[Unicode]

ဘရာဇီး CSGO အသင်းကို ခေါ်ယူလိုက်တဲ့ အင်ဒိုနီးရှား အသင်း BOOM Esports

 

အင်ဒိုနီးရှား Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ BOOM ဟာ ဘရာဇီးအသင်း INTZ ရဲ့ CS: GO ကစားသမားဟောင်းများကို ခေါ်ယူလိုက်ပါတယ်။ BOOM ဟာ ဒီအကြောင်းကို မကြာသေးမီကမှ ကြေညာလိုက်တာဖြစ်ပြီး လာမယ့်မတ်လအတွင်းမှာ ကျင်းပမယ့် ESL Pro League Season 11 အတွက် ပြင်ဆင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ယင်းကစားသမားများဟာ ယခင်ထဲက BOOM နဲ့ ဆက်နွယ်မှုများစွာ ရှိနေခဲ့ကြတာပါ။ yeL နဲ့ တကွသော INTZ အသင်းသားဟောင်းများဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ESEA MDL မှာ အနိုင်ရခဲ့တဲ့အတွက် ယခုလို BOOM အသင်းရဲ့ ကစားသမားသစ်များအနေနဲ့ ESL Pro League 11 ကို ဝင်ရောက်ခွင့် ရရှိတာလည်း ဖြစ်ပါတယ်။

BOOM Esports CSGO

BOOM အသင်းရဲ့ လက်ရှိကစားသမားများကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။
Gustavo “yel” Knittel
Ricardo “boltz” Prass
Bruno “shz” Martinelli
Marcelo “chelo” Cespedes
João “felps” Vasconcellos
Alessandro “Apoka” Marcucci (နည်းပြ)

BOOM အသင်းရဲ့ ငါးယောက်မြောက်ကစားသမား felps ဟာ MIBR အသင်းသားဟောင်းတစ်ဦးပါ။ သူဟာ CS: GO လောကမှာ အတွေ့အကြုံများပြားသူဖြစ်သလို Luminosity Gaming နဲ့ Team oNe တို့မှာ အဌားကစားသမားအနေနဲ့ ဝင်ရောက်နေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Team oNe နဲ့ နောက်ဆုံးချုပ်ဆိုထားခဲ့တဲ့ သူ့ရဲ့ အဌားကစားသမားစာချုပ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအကုန်မှာ သက်တမ်းပြည့်ခဲ့ပါတယ်။

BOOM ကစားသမားသစ်များဟာ INTZ အသင်းသားများအဖြစ် တစ်နှစ်ကျော် ကစားနေခဲ့ကြတာပါ။ ယင်းကာလအတွင်းမှာ သူတို့အတွက် အောင်မြင်မှု များများစားစား မရရှိခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ StarLadder Berlin Major ကိုတော့ ဝင်ရောက်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး INTZ ရဲ့ ပထမဆုံး CS: GO Major အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

This is it. The announcement you've been waiting for. Please welcome our newest division, all the way from Brazil, BOOM…

Posted by BOOM Esports on Monday, 24 February 2020

BOOM အသင်းသစ် ပထမဆုံးယှဉ်ပြိုင်ရမှာကတော့ မတ်လ ၃ ရက်နေ့မှာ စတင်မယ့် ESL One Rio Major Americas Minor South America closed qualifier ပွဲစဉ်များပဲဖြစ်ပါတယ်။ BOOM ဟာ နာမည်ကြီး Esports အဖွဲ့အစည်းတစ်ခုဖြစ်သလို ယခုခေါ်ယူလိုက်တဲ့အသင်းသားသစ်များဟာလည်း ဝါရင့်ကစားသမားဖြစ်ကြတာမို့ ပရိသတ်များ စောင့်ကြည့်နိုင်အောင် ဖော်ပြပေးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: dotesports


[ZawGyi]

ဘရာဇီး CSGO အသင္းကို ေခၚယူလိုက္တဲ့ အင္ဒိုနီးရွား အသင္း BOOM Esports

 

အင္ဒိုနီးရွား Esports အဖြဲ႕အစည္းႀကီးတစ္ခုျဖစ္တဲ့ BOOM ဟာ ဘရာဇီးအသင္း INTZ ရဲ႕ CS: GO ကစားသမားေဟာင္းမ်ားကို ေခၚယူလိုက္ပါတယ္။ BOOM ဟာ ဒီအေၾကာင္းကို မၾကာေသးမီကမွ ေၾကညာလိုက္တာျဖစ္ၿပီး လာမယ့္မတ္လအတြင္းမွာ က်င္းပမယ့္ ESL Pro League Season 11 အတြက္ ျပင္ဆင္မႈတစ္ခုလည္း ျဖစ္ပါတယ္။

ယင္းကစားသမားမ်ားဟာ ယခင္ထဲက BOOM နဲ႔ ဆက္ႏြယ္မႈမ်ားစြာ ရွိေနခဲ့ၾကတာပါ။ yeL နဲ႔ တကြေသာ INTZ အသင္းသားေဟာင္းမ်ားဟာ ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ ESEA MDL မွာ အႏိုင္ရခဲ့တဲ့အတြက္ ယခုလို BOOM အသင္းရဲ႕ ကစားသမားသစ္မ်ားအေနနဲ႔ ESL Pro League 11 ကို ဝင္ေရာက္ခြင့္ ရရွိတာလည္း ျဖစ္ပါတယ္။

BOOM Esports CSGO

BOOM အသင္းရဲ႕ လက္ရွိကစားသမားမ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။
Gustavo “yel” Knittel
Ricardo “boltz” Prass
Bruno “shz” Martinelli
Marcelo “chelo” Cespedes
João “felps” Vasconcellos
Alessandro “Apoka” Marcucci (နည္းျပ)

BOOM အသင္းရဲ႕ ငါးေယာက္ေျမာက္ကစားသမား felps ဟာ MIBR အသင္းသားေဟာင္းတစ္ဦးပါ။ သူဟာ CS: GO ေလာကမွာ အေတြ႕အႀကဳံမ်ားျပားသူျဖစ္သလို Luminosity Gaming နဲ႔ Team oNe တို႔မွာ အဌားကစားသမားအေနနဲ႔ ဝင္ေရာက္ေနခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ Team oNe နဲ႔ ေနာက္ဆုံးခ်ဳပ္ဆိုထားခဲ့တဲ့ သူ႔ရဲ႕ အဌားကစားသမားစာခ်ဳပ္ကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလအကုန္မွာ သက္တမ္းျပည့္ခဲ့ပါတယ္။

BOOM ကစားသမားသစ္မ်ားဟာ INTZ အသင္းသားမ်ားအျဖစ္ တစ္ႏွစ္ေက်ာ္ ကစားေနခဲ့ၾကတာပါ။ ယင္းကာလအတြင္းမွာ သူတို႔အတြက္ ေအာင္ျမင္မႈ မ်ားမ်ားစားစား မရရွိခဲ့ၾကေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ StarLadder Berlin Major ကိုေတာ့ ဝင္ေရာက္ခြင့္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး INTZ ရဲ႕ ပထမဆုံး CS: GO Major အျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ၾကပါတယ္။

This is it. The announcement you've been waiting for. Please welcome our newest division, all the way from Brazil, BOOM…

Posted by BOOM Esports on Monday, 24 February 2020

BOOM အသင္းသစ္ ပထမဆုံးယွဥ္ၿပိဳင္ရမွာကေတာ့ မတ္လ ၃ ရက္ေန႔မွာ စတင္မယ့္ ESL One Rio Major Americas Minor South America closed qualifier ပြဲစဥ္မ်ားပဲျဖစ္ပါတယ္။ BOOM ဟာ နာမည္ႀကီး Esports အဖြဲ႕အစည္းတစ္ခုျဖစ္သလို ယခုေခၚယူလိုက္တဲ့အသင္းသားသစ္မ်ားဟာလည္း ဝါရင့္ကစားသမားျဖစ္ၾကတာမို႔ ပရိသတ္မ်ား ေစာင့္ၾကည့္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: dotesports