[Unicode]

Dota 2 ခေတ်မစားတော့ရင် အခြားဂိမ်းများဆီပြောင်းနိုင်ဖို့ caster များအနေနဲ့ ပြင်ဆင်ထားသင့်ကြောင်း Capitalist ဆို

 

နာမည်ကျော် Dota 2 caster တစ်ဦးဖြစ်သူ Austin “Capitalist” Walsh ဟာ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး Dota 2 လောကထဲကို TobiWan နဲ့အတူ စတင်ဝင်ရောက်လာခဲ့သူပါ။ Capitalist အနေနဲ့ Dota 2 caster အဖြစ် ရပ်တည်လာခဲ့တာ ၇ နှစ်ကျော် ရှိသွားခဲ့ပြီဖြစ်ပြီး ယင်းမတိုင်မီကတော့ သူဟာ Heroes of Newerth ဂိမ်းရဲ့ caster တစ်ဦးအဖြစ်လည်း ကျင်လည်ခဲ့ဖူးပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ joinDOTA Position 6 highlights တစ်ခုအတွင်းမှာတော့ Capitalist ဟာ သူ့ရဲ့ caster ဘဝအတွေ့အကြုံများအကြောင်းကို ဖြေကြားသွားခဲ့ပါတယ်။ ယင်း highlights အတွင်း Capitalist က Esports လောကအတွင်း caster တစ်ဦး ကောင်းစွာရပ်တည်နိုင်ရေးကိစ္စများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ပြဿနာများ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာများ စ တာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

Capitalist ရဲ့ ပြောကြားချက်များအတွင်းမှာတော့ Team Liquid ရဲ့ လက်ရှိနည်းပြဖြစ်သူ Blitz ဟာ သူအနှစ်သက်ဆုံး တွဲဖက် caster တစ်ဦးဖြစ်ကြောင်းနဲ့ ယခုအချိန်မှာတော့ သူနဲ့ ပွဲအတူ cast ဖို့ မလွယ်ကူတော့ကြောင်းများ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့နှစ်များအတွင်း ဒီအပြောင်းအလဲတစ်ခုကလွဲရင် သူ့ရဲ့ caster ဘဝမှာ ထူးခြားမှုသိပ်မရှိပဲ ပွဲများကိုသာ ပုံမှန် cast နေခဲ့တာဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

Esports လောကအတွင်းက caster များဟာ ယင်းတို့ရဲ့ မူလဂိမ်းခေတ်မစားတော့ရင် အခြားဂိမ်းများဆီကို ပြောင်းသွားနိုင်ဖို့အတွက် ပြင်ဆင်ထားသင့်ကြောင်းကိုလည်း Capitalist က ပြောသွားခဲ့ပါတယ်။ Esports လောကမှာ အချိန်ကြာမြင့်စွာ ရှင်သန်ရပ်တည်လိုတဲ့ caster တစ်ဦးအတွက် ဒီအချက်ဟာ အရေးပါကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

Capitalist ဟာ သူ့ရဲ့ တွဲဘက် caster တစ်ဦးဖြစ်ခဲ့သူ TobiWan နဲ့ ပတ်သက်ပြီး မကြာသေးမီက ကြုံတွေ့ခဲ့ရတဲ့ပြဿနာများအကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ ထိုစဉ်က သူဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ရှုံ့ချကြောင်း အတိအလင်းကြေညာခဲ့ဖူးပေမယ့် ဒီလိုပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ၂ ဖက်လုံးအတွက် မျှတွေးနေမိကြောင်းနဲ့ ဆုံးဖြတ်ရခက်နေခဲ့ကြောင်းတို့ကိုလည်း ပြောသွားခဲ့ပါတယ်။

Dota 2 လောကအတွင်း အမျိုးသမီး caster အလွန်နည်းပါးနေပြီး သူတို့ရဲ့နေရာကို အစားထိုး ဝင်ရောက်နိုင်မယ့်သူ ရှားပါးနေကြောင်းကိုလည်း Capitalist က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို ပရိသတ်များက ပွဲ cast ရာမှာ ဘက်မလိုက်စေဖို့ လာရောက်ပြောဆိုမှုများ ရှိခဲ့ဖူးကြောင်း၊ သူ့အနေနဲ့ ဒီအဖြစ်အပျက်များကို Dota 2 လောကအတွင်းက အခြားကိစ္စရပ်များအတွက်လည်း သင်ခန်းစာယူမိကြောင်း စ တာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

Capitalist ပါဝင်တဲ့ joinDOTA Position 6 highlights အပြည့်အစုံကိုတော့ ယခု link အတွင်းမှာ ဝင်ရောက် နားဆင်နိုင်ပါတယ်။

source: joindota


[ZawGyi]

Dota 2 ေခတ္မစားေတာ့ရင္ အျခားဂိမ္းမ်ားဆီေျပာင္းႏိုင္ဖို႔ caster မ်ားအေနနဲ႔ ျပင္ဆင္ထားသင့္ေၾကာင္း Capitalist ဆို

 

နာမည္ေက်ာ္ Dota 2 caster တစ္ဦးျဖစ္သူ Austin “Capitalist” Walsh ဟာ အေမရိကန္ႏိုင္ငံသားတစ္ဦးျဖစ္ၿပီး Dota 2 ေလာကထဲကို TobiWan နဲ႔အတူ စတင္ဝင္ေရာက္လာခဲ့သူပါ။ Capitalist အေနနဲ႔ Dota 2 caster အျဖစ္ ရပ္တည္လာခဲ့တာ ၇ ႏွစ္ေက်ာ္ ရွိသြားခဲ့ၿပီျဖစ္ၿပီး ယင္းမတိုင္မီကေတာ့ သူဟာ Heroes of Newerth ဂိမ္းရဲ႕ caster တစ္ဦးအျဖစ္လည္း က်င္လည္ခဲ့ဖူးပါတယ္။

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ joinDOTA Position 6 highlights တစ္ခုအတြင္းမွာေတာ့ Capitalist ဟာ သူ႔ရဲ႕ caster ဘဝအေတြ႕အႀကဳံမ်ားအေၾကာင္းကို ေျဖၾကားသြားခဲ့ပါတယ္။ ယင္း highlights အတြင္း Capitalist က Esports ေလာကအတြင္း caster တစ္ဦး ေကာင္းစြာရပ္တည္ႏိုင္ေရးကိစၥမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ ပတ္သက္ၿပီး ႀကဳံေတြ႕ခဲ့ရတဲ့ျပႆနာမ်ား၊ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ ျပႆနာမ်ား စ တာေတြကိုလည္း ေျပာသြားခဲ့ပါတယ္။

Capitalist ရဲ႕ ေျပာၾကားခ်က္မ်ားအတြင္းမွာေတာ့ Team Liquid ရဲ႕ လက္ရွိနည္းျပျဖစ္သူ Blitz ဟာ သူအႏွစ္သက္ဆုံး တြဲဖက္ caster တစ္ဦးျဖစ္ေၾကာင္းနဲ႔ ယခုအခ်ိန္မွာေတာ့ သူနဲ႔ ပြဲအတူ cast ဖို႔ မလြယ္ကူေတာ့ေၾကာင္းမ်ား ပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့ႏွစ္မ်ားအတြင္း ဒီအေျပာင္းအလဲတစ္ခုကလြဲရင္ သူ႔ရဲ႕ caster ဘဝမွာ ထူးျခားမႈသိပ္မရွိပဲ ပြဲမ်ားကိုသာ ပုံမွန္ cast ေနခဲ့တာျဖစ္ေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။

Esports ေလာကအတြင္းက caster မ်ားဟာ ယင္းတို႔ရဲ႕ မူလဂိမ္းေခတ္မစားေတာ့ရင္ အျခားဂိမ္းမ်ားဆီကို ေျပာင္းသြားႏိုင္ဖို႔အတြက္ ျပင္ဆင္ထားသင့္ေၾကာင္းကိုလည္း Capitalist က ေျပာသြားခဲ့ပါတယ္။ Esports ေလာကမွာ အခ်ိန္ၾကာျမင့္စြာ ရွင္သန္ရပ္တည္လိုတဲ့ caster တစ္ဦးအတြက္ ဒီအခ်က္ဟာ အေရးပါေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။

Capitalist ဟာ သူ႔ရဲ႕ တြဲဘက္ caster တစ္ဦးျဖစ္ခဲ့သူ TobiWan နဲ႔ ပတ္သက္ၿပီး မၾကာေသးမီက ႀကဳံေတြ႕ခဲ့ရတဲ့ျပႆနာမ်ားအေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ ထိုစဥ္က သူဟာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈကို ရႈံ႕ခ်ေၾကာင္း အတိအလင္းေၾကညာခဲ့ဖူးေပမယ့္ ဒီလိုျပႆနာမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ရခ်ိန္မွာ ၂ ဖက္လုံးအတြက္ မွ်ေတြးေနမိေၾကာင္းနဲ႔ ဆုံးျဖတ္ရခက္ေနခဲ့ေၾကာင္းတို႔ကိုလည္း ေျပာသြားခဲ့ပါတယ္။

Dota 2 ေလာကအတြင္း အမ်ိဳးသမီး caster အလြန္နည္းပါးေနၿပီး သူတို႔ရဲ႕ေနရာကို အစားထိုး ဝင္ေရာက္ႏိုင္မယ့္သူ ရွားပါးေနေၾကာင္းကိုလည္း Capitalist က ေျပာသြားခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ကို ပရိသတ္မ်ားက ပြဲ cast ရာမွာ ဘက္မလိုက္ေစဖို႔ လာေရာက္ေျပာဆိုမႈမ်ား ရွိခဲ့ဖူးေၾကာင္း၊ သူ႔အေနနဲ႔ ဒီအျဖစ္အပ်က္မ်ားကို Dota 2 ေလာကအတြင္းက အျခားကိစၥရပ္မ်ားအတြက္လည္း သင္ခန္းစာယူမိေၾကာင္း စ တာေတြကိုလည္း ေျပာသြားခဲ့ပါတယ္။

Capitalist ပါဝင္တဲ့ joinDOTA Position 6 highlights အျပည့္အစုံကိုေတာ့ ယခု link အတြင္းမွာ ဝင္ေရာက္ နားဆင္ႏိုင္ပါတယ္။

source: joindota