[Unicode]

နည်းပြဘဝကို ပြန်လည်ကူးပြောင်းတော့မယ့် Ceb

 

7ckngmad လို့လည်း လူသိများကြတဲ့ Ceb ဟာ OG အသင်း TI ၂ နှစ်ဆက် ချန်ပီယံဖြစ်လာစေဖို့အတွက် လွန်စွာအရေးပါခဲ့တဲ့ ကစားသမားတစ်ဦးပါ။ ယခုအချိန်မှာတော့ Ceb ဟာ အသင်းရဲ့ ကစားသမားအဖြစ်ကနေ အနားယူတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ။ ယခုကြေညာချက်ဟာ OG အသင်းသားတစ်ဦးဖြစ်သူ JerAx ရဲ့ Dota လောက က အနားယူကြောင်း ကြေညာချက်အပြီး နောက်တစ်နေ့မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

“ကောင်းမွန်တဲ့အရာတွေအားလုံး တစ်ချိန်ချိန်မှာတော့ အဆုံးသတ်သွားကြရတာပါပဲ လို့ လူတွေက ပြောကြပါတယ်။ ဒီဆိုရိုးစကားဟာ အတိတ်ကို လွမ်းဆွတ်သတိရစေသလို ဝမ်းနည်းမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်တော်ကတော့ ခေတ်တစ်ခေတ်ရဲ့ အဆုံးသတ်နဲ့ ပြောင်းလဲမှုဟာ နောက်ထပ် ကောင်းမွန်တဲ့ခေတ်သစ်ဖြစ်လာစေဖို့ အစ ဖြစ်ကြောင်း အယူအဆကိုပဲ ပိုမိုနှစ်သက်ပါတယ်” လို့ ပြောကြားခဲ့တဲ့ Ceb ရဲ့ နှုတ်ဆက်စကားများကို ဖော်ပြပေးလိုက်ရပါတော့တယ်။

“OG ရဲ့ Esports ခရီးရှည်ကြီး စတင်ခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်များအတွက် ဂုဏ်ယူစရာ သမိုင်းဝင်အတိတ်ကြောင်းများကို ပြုလုပ်ပေးနိုင်ခဲ့ပါပြီ။ ပရိသတ်အတွက် ဒီလိုလုပ်ပေးနိုင်ခဲ့တာဟာ ကျွန်တော်တို့အတွက် ရလဒ်ကောင်းတွေ အမှတ်တရတွေ ဆုတံဆိပ်တွေထက် ပိုပြီး တန်ဖိုးရှိသလို ဘာနဲ့မှ နှိုင်းယှဉ်လို့ မရလောက်အောင်လည်း အဖိုးတန်ပါတယ်။ ဒီလိုလုပ်ပေးလိုတဲ့ စိတ်ဓာတ်တွေဟာ TI ၂ နှစ်ဆက် အနိုင်ရခဲ့တဲ့ ကစားသမား ၅ ယောက် ဖြစ်လာစေဖို့ အုတ်မြစ်တွေလည်း ဖြစ်ခဲ့ပါတယ်။ အရာအားလုံးဟာ ၂၀၁၈ နှစ်လယ်ပိုင်း OG/EG လူစာရင်းခွဲထွက်သွားရာကနေ စတင်ခဲ့တာပါ။

ဒီစာကိုရေးဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ Fly နဲ့ S4 တို့ ထွက်သွားတုန်းက ကျွန်တော်ရေးခဲ့တဲ့ blog ပို့စ်ကို ပြန်ကြည့်မိပါသေးတယ်။ https://7ckngmad.wordpress.com/2018/05/28/changes-to-og/ အခုအချိန် ဒီပို့စ်ကို ပြန်ဖတ်မိတော့ အဲဒီတုန်းက ကျွန်တော်တို့ရဲ့ အနာဂတ်ကို မှန်မှန်ကန်ကန် ကြိုမြင်ခဲ့သလိုတောင် ခံစားမိပါတယ်။

ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဖြစ်ဖို့လည်း တကယ်လိုအပ်ခဲ့ပါတယ်။ အတော်လေးကောင်းခဲ့တဲ့ ခရီးတစ်ခုပါ။ Ana နဲ့ Topson ရောက်လာတဲ့အချိန်က စ လို့ Dota ကစားရတဲ့ ခံစားချက်အနှစ်သာရဟာ အရင်အချိန်တွေနဲ့ နှိုင်းယှဉ်လို့ မရအောင် ကောင်းမွန်သွားခဲ့တာပါ။ ကျွန်တော်တို့ဟာ သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး Dota အသင်းကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။

ကျွန်တော်တို့ဟာ အနှိမ်ခံအသင်းဖြစ်ခဲ့ဖူးသလို ပရိသတ်အကြိုက်ဆုံးအသင်းလည်း ဖြစ်ခဲ့ပါတယ်။ အနိုင်ရဖို့ကို ပြင်းပြင်းထန်ထန်လိုလားပြီး အားနဲ့မာန်နဲ့ ယှဉ်ပြိုင်ခဲ့ကြတယ်။ ချန်ပီယံခေါင်းစဉ်ကို ကာကွယ်ဖို့ ယုံကြည်ချက်အပြည့်နဲ့လည်း ကစားခဲ့ကြတယ်။ Dota လောကကြီးကပေးတဲ့အရာတော်တော်များများကို ကျွန်တော်တို့ ရရှိခဲ့ကြပြီးဖြစ်ကြောင်း ယုံကြည်ပါတယ်။

ထိပ်ဆုံးကိုရောက်ဖို့ အံကြိတ်ပြီး ကြိုးစားရတဲ့ ခံစားချက်ဟာ ဘာနဲ့မှ မတူပါဘူး။ ပေးဆပ်ခဲ့ရတာတွေကလည်း တကယ်ကို များပါတယ်။ OG ဟာ အမြဲတမ်း အကောင်းဆုံးလုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံခဲ့တယ်။ ဒါဟာ အရမ်းအရေးကြီးတဲ့ OG စိတ်ဓာတ်တစ်ခုပါပဲ။ ရနိုင်သမျှအချိန်လေးအတွင်းမှာ အကောင်းဆုံးဖြစ်လာအောင် တစ်ယောက်နဲ့တစ်ယောက်ဖေးမကြတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ကျွန်တော်တို့ အလွန်အလေးပေးပါတယ်။ နှစ်တစ်နှစ်ရဲ့ အစမှာလုပ်တဲ့ major ပွဲတွေကို ကျွန်တော်တို့ ဝင်မပြိုင်ပဲ အနားယူရတဲ့ အကြောင်းအရင်းကို လူတွေက သိချင်ကြတယ်။ တစ်ချို့က ဒါဟာ ကျွန်တော်တို့ရဲ့ နည်းဗျူဟာလို့ ထင်ကြတယ်။ တစ်ချို့ကတော့ ကျွန်တော်တို့ ဆွတ်ခူးခဲ့သမျှကို ပျော်ပျော်ကြီး ခံစားနေကြတယ်လို့ ထင်ကြတယ်။ အမှန်အတိုင်းပြောရရင် ၂ ခုလုံး မဟုတ်ပါဘူး။ ပြိုင်ပွဲကြီးတွေကို ကောင်းစွာဝင်ပြိုင်နိုင်ဖို့ ကျွန်တော်တို့အတွက် ထက်သန်တဲ့ စိတ်ဓာတ်ခွန်အားတွေ လိုပါတယ်။ အလုပ်တစ်ခုကို စ လုပ်ရင် အဲဒီစိတ်ဓာတ်ခွန်အားတွေ ရဖို့ လွယ်တယ်။ ဒါပေမယ့် အိပ်မက်ပန်းတိုင်တွေနဲ့ နီးလာရင်ဖြစ်ဖြစ် အချိန်ကြာလာရင်ဖြစ်ဖြစ် စိတ်ဓာတ်ခွန်အားတွေ ထွက်မပြေးသွားအောင် သတိနဲ့ ထိန်းထားဖို့ လိုတယ်ဆိုတာ သဘောပေါက်လာကြပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ season တစ်ခု မလာခင်မှာ ကိုယ်လေးစားရတဲ့အလုပ်အပေါ် စဉ်းစားသုံးသပ်မှုတွေလုပ်နိုင်ဖို့ အားလုံးကို အချိန်ပေးတဲ့အနေနဲ့ အနားယူလိုက်ကြတာပါ။ စဉ်းစားသုံးသပ်ပြီးရင် ထွက်လာတဲ့အတွေးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အရင်နှစ် season မတိုင်မီကတော့ ပြောင်းလဲမှု မရှိပဲ TI ထပ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီတစ်ခေါက်တော့ မတူတော့ပါဘူး။ Ana က ပြိုင်ပွဲမဝင်ပဲ အကြာကြီး အနားယူချင်တယ်။ Jesse (JerAx) ကတော့ Dota 2 လောက ကနေ အနားယူချင်တယ်။ ဒီလူ ၅ ယောက် အတူတူ ပြိုင်ပွဲတွေ ပြန်မဝင်နိုင်တော့လို့ ကျွန်တော်ဝမ်းနည်းမိပေမယ့် သူတို့ ခိုင်ခိုင်မာမာ ချလိုက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေအတွက်တော့ ကျွန်တော် အားရဝမ်းသာမိပါတယ်။

ဒီအသင်းသား ၅ ယောက် အတူတူကစားခဲ့ကြတဲ့ ပျော်စရာ အမှတ်တရတွေကို အမြဲအမှတ်ရနေကြမှာပါ။

ကိစ္စတစ်ခုရဲ့ အဆုံးသတ်ဟာ နောက်ကိစ္စတစ်ခုရဲ့ အစပါလို့ လူတွေက ပြောကြတယ်။ ဒါကြောင့် ကျွန်တော်လည်း အနာဂတ်ကို ဘယ်လို ရှေ့ဆက်မယ်ဆိုတာ စီစဉ်ဖို့အချိန် ရောက်လာပါပြီ။

ကျွန်တော်ကတော့ ရှေ့ဆက်လုပ်ချင်တဲ့ အစီအစဉ်တွေကို စဉ်းစားမိပြီလို့ ထင်ပါတယ်။ ကျွန်တော်ဟာ စိန်ခေါ်မှုတွေကို အမြဲနှစ်သက်ခဲ့သူပါ။ အဆင့်မြင့်တဲ့ ယှဉ်ပြိုင်မှုတွေကို အမြဲတမ်းလိုလားခဲ့တယ်။ အသင်းကောင်းတစ်ခုကို ဝင်ပြီး ပန်းတိုင်တစ်ခုကို ရောက်ရှိဖို့ အတူတူကြိုးစားကြတာဟာ ကျွန်တော့်အတွက် အတော်ပျော်ဖို့ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။

Dota က ကျွန်တော့်ကို ဖြည့်ဆည်းပေးခဲ့တာတွေဟာ ကျွန်တော်မျှော်လင့်ခဲ့တာထက် အများကြီး ပိုပါတယ်။ ကစားသမားတစ်ဦးဖြစ်ဖူးတယ် ပွဲသုံးသပ်သူလည်းဖြစ်ဖူးတယ် နည်းပြလည်းဖြစ်ဖူးတယ် TI ကိုလည်း ၂ ခါ ဆက်တိုက်နိုင်ခဲ့တယ်။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဟိုတုန်းက ဒါတွေအားလုံးဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တွေးတောင် မတွေးခဲ့မိပါဘူး။

ဒါကြောင့် ဒီအချိန်မှာ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ ပြန်လည်ပေးဆပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော့်ဘေးမှာ လက်စွမ်းအရမ်းကောင်းသလို စိတ်ဓာတ်ခွန်အားတွေလည်း ပြည့်ဝနေကြတဲ့ ကစားသမားတွေကို တွေ့လာရတယ်။ သူတို့ လိုချင်တဲ့ အိပ်မက်တွေနဲ့ အောင်မြင်မှုတွေ ရရှိစေဖို့ ကျွန်တော်ကူညီပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်သစ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရတာ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်။

Johan (N0tail) နဲ့ Topias (Topson) တို့က တတိယမြောက် TI ချန်ပီယံဆုရအောင် ကြိုးစားကြဦးမှာပါ။ ကျွန်တော်လည်း သူတို့နဲ့အတူ ရှိနေမှာပါ။ သူတို့ ချန်ပီယံဆုကို ထပ်ပြီး ကိုင်မြှောက်နိုင်ချိန် ကျွန်တော့်ကိုလည်း မြင်တွေ့ကြရမှာပါ။ အရင်အတိုင်း မပြောင်းလဲပဲ OG အသင်း အောင်မြင်ဖို့အတွက် ကျွန်တော် ဘာမဆို လုပ်မှာပါ။ ကိုယ်ပိုင်မျှော်မှန်းချက်အချို့ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ကျွန်တော် လက်မရွံ့ပါဘူး။

အသင်းရဲ့ ကစားသမားအဖြစ်ကနေတော့ အနားယူဖို့အချိန်ရောက်လာပါပြီ။ အသင်းသားတွေကို ကူညီနိုင်မယ့်နေရာတစ်ခုကို ယူပြီး OG အသင်းထဲမှာပဲ ဆက်ရှိနေပါမယ်။ Dota ဖြစ်နိုင်သလို CS: GO လည်း ဖြစ်နိုင်ပါတယ်။ အခုဆို OG ဟာ ချန်ပီယံတို့ရဲ့ ပျော်စံရာနေရာဖြစ်နေပါပြီ။ ကျွန်တော် ရခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး ကစားသမားတွေ ပိုကောင်းလာအောင် ကြိုးပမ်းမှာပါ။ ကျွန်တော်ကစားသမားဘဝက အပြီးအပိုင်အနားယူကြောင်း မပြောလိုသေးပေမယ့် အပြီး နားဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘဝမှာ ရုတ်တရတ်ဖြစ်လာတတ်တဲ့ အံ့သြစရာကိစ္စတွေကို ကျွန်တော်ကြိုက်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေအတွက် အမြဲတံခါးဖွင့်ထားချင်လို့သာ တရားသေ မပြောသေးတာပါ။

ကျွန်တော် အားစိုက်လုပ်မယ့် နယ်ပယ်ကို ရောက်ရင် အသင်းရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆက်နေမှာပါ။ ကျွန်တော့်သူငယ်ချင်း Sockshka လိုမျိုး သူငယ်ချင်းကောင်းတွေနဲ့ လူကောင်းတွေ ဘေးမှာရှိနေတာဟာ တကယ့်ဆုလဒ်တစ်ခုပါ။ အသင်းတစ်ခုကို အခြေပြုပြီး တစ်သက်လုံးအမှတ်ရစေမယ့်အရာတွေကို ကျွန်တော်တို့ ဝိုင်းဝန်းတည်ဆောက်ကြမှာပါ။

ဒီခရီးရှည်ကြီးမှာ ပါဝင်ခဲ့သူအားလုံးနဲ့ OG ကို အားပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ လူအတော်များများက ကျွန်တော်တို့ကို TI တွေ ဆက်တိုက်နိုင်ခဲ့လို့ ထူးဆန်းအံ့ဖွယ်လူသားတွေလို့ ထင်နေကြတယ်။ ကျွန်တော်တို့မှာ ထူးဆန်းအံ့ဖွယ်အစွမ်းတွေ မရှိပါဘူး။ ကြိုးစားမှုနဲ့ အချင်းချင်းဖေးမမှုတွေပဲ ရှိခဲ့ပါတယ်။ ပရိသတ်များရဲ့ ဆက်တိုက်အားပေးလာမှုကသာ ကျွန်တော်တို့အတွက် တကယ့်ကို ထူးဆန်းအံ့ဖွယ်အစွမ်းတစ်ခုပါ။ အခုအချိန်မှာ ပြောင်းလဲမှုတွေအများကြီးဖြစ်သွားပြီမို့ OG ကို ဆက်အားပေးနေဖို့ ခက်ခဲလာမှန်း သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အတိတ်မှာ ယုံကြည်ခဲ့သလိုပဲ အခုလည်း ဆက်ယုံကြည်နေပေးပါ။ ကျွန်တော်တို့အားလုံးရဲ့ အနာဂတ်ဟာ တကယ့်ကို တောက်ပနေမှာပါ။

အားလုံးကို ချစ်ခင်လျက်

Ceeeeeeeeeeeeeb!”

ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထွက်ပေါ်လာမယ့် True Sight ဗီဒီယိုအတွင်းမှာ ပရိသတ်များ သိချင်နေကြတဲ့ မေးခွန်းများရဲ့ အဖြေများနဲ့ အကြောင်းအရာများ ပါဝင်လာမှာဖြစ်ကြောင်းကိုလည်း OG အသင်းရဲ့ ဝက်ဘ်စာမျက်နှာမှာ ရေးသားထားပါတယ်။ မည်သို့ပင်ဖြစ်စေ အနာဂတ်မှာ ထပ်မံပေါ်ပေါက်လာဦးမယ့် Esports ခေတ်သစ်ခေတ်ကောင်းများကို ရှုစားကြရဖို့ မျှော်လင့်ရင်း Ceb ကို ပရိသတ်များက အောက်မေ့သတိရနေကြမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: ogs.gg


[ZawGyi]

နည္းျပဘဝကို ျပန္လည္ကူးေျပာင္းေတာ့မယ့္ Ceb

 

7ckngmad လို့လည္း လူသိမ်ားၾကတဲ့ Ceb ဟာ OG အသင္း TI ၂ ႏွစ္ဆက္ ခ်န္ပီယံျဖစ္လာေစဖုိ့အတြက္ လြန္စြာအေရးပါခဲ့တဲ့ ကစားသမားတစ္ဦးပါ။ ယခုအခ်ိန္မွာေတာ့ Ceb ဟာ အသင္းရဲ႕ ကစားသမားအျဖစ္ကေန အနားယူေတာ့မွာျဖစ္ေၾကာင္း တရားဝင္ေၾကညာလိုက္ပါျပီ။ ယခုေၾကညာခ်က္ဟာ OG အသင္းသားတစ္ဦးျဖစ္သူ JerAx ရဲ႕ Dota ေလာက က အနားယူေၾကာင္း ေၾကညာခ်က္အျပီး ေနာက္တစ္ေန႔မွာ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

“ေကာင္းမြန္တဲ့အရာေတြအားလုံး တစ္ခ်ိန္ခ်ိန္မွာေတာ့ အဆုံးသတ္သြားၾကရတာပါပဲ လို႔ လူေတြက ေျပာၾကပါတယ္။ ဒီဆိုရိုးစကားဟာ အတိတ္ကို လြမ္းဆြတ္သတိရေစသလို ဝမ္းနည္းမႈေတြကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။ ကြ်န္ေတာ္ကေတာ့ ေခတ္တစ္ေခတ္ရဲ႕ အဆုံးသတ္နဲ႔ ေျပာင္းလဲမႈဟာ ေနာက္ထပ္ ေကာင္းမြန္တဲ့ေခတ္သစ္ျဖစ္လာေစဖုိ႔ အစ ျဖစ္ေၾကာင္း အယူအဆကိုပဲ ပိုမိုႏွစ္သက္ပါတယ္” လို႔ ေျပာၾကားခဲ့တဲ့ Ceb ရဲ႕ ႏႈတ္ဆက္စကားမ်ားကို ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။

“OG ရဲ႕ Esports ခရီးရွည္ၾကီး စတင္ခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ခဲ့ပါျပီ။ ဒီေန႔ဒီအခ်ိန္မွာေတာ့ ကြ်န္ေတာ္တို႔ဟာ ကမၻာတစ္ဝွမ္းလုံးက ပရိသတ္မ်ားအတြက္ ဂုဏ္ယူစရာ သမိုင္းဝင္အတိတ္ေၾကာင္းမ်ားကို ျပဳလုပ္ေပးႏိုင္ခဲ့ပါျပီ။ ပရိသတ္အတြက္ ဒီလိုလုပ္ေပးႏိုင္ခဲ့တာဟာ ကြ်န္ေတာ္တို႔အတြက္ ရလဒ္ေကာင္းေတြ အမွတ္တရေတြ ဆုတံဆိပ္ေတြထက္ ပိုျပီး တန္ဖိုးရွိသလို ဘာနဲ႔မွ ႏိႈင္းယွဥ္လို့ မရေလာက္ေအာင္လည္း အဖိုးတန္ပါတယ္။ ဒီလိုလုပ္ေပးလိုတဲ့ စိတ္ဓာတ္ေတြဟာ TI ၂ ႏွစ္ဆက္ အႏိုင္ရခဲ့တဲ့ ကစားသမား ၅ ေယာက္ ျဖစ္လာေစဖုိ႔ အုတ္ျမစ္ေတြလည္း ျဖစ္ခဲ့ပါတယ္။ အရာအားလုံးဟာ ၂၀၁၈ ႏွစ္လယ္ပိုင္း OG/EG လူစာရင္းခြဲထြက္သြားရာကေန စတင္ခဲ့တာပါ။

ဒီစာကိုေရးဖုိ႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္မွာ Fly နဲ႔ S4 တို႔ ထြက္သြားတုန္းက ကြ်န္ေတာ္ေရးခဲ့တဲ့ blog ပို႔စ္ကို ျပန္ၾကည့္မိပါေသးတယ္။ https://7ckngmad.wordpress.com/2018/05/28/changes-to-og/ အခုအခ်ိန္ ဒီပို႔စ္ကို ျပန္ဖတ္မိေတာ့ အဲဒီတုန္းက ကြ်န္ေတာ္တို႔ရဲ႕ အနာဂတ္ကို မွန္မွန္ကန္ကန္ ၾကိဳျမင္ခဲ့သလိုေတာင္ ခံစားမိပါတယ္။

ေကာင္းမြန္တဲ့ ေျပာင္းလဲမႈေတြ ျဖစ္ခဲ့ပါတယ္။ ျဖစ္ဖုိ့လည္း တကယ္လိုအပ္ခဲ့ပါတယ္။ အေတာ္ေလးေကာင္းခဲ့တဲ့ ခရီးတစ္ခုပါ။ Ana နဲ႔ Topson ေရာက္လာတဲ့အခ်ိန္က စ လို့ Dota ကစားရတဲ့ ခံစားခ်က္အႏွစ္သာရဟာ အရင္အခ်ိန္ေတြနဲ႔ ႏိႈင္းယွဥ္လို႔ မရေအာင္ ေကာင္းမြန္သြားခဲ့တာပါ။ ကြ်န္ေတာ္တို႔ဟာ သမိုင္းေၾကာင္းတစ္ေလ်ွာက္ အေကာင္းဆုံး Dota အသင္းကို ဖြဲ႔စည္းႏိုင္ခဲ့တယ္လို႔ ခိုင္ခိုင္မာမာ ယုံၾကည္ပါတယ္။

ကြ်န္ေတာ္တို႔ဟာ အႏိွမ္ခံအသင္းျဖစ္ခဲ့ဖူးသလို ပရိသတ္အၾကိဳက္ဆုံးအသင္းလည္း ျဖစ္ခဲ့ပါတယ္။ အႏိုင္ရဖုိ႔ကို ျပင္းျပင္းထန္ထန္လိုလားျပီး အားနဲ႔မာန္နဲ႔ ယွဥ္ျပိဳင္ခဲ့ၾကတယ္။ ခ်န္ပီယံေခါင္းစဥ္ကို ကာကြယ္ဖုိ႔ ယုံၾကည္ခ်က္အျပည့္နဲ႔လည္း ကစားခဲ့ၾကတယ္။ Dota ေလာကၾကီးကေပးတဲ့အရာေတာ္ေတာ္မ်ားမ်ားကို ကြ်န္ေတာ္တို႔ ရရွိခဲ့ၾကျပီးျဖစ္ေၾကာင္း ယုံၾကည္ပါတယ္။

ထိပ္ဆုံးကိုေရာက္ဖုိ႔ အံၾကိတ္ျပီး ၾကိဳးစားရတဲ့ ခံစားခ်က္ဟာ ဘာနဲ႔မွ မတူပါဘူး။ ေပးဆပ္ခဲ့ရတာေတြကလည္း တကယ္ကို မ်ားပါတယ္။ OG ဟာ အျမဲတမ္း အေကာင္းဆုံးလုပ္ႏိုင္မယ္လို႔ ကြ်န္ေတာ္တို႔ ယုံခဲ့တယ္။ ဒါဟာ အရမ္းအေရးၾကီးတဲ့ OG စိတ္ဓာတ္တစ္ခုပါပဲ။ ရႏိုင္သမွ်အခ်ိန္ေလးအတြင္းမွာ အေကာင္းဆုံးျဖစ္လာေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္ေဖးမၾကတယ္။ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြကို ကြ်န္ေတာ္တို႔ အလြန္အေလးေပးပါတယ္။ ႏွစ္တစ္ႏွစ္ရဲ႕ အစမွာလုပ္တဲ့ major ပြဲေတြကို ကြ်န္ေတာ္တို႔ ဝင္မျပိဳင္ပဲ အနားယူရတဲ့ အေၾကာင္းအရင္းကို လူေတြက သိခ်င္ၾကတယ္။ တစ္ခ်ိဳ႕က ဒါဟာ ကြ်န္ေတာ္တို႔ရဲ႕ နည္းဗ်ဴဟာလုိ႔ ထင္ၾကတယ္။ တစ္ခ်ိဳ႕ကေတာ့ ကြ်န္ေတာ္တို႔ ဆြတ္ခူးခဲ့သမွ်ကို ေပ်ာ္ေပ်ာ္ၾကီး ခံစားေနၾကတယ္လို႔ ထင္ၾကတယ္။ အမွန္အတိုင္းေျပာရရင္ ၂ ခုလုံး မဟုတ္ပါဘူး။ ျပိဳင္ပြဲၾကီးေတြကို ေကာင္းစြာဝင္ျပိဳင္ႏိုင္ဖုိ႔ ကြ်န္ေတာ္တို႔အတြက္ ထက္သန္တဲ့ စိတ္ဓာတ္ခြန္အားေတြ လိုပါတယ္။ အလုပ္တစ္ခုကို စ လုပ္ရင္ အဲဒီစိတ္ဓာတ္ခြန္အားေတြ ရဖုိ႔ လြယ္တယ္။ ဒါေပမယ့္ အိပ္မက္ပန္းတိုင္ေတြနဲ႕ နီးလာရင္ျဖစ္ျဖစ္ အခ်ိန္ၾကာလာရင္ျဖစ္ျဖစ္ စိတ္ဓာတ္ခြန္အားေတြ ထြက္မေျပးသြားေအာင္ သတိနဲ႔ ထိန္းထားဖုိ႔ လုိတယ္ဆိုတာ သေဘာေပါက္လာၾကပါလိမ့္မယ္။

ဒါေၾကာင့္ ကြ်န္ေတာ္တို႔ဟာ season တစ္ခု မလာခင္မွာ ကိုယ္ေလးစားရတဲ့အလုပ္အေပၚ စဥ္းစားသုံးသပ္မႈေတြလုပ္ႏိုင္ဖုိ႔ အားလုံးကို အခ်ိန္ေပးတဲ့အေနနဲ႕ အနားယူလိုက္ၾကတာပါ။ စဥ္းစားသုံးသပ္ျပီးရင္ ထြက္လာတဲ့အေတြးေတြကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ အရင္ႏွစ္ season မတိုင္မီကေတာ့ ေျပာင္းလဲမႈ မရွိပဲ TI ထပ္ျပိဳင္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကတယ္။ ဒီတစ္ေခါက္ေတာ့ မတူေတာ့ပါဘူး။ Ana က ျပိဳင္ပြဲမဝင္ပဲ အၾကာၾကီး အနားယူခ်င္တယ္။ Jesse (JerAx) ကေတာ့ Dota 2 ေလာက ကေန အနားယူခ်င္တယ္။ ဒီလူ ၅ ေယာက္ အတူတူ ျပိဳင္ပြဲေတြ ျပန္မဝင္ႏိုင္ေတာ့လို႔ ကြ်န္ေတာ္ဝမ္းနည္းမိေပမယ့္ သူတို႔ ခိုင္ခိုင္မာမာ ခ်လိုက္ႏိုင္တဲ့ ဆုံးျဖတ္ခ်က္ေတြအတြက္ေတာ့ ကြ်န္ေတာ္ အားရဝမ္းသာမိပါတယ္။

ဒီအသင္းသား ၅ ေယာက္ အတူတူကစားခဲ့ၾကတဲ့ ေပ်ာ္စရာ အမွတ္တရေတြကို အျမဲအမွတ္ရေနၾကမွာပါ။

ကိစၥတစ္ခုရဲ႕ အဆုံးသတ္ဟာ ေနာက္ကိစၥတစ္ခုရဲ႕ အစပါလို႔ လူေတြက ေျပာၾကတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္လည္း အနာဂတ္ကို ဘယ္လို ေရွ႕ဆက္မယ္ဆိုတာ စီစဥ္ဖုိ႔အခ်ိန္ ေရာက္လာပါျပီ။

ကြ်န္ေတာ္ကေတာ့ ေရွ႕ဆက္လုပ္ခ်င္တဲ့ အစီအစဥ္ေတြကို စဥ္းစားမိျပီလုိ႔ ထင္ပါတယ္။ ကြ်န္ေတာ္ဟာ စိန္ေခၚမႈေတြကို အျမဲႏွစ္သက္ခဲ့သူပါ။ အဆင့္ျမင့္တဲ့ ယွဥ္ျပိဳင္မႈေတြကို အျမဲတမ္းလိုလားခဲ့တယ္။ အသင္းေကာင္းတစ္ခုကို ဝင္ျပီး ပန္းတိုင္တစ္ခုကို ေရာက္ရွိဖုိ့ အတူတူၾကိဳးစားၾကတာဟာ ကြ်န္ေတာ့္အတြက္ အေတာ္ေပ်ာ္ဖုိ႔ေကာင္းသလို စိတ္လႈပ္ရွားဖုိ႔လည္း ေကာင္းပါတယ္။

Dota က ကြ်န္ေတာ့္ကို ျဖည့္ဆည္းေပးခဲ့တာေတြဟာ ကြ်န္ေတာ္ေမွ်ာ္လင့္ခဲ့တာထက္ အမ်ားၾကီး ပိုပါတယ္။ ကစားသမားတစ္ဦးျဖစ္ဖူးတယ္ ပြဲသုံးသပ္သူလည္းျဖစ္ဖူးတယ္ နည္းျပလည္းျဖစ္ဖူးတယ္ TI ကိုလည္း ၂ ခါ ဆက္တိုက္ႏိုင္ခဲ့တယ္။ ျပန္စဥ္းစားၾကည့္မယ္ဆုိရင္ ဟိုတုန္းက ဒါေတြအားလုံးျဖစ္လာလိမ့္မယ္လို႔ ကြ်န္ေတာ္ေတြးေတာင္ မေတြးခဲ့မိပါဘူး။

ဒါေၾကာင့္ ဒီအခ်ိန္မွာ ကြ်န္ေတာ့္အေနနဲ႔ တတ္ႏိုင္သမွ် ျပန္လည္ေပးဆပ္ဖုိ႔ ရည္ရြယ္ထားပါတယ္။ ကြ်န္ေတာ့္ေဘးမွာ လက္စြမ္းအရမ္းေကာင္းသလို စိတ္ဓာတ္ခြန္အားေတြလည္း ျပည့္ဝေနၾကတဲဲ့ ကစားသမားေတြကို ေတြ႕လာရတယ္။ သူတို႔ လုိခ်င္တဲ့ အိပ္မက္ေတြနဲ႔ ေအာင္ျမင္မႈေတြ ရရွိေစဖုိ႔ ကြ်န္ေတာ္ကူညီေပးခ်င္ပါတယ္။ ကြ်န္ေတာ့္ရဲ႕ ကိုယ္ပိုင္ရည္မွန္းခ်က္ပန္းတိုင္သစ္ကို အေကာင္အထည္ေဖာ္ဖုိ႔ ဆုံးျဖတ္ခ်က္ခ်လိုက္ရတာ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။

Johan (N0tail) နဲ႔ Topias (Topson) တို႔က တတိယေျမာက္ TI ခ်န္ပီယံဆုရေအာင္ ၾကိဳးစားၾကဦးမွာပါ။ ကြ်န္ေတာ္လည္း သူတို႔နဲ႔အတူ ရွိေနမွာပါ။ သူတို႔ ခ်န္ပီယံဆုကို ထပ္ျပီး ကိုင္ေျမွာက္ႏိုင္ခ်ိန္ ကြ်န္ေတာ့္ကိုလည္း ျမင္ေတြ႕ၾကရမွာပါ။ အရင္အတိုင္း မေျပာင္းလဲပဲ OG အသင္း ေအာင္ျမင္ဖုိ႔အတြက္ ကြ်န္ေတာ္ ဘာမဆို လုပ္မွာပါ။ ကိုယ္ပိုင္ေမွ်ာ္မွန္းခ်က္အခ်ိဳ႕ကို စြန္႔လႊတ္ရမယ္ဆုိရင္ေတာင္ ကြ်န္ေတာ္ လက္မရြံ႕ပါဘူး။

အသင္းရဲ႕ ကစားသမားအျဖစ္ကေနေတာ့ အနားယူဖုိ႔အခ်ိန္ေရာက္လာပါျပီ။ အသင္းသားေတြကို ကူညီႏိုင္မယ့္ေနရာတစ္ခုကို ယူျပီး OG အသင္းထဲမွာပဲ ဆက္ရွိေနပါမယ္။ Dota ျဖစ္ႏိုင္သလို CS: GO လည္း ျဖစ္ႏိုင္ပါတယ္။ အခုဆို OG ဟာ ခ်န္ပီယံတို႔ရဲ႕ ေပ်ာ္စံရာေနရာျဖစ္ေနပါျပီ။ ကြ်န္ေတာ္ ရခဲ့တဲ့ အေတြ႕အၾကံဳေတြကို အသုံးခ်ျပီး ကစားသမားေတြ ပိုေကာင္းလာေအာင္ ၾကိဳးပမ္းမွာပါ။ က်ြန္ေတာ္ကစားသမားဘဝက အျပီးအပိုင္အနားယူေၾကာင္း မေျပာလိုေသးေပမယ့္ အျပီး နားျဖစ္သြားတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဘဝမွာ ရုတ္တရတ္ျဖစ္လာတတ္တဲ့ အံ့ၾသစရာကိစၥေတြကို ကြ်န္ေတာ္ၾကိဳက္ပါတယ္။ ဒါေၾကာင့္ ဒီလိုကိစၥေတြအတြက္ အျမဲတံခါးဖြင့္ထားခ်င္လို႔သာ တရားေသ မေျပာေသးတာပါ။

ကြ်န္ေတာ္ အားစိုက္လုပ္မယ့္ နယ္ပယ္ကို ေရာက္ရင္ အသင္းရဲ႕ လိုအပ္ခ်က္အေပၚမူတည္ျပီး လိုက္ေလ်ာညီေထြျဖစ္ေအာင္ ဆက္ေနမွာပါ။ ကြ်န္ေတာ့္သူငယ္ခ်င္း Sockshka လိုမ်ိဳး သူငယ္ခ်င္းေကာင္းေတြနဲ႔ လူေကာင္းေတြ ေဘးမွာရွိေနတာဟာ တကယ့္ဆုလဒ္တစ္ခုပါ။ အသင္းတစ္ခုကို အေျချပဳျပီး တစ္သက္လုံးအမွတ္ရေစမယ့္အရာေတြကို ကြ်န္ေတာ္တို႔ ဝိုင္းဝန္းတည္ေဆာက္ၾကမွာပါ။

ဒီခရီးရွည္ၾကီးမွာ ပါဝင္ခဲ့သူအားလုံးနဲ႔ OG ကို အားေပးခဲ့သူအားလုံးကို ေက်းဇူးတင္ပါတယ္။ လူအေတာ္မ်ားမ်ားက ကြ်န္ေတာ္တို႔ကို TI ေတြ ဆက္တိုက္ႏိုင္ခဲ့လို႔ ထူးဆန္းအံ့ဖြယ္လူသားေတြလုိ႔ ထင္ေနၾကတယ္။ ကြ်န္ေတာ္တို႔မွာ ထူးဆန္းအံ့ဖြယ္အစြမ္းေတြ မရွိပါဘူး။ ၾကိဳးစားမႈနဲ႔ အခ်င္းခ်င္းေဖးမမႈေတြပဲ ရွိခဲ့ပါတယ္။ ပရိသတ္မ်ားရဲ႕ ဆက္တိုက္အားေပးလာမႈကသာ ကြ်န္ေတာ္တို႔အတြက္ တကယ့္ကို ထူးဆန္းအံ့ဖြယ္အစြမ္းတစ္ခုပါ။ အခုအခ်ိန္မွာ ေျပာင္းလဲမႈေတြအမ်ားၾကီးျဖစ္သြားျပီမို႔ OG ကို ဆက္အားေပးေနဖုိ႔ ခက္ခဲလာမွန္း သေဘာေပါက္ပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ကို အတိတ္မွာ ယုံၾကည္ခဲ့သလိုပဲ အခုလည္း ဆက္ယုံၾကည္ေနေပးပါ။ ကြ်န္ေတာ္တို႔အားလုံးရဲ႕ အနာဂတ္ဟာ တကယ့္ကို ေတာက္ပေနမွာပါ။

အားလုံးကို ခ်စ္ခင္လ်က္

Ceeeeeeeeeeeeeb!”

ဇန္နဝါရီလ ၂၈ ရက္ေန႔မွာ ထြက္ေပၚလာမယ့္ True Sight ဗီဒီယိုအတြင္းမွာ ပရိသတ္မ်ား သိခ်င္ေနၾကတဲ့ ေမးခြန္းမ်ားရဲ႕ အေျဖမ်ားနဲ႔ အေၾကာင္းအရာမ်ား ပါဝင္လာမွာျဖစ္ေၾကာင္းကိုလည္း OG အသင္းရဲ႕ ဝက္ဘ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။ မည္သုိ႔ပင္ျဖစ္ေစ အနာဂတ္မွာ ထပ္မံေပၚေပါက္လာဦးမယ့္ Esports ေခတ္သစ္ေခတ္ေကာင္းမ်ားကို ရႈစားၾကရဖုိ႔ ေမွ်ာ္လင့္ရင္း Ceb ကို ပရိသတ္မ်ားက ေအာက္ေမ့သတိရေနၾကမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: ogs.gg