[Unicode]

OG ကို အထင်သေးတာ မခံချင်တော့လို့ ပြန်လည်ဝင်ရောက် ကစားတာဖြစ်ကြောင်း ပြောသွားခဲ့တဲ့ Ceb

 

TI ၂ နှစ်ဆက် ချန်ပီယံဟောင်းအသင်းဖြစ်တဲ့ OG ရဲ့ ကစားသမားဟောင်း Ceb ဟာ TI9 အပြီးမှာ အသင်းရဲ့နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူနေခဲ့ရာကနေ ယခုအချိန်မှာတော့ ကစားသမားတစ်ဦးအဖြစ် တစ်ဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြန်ပါပြီ။ Ceb ပြန်လည်ရောက်ရှိလာတဲ့အတွက် OG အသင်းရဲ့ ပရိသတ်များသာမက Dota 2 ပရိသတ်များအားလုံးပါ ဝမ်းမြောက်ခဲ့ရသလို ပြန်လည်ဝင်ရောက် လာရတဲ့အကြောင်းအရင်းကို သိလိုစိတ်များလည်း ဖြစ်ပေါ်လာကြပါတယ်။

မကြာသေးမီက ထွက်ပေါ်လာခဲ့တဲ့ OG ရဲ့ အင်တာဗျူးတစ်ခုအတွင်းမှာတော့ Ceb ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ Ceb ရဲ့ ပြောကြားချက်များအတွင်းမှာတော့ သူပြန်လည်ဝင်ရောက် လာရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ အခြားအသင်းများက OG အသင်းကို အထင်သေးတာ မခံချင်တော့လို့ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

Ceb ရဲ့ ပြောကြားချက်များအတွင်းမှာတော့ “ကျွန်တော့်စိတ်ထဲမှာ အမြဲမှတ်ယူထားတဲ့အရာတစ်ခုရှိပါတယ်။ ကျွန်တော်တို့ OG အသင်းဟာ TI ကို ၂ နှစ်ဆက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အသင်းပါ။ ဘယ်အသင်းကမှ ဒီလိုမျိုးဖြစ်လာအောင် မလုပ်နိုင်ခဲ့ဖူးပါဘူး။ အခုကျတော့ တခြားအသင်းတွေက ကျွန်တော်တို့အသင်းကို နိုင်ဖို့လွယ်တယ်ဆိုပြီး အထင်သေးလာကြတယ်။ ဒီထင်မြင်ယူဆချက်ကို ကျွန်တော်လက်မခံနိုင်ပါဘူး။

“ကျွန်တော်တို့သာ အပြည့်အစုံပြင်ဆင်ထားရင် OG ကိုနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုမှန်း သူတို့အနေနဲ့ နားလည်သဘောပေါက်ထားသင့်ပါတယ်။ အခုအချိန်မှာ OG ကို နိုင်ဖို့လွယ်ပါတယ်ဆိုပြီး အထင်သေးကောင်းသေးနေကြဦးလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းယှဉ်ပြိုင်ကြရင်တော့ ကျွန်တော်တို့ကို နိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိထားလိုက်ပါ” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

OG ရဲ့ နည်းပြအဖြစ်ကနေ ကစားသမားအဖြစ် ၂ ကြိမ်မြောက် ​ပြန်လည်ကူးပြောင်းလိုက်တဲ့ Ceb အတွက် လက်ခံချင်စရာမကောင်းတဲ့ကိစ္စကတော့ ယင်းတို့အသင်းဟာ လူစာရင်း အပြောင်းအလဲများ ပြုလုပ်ပြီး စဉ်တည်းက ရှုံးနိမ့်မှုအမြောက်အများကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာပါ။ Season စတင်စဥ်တည်းက ယခုအချိန်ထိ OG အသင်းအနိုင်ရတဲ့ပြိုင်ပွဲဆိုလို့ တစ်ခုမှမရှိသေးပဲ ရလဒ်ဆိုးများနဲ့သာ အဆုံးသတ် နေခဲ့ရပါတယ်။

ယခု season အတွင်း OG ဟာ WeSave! Charity Play ပြိုင်ပွဲမှာ အဆင့် ၅ မှ ၈ အထိ ပူးတွဲနေရာ၊ ESL One Los Angeles 2020 Online မှာ ဒုတိယနေရာ၊ Gamers Without Borders 2020 charity Dota 2 ပြိုင်ပွဲ, OGA Dota PIT 2020 Online Season 1 နဲ့ BLAST Bounty Hunt တို့မှာ တတိယနေရာ၊ Beyond EPIC မှာ အဆင့် ၇ နဲ့ ၈ ပူးတွဲနေရာ၊ ESL One Birmingham 2020 Online မှာ အောက်ဆုံးနေရာတို့ကိုသာ ရရှိခဲ့ပြီး WePlay! Pushka League Season 1 မှာဆိုရင် qualifier အဆင့်ကနေ ပြုတ်သွားသည်အထိ အခြေအနေဆိုးနေခဲ့ပါတယ်။

အချို့ပြိုင်ပွဲများအတွင်းမှာ Ceb ဟာ stand-in အနေနဲ့ ခေတ္တဝင်ရောက်ကစားခဲ့ပါသေးတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ သူဟာ အချိန်ပြည့်ကစားသမားတစ်ဦးအဖြစ် ပြန်လည်ဝင်ရောက်လာပြီဖြစ်ပြီး ပြင်းထန်တဲ့ ယုံကြည်မှုများနဲ့အတူ OG အသင်းနိုင်ပွဲများရလာစေဖို့ ကြိုးပမ်းတော့မှာပါ။

Offlane ကစားသမား Ceb ပြန်လည်ရောက်ရှိလာတဲ့အတွက် MidOne ဟာ လက်ရှိ offlane ကစားသမားအဖြစ်ကနေ hard carry အဖြစ် ပြောင်းလဲကစားရတော့မှာပါ။ Hard carry ကစားသမားဟောင်း SumaiL ထွက်ခွာသွားပြီး role အပြောင်းအလဲများလည်း ပြုလုပ်နေရလို့ OG ရဲ့ လက်ရှိအနေအထားဟာ အားပျော့သယောင်ထင်ရပေမယ့် အသင်းထဲမှာ TI ၂ နှစ်ဆက် ချန်ပီယံဟောင်း ၃ ယောက်တိတိ ပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် Ceb ဟာ သူ့ရဲ့ သူငယ်ချင်းကြီးများဖြစ်ကြတဲ့ N0tail နဲ့ Topson တို့နဲ့အတူ ပြန်လည်ကစားလိုတဲ့အတွက် ဝင်ရောက်လာတာဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ ယခင်က ကြုံတွေ့ခဲ့ရတဲ့ ခင်မင်ရင်းနှီးမှုများ၊ ယုံကြည်မှုများ၊ အတွေ့အကြုံကောင်းများကို ပြန်လည်တွေ့ကြုံ ခံစားလိုတဲ့အတွက် ဂိမ်းအတူတူပြန်ကစားကြတော့မှာဖြစ်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

ယခုအချိန်မှာ အနားယူနေပြီဖြစ်တဲ့ OG ရဲ့ ကစားသမားဟောင်း JerAx ကလည်း Ceb ကို ကစားသမားအဖြစ် ပြန်လည်မြင်တွေ့ရလို့ ဝမ်းမြောက်ကြောင်း ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်အနေနဲ့ကတော့ Dota 2 ပြန်လည်ကစားဖို့အတွက် စိတ်မပါဖြစ်နေကြောင်းနဲ့ ဆက်လက်အနားယူလိုကြောင်းတို့ကိုလည်း ပြောသွားခဲ့ပါ​သေးတယ်။

Ceb ဝင်ရောက်လာမှုကြောင့် ယခင်ကထက် ပိုအားကောင်းလာတဲ့ OG အသင်းကို မြင်တွေ့ကြရဖို့ ပရိသတ်များက မျှော်လင့်နေကြပါတယ်။ ယုံကြည်မှုပြင်းထန်လှတဲ့ Ceb နဲ့အတူ ရှေ့ဆက်ကြမယ့် OG အသင်းရဲ့ အနာဂတ်ဟာလည်း စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports


[ZawGyi]

OG ကို အထင္ေသးတာ မခံခ်င္ေတာ့လို႔ ျပန္လည္ဝင္ေရာက္ ကစားတာျဖစ္ေၾကာင္း ေျပာသြားခဲ့တဲ့ Ceb

 

TI ၂ ႏွစ္ဆက္ ခ်န္ပီယံေဟာင္းအသင္းျဖစ္တဲ့ OG ရဲ႕ ကစားသမားေဟာင္း Ceb ဟာ TI9 အၿပီးမွာ အသင္းရဲ႕နည္းျပအျဖစ္ ေျပာင္းလဲတာဝန္ယူေနခဲ့ရာကေန ယခုအခ်ိန္မွာေတာ့ ကစားသမားတစ္ဦးအျဖစ္ တစ္ဖန္ျပန္လည္ဝင္ေရာက္လာခဲ့ျပန္ပါၿပီ။ Ceb ျပန္လည္ေရာက္ရွိလာတဲ့အတြက္ OG အသင္းရဲ႕ ပရိသတ္မ်ားသာမက Dota 2 ပရိသတ္မ်ားအားလုံးပါ ဝမ္းေျမာက္ခဲ့ရသလို ျပန္လည္ဝင္ေရာက္ လာရတဲ့အေၾကာင္းအရင္းကို သိလိုစိတ္မ်ားလည္း ျဖစ္ေပၚလာၾကပါတယ္။

မၾကာေသးမီက ထြက္ေပၚလာခဲ့တဲ့ OG ရဲ႕ အင္တာဗ်ဴးတစ္ခုအတြင္းမွာေတာ့ Ceb ဟာ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားသြားခဲ့ပါတယ္။ Ceb ရဲ႕ ေျပာၾကားခ်က္မ်ားအတြင္းမွာေတာ့ သူျပန္လည္ဝင္ေရာက္ လာရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းဟာ အျခားအသင္းမ်ားက OG အသင္းကို အထင္ေသးတာ မခံခ်င္ေတာ့လို႔ျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

Ceb ရဲ႕ ေျပာၾကားခ်က္မ်ားအတြင္းမွာေတာ့ “ကြၽန္ေတာ့္စိတ္ထဲမွာ အၿမဲမွတ္ယူထားတဲ့အရာတစ္ခုရွိပါတယ္။ ကြၽန္ေတာ္တို႔ OG အသင္းဟာ TI ကို ၂ ႏွစ္ဆက္ အႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အသင္းပါ။ ဘယ္အသင္းကမွ ဒီလိုမ်ိဳးျဖစ္လာေအာင္ မလုပ္ႏိုင္ခဲ့ဖူးပါဘူး။ အခုက်ေတာ့ တျခားအသင္းေတြက ကြၽန္ေတာ္တို႔အသင္းကို ႏိုင္ဖို႔လြယ္တယ္ဆိုၿပီး အထင္ေသးလာၾကတယ္။ ဒီထင္ျမင္ယူဆခ်က္ကို ကြၽန္ေတာ္လက္မခံႏိုင္ပါဘူး။

“ကြၽန္ေတာ္တို႔သာ အျပည့္အစုံျပင္ဆင္ထားရင္ OG ကိုႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ကိစၥတစ္ခုမွန္း သူတို႔အေနနဲ႔ နားလည္သေဘာေပါက္ထားသင့္ပါတယ္။ အခုအခ်ိန္မွာ OG ကို ႏိုင္ဖို႔လြယ္ပါတယ္ဆိုၿပီး အထင္ေသးေကာင္းေသးေနၾကဦးလိမ့္မယ္။ ဒါေပမယ့္ တကယ္တမ္းယွဥ္ၿပိဳင္ၾကရင္ေတာ့ ကြၽန္ေတာ္တို႔ကို ႏိုင္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ သိထားလိုက္ပါ” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

OG ရဲ႕ နည္းျပအျဖစ္ကေန ကစားသမားအျဖစ္ ၂ ႀကိမ္ေျမာက္ ​ျပန္လည္ကူးေျပာင္းလိုက္တဲ့ Ceb အတြက္ လက္ခံခ်င္စရာမေကာင္းတဲ့ကိစၥကေတာ့ ယင္းတို႔အသင္းဟာ လူစာရင္း အေျပာင္းအလဲမ်ား ျပဳလုပ္ၿပီး စဥ္တည္းက ရႈံးနိမ့္မႈအေျမာက္အမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနခဲ့ရတာပါ။ Season စတင္စဥ္တည္းက ယခုအခ်ိန္ထိ OG အသင္းအႏိုင္ရတဲ့ၿပိဳင္ပြဲဆိုလို႔ တစ္ခုမွမရွိေသးပဲ ရလဒ္ဆိုးမ်ားနဲ႔သာ အဆုံးသတ္ ေနခဲ့ရပါတယ္။

ယခု season အတြင္း OG ဟာ WeSave! Charity Play ၿပိဳင္ပြဲမွာ အဆင့္ ၅ မွ ၈ အထိ ပူးတြဲေနရာ၊ ESL One Los Angeles 2020 Online မွာ ဒုတိယေနရာ၊ Gamers Without Borders 2020 charity Dota 2 ၿပိဳင္ပြဲ, OGA Dota PIT 2020 Online Season 1 နဲ႔ BLAST Bounty Hunt တို႔မွာ တတိယေနရာ၊ Beyond EPIC မွာ အဆင့္ ၇ နဲ႔ ၈ ပူးတြဲေနရာ၊ ESL One Birmingham 2020 Online မွာ ေအာက္ဆုံးေနရာတို႔ကိုသာ ရရွိခဲ့ၿပီး WePlay! Pushka League Season 1 မွာဆိုရင္ qualifier အဆင့္ကေန ျပဳတ္သြားသည္အထိ အေျခအေနဆိုးေနခဲ့ပါတယ္။

အခ်ိဳ႕ၿပိဳင္ပြဲမ်ားအတြင္းမွာ Ceb ဟာ stand-in အေနနဲ႔ ေခတၱဝင္ေရာက္ကစားခဲ့ပါေသးတယ္။ ဒါေပမယ့္ ယခုအခ်ိန္မွာေတာ့ သူဟာ အခ်ိန္ျပည့္ကစားသမားတစ္ဦးအျဖစ္ ျပန္လည္ဝင္ေရာက္လာၿပီျဖစ္ၿပီး ျပင္းထန္တဲ့ ယုံၾကည္မႈမ်ားနဲ႔အတူ OG အသင္းႏိုင္ပြဲမ်ားရလာေစဖို႔ ႀကိဳးပမ္းေတာ့မွာပါ။

Offlane ကစားသမား Ceb ျပန္လည္ေရာက္ရွိလာတဲ့အတြက္ MidOne ဟာ လက္ရွိ offlane ကစားသမားအျဖစ္ကေန hard carry အျဖစ္ ေျပာင္းလဲကစားရေတာ့မွာပါ။ Hard carry ကစားသမားေဟာင္း SumaiL ထြက္ခြာသြားၿပီး role အေျပာင္းအလဲမ်ားလည္း ျပဳလုပ္ေနရလို႔ OG ရဲ႕ လက္ရွိအေနအထားဟာ အားေပ်ာ့သေယာင္ထင္ရေပမယ့္ အသင္းထဲမွာ TI ၂ ႏွစ္ဆက္ ခ်န္ပီယံေဟာင္း ၃ ေယာက္တိတိ ျပန္လည္ေရာက္ရွိေနၿပီပဲျဖစ္ပါတယ္။

ဒါ့အျပင္ Ceb ဟာ သူ႔ရဲ႕ သူငယ္ခ်င္းႀကီးမ်ားျဖစ္ၾကတဲ့ N0tail နဲ႔ Topson တို႔နဲ႔အတူ ျပန္လည္ကစားလိုတဲ့အတြက္ ဝင္ေရာက္လာတာျဖစ္ေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ ယခင္က ႀကဳံေတြ႕ခဲ့ရတဲ့ ခင္မင္ရင္းႏွီးမႈမ်ား၊ ယုံၾကည္မႈမ်ား၊ အေတြ႕အႀကဳံေကာင္းမ်ားကို ျပန္လည္ေတြ႕ႀကဳံ ခံစားလိုတဲ့အတြက္ ဂိမ္းအတူတူျပန္ကစားၾကေတာ့မွာျဖစ္ေၾကာင္းလည္း ေျပာသြားခဲ့ပါတယ္။

ယခုအခ်ိန္မွာ အနားယူေနၿပီျဖစ္တဲ့ OG ရဲ႕ ကစားသမားေဟာင္း JerAx ကလည္း Ceb ကို ကစားသမားအျဖစ္ ျပန္လည္ျမင္ေတြ႕ရလို႔ ဝမ္းေျမာက္ေၾကာင္း ေျပာသြားခဲ့ပါတယ္။ ဒါေပမယ့္ သူကိုယ္တိုင္အေနနဲ႔ကေတာ့ Dota 2 ျပန္လည္ကစားဖို႔အတြက္ စိတ္မပါျဖစ္ေနေၾကာင္းနဲ႔ ဆက္လက္အနားယူလိုေၾကာင္းတို႔ကိုလည္း ေျပာသြားခဲ့ပါ​ေသးတယ္။

Ceb ဝင္ေရာက္လာမႈေၾကာင့္ ယခင္ကထက္ ပိုအားေကာင္းလာတဲ့ OG အသင္းကို ျမင္ေတြ႕ၾကရဖို႔ ပရိသတ္မ်ားက ေမွ်ာ္လင့္ေနၾကပါတယ္။ ယုံၾကည္မႈျပင္းထန္လွတဲ့ Ceb နဲ႔အတူ ေရွ႕ဆက္ၾကမယ့္ OG အသင္းရဲ႕ အနာဂတ္ဟာလည္း စိတ္ဝင္စားစရာေကာင္းေနပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: oneesports