[Unicode]

လက်ရှိ Dota2 Patch ကို စိတ်ဓါတ်ကျစရာကောင်းတယ်ဆိုတဲ့ Ceb

 

7.26c Update ကို အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပေးခဲ့ပြီး Hero တွေရဲ့ Talent Tree ပိုင်းနဲ့ Overall Gameplay ပိုင်းမှာ အဓိကပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကာ လက်ရှိ တစ်ဖက်စောင်းနင်းနိုင်ချင်ချင်ဖြစ်နေတဲ့ Meta ကို ဖြေလျှော့ပြီး Comeback တွေ ပိုဖြစ်နိုင်အောင် ကြိုးစားလာခဲ့ပါတယ်။

လက်ရှိအချိန်ထိ 7.26 Patch တစ်ခုလုံးရဲ့ ဦးတည်ချက်က Kill/Assist Gold တွေကို ထက်ဝက်လောက် လျှော့ချပြီး Deny ကနေလည်း Gold မပေးတော့တာကြောင့် Comeback ဖြစ်ဖို့ ပိုလို့ခက်ခဲလာစေသလို ဖြစ်နေတာပါ။ Kill/Assist Gold တွေကို လျှော့ချတာကြောင့် Teamfight တွေပိုနည်းသွားမှာဖြစ်ပြီး Deny Gold ကိုပယ်ဖျက်ကာ ရန်သူရမယ့် Exp ကိုလည်း ပိုတိုးပေးထားလိုက်တဲ့အတွက်လည်း Laning အဆင့်မှာ အရင်ကထက် အာရုံစိုက်မှုလျော့နည်းလာခဲ့ပါတယ်။

Ti နှစ်ခါဆက် ချန်ပီယံ “Ceb” က ဒီအခြေအနေကို ဆက်သည်းမခံနိုင်တော့ဘူးလို့ ထင်ရပြီး သူ့ရဲ့ တွစ်တာမှာ “ကျွန်တော်တို့ကို Kill/Assist Gold ပိုပေးဖို့ တကယ်လိုနေပြီ … Dota Gameplay က လောလောဆယ်တော့ စိတ်ဓါတ်ကျစရာကြီးပဲ” လို့ ရေးသားခဲ့ပါတယ်။

7.26 patch ကို ထုတ်လွှင့်ပေးတာ သိပ်မကြာသေးတဲ့အတွက် နောက်ထပ် Major Update တစ်ခု ထွက်လာဖို့ နည်းနည်းထပ်စောင့်ရဦးမှာဖြစ်ပါတယ်။

Source – AFKGaming


[ZawGyi]

လက္ရွိ Dota2 Patch ကို စိတ္ဓါတ္က်စရာေကာင္းတယ္ဆိုတဲ့ Ceb

 

7.26c Update ကို အခုတစ္ပတ္အေစာပိုင္းမွာ ထုတ္ေပးခဲ့ၿပီး Hero ေတြရဲ႕ Talent Tree ပိုင္းနဲ႔ Overall Gameplay ပိုင္းမွာ အဓိကျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့ကာ လက္ရွိ တစ္ဖက္ေစာင္းနင္းႏိုင္ခ်င္ခ်င္ျဖစ္ေနတဲ့ Meta ကို ေျဖေလွ်ာ့ၿပီး Comeback ေတြ ပိုျဖစ္ႏိုင္ေအာင္ ႀကိဳးစားလာခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိ 7.26 Patch တစ္ခုလုံးရဲ႕ ဦးတည္ခ်က္က Kill/Assist Gold ေတြကို ထက္ဝက္ေလာက္ ေလွ်ာ့ခ်ၿပီး Deny ကေနလည္း Gold မေပးေတာ့တာေၾကာင့္ Comeback ျဖစ္ဖို႔ ပိုလို႔ခက္ခဲလာေစသလို ျဖစ္ေနတာပါ။ Kill/Assist Gold ေတြကို ေလွ်ာ့ခ်တာေၾကာင့္ Teamfight ေတြပိုနည္းသြားမွာျဖစ္ၿပီး Deny Gold ကိုပယ္ဖ်က္ကာ ရန္သူရမယ့္ Exp ကိုလည္း ပိုတိုးေပးထားလိုက္တဲ့အတြက္လည္း Laning အဆင့္မွာ အရင္ကထက္ အာ႐ုံစိုက္မႈေလ်ာ့နည္းလာခဲ့ပါတယ္။

Ti ႏွစ္ခါဆက္ ခ်န္ပီယံ “Ceb” က ဒီအေျခအေနကို ဆက္သည္းမခံႏိုင္ေတာ့ဘူးလို႔ ထင္ရၿပီး သူ႔ရဲ႕ တြစ္တာမွာ “ကြၽန္ေတာ္တို႔ကို Kill/Assist Gold ပိုေပးဖို႔ တကယ္လိုေနၿပီ … Dota Gameplay က ေလာေလာဆယ္ေတာ့ စိတ္ဓါတ္က်စရာႀကီးပဲ” လို႔ ေရးသားခဲ့ပါတယ္။

7.26 patch ကို ထုတ္လႊင့္ေပးတာ သိပ္မၾကာေသးတဲ့အတြက္ ေနာက္ထပ္ Major Update တစ္ခု ထြက္လာဖို႔ နည္းနည္းထပ္ေစာင့္ရဦးမွာျဖစ္ပါတယ္။

Source – AFKGaming