[Unicode]

မြန်မာကိုယ်စားပြု Burmese Ghouls စတုတ္ထနှင့်ကျေနပ်ခဲ့ရသည့် M1 MLBB ပြိုင်ပွဲ

Mobile Legends: Bang Bang ဂိမ်းအတွက် ပထမဆုံးကမ္ဘာ့အဆင့်ချန်ပီယံရှစ်ပြိုင်ပွဲဖြစ်တဲ့ M1 World Championship ကတော့ ပြီးဆုံးခဲ့ပါပြီ။ မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ကမ္ဘာအနှံ့မှ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက MPL Myanmar ချန်ပီယံ Burmese Ghouls အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ စတုတ္ထအဆင့်ဖြင့် ကျေနပ်ခဲ့ရပါတယ်။

M1 WC ပြိုင်ပွဲမှာ တိုက်ရိုက်လက်ရည်စစ်ပွဲအောင်အသင်းတွေကတော့ အင်ဒိုနီးရှားမှ MPL Indo ပထမနဲ့ဒုတိယ Evos Legends နဲ့ RRQ အသင်းများ၊ ဖိလစ်ပိုင်မှ MPL PH ချန်ပီယံ Sunsparks နဲ့ ဒုတိယ Onic PH ၊ မလေးနဲ့ စင်ကာပူနှစ်ခုပေါင်း MPL MY/SG ကနေ လက်ရည်စစ်ပွဲအောင်လာတဲ့ Todak ၊ Axis Esports (မလေး) ၊ Evos Esports (စင်ကာပူ) တို့နဲ့ မြန်မာ MPL MM ချန်ပီယံ BG တို့ပါ။ ဒါကြောင့် တိုက်ရိုက်ဖိတ်ခေါ်အသင်းတွေဟာ SEA အသင်းရှစ်သင်းသာ ဖြစ်ပါတယ်။

အဆိုပါအသင်းရှစ်သင်းဟာ ဒေသအလိုက်လက်ရည်စစ်ပွဲအောင်အသင်းတွေဖြစ်တဲ့ Deus Vult (ရုရှား)၊ Evil Esports (တူရကီ)၊ Gosu (အမေရိကန်)၊ Candy Comeback (လာအို)၊ 10Second Gaming+ (ဂျပန်)၊ Geo Esports (ဘရာဇီး)၊ Impunity KH (ကမ္ဘောဒီးယား)၊ VEC Fantasy Main (ဗီယက်နမ်) အသင်းများနဲ့ပေါင်းစပ်ပြီး ၁၆ သင်း ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီနေရာမှာ ထိုင်း/လာအို Qualifier ကလွဲရင် ကျန်တဲ့နိုင်ငံတွေဟာ Region အလိုက် လက်ရည်စစ်ပွဲ မကစားရဘဲ နိုင်ငံအလိုက်သာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

Burmese Ghouls အသင်းဟာ အုပ်စု – ခ မှာ Axis Esports, Gosu, Candy Comeback တို့နဲ့ တွေ့ဆုံခဲ့ရာမှာ ပွဲကြေညာသူတွေပါ အကြိုက်တွေ့လောက်အောင် လက်စွမ်းပြခဲ့ပြီး ပွဲစဉ်သုံးပွဲစလုံးကို 2 – 0 နဲ့အနိုင်ရရှိကာ ရှုံးထွက်အဆင့်ကို Upper Bracket ကနေ စတင်ကစားခွင့်ရခဲ့ပါတယ်။ အုပ်စုတိုင်းမှာ ဒုတိယအသင်းတွေက Lower Bracket ကနေ စဆော့ကစားရပြီး အောက်ဆုံးနှစ်သင်းကတော့ စောစီးစွာ အိမ်ပြန်ရတဲ့ပုံစံနဲ့ ကစားခဲ့တာကြောင့် ပထမ ရခဲ့တာဟာ ကောင်းမွန်တဲ့အချက်ဖြစ်ပြီး အုပ်စုအဆင့်ကလွတ်တာနဲ့ Top 6 နေရာကို အပိုင်စားရရှိခဲ့ပါတယ်။

ဒါပေမယ့် ရှုံးထွက်အဆင့် ပထမနေ့မှာ ကံမကောင်းစွာနဲ့ ဒေသတွင်းအကြီးဆုံးပြိုင်ဘက်လို့ ဆိုရမယ့် Evos Legends (အင်ဒို)နဲ့ တွေ့ဆုံခဲ့ရပြီး နှစ်ပွဲပြတ်နဲ့ ပြန်လည်ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ အဲ့ဒီနောက် Lower Bracket မှာ ဗီယက်နမ် အသင်းကို အနိုင်ရပြီး တစ်ဆင့်တက်လာတဲ့ ဖိလစ်ပိုင် Sunsparks နဲ့တွေ့ဆုံခဲ့ရာမှာတော့ ၂ – ၁ ရလဒ်နဲ့ အနိုင်ရရှိကာ Lower Bracket ရဲ့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ Top 4 အဆင့်ကို ရောက်ရှိခဲ့တာပါ။

 

LB ရဲ့ဆီမီးမှာ အိမ်ရှင်အသင်းဖြစ်တဲ့ Todak နဲ့ဆုံတွေ့ကာ ၂ – ၀ ရလဒ်ဖြင့် အရှုံးပေးခဲ့ရပြီးနောက် M1 World Championship မှာ စတုတ္ထအဆင့်ဖြင့်ကျေနပ်ခဲ့ရပါတယ်။ Burmese Ghouls အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဟာ နိုင်ငံကူးလက်မှတ်အခက်အခဲကြောင့် ဒီပြိုင်ပွဲကို မလိုက်ပါလာနိုင်ခဲ့ဘဲ ပင်တိုင်ကစားသမား လေးဦးနဲ့ နည်းပြက အစားထိုးပြီး ဝင်ရောက်ကစားခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးအသင်းတွေကို ယှဉ်ပြိုင်ကစားခဲ့နိုင်ပြီး စတုတ္ထနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

M1 ရဲ့ Upper Bracket ဖိုင်နယ်မှာ အင်ဒိုနှစ်သင်းဖြစ်တဲ့ RRQ နဲ့ Evos Legends တို့ဆုံတွေ့ခဲ့ပြီး Best of 5 ကစားခဲ့ရာမှာ Evos က သုံးပွဲပြတ် အနိုင်ရရှိခဲ့ပါတယ်။ BG ကို အနိုင်ရလာတဲ့ Todak နဲ့ RRQ တို့ LB မှာ တွေ့ဆုံတဲ့အခါ RRQ က ၃ – ၁ ရလဒ်နဲ့ ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနိုင်ခဲ့တယ်။

UB ဖိုင်နယ်မှာ သုံးပွဲပြတ်အနိုင်ရရှိခဲ့ပေမယ့် တကယ့် Grand Final မှာတော့ Evos ဟာ RRQ ကို အတော်လေး အပြန်အလှန်ကစားခဲ့ရပြီး Best of 7 ကစားခဲ့တာမှ လုံးဝနောက်ဆုံးပွဲအထိ ဆော့ခဲ့ရကာ ၄ – ၃ ရလဒ်ဖြင့်သာ ကပ်ပြီး အနိုင်ရရှိခဲ့တာပါ။ ဒါပေမယ့် Evos Legends (အင်ဒို) ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး MLBB Esports အသင်းအဖြစ် သူတို့ရဲ့အောင်မြင်ကျော်ကြားမှုကို ထပ်မံရေးထိုးနိုင်ခဲ့ပါတယ်။

 

အခုလို M1 WC ပြိုင်ပွဲပေါ်ထွက်လာတာကြောင့် MLBB Esports အသင်းတွေအတွက် ပိုပြီးစိတ်အားတက်ကြွစရာ ဖြစ်လာမှာပါ။ မကြာခင်ကျင်းပတော့မယ့် ဆီးဂိမ်းပြိုင်ပွဲမှာလည်း ရွှေတံဆိပ်တစ်ခုပေးမယ့် ကစားနည်းဖြစ်တာကြောင့် M1 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ဒေသတွင်းအသင်းတွေအတွက် အကောင်းဆုံးအတွေ့အကြုံတွေ ရသွားတာလည်း အမှန်ပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆီးဂိမ်းသွားပြိုင်မယ့်အသင်းက BG မဟုတ်ဘဲ Team Cyanide သာဖြစ်တာကြောင့် အခြားနိုင်ငံက ကစားသမားတွေအနေနဲ့ ပိုပြီးအကျိုးရှိသွားခဲ့မှာကိုတော့ စိုးရိမ်မိပါတယ်။ ဒါပေမယ့်လည်း အခုလို World Championship ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့အတွေ့အကြုံက လာမယ့်အနာဂါတ်တလျှောက်လုံးမှာ အကျိုးရှိမှာဖြစ်တာကြောင့် မြန်မာကစားသမားတွေမညံ့ကြောင်း ပြသနိုင်ခဲ့တဲ့ Burmese Ghouls အသင်းအတွက် ဂုဏ်ယူကြောင်း Gaming Noodle ကနေ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။


[ZawGyi]

ျမန္မာကိုယ္စားျပဳ Burmese Ghouls စတုတၳႏွင့္ေက်နပ္ခဲ့ရသည့္ M1 MLBB ၿပိဳင္ပြဲ

 

Mobile Legends: Bang Bang ဂိမ္းအတြက္ ပထမဆုံးကမာၻ႕အဆင့္ခ်န္ပီယံရွစ္ၿပိဳင္ပြဲျဖစ္တဲ့ M1 World Championship ကေတာ့ ၿပီးဆုံးခဲ့ပါၿပီ။ မေလးရွားႏုိင္ငံမွာက်င္းပခဲ့တဲ့ ဒီၿပိဳင္ပြဲမွာ ကမာၻအႏွံ႔မွ အသင္း ၁၆ သင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ျမန္မာႏုိင္ငံက MPL Myanmar ခ်န္ပီယံ Burmese Ghouls အသင္းလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ စတုတၳအဆင့္ျဖင့္ ေက်နပ္ခဲ့ရပါတယ္။

M1 WC ၿပိဳင္ပြဲမွာ တုိက္ရုိက္လက္ရည္စစ္ပြဲေအာင္အသင္းေတြကေတာ့ အင္ဒိုနီးရွားမွ MPL Indo ပထမနဲ႔ဒုတိယ Evos Legends နဲ႔ RRQ အသင္းမ်ား၊ ဖိလစ္ပိုင္မွ MPL PH ခ်န္ပီယံ Sunsparks နဲ႔ ဒုတိယ Onic PH ၊ မေလးနဲ႔ စင္ကာပူႏွစ္ခုေပါင္း MPL MY/SG ကေန လက္ရည္စစ္ပြဲေအာင္လာတဲ့ Todak ၊ Axis Esports (မေလး) ၊ Evos Esports (စင္ကာပူ) တုိ႔နဲ႔ ျမန္မာ MPL MM ခ်န္ပီယံ BG တုိ႔ပါ။ ဒါေၾကာင့္ တုိက္ရုိက္ဖိတ္ေခၚအသင္းေတြဟာ SEA အသင္းရွစ္သင္းသာ ျဖစ္ပါတယ္။

အဆုိပါအသင္းရွစ္သင္းဟာ ေဒသအလုိက္လက္ရည္စစ္ပြဲေအာင္အသင္းေတြျဖစ္တဲ့ Deus Vult (ရုရွား)၊ Evil Esports (တူရကီ)၊ Gosu (အေမရိကန္)၊ Candy Comeback (လာအုိ)၊ 10Second Gaming+ (ဂ်ပန္)၊ Geo Esports (ဘရာဇီး)၊ Impunity KH (ကေမာၻဒီးယား)၊ VEC Fantasy Main (ဗီယက္နမ္) အသင္းမ်ားနဲ႔ေပါင္းစပ္ၿပီး ၁၆ သင္း ယွဥ္ၿပိဳင္ခဲ့ရတာပါ။ ဒီေနရာမွာ ထုိင္း/လာအုိ Qualifier ကလြဲရင္ က်န္တဲ့ႏုိင္ငံေတြဟာ Region အလုိက္ လက္ရည္စစ္ပြဲ မကစားရဘဲ ႏုိင္ငံအလုိက္သာ ကစားခဲ့တာလည္း ျဖစ္ပါတယ္။

Burmese Ghouls အသင္းဟာ အုပ္စု – ခ မွာ Axis Esports, Gosu, Candy Comeback တုိ႔နဲ႔ ေတြ႕ဆုံခဲ့ရာမွာ ပြဲေၾကညာသူေတြပါ အႀကိဳက္ေတြ႕ေလာက္ေအာင္ လက္စြမ္းျပခဲ့ၿပီး ပြဲစဥ္သုံးပြဲစလုံးကို 2 – 0 နဲ႔အႏုိင္ရရွိကာ ရႈံးထြက္အဆင့္ကို Upper Bracket ကေန စတင္ကစားခြင့္ရခဲ့ပါတယ္။ အုပ္စုတုိင္းမွာ ဒုတိယအသင္းေတြက Lower Bracket ကေန စေဆာ့ကစားရၿပီး ေအာက္ဆုံးႏွစ္သင္းကေတာ့ ေစာစီးစြာ အိမ္ျပန္ရတဲ့ပုံစံနဲ႔ ကစားခဲ့တာေၾကာင့္ ပထမ ရခဲ့တာဟာ ေကာင္းမြန္တဲ့အခ်က္ျဖစ္ၿပီး အုပ္စုအဆင့္ကလြတ္တာနဲ႔ Top 6 ေနရာကို အပုိင္စားရရွိခဲ့ပါတယ္။

ဒါေပမယ့္ ရႈံးထြက္အဆင့္ ပထမေန႔မွာ ကံမေကာင္းစြာနဲ႔ ေဒသတြင္းအႀကီးဆုံးၿပိဳင္ဘက္လုိ႔ ဆုိရမယ့္ Evos Legends (အင္ဒို)နဲ႔ ေတြ႕ဆုံခဲ့ရၿပီး ႏွစ္ပြဲျပတ္နဲ႔ ျပန္လည္ရႈံးနိမ့္ခဲ့ရျပန္ပါတယ္။ အဲ့ဒီေနာက္ Lower Bracket မွာ ဗီယက္နမ္ အသင္းကို အႏုိင္ရၿပီး တစ္ဆင့္တက္လာတဲ့ ဖိလစ္ပိုင္ Sunsparks နဲ႔ေတြ႕ဆုံခဲ့ရာမွာေတာ့ ၂ – ၁ ရလဒ္နဲ႔ အႏုိင္ရရွိကာ Lower Bracket ရဲ႕ ဆီမီးဖိုင္နယ္ကို ေရာက္ရွိခဲ့တာေၾကာင့္ ဒီၿပိဳင္ပြဲရဲ႕ Top 4 အဆင့္ကို ေရာက္ရွိခဲ့တာပါ။

LB ရဲ႕ဆီမီးမွာ အိမ္ရွင္အသင္းျဖစ္တဲ့ Todak နဲ႔ဆုံေတြ႕ကာ ၂ – ၀ ရလဒ္ျဖင့္ အရႈံးေပးခဲ့ရၿပီးေနာက္ M1 World Championship မွာ စတုတၳအဆင့္ျဖင့္ေက်နပ္ခဲ့ရပါတယ္။ Burmese Ghouls အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ဟာ ႏုိင္ငံကူးလက္မွတ္အခက္အခဲေၾကာင့္ ဒီၿပိဳင္ပြဲကို မလိုက္ပါလာႏုိင္ခဲ့ဘဲ ပင္တုိင္ကစားသမား ေလးဦးနဲ႔ နည္းျပက အစားထိုးၿပီး ဝင္ေရာက္ကစားခဲ့ေပမယ့္ ကမာၻ႕အေကာင္းဆုံးအသင္းေတြကို ယွဥ္ၿပိဳင္ကစားခဲ့ႏုိင္ၿပီး စတုတၳေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။

M1 ရဲ႕ Upper Bracket ဖိုင္နယ္မွာ အင္ဒိုႏွစ္သင္းျဖစ္တဲ့ RRQ နဲ႔ Evos Legends တုိ႔ဆုံေတြ႕ခဲ့ၿပီး Best of 5 ကစားခဲ့ရာမွာ Evos က သုံးပြဲျပတ္ အႏုိင္ရရွိခဲ့ပါတယ္။ BG ကို အႏုိင္ရလာတဲ့ Todak နဲ႔ RRQ တုိ႔ LB မွာ ေတြ႕ဆုံတဲ့အခါ RRQ က ၃ – ၁ ရလဒ္နဲ႔ ဗုိလ္လုပြဲကို ျပန္လည္တက္လွမ္းႏုိင္ခဲ့တယ္။

UB ဖိုင္နယ္မွာ သုံးပြဲျပတ္အႏုိင္ရရွိခဲ့ေပမယ့္ တကယ့္ Grand Final မွာေတာ့ Evos ဟာ RRQ ကို အေတာ္ေလး အျပန္အလွန္ကစားခဲ့ရၿပီး Best of 7 ကစားခဲ့တာမွ လုံးဝေနာက္ဆုံးပြဲအထိ ေဆာ့ခဲ့ရကာ ၄ – ၃ ရလဒ္ျဖင့္သာ ကပ္ၿပီး အႏုိင္ရရွိခဲ့တာပါ။ ဒါေပမယ့္ Evos Legends (အင္ဒုိ) ဟာ လက္ရွိ ကမာၻ႕အေကာင္းဆုံး MLBB Esports အသင္းအျဖစ္ သူတုိ႔ရဲ႕ေအာင္ျမင္ေက်ာ္ၾကားမႈကို ထပ္မံေရးထုိးႏုိင္ခဲ့ပါတယ္။

အခုလို M1 WC ၿပိဳင္ပြဲေပၚထြက္လာတာေၾကာင့္ MLBB Esports အသင္းေတြအတြက္ ပိုၿပီးစိတ္အားတက္ၾကြစရာ ျဖစ္လာမွာပါ။ မၾကာခင္က်င္းပေတာ့မယ့္ ဆီးဂိမ္းၿပိဳင္ပြဲမွာလည္း ေရႊတံဆိပ္တစ္ခုေပးမယ့္ ကစားနည္းျဖစ္တာေၾကာင့္ M1 ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖင့္ ေဒသတြင္းအသင္းေတြအတြက္ အေကာင္းဆုံးအေတြ႕အၾကဳံေတြ ရသြားတာလည္း အမွန္ပါပဲ။ ကၽြန္ေတာ္တုိ႔ ျမန္မာႏုိင္ငံကိုယ္စားျပဳအေနနဲ႔ ဆီးဂိမ္းသြားၿပိဳင္မယ့္အသင္းက BG မဟုတ္ဘဲ Team Cyanide သာျဖစ္တာေၾကာင့္ အျခားႏုိင္ငံက ကစားသမားေတြအေနနဲ႔ ပိုၿပီးအက်ဳိးရွိသြားခဲ့မွာကိုေတာ့ စုိးရိမ္မိပါတယ္။ ဒါေပမယ့္လည္း အခုလို World Championship ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ရတဲ့အေတြ႕အၾကဳံက လာမယ့္အနာဂါတ္တေလွ်ာက္လုံးမွာ အက်ဳိးရွိမွာျဖစ္တာေၾကာင့္ ျမန္မာကစားသမားေတြမညံ့ေၾကာင္း ျပသႏုိင္ခဲ့တဲ့ Burmese Ghouls အသင္းအတြက္ ဂုဏ္ယူေၾကာင္း Gaming Noodle ကေန ခ်ီးက်ဴးဂုဏ္ျပဳလုိက္ပါတယ္။