[Unicode]

MPL လေးနိုင်ငံဖိတ်ခေါ်ဖလားမှာ တတိယရရှိပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Burmese Ghouls

 

Moonton က ကြီးမှူးကျင်းပတဲ့ MPL လေးနိုင်ငံဖိတ်ခေါ်ဖလား (MPL Invitational 4 Nation Cup) ပြိုင်ပွဲကြီးကတော့ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၀၀,၀၀၀ ချီးမြှင့်တဲ့ ဒီပြိုင်ပွဲကြီးကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတို့မှ ထိပ်တန်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့် playoff ပွဲစဉ်များကိုတော့ ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပသွားခဲ့ပါတယ်။

MPL လေးနိုင်ငံဖိတ်ခေါ်ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရတဲ့ မြန်မာအသင်းကတော့ MPL-MM S4 ချန်ပီယံအသင်း Burmese Ghouls ပဲ ဖြစ်ပါတယ်။ Burmese Ghouls ဟာ ပြိုင်ပွဲအတွင်းမှာ Resurgence, Geekfam, Evos Legends စတဲ့အသင်းကြီးများနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ကစားခဲ့ရပြီး တတိယနေရာကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

အထူးသဖြင့် playoff ပွဲစဉ်များအတွင်း Evos Legends နဲ့ Geekfam တို့ကို ၂ ပွဲပြတ်စီ အနိုင်ရရှိခဲ့တဲ့အတွက် မြန်မာပရိသတ်များ နှစ်ထောင်းအားရဖြစ်ခဲ့ရပါတယ်။ Evos Legends ဟာ မနှစ်က ကျင်းပခဲ့တဲ့ M1 World Championship ပြိုင်ပွဲကြီးကို အနိုင်ရရှိခဲ့တဲ့ အင်ဒိုနီးရှားထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး Geekfam ဟာလည်း MLBB ဂိမ်းတစ်ခုတည်းမှာသာမက Dota 2, PUBG စတဲ့ ဂိမ်းများမှာပါ အသင်းများပိုင်ဆိုင်ထားတဲ့ မလေးရှား Esports အဖွဲ့အစည်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်းမှာတော့ Burmese Ghouls တို့ဟာ upper bracket မှာ စင်ကာပူအသင်း Resurgence နဲ့ စတင်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ပထမဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်များမှာတော့ Burmese Ghouls တို့ဟာ ၂ ပွဲပြတ်ရှုံးနိမ့်ခဲ့ရလို့ lower bracket ကို ဆင်းပြီး Geekfam အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

Geekfam နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပထမပွဲမှာ Burmese Ghouls တို့ဟာ အစောပိုင်းအရေးနိမ့်နေခဲ့ပေမယ့် ကြာမြင့်တဲ့ပွဲချိန်အတွင်းမှာ တစ်ဖန်ပြန်လည်အနိုင်ရရှိအောင် ကစားသွားနိုင်ခဲ့ပါတယ်။ ဒုတိယပွဲမှာလည်း ယခင်ပွဲထက် ပိုမိုတိုတောင်းတဲ့ပွဲချိန်နဲ့ Geekfam တစ်သင်းလုံး wiped out သွားပြီး အနိုင်ရရှိအောင် Burmese Ghouls တို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Geekfam အသင်းကို အနိုင်ရရှိပြီးချိန်မှာတော့ Burmese Ghouls တို့ဟာ upper bracket က ဆင်းလာတဲ့ Evos Legends အသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး ၂ ပွဲပြတ် ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယမြောက်ပွဲမှာ Burmese Ghouls ဘက်က May Be ရဲ့ Kaja တစ်ကောင်တည်းသာ ၃ ခါသေခဲ့ပြီး Rubydd ရဲ့ Baxia, Kid ရဲ့ Selena, Dee ရဲ့ X-Borg နဲ့ Ace ရဲ့ Bruno တို့ဟာ တစ်ခေါက်မှမသေပဲ team kill 13 -3 နဲ့ အနိုင်ရရှိခဲ့လို့ ပြောစမှတ်တွင်လောက်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။

ယင်းနောက်မှာတော့ ပြိုင်ပွဲအစမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ Resurgence အသင်းနဲ့ ပြန်လည်တွေ့ဆုံကာ ၂ ပွဲရှုံး ၁ ပွဲနိုင် ရလဒ်နဲ့အတူ တတိယနေရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Resurgence နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒုတိယမြောက်ပွဲမှာ Burmese Ghouls တို့ဟာ ၁၄ မိနစ်တည်းနဲ့ အနိုင်ရရှိခဲ့ပါသေးတယ်။

နိုင်ငံတကာထိပ်တန်း MLBB အသင်းကြီးများနဲ့ ရင်ဘောင်တန်းကစားပြီး Burmese Ghouls တို့ တတိယနေရာရယူနိုင်ခဲ့ခြင်းဟာ ဂုဏ်ယူစရာကောင်းတာမို့ ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: Burmese Ghouls facebook, esportstvid


[ZawGyi]

MPL ေလးႏိုင္ငံဖိတ္ေခၚဖလားမွာ တတိယရရွိၿပီး ျမန္မာ့ဂုဏ္ေဆာင္ႏိုင္ခဲ့တဲ့ Burmese Ghouls

 

Moonton က ႀကီးမႉးက်င္းပတဲ့ MPL ေလးႏိုင္ငံဖိတ္ေခၚဖလား (MPL Invitational 4 Nation Cup) ၿပိဳင္ပြဲႀကီးကေတာ့ က်င္းပၿပီးစီးသြားခဲ့ပါၿပီ။ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၁၀၀,၀၀၀ ခ်ီးျမႇင့္တဲ့ ဒီၿပိဳင္ပြဲႀကီးကို အင္ဒိုနီးရွား၊ မေလးရွား၊ စင္ကာပူနဲ႔ ျမန္မာႏိုင္ငံတို႔မွ ထိပ္တန္းအသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၿပိဳင္ပြဲရဲ႕ေနာက္ဆုံးအဆင့္ playoff ပြဲစဥ္မ်ားကိုေတာ့ ဇူလိုင္လ ၃ ရက္ေန႔ကေန ၅ ရက္ေန႔အထိ က်င္းပသြားခဲ့ပါတယ္။

MPL ေလးႏိုင္ငံဖိတ္ေခၚဖလားမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ၾကားျခင္းခံခဲ့ရတဲ့ ျမန္မာအသင္းကေတာ့ MPL-MM S4 ခ်န္ပီယံအသင္း Burmese Ghouls ပဲ ျဖစ္ပါတယ္။ Burmese Ghouls ဟာ ၿပိဳင္ပြဲအတြင္းမွာ Resurgence, Geekfam, Evos Legends စတဲ့အသင္းႀကီးမ်ားနဲ႔ ထိပ္တိုက္ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး တတိယေနရာကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိသြားခဲ့ပါတယ္။

အထူးသျဖင့္ playoff ပြဲစဥ္မ်ားအတြင္း Evos Legends နဲ႔ Geekfam တို႔ကို ၂ ပြဲျပတ္စီ အႏိုင္ရရွိခဲ့တဲ့အတြက္ ျမန္မာပရိသတ္မ်ား ႏွစ္ေထာင္းအားရျဖစ္ခဲ့ရပါတယ္။ Evos Legends ဟာ မႏွစ္က က်င္းပခဲ့တဲ့ M1 World Championship ၿပိဳင္ပြဲႀကီးကို အႏိုင္ရရွိခဲ့တဲ့ အင္ဒိုနီးရွားထိပ္တန္းအသင္းတစ္သင္းျဖစ္ၿပီး Geekfam ဟာလည္း MLBB ဂိမ္းတစ္ခုတည္းမွာသာမက Dota 2, PUBG စတဲ့ ဂိမ္းမ်ားမွာပါ အသင္းမ်ားပိုင္ဆိုင္ထားတဲ့ မေလးရွား Esports အဖြဲ႕အစည္းႀကီးတစ္ခုပဲ ျဖစ္ပါတယ္။

ၿပိဳင္ပြဲအတြင္းမွာေတာ့ Burmese Ghouls တို႔ဟာ upper bracket မွာ စင္ကာပူအသင္း Resurgence နဲ႔ စတင္ယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။ ပထမဆုံးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဒီပြဲစဥ္မ်ားမွာေတာ့ Burmese Ghouls တို႔ဟာ ၂ ပြဲျပတ္ရႈံးနိမ့္ခဲ့ရလို႔ lower bracket ကို ဆင္းၿပီး Geekfam အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။

Geekfam နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပထမပြဲမွာ Burmese Ghouls တို႔ဟာ အေစာပိုင္းအေရးနိမ့္ေနခဲ့ေပမယ့္ ၾကာျမင့္တဲ့ပြဲခ်ိန္အတြင္းမွာ တစ္ဖန္ျပန္လည္အႏိုင္ရရွိေအာင္ ကစားသြားႏိုင္ခဲ့ပါတယ္။ ဒုတိယပြဲမွာလည္း ယခင္ပြဲထက္ ပိုမိုတိုေတာင္းတဲ့ပြဲခ်ိန္နဲ႔ Geekfam တစ္သင္းလုံး wiped out သြားၿပီး အႏိုင္ရရွိေအာင္ Burmese Ghouls တို႔ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

Geekfam အသင္းကို အႏိုင္ရရွိၿပီးခ်ိန္မွာေတာ့ Burmese Ghouls တို႔ဟာ upper bracket က ဆင္းလာတဲ့ Evos Legends အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားၿပီး ၂ ပြဲျပတ္ ထပ္မံအႏိုင္ရရွိခဲ့ပါတယ္။ အထူးသျဖင့္ ဒုတိယေျမာက္ပြဲမွာ Burmese Ghouls ဘက္က May Be ရဲ႕ Kaja တစ္ေကာင္တည္းသာ ၃ ခါေသခဲ့ၿပီး Rubydd ရဲ႕ Baxia, Kid ရဲ႕ Selena, Dee ရဲ႕ X-Borg နဲ႔ Ace ရဲ႕ Bruno တို႔ဟာ တစ္ေခါက္မွမေသပဲ team kill 13 -3 နဲ႔ အႏိုင္ရရွိခဲ့လို႔ ေျပာစမွတ္တြင္ေလာက္တဲ့ပြဲတစ္ပြဲျဖစ္ခဲ့ရပါတယ္။

ယင္းေနာက္မွာေတာ့ ၿပိဳင္ပြဲအစမွာ ယွဥ္ၿပိဳင္ခဲ့ရတဲ့ Resurgence အသင္းနဲ႔ ျပန္လည္ေတြ႕ဆုံကာ ၂ ပြဲရႈံး ၁ ပြဲႏိုင္ ရလဒ္နဲ႔အတူ တတိယေနရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ Resurgence နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဒုတိယေျမာက္ပြဲမွာ Burmese Ghouls တို႔ဟာ ၁၄ မိနစ္တည္းနဲ႔ အႏိုင္ရရွိခဲ့ပါေသးတယ္။

ႏိုင္ငံတကာထိပ္တန္း MLBB အသင္းႀကီးမ်ားနဲ႔ ရင္ေဘာင္တန္းကစားၿပီး Burmese Ghouls တို႔ တတိယေနရာရယူႏိုင္ခဲ့ျခင္းဟာ ဂုဏ္ယူစရာေကာင္းတာမို႔ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: Burmese Ghouls facebook, esportstvid