Gaming Noodle ကနေ အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ တခြား CSGO ပြိုင်ပွဲတွေနဲ့မတူပဲ ထူးဆန်းပြီး ပျော်စရာကောင်းတဲ့ Blast Pro Series ရဲ့ ပြိုင်ပွဲကျင်းပပုံ Format နဲ့ Rules and Regulation တွေပဲဖြစ်ပါတယ်။

ဘာလို့ တခြားပြိုင်ပွဲတွေနဲ့ မတူတာလဲဆိုရင်
Group stage မှာ
1. OT မရှိခြင်း
2. သွားရောက်ကျင်းပမယ့်နိုင်ငံရဲ့ local qualifier မှ တစ်သင်း တက်ခွင့်ပေးခြင်း
3. အသင်း 6 သင်းလုံးကို pyramid ပုံစံ booth ထဲတွင် တစ်ပြိုင်နက်ကစားစေခြင်း
4. Group stage ပြီးတာနဲ့ Top 2 မှာ Grand finalist (နောက်ဆုံးဖိုင်နယ်ကစားရမယ့်သူ) ဖြစ်ကြောင်း သိရခြင်း
5. 3rd place သမားကလည်း 4th 5th 6th သုံးသင်းအနက်မှကြိုက်ရာအသင်းကို Stand-off လို့ခေါ်တဲ့ 1v1 team duel စိန်ခေါ်ခွင့်ရှိပြီး ၄င်း stand-off ကို အနိုင်ရရှိသောအသင်းဟာ 20000$ တန်ဆုကြေးကို သက်သက်ရရှိမှာပါ။

ပြိုင်ပွဲ Format ကို အကျယ်ပြန်ရှင်းပြရမယ်ဆိုရင် –

အသင်း 6 သင်းပါတ်လည် BO1 တွေ ဆော့ရမှာဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနှစ်သင်းက Grand final BO3 ဆော့ရမှာဖြစ်ပါတယ်။ အမှတ်ပေးပုံကတော့ ဘောလုံးအသင်းတွေလို နိုင်ရင် 3 မှတ်၊ သရေ 1 မှတ် နဲ့  အရှုံးဆို 0 ပါပဲ။

တကယ်လို့  အသင်းတွေဟာ အမှတ်တူတာရှိခဲ့မယ်ဆိုရင်-
1. HLTV ရဲ့  အဆင့်သတ်မှတ်ချက်မှာ rank ပိုမြင့်တဲ့အသင်းကို နိုင်ထားတဲ့အသင်း
2. သရေကျအသင်းများအကြား ပြိုင်ဘက်ပေးရတဲ့ round ကွာခြားမှု
3. စုစုပေါင်းပေးရတဲ့ round ကွာခြားမှု
4. ၃သင်း နဲ့ အထက် အမှတ်တူနေရင် sudden death shootout ဆော့ရမှာဖြစ်ပါတယ်။ (Sudden Death Shootout ကဖြစ်ခဲတဲ့အတွက် ဖြစ်လည်းမဖြစ်ဖူးသေးတဲ့အတွက် သေချာမသိသေးပါ)

အခု တကယ်ပျော်ရမယ့် စိတ်ဝင်စားစရာကောင်းပြီး Blast Pro ရဲ့ အဓိကဆွဲဆောင်မှုဖြစ်တဲ့ 3rd place prestige Stand-off challenge ကိုရှင်းပြပါမယ်။ 3rd place ရတဲ့အသင်းဟာ ကျန်တဲ့ 4th 5th 6th သုံးသင်းထဲက ကြိုက်တဲ့အသင်းကို Stand-off map မှာ စိန်ခေါ်ပြီး 1v1 duel တွေဆော့ရမှာဖြစ်ပါတယ်။

1v1 duel တွေကို-
1. M4
2. Deagle
3. AK
4. CZ
5. Awp – ဆိုပြီး အစဉ်အတိုင်း player တစ်ယောက်ကို weapon တစ်ခုဆီ သတ်မှတ်ပြီးပြိုင်ရမှာပါ။ အရင်ဆုံး 7 kill ရတဲ့ player ကနိုင်မှာဖြစ်ပြီး ကိုယ်သတ်လိုက်နိုင်တဲ့ အရေအတွက်ကို အသင်းအမှတ်ထဲ ပေါင်းပေးမှာဖြစ်ပါတယ်။ Round တိုင်းမှာ နှစ်ဖက်စလုံးမှာ သတ်မှတ်ထားတဲ့ Rifle / Pistol + each one of utility ပေးမှာပါ။ 1 to 5 ဆော့ပြီး အသင်းနှစ်သင်းအမှတ်တူနေတယ်ဆိုရင် 7 kill အရင်ရောက်တဲ့ player များတဲ့အသင်းက stand-off ကိုအနိုင်ရပြီး $20000 ကို ရရှိမှာဖြစ်ပါတယ်။
(Blast pro Miami တုန်း က Stand-off ဆော့ခဲ့တာကို ဒီလင့်မှာ သွားကြည့်လို့ရပါတယ် https://www.youtube.com/watch?v=v0Fp4LnLR-8)

$250,000 USD prize pool distribution ကတော့-
1st $125,000
2nd $50,000
3rd $25,000
4th $15,000
5th $10,000
6th $5,000 နဲ့ 

Standoff Winner – $20,000 တို့ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် အချိန်ဇယားကတော့ အဖွင့်ပွဲအနေနဲ့ မေလ ၁၀ ရက်နေ့ ည ၈ နာရီ ၄၅ မှာ Regional Qualifier Final (Bo3) အနေနဲ့ Movistar Riders vs Vodafone Giants တို့က Group Stage ၀င်ခွင့်ရရန် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မေလ ၁၁ ရက်နေ့ မနက် ၁ နာရီ ၁၅ မှာတော့ အသင်း ၆ သင်း ပွဲသုံးပွဲ တစ်ပြိုင်တည်း နဲ့  Groupstage First Round ကိုစတင်မှာဖြစ်ပါတယ်။ အသင်း preview တွေကိုလည်း ရေးပေးဦးမှာမို့ စောင့်မျှော်နေပေးပါဦး။

#Fairy
#GamingNoodle

Ref-HLTV and Blastpro Series Web