[Unicode]

Burmese Ghouls ပါဝင်ယှဉ်ပြိုင်မယ့် MPL လေးနိုင်ငံဖိတ်ခေါ်ဖလား (MLBB Professional League Invitational 4 Nations Cup)

 

ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် MPL လေးနိုင်ငံဖလား (MLBB Professional League Invitational 4 Nations Cup) ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် play-off ပွဲစဉ်များမှာ ပါဝင်မယ့်အသင်းများနဲ့ ပွဲစဉ်ဇယားများကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ယင်းအသင်းများထဲမှာတော့ မြန်မာအသင်းတစ်သင်းဖြစ်တဲ့ Burmese Ghouls လည်း ပါဝင်ပြီး စင်ကာပူအသင်း Resurgence စတင်ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်ကြမယ့် အသင်းများကတော့
– Rex Regum Qeon (အင်ဒိုနီးရှား)
– Evos Legends (အင်ဒိုနီးရှား)
– Burmese Ghouls (မြန်မာ)
– Resurgence (စင်ကာပူ)
– Geek Fam (မလေးရှား)
– Genflix Aerowolf (အင်ဒိုနီးရှား)
– Onic Esports (အင်ဒိုနီးရှား)
– Alter Ego Esports (အင်ဒိုနီးရှား)
တို့ပဲဖြစ်ကြပါတယ်။

ပွဲစဉ်ဇယားအတွင်းမှာတော့ Upper Bracket မှာ Burmese Ghouls နဲ့ Resurgence တို့ စတင်ယှဉ်ပြိုင်ကစားကြမှာဖြစ်သလို Rex Regum Qeon နဲ့ Evos Legends တို့ဟာလည်း စတင်ယှဉ်ပြိုင်ကြရမှာပါ။ Lower Bracket မှာတော့ Geek Fam နဲ့ Genflix Aerowolf, Onic Esports နဲ့ Alter Ego Esports တို့ အသီးသီးယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မြန်မာ Burmese Ghouls အသင်းမှာ Maybe, Ace, Rubydd, Kid, Iceice နဲ့ Dee တို့ ပါဝင်ပါတယ်။ Burmese Ghouls ဟာ MPL-MM ကို ၃ ကြိမ်တိတိ အနိုင်ရရှိခဲ့တဲ့အသင်းဖြစ်ပြီး MPL-MM S3 နဲ့ S4 တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့တဲ့ back to back ချန်ပီယံအသင်းလည်းဖြစ်ပါတယ်။

Burmese Ghouls အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် Resurgence အသင်းမှာတော့ Xcp, Sync, Jason, Ly4ly4ly4, Kayzeepi နဲ့ Sana တို့ ပါဝင်ပါတယ်။ Resurgence အသင်းဟာ MPL MY/SG Season 5 မှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ယင်းတို့ထဲမှာမှ Ly4ly4ly4, Sync နဲ့ Jason တို့ကတော့ MPL ချန်ပီယံဆုကို ၂ ကြိမ်မြောက် ရရှိခဲ့သူများအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ပွဲစဉ်အချိန်ဇယားနဲ့ အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး ပွဲစဉ်များကို မြန်မာပွဲတင်ဆက်သူများနဲ့ live ပြသပေးသွားမှာဖြစ်ကြောင်းကိုလည်း MLBB – MM တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေညာထားပါသေးတယ်။ မြန်မာအသင်း Burmese Ghouls ကို အားပေးလိုတဲ့ MLBB ပရိသတ်များစောင့်မျှော်ကြည့်ရှုနိုင်ကြစေဖို့အတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: Mobile Legends: Bang Bang – MM facebook, Burmese Ghouls facebook


[ZawGyi]

Burmese Ghouls ပါဝင္ယွဥ္ၿပိဳင္မယ့္ MPL ေလးႏိုင္ငံဖိတ္ေခၚဖလား (MLBB Professional League Invitational 4 Nations Cup)

 

ဇူလိုင္လ ၃ ရက္ေန႔ကေန ၅ ရက္ေန႔အထိ က်င္းပမယ့္ MPL ေလးႏိုင္ငံဖလား (MLBB Professional League Invitational 4 Nations Cup) ၿပိဳင္ပြဲရဲ႕ ရႈံးထြက္အဆင့္ play-off ပြဲစဥ္မ်ားမွာ ပါဝင္မယ့္အသင္းမ်ားနဲ႔ ပြဲစဥ္ဇယားမ်ားကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ ယင္းအသင္းမ်ားထဲမွာေတာ့ ျမန္မာအသင္းတစ္သင္းျဖစ္တဲ့ Burmese Ghouls လည္း ပါဝင္ၿပီး စင္ကာပူအသင္း Resurgence စတင္ယွဥ္ၿပိဳင္ကစားၾကရမွာျဖစ္ပါတယ္။

ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ အသင္းမ်ားကေတာ့
– Rex Regum Qeon (အင္ဒိုနီးရွား)
– Evos Legends (အင္ဒိုနီးရွား)
– Burmese Ghouls (ျမန္မာ)
– Resurgence (စင္ကာပူ)
– Geek Fam (မေလးရွား)
– Genflix Aerowolf (အင္ဒိုနီးရွား)
– Onic Esports (အင္ဒိုနီးရွား)
– Alter Ego Esports (အင္ဒိုနီးရွား)
တို႔ပဲျဖစ္ၾကပါတယ္။

ပြဲစဥ္ဇယားအတြင္းမွာေတာ့ Upper Bracket မွာ Burmese Ghouls နဲ႔ Resurgence တို႔ စတင္ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္သလို Rex Regum Qeon နဲ႔ Evos Legends တို႔ဟာလည္း စတင္ယွဥ္ၿပိဳင္ၾကရမွာပါ။ Lower Bracket မွာေတာ့ Geek Fam နဲ႔ Genflix Aerowolf, Onic Esports နဲ႔ Alter Ego Esports တို႔ အသီးသီးယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

ျမန္မာ Burmese Ghouls အသင္းမွာ Maybe, Ace, Rubydd, Kid, Iceice နဲ႔ Dee တို႔ ပါဝင္ပါတယ္။ Burmese Ghouls ဟာ MPL-MM ကို ၃ ႀကိမ္တိတိ အႏိုင္ရရွိခဲ့တဲ့အသင္းျဖစ္ၿပီး MPL-MM S3 နဲ႔ S4 တို႔ကို ဆက္တိုက္အႏိုင္ရရွိခဲ့တဲ့ back to back ခ်န္ပီယံအသင္းလည္းျဖစ္ပါတယ္။

Burmese Ghouls အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ Resurgence အသင္းမွာေတာ့ Xcp, Sync, Jason, Ly4ly4ly4, Kayzeepi နဲ႔ Sana တို႔ ပါဝင္ပါတယ္။ Resurgence အသင္းဟာ MPL MY/SG Season 5 မွာ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ယင္းတို႔ထဲမွာမွ Ly4ly4ly4, Sync နဲ႔ Jason တို႔ကေတာ့ MPL ခ်န္ပီယံဆုကို ၂ ႀကိမ္ေျမာက္ ရရွိခဲ့သူမ်ားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ပြဲစဥ္အခ်ိန္ဇယားနဲ႔ အေသးစိတ္အခ်က္အလက္မ်ားကို ထပ္မံေၾကညာေပးသြားမွာျဖစ္ၿပီး ပြဲစဥ္မ်ားကို ျမန္မာပြဲတင္ဆက္သူမ်ားနဲ႔ live ျပသေပးသြားမွာျဖစ္ေၾကာင္းကိုလည္း MLBB – MM တရားဝင္ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေၾကညာထားပါေသးတယ္။ ျမန္မာအသင္း Burmese Ghouls ကို အားေပးလိုတဲ့ MLBB ပရိသတ္မ်ားေစာင့္ေမွ်ာ္ၾကည့္ရႈႏိုင္ၾကေစဖို႔အတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: Mobile Legends: Bang Bang – MM facebook, Burmese Ghouls facebook