[Unicode]

MLBB World Championship M1 မှာ ထိပ်ဆုံး (၆)သင်းအဆင့်ရောက်ရှိသွားတဲ့ Burmese Ghouls

 

မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်နေတဲ့ MLBB အသင်း Burmese Ghouls ကတော့ MLBB World Championship M1 ရဲ့ အုပ်စုပွဲစဉ်တွေအပြီးမှာတော့ ရှုံးပွဲမရှိ လက်စွမ်းပြခဲ့ပြီး ထိပ်ဆုံး ၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အုပ်စု B မှာပါဝင်နေတဲ့ Burmese Ghouls (BG) ဟာ မလေးရှားအသင်း Axis Esports, အမေရိကန်အသင်း Team Gosu, လာအိုအသင်း Candy Comeback တို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာဖြစ်ပြီး မနေ့က (၁၂ နိုဝင်ဘာ ၂၀၁၉) မှာဆော့ခဲ့တဲ့ အုပ်စုပွဲစဉ်တွေမှာတော့ ၃ သင်းလုံးကို (၂-၀) ဆိုတဲ့ ရလဒ်နဲ့ ပွဲငယ်တစ်ပွဲတောင် အရှုံးမရှိပဲ Main Event ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အုပ်စု B ရဲ့ ပထမနေရာရခဲ့တဲ့ BG ဟာ Main Event ရဲ့ Upper Bracket ကို ရောက်ရှိသွားပြီး (မနက်ဖြန် ၁၄ ရက်နေ့မှာ ကစားမယ့်) အုပ်စု D ရဲ့ ပထမနဲ့ တွေ့ဆုံရမှာပါ။ အုပ်စု D မှာတော့ အင်ဒိုအသင်း Evos Legends, ဖိလစ်ပိုင်အသင်း Onic, ဂျပန်အသင်း 10s Gaming Plus နဲ့ ရုရှားအသင်း Deus Vult တို့ပါဝင်နေပါတယ်။ စာရေးသူခန့်မှန်းချက်အရဆိုရင် Evos သို့မဟုတ် Onic တစ်သင်းသင်းဟာ BG နဲ့ Main Event မှာ တွေ့ဆုံနိုင်ခြေ ရှိပါတယ်။ MLBB World Championship 2019 M1 ရဲ့ ဆုကြေးငွေ စုစုပေါင်းကတော့ ​ဒေါ်လာ ၂၅၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၈၀၀ ခန့်) ဖြစ်ပါတယ်။

 

Main Event ကို ၁၅ ရက် နိုဝင်ဘာမှာ စတင် ယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲစဉ်တွေကိုတော့ MLBB ရဲ့ youtube channel (https://www.youtube.com/MLBBEsports )မှာ မြန်မာ Caster နဲ့ တိုက်ရိုက်ကြည့်ရှု နိုင်ပါတယ်။ အုပ်စုအတွင်း လက်စွမ်းပြခဲ့တဲ့ Burmese Ghouls ကိုတော့ ပြည်ပ Media များကပါ ချီးကျူနေကြပါတယ်။ BG အသင်း ယခုလက်စွမ်းကို ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ MLBB World Championship M1 မှာ မြန်မာဆိုတဲ့ ဂုဏ်ကို ကမ္ဘာ့ Esports စင်မြင့်ထက်မှာ ဝင့်ကြွားနိုင်တော့မှာပါ။

ယခု နိုင်ဝင်ဘာလ အစောပိုင်းကလည်း Team Cyanide Dota2 အသင်းဟာ WESG SEA ပြိုင်ပွဲမှာ တတိယရရှိခဲ့သလို အခု Burmese Ghouls ဟာလည်း MLBB ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဘယ်လိုစွမ်းဆောင်ပြဦးမလည်းဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။ သေချာတာတစ်ခုကတော့ ၂၀၁၉ နိုဝင်ဘာလဆိုတာ မြန်မာ့ Esports လောကအတွက် မမေ့နိုင်စရာ လတစ်လ ဖြစ်နေမှာပါ။

Burmese Ghouls က “Kid” နဲ့ Gaming Noodle တို့ရဲ့ M1 မသွားခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်။

Photo Credit : Burmese Ghouls & M1


[Zawgyi]

MLBB World Championship M1 မွာ ထိပ္ဆုံး (၆)သင္းအဆင့္ေရာက္ရွိသြားတဲ့ Burmese Ghouls

 

ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ MLBB အသင္း Burmese Ghouls ကေတာ့ MLBB World Championship M1 ရဲ႕ အုပ္စုပြဲစဥ္ေတြအၿပီးမွာေတာ့ ရႈံးပြဲမရွိ လက္စြမ္းျပခဲ့ၿပီး ထိပ္ဆုံး ၆ သင္းအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

အုပ္စု B မွာပါဝင္ေနတဲ့ Burmese Ghouls (BG) ဟာ မေလးရွားအသင္း Axis Esports, အေမရိကန္အသင္း Team Gosu, လာအိုအသင္း Candy Comeback တို႔နဲ႔ တစ္အုပ္စုထဲ က်ေရာက္ေနတာျဖစ္ၿပီး မေန႔က (၁၂ ႏိုဝင္ဘာ ၂၀၁၉) မွာေဆာ့ခဲ့တဲ့ အုပ္စုပြဲစဥ္ေတြမွာေတာ့ ၃ သင္းလုံးကို (၂-၀) ဆိုတဲ့ ရလဒ္နဲ႔ ပြဲငယ္တစ္ပြဲေတာင္ အရႈံးမရွိပဲ Main Event ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အုပ္စု B ရဲ႕ ပထမေနရာရခဲ့တဲ့ BG ဟာ Main Event ရဲ႕ Upper Bracket ကို ေရာက္ရွိသြားၿပီး (မနက္ျဖန္ ၁၄ ရက္ေန႔မွာ ကစားမယ့္) အုပ္စု D ရဲ႕ ပထမနဲ႔ ေတြ႕ဆုံရမွာပါ။ အုပ္စု D မွာေတာ့ အင္ဒိုအသင္း Evos Legends, ဖိလစ္ပိုင္အသင္း Onic, ဂ်ပန္အသင္း 10s Gaming Plus နဲ႔ ႐ုရွားအသင္း Deus Vult တို႔ပါဝင္ေနပါတယ္။ စာေရးသူခန႔္မွန္းခ်က္အရဆိုရင္ Evos သို႔မဟုတ္ Onic တစ္သင္းသင္းဟာ BG နဲ႔ Main Event မွာ ေတြ႕ဆုံႏိုင္ေျခ ရွိပါတယ္။ MLBB World Championship 2019 M1 ရဲ႕ ဆုေၾကးေငြ စုစုေပါင္းကေတာ့ ​ေဒၚလာ ၂၅၀,၀၀၀ (ျမန္မာက်ပ္ေငြ သိန္းေပါင္း ၃,၈၀၀ ခန႔္) ျဖစ္ပါတယ္။

 

Main Event ကို ၁၅ ရက္ ႏိုဝင္ဘာမွာ စတင္ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ပြဲစဥ္ေတြကိုေတာ့ MLBB ရဲ႕ youtube channel (https://www.youtube.com/MLBBEsports )မွာ ျမန္မာ Caster နဲ႔ တိုက္႐ိုက္ၾကည့္ရႈ ႏိုင္ပါတယ္။ အုပ္စုအတြင္း လက္စြမ္းျပခဲ့တဲ့ Burmese Ghouls ကိုေတာ့ ျပည္ပ Media မ်ားကပါ ခ်ီးက်ဴေနၾကပါတယ္။ BG အသင္း ယခုလက္စြမ္းကို ထိန္းသိမ္းႏိုင္မယ္ဆိုရင္ေတာ့ MLBB World Championship M1 မွာ ျမန္မာဆိုတဲ့ ဂုဏ္ကို ကမာၻ႔ Esports စင္ျမင့္ထက္မွာ ဝင့္ႂကြားႏိုင္ေတာ့မွာပါ။

ယခု ႏိုင္ဝင္ဘာလ အေစာပိုင္းကလည္း Team Cyanide Dota2 အသင္းဟာ WESG SEA ၿပိဳင္ပြဲမွာ တတိယရရွိခဲ့သလို အခု Burmese Ghouls ဟာလည္း MLBB ကမာၻ႔ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲမွာ ဘယ္လိုစြမ္းေဆာင္ျပဦးမလည္းဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။ ေသခ်ာတာတစ္ခုကေတာ့ ၂၀၁၉ ႏိုဝင္ဘာလဆိုတာ ျမန္မာ့ Esports ေလာကအတြက္ မေမ့ႏိုင္စရာ လတစ္လ ျဖစ္ေနမွာပါ။

Burmese Ghouls က “Kid” နဲ႔ Gaming Noodle တို႔ရဲ႕ M1 မသြားခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးကို ဒီ Link မွာ ဖတ္ရႈႏိုင္ပါတယ္။

Photo Credit : Burmese Ghouls & MLBB – MM