[Unicode]

ဩစတြေးလျ တောမီးဘေးအတွက် အလှုငွေ ဒေါ်လာ ၂ သိန်းကျော် ရှာဖွေပေးနိုင်ခဲ့တဲ့ Streamer အဖွဲ့

 

Twitch နဲ့ Youtube ပေါ်မှ streamer များဖြစ်ကြတဲ့ Lazarbeam, Muselk, Loserfruit, Crayator, Bazz နဲ့ Tannar တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ The Click Crew ဟာ သြစတေးလျ တောမီးဘေးအတွက် အလှူငွေများ ကောက်ခံပေးခဲ့ပါတယ်။ ယင်းအဖွဲ့ဟာ ၃၆ နာရီကြာ stream လွှင့်ကာ အလှူငွေ ကောက်ခံပေးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂သိန်း ၂ သောင်းကျော် (သြစတေးလျဒေါ်လာ ၃ သိန်း ၁ သောင်းကျော်) ရရှိခဲ့ပါတယ်။

ဒီအလှူငွေများကိုတော့ သြစတေးလျ တောမီးဘေးကို ရင်ဆိုင်ဖြေရှင်းနေကြတဲ့ အဖွဲ့အစည်း ၃ ခုကို ခွဲဝေ လှူဒါန်းသွားမှာပါ။ ယင်းအဖွဲ့အစည်းများကတော့ သြစတေးလျရဲ့ ကမ္ဘာ့အကြီးဆုံး မီးသတ်အဖွဲ့အစည်း NSW Rural Fire Service, သြစတေးလျကြက်ခြေနီအဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြတဲ့ Wires အဖွဲ့တို့ပဲ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲက စတင်ခဲ့တဲ့ သြစတေးလျ တောမီးဟာ သြစတေးလျနိုင်ငံရဲ့ ဧကပေါင်း ၁၆ သန်းကျော်ကို လောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ သန်းပေါင်း ရာနဲ့ချီတဲ့ တောရိုင်းတိရစ္ဆာန်များ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသလို ထိခိုက်ဒဏ်ရာရသူများလည်း ၂၄ ဦးအထိ ရှိပြီဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။

Top Donators of Charity Stream

ဂိမ်းလောကအသိုင်းအသိုင်းဟာ သြစတေးလျ တောမီးဘေးအတွက် တတ်စွမ်းသမျှ ကူညီလျက် ရှိကြပါတယ်။ နာမည်ကြီး streamer များဟာ ယင်းတို့ရဲ့ ပရိသတ်များကို မီးဘေးလှူဒါန်းမှု ပြုလုပ်ဖို့ တိုက်တွန်းနေကြသလို ဂိမ်းကုမ္ပဏီကြီးများ ဖြစ်ကြတဲ့ Blizzard နဲ့ Ubisoft တို့က သြစတေးလျအဖွဲ့အစည်းများကို ကူညီလှူဒါန်းသင့်ကြောင်း gamer များ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။

သြစတေးလျ တောမီးဘေးအတွက် gamer များရဲ့ အကူအညီပေးရန် ကြိုးစားနေမှုများဟာ ဂိမ်းလောကအသိုင်းအဝိုင်းတစ်ခုလုံးအတွက် ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ သြစတေးလျ တောမီးကြီး အမြန်ငြိမ်းကာ လူများရော တောရိုင်းတိရစ္ဆာန်လေးများပါ ဘေးကင်းလာစေဖို့ကို တစ်ကမ္ဘာလုံးက မျှော်လင့်လျက် ရှိကြပါတော့တယ်။ ဂိမ်းလောကသတင်းများနဲ့ Esports အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: dotesports


[ZawGyi]

ဩစေၾတးလ် ေတာမီးေဘးအတြက္ အလႈေငြ ေဒၚလာ ၂ သိန္းေက်ာ္ ရွာေဖြေပးႏိုင္ခဲ့တဲ့ Streamer အဖြဲ႕

 

Twitch နဲ႔ Youtube ေပၚမွ streamer မ်ားျဖစ္ၾကတဲ့ Lazarbeam, Muselk, Loserfruit, Crayator, Bazz နဲ႔ Tannar တို႔ ပူးေပါင္းဖြဲ႕စည္းထားတဲ့ The Click Crew ဟာ ၾသစေတးလ် ေတာမီးေဘးအတြက္ အလႉေငြမ်ား ေကာက္ခံေပးခဲ့ပါတယ္။ ယင္းအဖြဲ႕ဟာ ၃၆ နာရီၾကာ stream လႊင့္ကာ အလႉေငြ ေကာက္ခံေပးခဲ့တာျဖစ္ၿပီး အေမရိကန္ေဒၚလာ ၂သိန္း ၂ ေသာင္းေက်ာ္ (ၾသစေတးလ်ေဒၚလာ ၃ သိန္း ၁ ေသာင္းေက်ာ္) ရရွိခဲ့ပါတယ္။

ဒီအလႉေငြမ်ားကိုေတာ့ ၾသစေတးလ် ေတာမီးေဘးကို ရင္ဆိုင္ေျဖရွင္းေနၾကတဲ့ အဖြဲ႕အစည္း ၃ ခုကို ခြဲေဝ လႉဒါန္းသြားမွာပါ။ ယင္းအဖြဲ႕အစည္းမ်ားကေတာ့ ၾသစေတးလ်ရဲ႕ ကမာၻ႔အႀကီးဆုံး မီးသတ္အဖြဲ႕အစည္း NSW Rural Fire Service, ၾသစေတးလ်ၾကက္ေျခနီအဖြဲ႕နဲ႔ ေတာ႐ိုင္းတိရစာၦန္ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနၾကတဲ့ Wires အဖြဲ႕တို႔ပဲ ျဖစ္ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလထဲက စတင္ခဲ့တဲ့ ၾသစေတးလ် ေတာမီးဟာ ၾသစေတးလ်ႏိုင္ငံရဲ႕ ဧကေပါင္း ၁၆ သန္းေက်ာ္ကို ေလာင္ကြၽမ္းခဲ့ၿပီးျဖစ္ပါတယ္။ သန္းေပါင္း ရာနဲ႔ခ်ီတဲ့ ေတာ႐ိုင္းတိရစာၦန္မ်ား ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရသလို ထိခိုက္ဒဏ္ရာရသူမ်ားလည္း ၂၄ ဦးအထိ ရွိၿပီျဖစ္ေၾကာင္း ေၾကညာထားခဲ့ပါတယ္။

Top Donators of Charity Stream

ဂိမ္းေလာကအသိုင္းအသိုင္းဟာ ၾသစေတးလ် ေတာမီးေဘးအတြက္ တတ္စြမ္းသမွ် ကူညီလ်က္ ရွိၾကပါတယ္။ နာမည္ႀကီး streamer မ်ားဟာ ယင္းတို႔ရဲ႕ ပရိသတ္မ်ားကို မီးေဘးလႉဒါန္းမႈ ျပဳလုပ္ဖို႔ တိုက္တြန္းေနၾကသလို ဂိမ္းကုမၸဏီႀကီးမ်ား ျဖစ္ၾကတဲ့ Blizzard နဲ႔ Ubisoft တို႔က ၾသစေတးလ်အဖြဲ႕အစည္းမ်ားကို ကူညီလႉဒါန္းသင့္ေၾကာင္း gamer မ်ား ဝိုင္းဝန္းေတာင္းဆိုခဲ့ၾကပါတယ္။

ၾသစေတးလ် ေတာမီးေဘးအတြက္ gamer မ်ားရဲ႕ အကူအညီေပးရန္ ႀကိဳးစားေနမႈမ်ားဟာ ဂိမ္းေလာကအသိုင္းအဝိုင္းတစ္ခုလုံးအတြက္ ဂုဏ္ယူစရာပဲျဖစ္ပါတယ္။ ၾသစေတးလ် ေတာမီးႀကီး အျမန္ၿငိမ္းကာ လူမ်ားေရာ ေတာ႐ိုင္းတိရစာၦန္ေလးမ်ားပါ ေဘးကင္းလာေစဖို႔ကို တစ္ကမာၻလုံးက ေမွ်ာ္လင့္လ်က္ ရွိၾကပါေတာ့တယ္။ ဂိမ္းေလာကသတင္းမ်ားနဲ႔ Esports အေၾကာင္းအရာမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: dotesports