CSGO ပြိုင်ပွဲ Blast Pro Series Madrid အကြိုသုံးသပ်ချက်
=============================

Hello! မင်္ဂလာပါ။ Blastpro Series အတွက် Preview လေးလာပါပြီဗျာ။

အသင်းတစ်သင်းဆီရဲ့ Performance နဲ့ အခြေအနေကိုသုံးသပ်ပေးသွားမှာပါ။ HLTV Ranking အဆင့် အများကနေအနည်းကို စဉ်ထားပါတယ်။

>> Astralis (Rank – 1) <<

အသင်းကိုပိုင်တဲ့ RFRSH Entertainment က ပြုလုပ်တဲ့ပြိုင်ပွဲလည်းဖြစ်နေပြီး (581) ရက်ကြာ ထိန်းထားတဲ့ ကမ္ဘာ့ အဆင့် (၁) ကို Liquid က ခြိမ်းခြောက်လာတဲ့အတွက် ဒီ BlastPro Series မှာ အနည်းဆုံး Grand finalist ဖြစ်အောင်ဆော့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အရင်ကထက် ရှုံးပွဲတွေများလာတဲ့ Astralis ဟာ သူတို့ရဲ့ ကစားပုံတွေကို တခြားအသင်းတွေက အထာနပ်လာတဲ့အခြေအနေမှာရှိတယ်။ ဒါကြောင့် ပုံမှန်ထက်ပိုတဲ့ Boot camp ၀င်နေတယ်လို့ သတင်းကြားထားတဲ့အတွက် ဒီ Blast pro Madrid ကတော့ သူတို့ အတွက်ပဲဖြစ်ဖို့  ရာခိုင်နှုန်းအတော်များနေပါတယ်။ ဘယ်လို strat အသစ်တွေ၊ Xyp9x ရဲ့ Clutch တွေ၊ Astralis signature smoke-kill တွေ ပြသမလဲဆိုတာ စောင့်ကြည့်ရင်ခုန်ကြပါ။

>> Navi (Rank – 3) <<

တစ်သင်းလုံး stable ဖြစ်နေရင် အတော်ကြောက်ဖို့ကောင်းတဲ့ အသင်းဖြစ်ပြီး stable မဖြစ်ပဲ တပ်ပျက်နေရင်တောင် All Time Best CSGO Player S1mple တစ်ယောက်တည်းကပဲ လက်စွမ်းပြပြီး နိုင်ပွဲတွေယူနိုင်ပါတယ်။ လတ်တလောအနေနဲ့ ပူပူလောလော Starseries i-league Season7 မှာ Fnatic ကို 3-0 အပြတ်နဲ့အနိုင်ယူပြီး Trophy ရရှိထားတာကိုကြည့်ရင် အသင်းအခြေအနေ အတော်ကောင်းနေပါတယ်။ ဒါပေမယ့် Astralis ကို အနိုင်ယူဖို့ကတော့ တစ်သင်းလုံးကောင်းနေတဲ့ အနေအထားမှာတောင် Zues ရဲ့ IGL ဆုံးဖြတ်ချက်တွေ ဘယ်လောက်ကောင်းလဲအပေါ်မှာပါ မူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ် S1mple နဲ့ Electronic တို့ရဲ့ တစ်ကိုယ်တော် အစွမ်းပြတာတွေကို ကြည့်ကြရဦးမှာ အသေအချာပါပဲ။

>> Ence (Rank – 4) <<

အသင်းနဲ့ လက်ရှိ Rank မတန်ဆုံးအသင်း Most overrated အသင်းကိုပြပါဆို Ence ကိုပဲ လက်ညိုးထိုးပြမိမှာပါ။ ရှိသမျှပြိုင်ပွဲ ကြီးကြီးသေးသေး အကုန်ပြိုင်ပြီး Hltv rating တွေယူပြီး ဒီ rank ရောက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေကို မနိုင်ခဲ့ပဲတော့ ဒီ rank မရောက်ပါဘူး။ 2018-2019 နှစ်နှစ်လုံးဟာ ကစားသမားအပြောင်းအရွေ့တွေကြောင့် Faze, Mibr, Cloud9, G2, Mouz အစရှိတဲ့ အသင်းကြီးတွေ ရုန်းကန်ခဲ့ရတဲ့ အခြေအနေမှာ နိုင်ခဲ့တာလည်း ပါပါတယ်။ Sergej နဲ့ Xseven တို့ရဲ့consistency ကြောင့်သာ ဆက်လက်ရပ်တည်နေနိုင်တာဖြစ်ပြီး လတ်တလော ရလဒ်တွေလည်း မကောင်းပါဘူး။ နောက်ဆုံး ဆော့ထားတဲ့ သုံးပွဲလုံးရှုံးထားတဲ့အပြင် Regional Qualifier final က Movistar Riders ကို သူတို့ပိုင်နိုင်ပါတယ်ဆိုတဲ့ Nuke map မှာတောင် 16-14 နဲ့ရှုံးထားပါတယ်။ အဲဒီ့တော့ Ence အတော်ရုန်းကန်ရမှာပါ။ Ence အနေနဲ့ Blast pro seires အတွက် Strat တွေစမ်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။ Astralis ပါတဲ့ Tournament တိုင်း Ence Champion ဖြစ်ဖို့ လမ်းမမြင်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားပုံတူပြီး MapPool လည်းတူလို့ပါ (Astralis က Map တိုင်းကောင်းပါတယ်)။ ရှင်းရှင်းပြောရရင်တော့ Downgraded Astralis ပါပဲ။

>> NIP (Rank – 9) <<

လူငယ်လက်သစ်တွေနဲ့ အတွေ့အကြုံရှိ Legend တွေပေါင်းထားတဲ့အသင်းဖြစ်တဲ့ NIP ကတော့ IEM Sydney ရဲ့အကောင်းဆုံးပွဲစဉ်လို့ခေါ်နိုင်လောက်တဲ့ NIP vs Fantic ကွာတားဖိုင်နယ်ပွဲမှာ အကြိတ်အနယ် လက်စွမ်းပြခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှလို့ ရှုံးနှိမ့်ခဲ့ပေမယ့် နိုင်ခဲ့မယ်ဆိုရင် Grand final ထိရောက်မှာ အသေအချာပါပဲ။ Dennis ပြန်ရောက်ကာစဖြစ်လို့ အံမဝင်သေးတာလည်း ဖြစ်နိုင်ပေမယ့် လတ်တလောရလဒ် တွေကလည်း အားရစရာမရှိပါဘူး။ နည်းပြကောင်းကောင်းနဲ့ IGL ကောင်းကောင်းလိုနေတာပါ။ lineup ကလည်း ပြည့်စုံနေတော့ IGL တစ်ယောက်ခေါ်ဖို့ထက် နည်းပြကောင်းကောင်းတစ်ယောက် ပိုလိုနေတယ်ပဲ ပြောရမှာပေါ့။ Dennis ရဲ့ deagle plays တွေနဲ့ Get_Right ရဲ့ 200iq outplays တွေ၊ Rez / F0rest ရဲ့ entry kill တွေဟာ NIP ကို Grandfinal ထိရောက်နိုင်မလားဆိုတာကတော့ ဒီစနေမှာမြင်ရမှာပါ။

>> Movistar Riders (Rank – 37) <<

ဟုတ်ကဲ့ C9 မဟုတ်ပါဘူး။ တကယ်စပိန်နိုင်ငံသားတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ Movistar Riders ပါ။ သူတို့ဟာ 2019 မှာ 82 maps ဆော့ထားပြီး 50 wins – 32 loses နဲ့ 60% Winrate ရှိပါတယ်။ ထူးဆန်းတာက အဲဒီ့ 82maps မှာ Ence နဲ့နှစ်ခါတွေ့ထားပြီး နှစ်ခါလုံးနိုင်ထားတာပါပဲ။ Regional Qualifier Final မှာ သေချာပေါက်နိုင်မယ်လို့  ယူဆပါတယ်။ Optic နဲ့  G2 တို့မှာ awper အဖြစ်ဆော့ခဲ့တဲ့ Mixwell နဲ့  အိမ်ကွင်းပရိသတ်အရှိန်ကြောင့် လျော့တော့တွက်လို့မရတဲ့ အသင်းပါ။

>> Cloud9 (Rank – 40) <<

Stewie2k ထွက်ပြီးနောက်ပိုင်းမှာ အခြေအနေမကောင်းခဲ့တဲ့ C9 ဟာ အခုဆို tier3 အသင်းအဆင့်ကို ရောက်နေတာဖြစ်ပါတယ်။ အသင်းအခြေအနေကလည်း သိပ်မကောင်းသလို 2019 အတွင်းမှာလည်း ဖြစ်ဖြစ်မြောက်မြောက် ဆိုလို့ Mibr ကို 16-3 နဲ့ နိုင်ခဲ့တာရယ် Faze ကို 2-0 နဲ့ တစ်ခါနိုင်ခဲ့တာပဲရှိပါတယ်။ အဲ့အချိန်တွေတုန်းကလည်း အဆိုပါအသင်းတွေဟာ အပေါ်မှာပြောခဲ့သလို ရုန်းကန်နေရတဲ့ အခြေအနေမျိုးမို့ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ပြန်လည်ဆော့ကစားတဲ့ ပွဲတိုင်းရှုံးခဲ့ပါတယ်။ 2019 Winrate ဟာလည်း 50% အောက်မှာပဲရှိပြီး Vici, Tyloo တို့လို တရုတ်အသင်းတွေကိုပါ ရှုံးထားသေးတယ်။ တစ်ခုပြောစရာရှိတာကတော့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်အသင်းအများစုဟာ Top10 အသင်းတွေ ဖြစ်တာကြောင့်လည်း ပါပါတယ်။ တခြားနိုင်သင့်သမျှအသင်းငယ်တွေ၊ HR, Envy, Luminosity လိုအသင်းလတ် တွေကို သက်တောင့်သက်သာ အနိုင်ယူထားတယ်။ လတ်တလော နောက်ဆုံးဆော့ထားတဲ့ ပွဲမှာ ဘရာဇီးအသင်းဖြစ်တဲ့ INTZ ကို 2-0 နဲ့ ရှုံးထားတာကတော့ ……

Autimatic ဘယ်လိုရုန်းပေးမလဲ၊ Astralis ကစားသမားဟောင်း Cajunb ကရော Astralis မှာတုန်းက လက်ရည်ကိုပြသနိုင်မလား၊ Golden နဲ့ Rush တို့ရော Peakform ပြန်ပြနိုင်မလားဆိုတာ C9 fan တွေ အတွက် မျော်လင့်နေရတာဖြစ်ပါတယ်။ လက်ရည်မပြနိုင်ခဲ့ရင် C9 ဟာ Tier 2 – 3 အသင်းအနေနဲ့ ဆက်ရှိရင်ရှိနေ၊ မရှိနေခဲ့ရင်တော့ C9 အနေနဲ့  Dota2 လိုပဲ CS ကိုလည်း စွန့်ခွာဖို့ကို စဉ်းစားတော့မှာပါ။

အချုပ်ပြောရမယ်ဆိုရင် – Blastpro ဆိုတာ Astralis ရဲ့  superiority ကိုပြဖို့သက်သက် ကျင်းပနေတဲ့ series လို့ကို ပြောလို့ရပါတယ်။ ၆ ကြိမ်ကျင်းပပြီးတဲ့ ဒီပြိုင်ပွဲမှာ Astralis က လေးခါ grand finalist ဖြစ်ခဲ့ပြီး ၃ကြိမ်ဗိုလ်စွဲထားပါတယ်။ အခုအသင်းတွေကိုကြည့်ရမယ်ဆိုရင် Astralis ကို အနိုင်ရဖို့ အတော်ကြိုးစားရဦးမယ့် အသင်းတွေချည်းပဲ ဖြစ်တာကြောင့် ထွေထွေထူးထူးပြောစရာမရှိဘဲ Navi နဲ့ NIP သာ Astralis ကို အနိုင်ယူနိုင်မလား၊ တခြား မထင်မှတ်ထားတာတွေရော ဖြစ်လာဦးမလားဆိုတာ မေလ ၁၁ ရက်နေ့မှာ သိရတော့မှာပါ။

ပြိုင်ပွဲတွေကို Twitch ကနေကြည့်ရှုနိုင်ပြီး မြန်မာအချိန်နဲ့ဆိုတော့ မေလ ၁၁ ရက် မနက် ၁ နာရီ ကနေ ၄ နာရီလောက်အထိ ကစားပြီးရင် ည ၇ နာရီခွဲ မှာပြန်စမှာဖြစ်ပါတယ်။ Grand final ကိုတော့ ၁၂ ရက်နေ့ မနက် ၁၂ နာရီခွဲ ၀န်းကျင်မှာ စတင်မှာဖြစ်တဲ့အတွက် ပွဲကောင်းတွေအများကြီး တောက်လျောက်ကြည့်ရမှာဖြစ်ပါတယ်။

My Pick – နှလုံးသားက NIP ကိုရစေချင်ပေမယ့် Astralis လို့ ပဲထင်ပါတယ်

~~~~~~~~~~Noodle Pick~~~~~~~~~~~
~~~~~~~~~~Jerry – Na’Vi~~~~~~~~~~
~~~~~~~~~Kyitha – Astralis~~~~~~~~~
~~~~~~~~~KoBoo – Cloud9~~~~~~~~~

#PreviewbyFairy
#Fairy
#GamingNoodle