[Unicode]

မြန်မာအသင်း Burmese Ghouls နဲ့ Yangon Galacticos တို့ ပါဝင်ယှဉ်ပြိုင်ကြမယ့် ONE Esports MLBB Invitational

 

ယခုနှစ်အတွင်း ကျင်းပမယ့် ONE Esports Mobile Legends: Bang Bang Invitational ဟာ ဆုကြေးငွေစုစုပေါင်း ဒေါ်လာတစ်သိန်းခွဲ ချီးမြှင့်မယ့်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ မကြာသေးမီကတော့ ONE Esports ဟာ ယင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အသင်း ၁၂ သင်းတို့ရဲ့ နာမည်စာရင်းအပြည့်အစုံကို တရားဝင်ကြေညာခဲ့ပါတယ်။

ယင်းတို့ထဲမှာတော့ မြန်မာအသင်းများဖြစ်ကြတဲ့ Burmese Ghouls နဲ့ Yangon Galacticos တို့လည်း ပါဝင်ပါတယ်။ အသင်း ၂ သင်းအနက်မှာ Burmese Ghouls ကို ONE Esports က တိုက်ရိုက် ဖိတ်ကြားထားခဲ့တာဖြစ်ပြီး Yangon Galacticos ကတော့ ယခုလအတွင်းကျင်းပခဲ့တဲ့ ONE Esports Mobile Legends Invitational Myanmar Qualifier ပြိုင်ပွဲကို အနိုင်ရရှိပြီး တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ONE Esports Mobile Legends: Bang Bang Invitational ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အသင်းများကတော့
(တိုက်ရိုက်ဖိတ်ကြားခြင်းခံထားရတဲ့ အသင်းများ)
• EVOS Legends (အင်ဒိုနီးရှား)
• RRQ Hoshi (အင်ဒိုနီးရှား)
• Resurgence (စင်ကာပူ)
• Burmese Ghouls (မြန်မာ)
• Geek Fam (မလေးရှား)
• Bren Esports (ဖိလစ်ပိုင်)
(နိုင်ငံအလိုက် Qualifier ပြိုင်ပွဲများကို အနိုင်ရရှိခဲ့တဲ့ အသင်းများ)
• အင်ဒိုနီးရှား – Bigetron Alpha
• စင်ကာပူ – EVOS SG
• မလေးရှား – Team Bosskurr
• ထိုင်းနှင့်လာအို – IDNS
• ဖိလစ်ပိုင် – Cignal Ultra
• မြန်မာ – Yangon Galacticos
တို့ပဲဖြစ်ကြပါတယ်။

Burmese Ghouls အသင်းဟာ မကြာသေးမီရက်ပိုင်းအတွင်းကမှ ကျင်းပခဲ့တဲ့ MLBB Professional League Myanmar Season 4 (MPL-MM S4) ကိုလည်း အနိုင်ရရှိထားခဲ့ပါတယ်။ Burmese Ghouls တို့အနေနဲ့ MPL-MM Season များကို အနိုင်ရရှိခဲ့တာဟာ ယခုတစ်ခေါက်နဲ့ပါဆိုရင် ၃ ကြိမ်အထိ ရှိသွားခဲ့ပြီဖြစ်သလို Season 3 နဲ့ Season 4 တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့တာဖြစ်လို့ back to back ချန်ပီယံများအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ONE Esports Mobile Legends: Bang Bang Invitational ကို ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပမှာဖြစ်ကြောင်း မူလက ကြေညာထားခဲ့ပေမယ့် Covid-19 ရဲ့ ရိုက်ခတ်မှုများဖြစ်ပေါ်လာခဲ့တဲ့အတွက် အချိန်နောက်ဆုတ်ရွှေ့ဆိုင်းသွားခဲ့ပါတယ်။ ပြန်လည် ကျင်းပမယ့်နေ့အတိအကျကို ONE Esports နဲ့ Moonton တို့ ပူးပေါင်းပြီး ပြန်လည်ကြေညာမှာဖြစ်ကြောင်း ONE Esports ရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က MLBB M1 World Championship ကို အနိုင်ရရှိခဲ့တဲ့ EVOS Legends အပါအဝင် နိုင်ငံအသီးသီးက ထိပ်တန်းအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမယ့် ဒီပြိုင်ပွဲဟာ ပွဲကြီးပွဲကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ မြန်မာအသင်းကလည်း ၂ သင်းတောင် ပါဝင်တာမို့ အားပေးလိုသူ မြန်မာပရိသတ်များ လက်မလွတ်ကြစေဖို့အတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: oneesports.gg, Burmese Ghouls facebook, Yangon Galacticos facebook


[ZawGyi]

ျမန္မာအသင္း Burmese Ghouls နဲ႔ Yangon Galacticos တို႔ ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ONE Esports MLBB Invitational

 

ယခုႏွစ္အတြင္း က်င္းပမယ့္ ONE Esports Mobile Legends: Bang Bang Invitational ဟာ ဆုေၾကးေငြစုစုေပါင္း ေဒၚလာတစ္သိန္းခြဲ ခ်ီးျမႇင့္မယ့္ၿပိဳင္ပြဲႀကီးတစ္ခုျဖစ္ပါတယ္။ မၾကာေသးမီကေတာ့ ONE Esports ဟာ ယင္းၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ အသင္း ၁၂ သင္းတို႔ရဲ႕ နာမည္စာရင္းအျပည့္အစုံကို တရားဝင္ေၾကညာခဲ့ပါတယ္။

ယင္းတို႔ထဲမွာေတာ့ ျမန္မာအသင္းမ်ားျဖစ္ၾကတဲ့ Burmese Ghouls နဲ႔ Yangon Galacticos တို႔လည္း ပါဝင္ပါတယ္။ အသင္း ၂ သင္းအနက္မွာ Burmese Ghouls ကို ONE Esports က တိုက္႐ိုက္ ဖိတ္ၾကားထားခဲ့တာျဖစ္ၿပီး Yangon Galacticos ကေတာ့ ယခုလအတြင္းက်င္းပခဲ့တဲ့ ONE Esports Mobile Legends Invitational Myanmar Qualifier ၿပိဳင္ပြဲကို အႏိုင္ရရွိၿပီး တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ONE Esports Mobile Legends: Bang Bang Invitational ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ အသင္းမ်ားကေတာ့
(တိုက္႐ိုက္ဖိတ္ၾကားျခင္းခံထားရတဲ့ အသင္းမ်ား)
• EVOS Legends (အင္ဒိုနီးရွား)
• RRQ Hoshi (အင္ဒိုနီးရွား)
• Resurgence (စင္ကာပူ)
• Burmese Ghouls (ျမန္မာ)
• Geek Fam (မေလးရွား)
• Bren Esports (ဖိလစ္ပိုင္)
(ႏိုင္ငံအလိုက္ Qualifier ၿပိဳင္ပြဲမ်ားကို အႏိုင္ရရွိခဲ့တဲ့ အသင္းမ်ား)
• အင္ဒိုနီးရွား – Bigetron Alpha
• စင္ကာပူ – EVOS SG
• မေလးရွား – Team Bosskurr
• ထိုင္းႏွင့္လာအို – IDNS
• ဖိလစ္ပိုင္ – Cignal Ultra
• ျမန္မာ – Yangon Galacticos
တို႔ပဲျဖစ္ၾကပါတယ္။

Burmese Ghouls အသင္းဟာ မၾကာေသးမီရက္ပိုင္းအတြင္းကမွ က်င္းပခဲ့တဲ့ MLBB Professional League Myanmar Season 4 (MPL-MM S4) ကိုလည္း အႏိုင္ရရွိထားခဲ့ပါတယ္။ Burmese Ghouls တို႔အေနနဲ႔ MPL-MM Season မ်ားကို အႏိုင္ရရွိခဲ့တာဟာ ယခုတစ္ေခါက္နဲ႔ပါဆိုရင္ ၃ ႀကိမ္အထိ ရွိသြားခဲ့ၿပီျဖစ္သလို Season 3 နဲ႔ Season 4 တို႔ကို ဆက္တိုက္အႏိုင္ရရွိခဲ့တာျဖစ္လို႔ back to back ခ်န္ပီယံမ်ားအျဖစ္လည္း စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။

ONE Esports Mobile Legends: Bang Bang Invitational ကို ဇူလိုင္လ ၁ ရက္ေန႔ကေန ၅ ရက္ေန႔အထိ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕မွာ က်င္းပမွာျဖစ္ေၾကာင္း မူလက ေၾကညာထားခဲ့ေပမယ့္ Covid-19 ရဲ႕ ႐ိုက္ခတ္မႈမ်ားျဖစ္ေပၚလာခဲ့တဲ့အတြက္ အခ်ိန္ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းသြားခဲ့ပါတယ္။ ျပန္လည္ က်င္းပမယ့္ေန႔အတိအက်ကို ONE Esports နဲ႔ Moonton တို႔ ပူးေပါင္းၿပီး ျပန္လည္ေၾကညာမွာျဖစ္ေၾကာင္း ONE Esports ရဲ႕ တရားဝင္ဝက္ဘ္စာမ်က္ႏွာေပၚမွာ ေရးသားထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က MLBB M1 World Championship ကို အႏိုင္ရရွိခဲ့တဲ့ EVOS Legends အပါအဝင္ ႏိုင္ငံအသီးသီးက ထိပ္တန္းအသင္းမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ဒီၿပိဳင္ပြဲဟာ ပြဲႀကီးပြဲေကာင္းတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ ျမန္မာအသင္းကလည္း ၂ သင္းေတာင္ ပါဝင္တာမို႔ အားေပးလိုသူ ျမန္မာပရိသတ္မ်ား လက္မလြတ္ၾကေစဖို႔အတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: oneesports.gg, Burmese Ghouls facebook, Yangon Galacticos facebook