င္းပမွာျဖစ္ေၾကာင္း ယခင္အတုိင္း ေၾကညာထားဆဲပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ အေရွ႕ေတာင္ေဒသက ဝင္ေရာက္မယ့္အသင္း ၃ သင္းထဲမွာလည္း တရုတ္ႏိုင္ငံကိုေရာက္ရွိတာ မၾကာေသးတဲ့ အသင္းသားမ်ား ပါဝင္ေနခဲ့ရင္ အျငင္းပြားမႈမ်ား ျဖစ္ႏိုင္ပါေသးတယ္။ ယင္း Major အတြင္းမွာ အေရွ႕ေတာင္အာရွအသင္း ၃ သင္း၊ တရုတ္အသင္း ၃ သင္း၊ ဥေရာပအသင္း ၃ သင္း၊ SLi Minor ကို အႏိုင္ရမယ့္အသင္း ၁ သင္း၊ CIS အသင္း ၂ သင္း၊ ေတာင္အေမရိကနဲ႔ ေျမာက္အေမရိကအသင္း ၂ သင္းစီ စုစုေပါင္း အသင္း ၁၆ သင္း ဝင္ေရာက္ႏိုင္ဖုိ႔ စီစဥ္ထားခဲ့တာပါ။

လက္ရွိအခ်ိန္အထိ ျဖစ္ေပၚေနတဲ့ corona ဗိုင္းရပ္ျပႆနာေၾကာင့္ တရုတ္ႏိုင္ငံမွာ ျပဳလုပ္ဖုိ႔ ရည္ရြယ္ထားတဲ့ Esports ပြဲအမ်ားအျပား ဖ်က္သိမ္းခဲ့ရသလို တရုတ္ကစားသမားမ်ားအတြက္ အခက္အခဲမ်ား ေပၚေပါက္လ်က္ ရွိပါတယ္။ Esports အသိုင္းအဝိုင္းအပါအဝင္ နယ္ပယ္မ်ိဳးစုံကို ထိခိုက္လာေနတဲ့ ဒီျပႆနာၾကီး ေျပလည္သြားေစဖုိ႔ကို အားလုံးက ေမွ်ာ္လင့္လ်က္ ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: afkgaming