[ZawGyi]


 










 













12. MGMT – ‘Kids’ (FIFA 09)








20. Beck – ‘Dreams’ (FIFA 16)





25. Kygo – ‘ID’ (FIFA 16)





============================================

[Unicode]

FIFA ဂိမ်းအဆက်ဆက် အကောင်းဆုံး သီချင်းများ

 

ဒီတစ်ခါတော့ ဂိမ်းအကြောင်းတွေပဲ ဖတ်ရတာ ပျင်းနေလောက်ပြီဆိုတော့ ဂိမ်းနဲ့ ဆိုင်တဲ့ သီချင်းတွေ အကြောင်း ပြောချင်ပါတယ်။

ဘောလုံးကို ရူးသွပ်တဲ့ Admin တို့လို ပရိသတ်အများစုဟာ ဘောလုံးဂိမ်းတွေ ဖြစ်တဲ့ FIFA တို့ PES တို့လို ဂိမ်း တွေကို ၄,၅ တန်း အရွယ်ကနေ ယခုအချိန်ထိ ထိ ပိုးစိုးပက်စက် ဆော့နေဆဲပါ။

ငယ်စဉ်က သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်တွေမှာ တစ်နာရီ ဘယ်လောက်ဆိုပြီး ကန်နေတဲ့ ဘဝကနေ အခုအိမ်မှာ တစ်ယောက်တည်း Online ကနေ ကန်နေတဲ့ အထိ အမှတ်တရတွေများစွာ ရှိနေကြမှာပါ။

နောက်ဆုံး မိနစ်မှာ သွင်းနိုင်ခဲ့တဲ့/ သွင်းခံခဲ့ရတဲ့ အနိုင်ဂိုးတွေ၊ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ကာနီး လျှောထိုး ဖက်ထုတ်ခံခဲ့ရလို့ သူငယ်ချင်းနဲ့ တစ်ပါတ်လောက် စကားမပြောခဲ့တာတွေ၊ ဂိုး Replay တွေ အခါခါပြန်ကြည့်လွန်းလို့ စိတ်ဆိုးခဲ့ကြတာတွေဟာ ကျွန်တော်တို့လို ဘောလုံးဂိမ်းချစ်သူတွေရဲ့ အမှတ်တရတွေပါပဲ။ နည်းနည်း ကြီးလာတဲ့ အခါကျတော့ မကျေနပ်ရင် ဂိမ်းခလုပ်ကို ကိုင်ပေါက်တာတို့ စက်ကြီး ပိတ်ပစ်တာတို့တွေပေါ့။ ဒါဟာ ဘောလုံးဂိမ်း player တွေရဲ့ Rage ချက်တွေပေါ့။

ဒါတွေအပြင် နောက်ထပ်ရှိနေသေးတဲ့ လှပတဲ့ အမှတ်တရတွေကတော့ သီချင်းတွေပါ။ FIFA မှာပါတဲ့ သီချင်းတွေဟာ FIFA ဆော့နေကျ Gamer တွေအတွက်တော့ အတိတ်ကို တသသ ဖြစ်စေမှာပါ။ အခုအချိန်မှာ ပြန်ဆော့တဲ့ game play ကို မကြိုက်နိုင်ပေမယ့် FIFA ဂိမ်းအဟောင်းတွေရဲ့ သီချင်းတွေကတော့ ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေကို ပြန်လည် နှိုးဆွနေနိုင်ပါသေးတယ်။

အောက်က Youtube Playlist ကတော့ 1998 လောက်ကနေစတဲ့ FIFA ဂိမ်းတွေထဲက ယခုအချိန်ထိ အကောင်းဆုံး သီချင်း (၂၉) ကို BigTop40 website က ရွေးပေးထားတာပါ။
ဒါကို တစုတစည်းထဲ ပြန်လည် နားဆင်လို့ရအောင် Gaming Noodle ကနေ Exclusive Playlist လုပ်ပေးထားပါတယ်။

www.youtube.com/playlist?list=PLbQoAPFXQ74WO6slKHbbYPEJBiC5B1n3d

သီချင်းတွေထဲမှာ Pop, Rock, Rap အမျိုးအစား စုံလင်တဲ့အပြင် Avicii နဲ့ Calvin Harris တို့ရဲ့ Dance Music တွေလည်း ပါရှိပါတယ်။ ဒါ့အပြင် Imagine Dragon ရဲ့ “On Top of The World” လိုမျိုး ကိုယ့်ရဲ့ နိုင်ပွဲတွေကို ပြန်လည် အမှတ်ရနိုင်မယ့် သီချင်းတွေလည်း ပါရှိပါတယ်

နားဆင်ခံစားကြည့်ကြပါ ခင်ဗျာ။

 

BEST 29 FIFA  Soundtracks of All time by BigTop40

1. Avicii – ‘The Nights’ (FIFA 15)

2. Kasabian – ‘Stevie’ (FIFA 15)

3. Disclosure – ‘F For You’ (FIFA 14)

4. Dizzee Rascal & Calvin Harris – ‘Hype’ (FIFA 17)

5. John Newman – ‘Love Me Again’ (FIFA 14)

6. The Kooks – ‘Around Town’ (FIFA 15)

7. Bastille – ‘Send Them Off!’ (FIFA 17)

8. Imagine Dragons – ‘On Top Of The World’ (FIFA 13)

9. Bomba Estéreo – ‘Soy Yo’ (FIFA 16)

10. Chromeo – ‘Don’t Turn The Lights On’ (FIFA 11)

11. Passion Pit – ‘Moth’s Wings’ (FIFA 10)

12. MGMT – ‘Kids’ (FIFA 09)

13. Nico & Vinz – ‘When The Day Comes’ (FIFA 15)

14. Sam Sparro – ‘Black & Gold’ (FIFA 09)

15. Muse – ‘Supermassive Black Hole’ (FIFA 07)

16. The Hoosiers – ‘Goodbye Mr. A’ (FIFA 08)

17. Blur – ‘Song 2’ (FIFA: Road To World Cup 98)

18. Vance Joy – ‘Mess Is Mine’ (FIFA 15)

19. Speelburg – ‘Lay It Right’ (FIFA 16)

20. Beck – ‘Dreams’ (FIFA 16)

21. The Strokes – ‘Machu Picchu’ (FIFA 12)

22. Empire of the Sun – ‘Alive’ (FIFA 15)

23. Moby – ‘Bodyrock’ (FIFA 2001)

24. Kings of Leon – ‘Red Morning Light’ (FIFA Football 2004)

25. Kygo – ‘ID’ (FIFA 16)

26. Foster The People – ‘Call It What You Want’ (FIFA 12)

27. Flo Rida feat. Lil Wayne – ‘Let It Roll Part 2’ (FIFA 13)

28. Years & Years – ‘Gold’ (FIFA 16)

29. Two Door Cinema Club – ‘Sleep Alone’ (FIFA 13)

#Nostalgia #FIFA #Soundtracks