ဆီးဂိမ်းအကြို ML ပြိုင်ပွဲကို စင်ကာပူမှာ သွားပြိုင်မယ့် Burmese Ghouls
===============================================

အရှေ့တောင်အာရှက အင်အားကြီး Mobile Legends အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် SEA Clash of Champions ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအနေနဲ့ Burmese Ghouls Mobile Legends အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Reddentes Sports က ဦးစီးကျင်းပတဲ့ပြိုင်ပွဲဟာ မေလ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ Singapore နိုင်ငံက Suntec City Convention Center Hall မှာ ကျင်းပမှာဖြစ်ပါတယ်။

Burmese Ghouls နဲ့အတူ လက်ရှိပူပူနွေးနွေး SEA Game မှာ Singapore ကိုယ်စားပြုယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ EVOS Esports အသင်း၊ ပြင်သစ်ဘောလုံးအသင်း PSG နဲ့ အကျိုးတူပူးပေါင်းထားတဲ့ PSG.RRQ အသင်း၊ MPL SG/MY ချန်ပီယံအသင်း GeekFam တို့အပြင် အင်ဒိုနီးရှားအသင်း Team Flash နဲ့ ဖိလစ်ပိုင်အသင်း Cignal Ultra တို့ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

Group A
PSG.RRQ 🇲🇨
Team Flash🇲🇨
Cignal Ultra🇵🇭

Group B
GeekFam🇲🇾
Burmese Ghouls🇲🇲
EVOS Esports🇸🇬

ဒီပြိုင်ပွဲဟာ SEA Game အကြိုဖိတ်ခေါ်ပြိုင်ပွဲအနေနဲ့ လက်ရည်စမ်းဖို့ ကျင်းပတယ်လို့ ယူဆနိုင်ပြီး စင်ကာပူနိုင်ငံအနေနဲ့ သူတို့ရဲ့ Mobile Legends အသင်းကို အောင်မြင်မှုတွေရစေဖို့ အစွမ်းကုန်ကြိုးစားနေတာကို တွေ့ရှိရမှာပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Burmese Ghouls အသင်းကိုလည်း အောင်မြင်မှုတွေရရှိပြီး နိုင်ငံဂုဏ်ဆောင်လာနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

#GamingNoodle