“Dota 2 ဟာ ၃ ဘီး စက်ဘီးနဲ့တူကြောင်း ပြောကြားလိုက်တဲ့ OG.Ceb”

တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား Doublelift ဟာ Team Liquid ရဲ့ League of Legends ကစားသမားတစ်ဦးပါ။ မကြာသေးမီက Doublelift ဟာ Dota 2 ထက် League of Legends ကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်ဖို့ ပိုမိုခက်ခဲကြောင်း ပြောခဲ့တဲ့အတွက် Dota 2 အသိုင်းအဝိုင်းရဲ့ တုံ့ပြန်ပြောဆိုခြင်းများကို ခံခဲ့ရပါတယ်။

Doublelift ကို တုံ့ပြန်ပြောဆိုသူများထဲမှာ TI8 နဲ့ TI9 ကို ၂ နှစ်ဆက် အနိုင်ရရှိခဲ့တဲ့ OG အသင်းရဲ့ကစားသမား Ceb လည်း ပါဝင်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က Ceb ဟာ သူကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးတစ်ခုကို Twitter ပေါ်မှာ တင်ခဲ့ပြီး Dota 2 နဲ့ League of Legends တို့အကြောင်းကို ပြင်သစ်ဘာသာနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

Ceb ရဲ့ ပြောကြားချက်ထဲမှာတော့ Dota 2 ဟာ ဘီး ၃ ဘီးပါတဲ့ စက်ဘီးနဲ့ တူကြောင်း၊ သက်တောင့်သက်သာနဲ့ ဇိမ်ရှိရှိ စီးနင်းနိုင်ဖို့အတွက် ပြုလုပ်ထားတာဖြစ်ကြောင်း၊ Dota 2 ကို ကစားသူများဟာ ရည်ရွယ်ချက်ကောင်းနဲ့ အနုပညာလက်ရာတစ်ခုသဖွယ် တည်ဆောက်ထားတဲ့အရာကို စီးနင်းနေရမှန်း နားလည်သဘောပေါက်ကြောင်း စသဖြင့် ပါဝင်ခဲ့ပါတယ်။

League of Legends ကိုတော့ ရိုးရိုးစက်ဘီးနဲ့ တူကြောင်း ခိုင်းနှိုင်းခဲ့ပါတယ်။ League of Legends မှာ Dota 2 ထက် ကစားသူ ပိုမိုများပြားနေတာဟာ ရိုးရိုးစက်ဘီးက ၃ ဘီး စက်ဘီးကို ၆ မီတာ တာတိုပြိုင်ပွဲမှာ အနိုင်ရတာနဲ့သာ တူပြီး ဘယ်သူမှ အထင်မကြီးကြောင်း၊ League of Legends ဟာ ပျင်းစရာကောင်းပြီး အသုံးမကျတဲ့ဂိမ်းဖြစ်ကြောင်း စသဖြင့်လည်း ပုတ်ခတ်ပြောဆိုသွားခဲ့ပါတယ်။

Ceb ဟာ ဂိမ်း၂ ခုတို့ရဲ့ တည်ဆောက်ထားပုံကို အခြေခံပြီး စက်ဘီးများနဲ့ နှိုင်းယှဉ် ပြောသွားခဲ့တာပါ။ Dota 2 ရဲ့ ဂိမ်းတည်ဆောက်ထားပုံဟာ ရှုပ်ထွေးနက်နဲတဲ့အတွက် ဘီး ၃ ဘီး ပါတဲ့ စက်ဘီးနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပြီး League of Legends ကတော့ ပိုမိုရိုးရှင်းစွာ တည်ဆောက်ထားလို့ ရိုးရိုးစက်ဘီးနဲ့ နှိုင်းယှဉ်သွားခဲ့တာဖြစ်ပါတယ်။

OG ရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ N0tail ကလည်း League of Legends ကစားသမားများရဲ့ အပြုအမူများဟာ ရည်ရွယ်ချက်မဲ့ကြောင်း လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြောခဲ့ပါသေးတယ်။ ဒါကြောင့်လည်း မကြာသေးမီက Esports အသင်းသစ်များဖွဲ့စည်းခဲ့တဲ့ OG ဟာ League of Legends အသင်းတော့ ဖွဲ့ဦးမှာ မဟုတ်ကြောင်း အများက သုံးသပ်ကြပါတယ်။

Dota 2 နဲ့ League of Legends ၂ ခုလုံးဟာ အမျိုးအစားတူညီတဲ့ MOBA ဂိမ်းများဖြစ်ကြပြီး ယင်းတို့ရဲ့ပြိုင်ဆိုင်နေမှုဟာလည်း လွန်စွာကြာမြင့်ခဲ့ပါပြီ။ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ဂိမ်းလောကမှာ ယခုလို ငြင်းခုံပြောဆိုမှုများကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: dotesports


“Dota 2 ဟာ ၃ ဘီး စက္ဘီးနဲ႕တူေၾကာင္း ေျပာၾကားလိုက္တဲ့ OG.Ceb”

တရုတ္ႏြယ္ဖြား အေမရိကန္ႏိုင္ငံသား Doublelift ဟာ Team Liquid ရဲ႕ League of Legends ကစားသမားတစ္ဦးပါ။ မၾကာေသးမီက Doublelift ဟာ Dota 2 ထက္ League of Legends ကို ကြ်မ္းကြ်မ္းက်င္က်င္ ကစားႏိုင္ဖုိ့ ပိုမိုခက္ခဲေၾကာင္း ေျပာခဲ့တဲ့အတြက္ Dota 2 အသိုင္းအဝိုင္းရဲ႕ တုံ႕ျပန္ေျပာဆိုျခင္းမ်ားကို ခံခဲ့ရပါတယ္။

Doublelift ကို တုုံ႕ျပန္ေျပာဆိုသူမ်ားထဲမွာ TI8 နဲ႔ TI9 ကို ၂ ႏွစ္ဆက္ အႏိုင္ရရွိခဲ့တဲ့ OG အသင္းရဲ႕ကစားသမား Ceb လည္း ပါဝင္ပါတယ္။ ဒီဇင္ဘာ ၂၇ ရက္ေန့က Ceb ဟာ သူကိုယ္တိုင္ ပါဝင္ရိုက္ကူးထားတဲ့ ဗီဒီယိုအတိုေလးတစ္ခုကို Twitter ေပၚမွာ တင္ခဲ့ျပီး Dota 2 နဲ႔ League of Legends တို႔အေၾကာင္းကို ျပင္သစ္ဘာသာနဲ႔ ႏိႈင္းယွဥ္ေျပာဆိုခဲ့ပါတယ္။

Ceb ရဲ႕ ေျပာၾကားခ်က္ထဲမွာေတာ့ Dota 2 ဟာ ဘီး ၃ ဘီးပါတဲ့ စက္ဘီးနဲ႔ တူေၾကာင္း၊ သက္ေတာင့္သက္သာနဲ႔ ဇိမ္ရွိရွိ စီးနင္းႏိုင္ဖုိ႔အတြက္ ျပဳလုပ္ထားတာျဖစ္ေၾကာင္း၊ Dota 2 ကို ကစားသူမ်ားဟာ ရည္ရြယ္ခ်က္ေကာင္းနဲ႔ အႏုပညာလက္ရာတစ္ခုသဖြယ္ တည္ေဆာက္ထားတဲ့အရာကို စီးနင္းေနရမွန္း နားလည္သေဘာေပါက္ေၾကာင္း စသျဖင့္ ပါဝင္ခဲ့ပါတယ္။

League of Legends ကိုေတာ့ ရိုးရိုးစက္ဘီးနဲ႔ တူေၾကာင္း ခိုင္းႏိႈင္းခဲ့ပါတယ္။ League of Legends မွာ Dota 2 ထက္ ကစားသူ ပိုမိုမ်ားျပားေနတာဟာ ရိုးရိုးစက္ဘီးက ၃ ဘီး စက္ဘီးကို ၆ မီတာ တာတိုျပိဳင္ပြဲမွာ အႏိုင္ရတာနဲ႔သာ တူျပီး ဘယ္သူမွ အထင္မၾကီးေၾကာင္း၊ League of Legends ဟာ ပ်င္းစရာေကာင္းျပီး အသုံးမက်တဲ့ဂိမ္းျဖစ္ေၾကာင္း စသျဖင့္လည္း ပုတ္ခတ္ေျပာဆိုသြားခဲ့ပါတယ္။

Ceb ဟာ ဂိမ္း၂ ခုတို႔ရဲ႕ တည္ေဆာက္ထားပုံကို အေျခခံျပီး စက္ဘီးမ်ားနဲ႔ ႏိႈင္းယွဥ္ ေျပာသြားခဲ့တာပါ။ Dota 2 ရဲ႕ ဂိမ္းတည္ေဆာက္ထားပုံဟာ ရႈပ္ေထြးနက္နဲတဲ့အတြက္ ဘီး ၃ ဘီး ပါတဲ့ စက္ဘီးနဲ႔ ႏိႈင္းယွဥ္ခဲ့တာျဖစ္ျပီး League of Legends ကေတာ့ ပိုမိုရိုးရွင္းစြာ တည္ေဆာက္ထားလို႔ ရိုးရိုးစက္ဘီးနဲ႔ ႏိႈင္းယွဥ္သြားခဲ့တာျဖစ္ပါတယ္။

OG ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သူ N0tail ကလည္း League of Legends ကစားသမားမ်ားရဲ႕ အျပဳအမူမ်ားဟာ ရည္ရြယ္ခ်က္မဲ့ေၾကာင္း လြန္ခဲ့တဲ့ရက္အနည္းငယ္က ေျပာခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း မၾကာေသးမီက Esports အသင္းသစ္မ်ားဖြဲ႔စည္းခဲ့တဲ့ OG ဟာ League of Legends အသင္းေတာ့ ဖြဲ႕ဦးမွာ မဟုတ္ေၾကာင္း အမ်ားက သုံးသပ္ၾကပါတယ္။

Dota 2 နဲ႔ League of Legends ၂ ခုလုံးဟာ အမ်ိဳးအစားတူညီတဲ့ MOBA ဂိမ္းမ်ားျဖစ္ၾကျပီး ယင္းတို႔ရဲ႕ျပိဳင္ဆိုင္ေနမႈဟာလည္း လြန္စြာၾကာျမင့္ခဲ့ပါျပီ။ ယွဥ္ျပိဳင္မႈျပင္းထန္တဲ့ဂိမ္းေလာကမွာ ယခုလို ျငင္းခုံေျပာဆိုမႈမ်ားကေတာ့ ရွိေနဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: dotesports