[Unicode]

ကလေးသူငယ်များ ဂိမ်းအတွင်း လက်ထပ်ခြင်းကို တရုတ်အစိုးရ တားမြစ်

 

တရုတ်အစိုးရရဲ့ ကြေညာချက်တစ်ခုအရ တရုတ်နိုင်ငံအတွင်းမှာ ကစားခွင့်ပြုထားတဲ့ ဂိမ်းများနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်သစ်များကို ထပ်မံချမှတ်လိုက်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရဟာ ပြည်ပကုမ္ပဏီများက ထုတ်လုပ်တဲ့ ဂိမ်းများ တရုတ်နိုင်ငံအတွင်း ဝင်ရောက်ဖြန့်ချိခွင့်ကို အကန့်အသတ်နဲ့သာ ခွင့်ပြုထားတာဖြစ်သလို Fortnite အပါအဝင် နာမည်ကြီးဂိမ်းအတော်များများကို နိုင်ငံအတွင်း လုံးဝ ဝင်ရောက်ခွင့်မပြုတာ ကာလကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Niko Partner ကုမ္ပဏီရဲ့ ပြောကြားချက်အရ တရုတ်အစိုးရဟာ “Winner” နဲ့ “Attack” ကဲ့သို့သော အင်္ဂလိပ်စာလုံးများ ပါဝင်တဲ့ဂိမ်းများကို ဝင်ရောက်ခွင့် မပြုသလို ဖြန့်ချိခွင့်ရတဲ့ဂိမ်းများအားလုံးဟာလည်း တရုတ်ဘာသာနဲ့ ကစားနိုင်အောင် ပြန်ဆိုပြီးသား ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ဂိမ်းများအတွင်းမှာ အနီရောင်နဲ့မှ မဟုတ်ပဲ မည်သည့်အရောင်နဲ့ဖြစ်စေ သွေးအိုင်သွေးကွက်များကို ပါဝင်နေခြင်းကို လက်မခံလို သေဆုံးသွားတဲ့ ဂိမ်းဇာတ်ကောင်များဟာလည်း မြင်ကွင်းကနေ အမြန်ဆုံး ပျောက်ကွယ်သွားဖို့ လိုအပ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံလိုမျိုး ဂိမ်းများအတွင်းမှာ ပါဝင်တဲ့ ကံစမ်းမဲပုံးသေတ္တာ (loot box) များကို လောင်းကစားဖြစ် သတ်မှတ်ပြီး လုံးဝလက်မခံတာမျိုး မဟုတ်ပေမယ့် ယင်းတို့နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များကိုလည်း ချမှတ်ထားပါတယ်။ ဂိမ်းတစ်ခုရဲ့ loot box များအတွင်းမှာ ပါဝင်တဲ့ ဆုမဲများ ရရှိနိုင်ခြေ ရာခိုင်နှုန်းကို ဂိမ်းကုမ္ပဏီများက တိတိကျကျ ဖော်ပြပေးထားဖို့ လိုအပ်ပြီး ယင်းတို့နဲ့ မကိုက်ညီဖြစ်နေခဲ့ရင်း ကစားသူက တိုင်ကြားနိုင်တဲ့ အခြေအနေများကိုလည်း ဖန်တီးပေးထားပါသေးတယ်။

စည်းမျဉ်းစည်းကမ်းသစ်များထဲမှာမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအတွက် အသစ်ချမှတ်လိုက်တဲ့ ကန့်သတ်ချက်ဟာ ထူးခြားပါတယ်။ ယင်းကန့်သတ်ချက်အရ ဂိမ်းတစ်ခုအတွင်းမှာ စုံတွဲများလက်ထပ်ခြင်းပုံစံမျိုး ကစားနည်းများ ပါဝင်နေခဲ့ရင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ ယင်းဂိမ်းဝင်ရောက်ကစားခွင့်ကို ပိတ်ပင်တော့မှာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ယခင်ကလည်း အရွယ်မရောက်သေးသူများအတွက် ဂိမ်းနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များကို ပြုလုပ်ခဲ့ဖူးပါတယ်။ ယခင်က ပြုလုပ်ခဲ့တဲ့ ကန့်သတ်ချက်များအတွင်းမှာ အရွယ်မရောက်သေးသူများ တစ်ရက်တာ ဂိမ်းကစားနိုင်မယ့်အချိန်ကို သတ်မှတ်ခြင်း၊ ဂိမ်းကို နာမည်အရင်းနဲ့သာ ဝင်ရောက်ကစားရန်လိုအပ်ခြင်း စ တာတွေ ပါဝင်ခဲ့ပါတယ်။

နှစ်စဉ် တရုတ်နိုင်ငံရဲ့ ဂိမ်းဈေးကွက်တန်ဖိုးဟာ ကန်ဒေါ်လာ ၃၆.၅ ဘီလီယံ နီးပါး ရှိပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအတွင်း ဂိမ်းဖြန့်ချိခွင့်ဟာ ဂိမ်းကုမ္ပဏီများအတွက် အရေးပါအရာရောက်လှပြီး တရုတ်အစိုးရဟာလည်း ဂိမ်းနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများကို ကောင်းစွာသတ်မှတ်နိုင်တာပဲ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အစိုးရရဲ့ မျက်ခြေမပြတ် အလေးပေးမှုအတွင်းမှာ ရှိနေတဲ့ တရုတ်ဂိမ်းလောက ကတော့ ဆက်လက်တိုးတက်နေဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: gamerant


[Zawgyi]

ကေလးသူငယ္မ်ား ဂိမ္းအတြင္း လက္ထပ္ျခင္းကို တရုတ္အစိုးရ တားျမစ္

 

တရုတ္အစိုးရရဲ႕ ေၾကညာခ်က္တစ္ခုအရ တရုတ္ႏိုင္ငံအတြင္းမွာ ကစားခြင့္ျပဳထားတဲ့ ဂိမ္းမ်ားနဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းကန့္သတ္ခ်က္သစ္မ်ားကို ထပ္မံခ်မွတ္လိုက္တယ္လို႔ ဆိုပါတယ္။ တရုတ္အစိုးရဟာ ျပည္ပကုမၸဏီမ်ားက ထုတ္လုပ္တဲ့ ဂိမ္းမ်ား တရုတ္ႏိုင္ငံအတြင္း ဝင္ေရာက္ျဖန္႔ခ်ိခြင့္ကို အကန္႔အသတ္နဲ႔သာ ခြင့္ျပဳထားတာျဖစ္သလို Fortnite အပါအဝင္ နာမည္ၾကီးဂိမ္းအေတာ္မ်ားမ်ားကို ႏိုင္ငံအတြင္း လုံးဝ ဝင္ေရာက္ခြင့္မျပဳတာ ကာလၾကာျမင့္ခဲ့ျပီပဲ ျဖစ္ပါတယ္။

Niko Partner ကုမၸဏီရဲ႕ ေျပာၾကားခ်က္အရ တရုတ္အစိုးရဟာ “Winner” နဲ႔ “Attack” ကဲ့သုိ႔ေသာ အဂၤလိပ္စာလုံးမ်ား ပါဝင္တဲ့ဂိမ္းမ်ားကို ဝင္ေရာက္ခြင့္ မျပဳသလို ျဖန္႔ခ်ိခြင့္ရတဲ့ဂိမ္းမ်ားအားလုံးဟာလည္း တရုတ္ဘာသာနဲ႔ ကစားႏိုင္ေအာင္ ျပန္ဆိုျပီးသား ျဖစ္သင့္တယ္လို႔ ဆိုပါတယ္။ ဂိမ္းမ်ားအတြင္းမွာ အနီေရာင္နဲ႔မွ မဟုတ္ပဲ မည္သည့္အေရာင္နဲ႔ျဖစ္ေစ ေသြးအိုင္ေသြးကြက္မ်ားကို ပါဝင္ေနျခင္းကို လက္မခံလို ေသဆုံးသြားတဲ့ ဂိမ္းဇာတ္ေကာင္မ်ားဟာလည္း ျမင္ကြင္းကေန အျမန္ဆုံး ေပ်ာက္ကြယ္သြားဖုိ႔ လိုအပ္ပါတယ္။

ဘယ္လ္ဂ်ီယံႏိုင္ငံလိုမ်ိဳး ဂိမ္းမ်ားအတြင္းမွာ ပါဝင္တဲ့ ကံစမ္းမဲပုံးေသတၱာ (loot box) မ်ားကို ေလာင္းကစားျဖစ္ သတ္မွတ္ျပီး လုံးဝလက္မခံတာမ်ိဳး မဟုတ္ေပမယ့္ ယင္းတို႔နဲ႔ ပတ္သက္တဲ့ ကန္႔သတ္ခ်က္မ်ားကိုလည္း ခ်မွတ္ထားပါတယ္။ ဂိမ္းတစ္ခုရဲ႕ loot box မ်ားအတြင္းမွာ ပါဝင္တဲ့ ဆုမဲမ်ား ရရွိႏိုင္ေျခ ရာခိုင္ႏႈန္းကို ဂိမ္းကုမၸဏီမ်ားက တိတိက်က် ေဖာ္ျပေပးထားဖုိ႔ လိုအပ္ျပီး ယင္းတို႔နဲ႔ မကိုက္ညီျဖစ္ေနခဲ့ရင္း ကစားသူက တိုင္ၾကားႏိုင္တဲ့ အေျခအေနမ်ားကိုလည္း ဖန္တီးေပးထားပါေသးတယ္။

စည္းမ်ဥ္းစည္းကမ္းသစ္မ်ားထဲမွာမွ အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအတြက္ အသစ္ခ်မွတ္လိုက္တဲ့ ကန့္သတ္ခ်က္ဟာ ထူးျခားပါတယ္။ ယင္းကန္႔သတ္ခ်က္အရ ဂိမ္းတစ္ခုအတြင္းမွာ စုံတြဲမ်ားလက္ထပ္ျခင္းပုံစံမ်ိဳး ကစားနည္းမ်ား ပါဝင္ေနခဲ့ရင္ အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ား ယင္းဂိမ္းဝင္ေရာက္ကစားခြင့္ကို ပိတ္ပင္ေတာ့မွာပဲ ျဖစ္ပါတယ္။

တရုတ္ႏိုင္ငံဟာ ယခင္ကလည္း အရြယ္မေရာက္ေသးသူမ်ားအတြက္ ဂိမ္းနဲ႔ ပတ္သက္တဲ့ ကန့္သတ္ခ်က္မ်ားကို ျပဳလုပ္ခဲ့ဖူးပါတယ္။ ယခင္က ျပဳလုပ္ခဲ့တဲ့ ကန္႔သတ္ခ်က္မ်ားအတြင္းမွာ အရြယ္မေရာက္ေသးသူမ်ား တစ္ရက္တာ ဂိမ္းကစားႏိုင္မယ့္အခ်ိန္ကို သတ္မွတ္ျခင္း၊ ဂိမ္းကို နာမည္အရင္းနဲ႔သာ ဝင္ေရာက္ကစားရန္လိုအပ္ျခင္း စ တာေတြ ပါဝင္ခဲ့ပါတယ္။

ႏွစ္စဥ္ တရုတ္ႏိုင္ငံရဲ႕ ဂိမ္းေစ်းကြက္တန္ဖုိးဟာ ကန္ေဒၚလာ ၃၆.၅ ဘီလီယံ နီးပါး ရွိပါတယ္။ ဒါေၾကာင့္ တရုတ္ႏိုင္ငံအတြင္း ဂိမ္းျဖန္႔ခ်ိခြင့္ဟာ ဂိမ္းကုမၸဏီမ်ားအတြက္ အေရးပါအရာေရာက္လွျပီး တရုတ္အစိုးရဟာလည္း ဂိမ္းနဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေကာင္းစြာသတ္မွတ္ႏိုင္တာပဲ ျဖစ္ပါတယ္။ မည္သုိ႔ပင္ျဖစ္ေစ အစိုးရရဲ႕ မ်က္ေျခမျပတ္ အေလးေပးမႈအတြင္းမွာ ရွိေနတဲ့ တရုတ္ဂိမ္းေလာက ကေတာ့ ဆက္လက္တုိးတက္ေနဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: gamerant