[Zawgyi]

PUBG မွာ chicken dinner ရေစမယ့္ အခ်က္ေလးမ်ား

 

အားလုံးနဲ႔ ရင္းႏီွးျပီးသား battle royale ဂိမ္း PlayerUnknown’s Battlegrounds (PUBG) ရဲ႕ လူၾကိဳက္မ်ား ေခတ္စားလာမႈကေတာ့ တစ္ဟုန္ထိုးပါပဲ။ Mobile ဖုန္းမ်ားေပၚမွာ ကစားႏိုင္တဲ့ PUBG Mobile ဟာ ထြက္ရွိျပီး တစ္ႏွစ္ေက်ာ္ေက်ာ္ေလး အတြင္းမွာပဲ Google Play Store ကေန ေဒါင္းလုပ္ေပါင္း ၁၈ သန္းေက်ာ္ ျပဳလုပ္ျခင္းခံထားရပါတယ္။ PC နဲ႔ console မ်ားကို အသုံးျပဳျပီး ကစားတဲ့သူမ်ားကို ထည့္မတြက္ရင္ေတာင္ mobile ေပၚမွာ ေဆာ့ကစားသူခ်ည္းပဲ သန္း ၂၀၀ ေက်ာ္ ရရွိထားပါတယ္။

တစ္ေယာက္တည္းျဖစ္ေစ အသင္းအဖြဲ႔နဲ႔ ျဖစ္ေစ ကစားႏိုင္တဲ့ PUBG ဂိမ္းထဲမွာ ျပိဳင္ဆိုင္မႈကလည္း မ်ားလွပါတယ္။ ပဲြတစ္ပြဲအတြင္း အျပင္းအထန္ၾကိဳးစားေနၾကတဲ့ ကစားသမားမ်ား အားလုံးထဲမွာ ေနာက္ဆုံးအခ်ိန္ထိ ရင္သန္က်န္ရစ္ျပီး Winner winner chicken dinner အႏိုင္ရေအာင္ ကစားဖုိ႔ဆိုတာလည္း အရမ္းလြယ္ကူလွတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ အႏိုင္ရဖုိ႔ အေထာက္အကူ ျဖစ္ေစမယ့္ သတိျပဳသင့္တဲ့ အခ်က္ေလးမ်ားကို ေဖာ္ျပလိုက္ပါတယ္။

 

(၁) ဘာကိုမွ အေလာတၾကီး မလုပ္ပါနဲ႔

ရန္သူကို မၾကာခင္ရင္ဆိုင္ရမယ့္ အခ်ိန္မွာ စိတ္လႈပ္ရွားျပီး ကစားသမားအမ်ားစုဟာ ကိစၥမ်ားကို အေလာတၾကီး ျပဳလုပ္တတ္ပါတယ္။ ဒီလိုလုပ္ျခင္းဟာ မွားယြင္းျပီး မိမိကို ကစားပြဲထဲကေန ထုတ္ပယ္ အဆုံးသတ္သြားေစႏိုင္ပါတယ္။ ဂိမ္းရဲ႕ အေစာပိုင္းမွာ ေလာရင္ လက္နက္မ်ား ပစၥည္းကိရိယာမ်ား လုံလုံေလာက္ေလာက္ မရျဖစ္ေစႏိုင္ပါတယ္။

ျပိဳင္ဘက္ကစားသမားနဲ႔ ေတြ႔လို႔ အေလာတၾကီး ပစ္ရင္ေတာ့ လြဲေခ်ာ္ႏိုင္သလို ေလာေနမွန္းသိတဲ့ မိမိပုံစံကို ရိပ္မိျပီး အလြယ္တကူပဲ အႏိုင္ယူသြားတတ္ပါတယ္။ အေလာတၾကီး ေျမပုံတစ္ေလွ်ာက္ေျပးရင္ ရန္သူကို မျမင္မိပဲ အပစ္ခံရႏိုင္ပါတယ္။ ဘာကိုမဆို မေလာပဲ သတိနဲ႔ ျပဳလုပ္သင့္ပါတယ္။ဒါေပမယ့္ အေလာတၾကီး မလုပ္သင့္ဘူးဆိုတာ ျမန္ျမန္မလုပ္သင့္ဘူးလုိ႔ ဆိုလိုတာေတာ့ မဟုတ္ပါဘူး။

 

(၂) ကုိယ္နဲ႔ အဆင္ေျပဆုံးလက္နက္မ်ား ေရြးခ်ယ္ထားပါ

တစ္ေယာက္နဲ႔ ကစားပုံေတြက မတူၾကပါဘူး။ တခ်ိဳ႕က အနီးပစ္မွာ အားသာျပီး တခ်ိဳ႕က အေဝးပစ္မွာ အားသာၾကပါတယ္။ တျခားတစ္ေယာက္လက္ထဲမွာ အရမ္းေကာင္းေနတဲ့ေသနတ္က ကိုယ့္နဲ႔ အဆင္ေျပခ်င္မွ ေျပမွာပါ။ ကိုယ္ ဘာနဲ႔ပစ္ရတာ အားသာတယ္၊ ဘယ္လို ပစ္ရတာ အားသာတယ္ဆိုတာကို ရွာေဖြေလ့က်င့္ထားျပီး ပြဲထဲေရာက္ရင္လည္း အဲဒီလက္နက္ကို ရွာေဖြေကာက္ယူျပီး ပစ္ရင္ အဆင္ေျပႏိုင္ပါတယ္။

ေတြ႔ရာလက္နက္မ်ားနဲ႔ ေကာက္ျပီးပစ္ေနတာထက္ ကိုယ္အားသာတဲ့ လက္နက္ေလးမ်ား ရခဲ့ရင္ ယွဥ္ပစ္တဲ့ ေနရာမွာ တစ္ပန္းသာသလို ကိုယ့္ကို သတိမမူမိတဲ့ ရန္သူေတြကိုလည္း တိတိက်က်ေလးပစ္ျပီး ပြဲလိုက္သိမ္းႏိုင္မွာပါ။ တခ်ိဳ႕အေျခအေနေတြမွာ ရရာလက္နက္နဲ႔ ပစ္ရတာေတြရွိေပမယ့္ ကိုယ့္စိတ္ၾကိဳက္လက္နက္ေလးေတြ ရခဲ့ရင္ေတာ့ အႏိုင္ရဖုိ႔ထိ ဦးတည္သြားႏိုင္ပါတယ္။

 

(၃) လက္နက္နဲ႔ ပစၥည္းကိရိယာ လုံလုံေလာက္ေလာက္ ေကာက္ယူပါ

က်ည္လုံလုံေလာက္ေလာက္ မရွိရင္ အသက္ရွင္က်န္ရစ္ေနသည့္တိုင္ေအာင္ ဂိမ္းရဲ႕ ေနာက္ပိုင္း အေျခအေနမ်ားမွာ ဒုကၡေရာက္မွာ ျဖစ္သလို အျခားအသုံးဝင္မယ့္ ပစၥည္းကိရိယာေတြကိုလည္း အသုံးလိုခ်ိန္မွာ အဆင့္သင့္ရွိေစဖုိ႔ ၾကိဳတင္ေကာက္ယူထားသင့္ပါတယ္။ လက္နက္အေနနဲ႔ ကိုယ္နဲ႔ အဆင္ေျပမယ့္ လက္နက္နဲ႔ ဆက္စပ္ကိရိယာေတြကို တတ္ႏိုင္သမွ် ရွာေဖြေကာက္ယူအသုံးျပဳရင္ အားသာခ်က္ပိုရမွာပါ။

ဒါေပမယ့္ လိုတာထက္ ပိုျပီး ေကာက္ယူျခင္းကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။ ေလာဘတၾကီးနဲ႔ အျမဲတမ္းလိုက္ရွာေနမယ္ဆိုရင္ သတိမမူမိခ်ိန္မွာ ရန္သူပစ္တာခံရႏိုင္သလို ေဘးကင္းတဲ့ေနရာကို ေရာက္ရွိဖုိ႔လည္း အခ်ိန္ေနာက္က်သြားႏိုင္ပါတယ္။ ဘယ္အရာမဆို တန္ေဆးလြန္ေဘး ျဖစ္တတ္လို့ သင့္ေတာ္သေလာက္ပဲ လုပ္သင့္ပါတယ္။

 

(၄) တိတိက်က် ဆုံးျဖတ္ပါ

ဘာကိုပဲလုပ္လုပ္ တိတိက်က် ဆုံးျဖတ္ျပီး ျပဳလုပ္သင့္ပါတယ္။ ရန္သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ ရင္ဆိုင္ေတြ႔တဲ့အခ်ိန္၊ ယာဥ္ေမာင္းႏွင္တဲ့ အခ်ိန္၊ စက္ဝိုင္းထဲကို အသက္လုေျပးရတဲ့ အခ်ိန္၊ ေနာက္ဆုံး ကစားသမားနည္းနည္းေလးပဲ က်န္ေတာ့တဲ့ အခ်ိန္၊ အသင္းေဖာ္ တစ္ေယာက္ကို ကယ္ရမယ့္အခ်ိန္ စသျဖင့္ အေရးၾကီးတဲ့ အခ်ိန္ေတြမွာ တိတိက်က် မဆုံးျဖတ္ပဲ ဟိုလိုဒီလိုလိုေတြလုပ္ရင္ အရႈံးနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။

ထြက္ ပစ္သင့္လား၊ ေျပးျပီး ေနာက္ပိုင္း အားသာတဲ့ေနရာေရာက္မွ ျပန္ပစ္သင့္လား၊ ယာဥ္ကို ေမာင္းႏွင္သြားသင့္လား၊ ပုန္းကြယ္ေနသင့္လား၊ ကယ္သင့္ မကယ္သင့္ စသျဖင့္ ဆုံးျဖတ္ခ်က္ေတြကို တစ္ေယာက္တည္းကစားရင္လည္း မိမိဘာသာ ျပဳလုပ္သင့္သလို အသင္းလိုက္ကစားရင္လည္း အသင္းေခါင္းေဆာင္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႕ျဖစ္ေစ အသင္းသားအားလုံးေပါင္းျပီး ဆုံးျဖတ္တာပဲ ျဖစ္ေစ တိတိက်က် ျပဳလုပ္သင့္ပါတယ္။ မွန္ကန္တိက်တဲ့ ဆုံးျဖတ္ခ်က္တစ္ခုတည္းကေတာင္ ကစားပြဲမွာ အႏိုင္ရေအာင္ ေခၚေဆာင္သြားႏိုင္ပါတယ္။

 

(၅) အသက္ရွင္က်န္ရစ္ဖုိ႔က အဓိကဆိုတာ အျမဲသတိရပါ

လိုအပ္တာထက္ပိုျပီး ရန္သူနဲ႔ ရင္ဆိုင္ပစ္ျခင္း၊ kill ရဖုိ႔ အာရုံစိုက္လြန္းျခင္း၊ လက္နက္ ပစၥည္းကိရိယာရွာလြန္းျခင္း စတာေတြကို လုပ္လြန္းရင္လည္း အႏိုင္နဲ႕လြဲေခ်ာ္ႏိုင္ပါတယ္။ တစ္ခ်ိန္လုံး ပုန္းကြယ္ေနရမယ္လို႔ မဆိုလိုေပမယ့္ အသက္ရွင္က်န္ေနမွပဲ အႏိုင္ရရွိဖုိ႔ ျဖစ္ႏိုင္မွာမို႔ မေသဖုိ႔ သတိထားေနသင့္ပါတယ္။

ကိုယ့္အားသာခ်က္အရ ေျမပုံတစ္ေလွ်ာက္ ရန္သူေတြကို အသာစီးယူ ပစ္ခတ္တာေတြ၊ ပစၥည္းလုံေလာက္ေအာင္ ရွာတာ၊ ရန္သူရွိတဲ့ေနရာကို စီးနင္းတာေတြ လုပ္သင့္ေပမယ့္ ဂိမ္းရဲ႕ အဓိက ရည္ရြယ္ခ်က္ျဖစ္တဲ့ အသက္ရွင္က်န္ရစ္ဖုိ႔ကို ကစားသမားမ်ား တစ္ခါတစ္ေလ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ Winner winner chicken dinner ရတယ္ဆိုတာ ေနာက္ဆုံးက်န္ခဲ့တဲ့ အသင္း သို႔မဟုတ္ ကစားသမားကပဲ ရတာကို အျမဲသတိခ်ပ္သင့္ပါတယ္။

 

(၆) Stream မ်ားၾကည့္ျပီး ေလ့လာပါ

ကိုယ့္ထက္ ပိုေကာင္းတဲ့ ကစားသမားမ်ားေတြရဲ႕ stream ေတြကို ၾကည့္ျခင္းအားျဖင့္ သူတို့ရဲ႕ ကစားကြက္ေတြထဲက ေကာင္းမြန္တာေတြကို အတုယူႏိုင္သလို သူတို႔လုပ္တဲ့ အမွားေတြကေနလည္း သင္ခန္းစာ ယူႏိုင္မွာပါ။ Stream တစ္ခုကို ၾကည့္ရႈရတာဟာဂိမ္းထဲမွာ ကိုယ္တိုင္ဝင္ေရာက္ကစားေနရတဲ့ အေတြ႔အၾကံဳနဲ႔ ကြာျခားခ်က္ေတြရွိျပီး အားနည္းခ်က္ အားသာခ်က္ေတြကို ပိုျပီး ျမင္ႏိုင္မွာပါ။

သူတို႔ရဲ႕ ပစ္ပုံခတ္ပုံ၊ ေျပးလႊားပုံ၊ ပုန္းကြယ္ပုံ၊ ဆုံးျဖတ္ခ်က္ခ်ပုံ စတာေတြကို stream ၾကည့္ျပီး ေလ့လာႏိုင္သလို ကိုယ္မသိေသးတာေတြနဲ႔ သတိမထားမိတာေတြကိုလည္း ေတြ႔ျမင္လာရႏိုင္ပါတယ္။ Pro ကစားသမားမ်ားကို ေလ့လာသင့္ေပမယ့္ တစ္ဦးနဲ႔တစ္ဦး အားသာခ်က္ခ်င္းနဲ႕ ကစားပုံေတြ မတူၾကလုိ႔ သူတို႔ ကစားသလိုေတာ့ အတိအက် လိုက္ျပီး တုပ မကစားသင့္ပါဘူး။

 

(၇) မ်ားမ်ားကစားပါ

ကစားပြဲမ်ားမ်ား ကစားေလ အေတြ႔အၾကံဳမ်ားမ်ားရေလပါပဲ။ ေကာင္းေကာင္းကစားတတ္ခ်င္ရင္ ရႈံးမွာကို ေၾကာက္ေနတာမ်ိဳး မလုပ္ပဲ မ်ားႏိုင္သမွ် မ်ားမ်ားကစားသင့္ပါတယ္။ စ စ ခ်င္း အဆင္မေျပပဲ ရႈံးပြဲေတြ ဆက္ေနရင္ေတာင္ ေနာက္ပိုင္း အေတြ႔အၾကံဳမ်ားသြားရင္ ႏိုင္ပြဲေတြရလာႏိုင္ပါတယ္။ ကစားခဲ့တဲ့ပြဲေတြမွာ ၾကံဳခဲ့ရတဲ့ သင္ခန္းစာေတြနဲ႔ မွတ္သားစရာေတြကို အမႈမဲ့ အမွတ္မဲ့ မထားပဲ ေနာက္တစ္ပြဲမွာ ျပန္အသုံးခ်သင့္ပါတယ္။

PUBG မွာအႏိုင္ရရွိဖုိ့ အျခားအခ်က္ေတြ အေပၚမွာလည္း မူတည္ေနႏိုင္ပါေသးတယ္။ တကယ့္ professional ပြဲၾကီးေတြမွာ ကစားေနတဲ့ ကစားသမားၾကီးေတြေတာင္ ဘာမွမသိ ဘာမွမတတ္ေသးတဲ့ ဘဝကေန စခဲ့ရတာမို႔ မည္သူမဆို အခုထက္ပိုျပီး ကြ်မ္းက်င္တဲ့ကစားသမား ျဖစ္လာႏိုင္တာပါ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ေကာင္းမြန္တဲ့ ကစားပြဲ တစ္ပြဲ ျဖစ္လာဖုိ႔ကေတာ့ ကစားသမားရဲ႕ တာဝန္ပဲျဖစ္ပါေတာ့တယ္။ PUBG အေၾကာင္းအရာမ်ားနဲ႔ အျခားေသာ esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

By Combo (Htet Wai Yan)


[Unicode]

PUBG မှာ chicken dinner ရစေမယ့် အချက်လေးများ

 

အားလုံးနဲ့ ရင်းနှီးပြီးသား battle royale ဂိမ်း PlayerUnknown’s Battlegrounds (PUBG) ရဲ့ လူကြိုက်များ ခေတ်စားလာမှုကတော့ တစ်ဟုန်ထိုးပါပဲ။ Mobile ဖုန်းများပေါ်မှာ ကစားနိုင်တဲ့ PUBG Mobile ဟာ ထွက်ရှိပြီး တစ်နှစ်ကျော်ကျော်လေး အတွင်းမှာပဲ Google Play Store ကနေ ဒေါင်းလုပ်ပေါင်း ၁၈ သန်းကျော် ပြုလုပ်ခြင်းခံထားရပါတယ်။ PC နဲ့ console များကို အသုံးပြုပြီး ကစားတဲ့သူများကို ထည့်မတွက်ရင်တောင် mobile ပေါ်မှာ ဆော့ကစားသူချည်းပဲ သန်း ၂၀၀ ကျော် ရရှိထားပါတယ်။

တစ်ယောက်တည်းဖြစ်စေ အသင်းအဖွဲ့နဲ့ ဖြစ်စေ ကစားနိုင်တဲ့ PUBG ဂိမ်းထဲမှာ ပြိုင်ဆိုင်မှုကလည်း များလှပါတယ်။ ပွဲတစ်ပွဲအတွင်း အပြင်းအထန်ကြိုးစားနေကြတဲ့ ကစားသမားများ အားလုံးထဲမှာ နောက်ဆုံးအချိန်ထိ ရင်သန်ကျန်ရစ်ပြီး Winner winner chicken dinner အနိုင်ရအောင် ကစားဖို့ဆိုတာလည်း အရမ်းလွယ်ကူလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အနိုင်ရဖို့ အထောက်အကူ ဖြစ်စေမယ့် သတိပြုသင့်တဲ့ အချက်လေးများကို ဖော်ပြလိုက်ပါတယ်။

 

(၁) ဘာကိုမှ အလောတကြီး မလုပ်ပါနဲ့

ရန်သူကို မကြာခင်ရင်ဆိုင်ရမယ့် အချိန်မှာ စိတ်လှုပ်ရှားပြီး ကစားသမားအများစုဟာ ကိစ္စများကို အလောတကြီး ပြုလုပ်တတ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ မှားယွင်းပြီး မိမိကို ကစားပွဲထဲကနေ ထုတ်ပယ် အဆုံးသတ်သွားစေနိုင်ပါတယ်။ ဂိမ်းရဲ့ အစောပိုင်းမှာ လောရင် လက်နက်များ ပစ္စည်းကိရိယာများ လုံလုံလောက်လောက် မရဖြစ်စေနိုင်ပါတယ်။

ပြိုင်ဘက်ကစားသမားနဲ့ တွေ့လို့ အလောတကြီး ပစ်ရင်တော့ လွဲချော်နိုင်သလို လောနေမှန်းသိတဲ့ မိမိပုံစံကို ရိပ်မိပြီး အလွယ်တကူပဲ အနိုင်ယူသွားတတ်ပါတယ်။ အလောတကြီး မြေပုံတစ်လျှောက်ပြေးရင် ရန်သူကို မမြင်မိပဲ အပစ်ခံရနိုင်ပါတယ်။ ဘာကိုမဆို မလောပဲ သတိနဲ့ ပြုလုပ်သင့်ပါတယ်။ဒါပေမယ့် အလောတကြီး မလုပ်သင့်ဘူးဆိုတာ မြန်မြန်မလုပ်သင့်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

 

(၂) ကိုယ်နဲ့ အဆင်ပြေဆုံးလက်နက်များ ရွေးချယ်ထားပါ

တစ်ယောက်နဲ့ ကစားပုံတွေက မတူကြပါဘူး။ တချို့က အနီးပစ်မှာ အားသာပြီး တချို့က အဝေးပစ်မှာ အားသာကြပါတယ်။ တခြားတစ်ယောက်လက်ထဲမှာ အရမ်းကောင်းနေတဲ့သေနတ်က ကိုယ့်နဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ ကိုယ် ဘာနဲ့ပစ်ရတာ အားသာတယ်၊ ဘယ်လို ပစ်ရတာ အားသာတယ်ဆိုတာကို ရှာဖွေလေ့ကျင့်ထားပြီး ပွဲထဲရောက်ရင်လည်း အဲဒီလက်နက်ကို ရှာဖွေကောက်ယူပြီး ပစ်ရင် အဆင်ပြေနိုင်ပါတယ်။

တွေ့ရာလက်နက်များနဲ့ ကောက်ပြီးပစ်နေတာထက် ကိုယ်အားသာတဲ့ လက်နက်လေးများ ရခဲ့ရင် ယှဉ်ပစ်တဲ့ နေရာမှာ တစ်ပန်းသာသလို ကိုယ့်ကို သတိမမူမိတဲ့ ရန်သူတွေကိုလည်း တိတိကျကျလေးပစ်ပြီး ပွဲလိုက်သိမ်းနိုင်မှာပါ။ တချို့အခြေအနေတွေမှာ ရရာလက်နက်နဲ့ ပစ်ရတာတွေရှိပေမယ့် ကိုယ့်စိတ်ကြိုက်လက်နက်လေးတွေ ရခဲ့ရင်တော့ အနိုင်ရဖို့ထိ ဦးတည်သွားနိုင်ပါတယ်။

 

(၃) လက်နက်နဲ့ ပစ္စည်းကိရိယာ လုံလုံလောက်လောက် ကောက်ယူပါ

ကျည်လုံလုံလောက်လောက် မရှိရင် အသက်ရှင်ကျန်ရစ်နေသည့်တိုင်အောင် ဂိမ်းရဲ့ နောက်ပိုင်း အခြေအနေများမှာ ဒုက္ခရောက်မှာ ဖြစ်သလို အခြားအသုံးဝင်မယ့် ပစ္စည်းကိရိယာတွေကိုလည်း အသုံးလိုချိန်မှာ အဆင့်သင့်ရှိစေဖို့ ကြိုတင်ကောက်ယူထားသင့်ပါတယ်။ လက်နက်အနေနဲ့ ကိုယ်နဲ့ အဆင်ပြေမယ့် လက်နက်နဲ့ ဆက်စပ်ကိရိယာတွေကို တတ်နိုင်သမျှ ရှာဖွေကောက်ယူအသုံးပြုရင် အားသာချက်ပိုရမှာပါ။

ဒါပေမယ့် လိုတာထက် ပိုပြီး ကောက်ယူခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လောဘတကြီးနဲ့ အမြဲတမ်းလိုက်ရှာနေမယ်ဆိုရင် သတိမမူမိချိန်မှာ ရန်သူပစ်တာခံရနိုင်သလို ဘေးကင်းတဲ့နေရာကို ရောက်ရှိဖို့လည်း အချိန်နောက်ကျသွားနိုင်ပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဖြစ်တတ်လို့ သင့်တော်သလောက်ပဲ လုပ်သင့်ပါတယ်။

 

(၄) တိတိကျကျ ဆုံးဖြတ်ပါ

ဘာကိုပဲလုပ်လုပ် တိတိကျကျ ဆုံးဖြတ်ပြီး ပြုလုပ်သင့်ပါတယ်။ ရန်သူနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့တဲ့အချိန်၊ ယာဉ်မောင်းနှင်တဲ့ အချိန်၊ စက်ဝိုင်းထဲကို အသက်လုပြေးရတဲ့ အချိန်၊ နောက်ဆုံး ကစားသမားနည်းနည်းလေးပဲ ကျန်တော့တဲ့ အချိန်၊ အသင်းဖော် တစ်ယောက်ကို ကယ်ရမယ့်အချိန် စသဖြင့် အရေးကြီးတဲ့ အချိန်တွေမှာ တိတိကျကျ မဆုံးဖြတ်ပဲ ဟိုလိုဒီလိုလိုတွေလုပ်ရင် အရှုံးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

ထွက် ပစ်သင့်လား၊ ပြေးပြီး နောက်ပိုင်း အားသာတဲ့နေရာရောက်မှ ပြန်ပစ်သင့်လား၊ ယာဉ်ကို မောင်းနှင်သွားသင့်လား၊ ပုန်းကွယ်နေသင့်လား၊ ကယ်သင့် မကယ်သင့် စသဖြင့် ဆုံးဖြတ်ချက်တွေကို တစ်ယောက်တည်းကစားရင်လည်း မိမိဘာသာ ပြုလုပ်သင့်သလို အသင်းလိုက်ကစားရင်လည်း အသင်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်နဲ့ဖြစ်စေ အသင်းသားအားလုံးပေါင်းပြီး ဆုံးဖြတ်တာပဲ ဖြစ်စေ တိတိကျကျ ပြုလုပ်သင့်ပါတယ်။ မှန်ကန်တိကျတဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းကတောင် ကစားပွဲမှာ အနိုင်ရအောင် ခေါ်ဆောင်သွားနိုင်ပါတယ်။

 

(၅) အသက်ရှင်ကျန်ရစ်ဖို့က အဓိကဆိုတာ အမြဲသတိရပါ

လိုအပ်တာထက်ပိုပြီး ရန်သူနဲ့ ရင်ဆိုင်ပစ်ခြင်း၊ kill ရဖို့ အာရုံစိုက်လွန်းခြင်း၊ လက်နက် ပစ္စည်းကိရိယာရှာလွန်းခြင်း စတာတွေကို လုပ်လွန်းရင်လည်း အနိုင်နဲ့လွဲချော်နိုင်ပါတယ်။ တစ်ချိန်လုံး ပုန်းကွယ်နေရမယ်လို့ မဆိုလိုပေမယ့် အသက်ရှင်ကျန်နေမှပဲ အနိုင်ရရှိဖို့ ဖြစ်နိုင်မှာမို့ မသေဖို့ သတိထားနေသင့်ပါတယ်။

ကိုယ့်အားသာချက်အရ မြေပုံတစ်လျှောက် ရန်သူတွေကို အသာစီးယူ ပစ်ခတ်တာတွေ၊ ပစ္စည်းလုံလောက်အောင် ရှာတာ၊ ရန်သူရှိတဲ့နေရာကို စီးနင်းတာတွေ လုပ်သင့်ပေမယ့် ဂိမ်းရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ အသက်ရှင်ကျန်ရစ်ဖို့ကို ကစားသမားများ တစ်ခါတစ်လေ မေ့လျော့နေတတ်ကြပါတယ်။ Winner winner chicken dinner ရတယ်ဆိုတာ နောက်ဆုံးကျန်ခဲ့တဲ့ အသင်း သို့မဟုတ် ကစားသမားကပဲ ရတာကို အမြဲသတိချပ်သင့်ပါတယ်။

 

(၆) Stream များကြည့်ပြီး လေ့လာပါ

ကိုယ့်ထက် ပိုကောင်းတဲ့ ကစားသမားများတွေရဲ့ stream တွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ ကစားကွက်တွေထဲက ကောင်းမွန်တာတွေကို အတုယူနိုင်သလို သူတို့လုပ်တဲ့ အမှားတွေကနေလည်း သင်ခန်းစာ ယူနိုင်မှာပါ။ Stream တစ်ခုကို ကြည့်ရှုရတာဟာဂိမ်းထဲမှာ ကိုယ်တိုင်ဝင်ရောက်ကစားနေရတဲ့ အတွေ့အကြုံနဲ့ ကွာခြားချက်တွေရှိပြီး အားနည်းချက် အားသာချက်တွေကို ပိုပြီး မြင်နိုင်မှာပါ။

သူတို့ရဲ့ ပစ်ပုံခတ်ပုံ၊ ပြေးလွှားပုံ၊ ပုန်းကွယ်ပုံ၊ ဆုံးဖြတ်ချက်ချပုံ စတာတွေကို stream ကြည့်ပြီး လေ့လာနိုင်သလို ကိုယ်မသိသေးတာတွေနဲ့ သတိမထားမိတာတွေကိုလည်း တွေ့မြင်လာရနိုင်ပါတယ်။ Pro ကစားသမားများကို လေ့လာသင့်ပေမယ့် တစ်ဦးနဲ့တစ်ဦး အားသာချက်ချင်းနဲ့ ကစားပုံတွေ မတူကြလို့ သူတို့ ကစားသလိုတော့ အတိအကျ လိုက်ပြီး တုပ မကစားသင့်ပါဘူး။

 

(၇) များများကစားပါ

ကစားပွဲများများ ကစားလေ အတွေ့အကြုံများများရလေပါပဲ။ ကောင်းကောင်းကစားတတ်ချင်ရင် ရှုံးမှာကို ကြောက်နေတာမျိုး မလုပ်ပဲ များနိုင်သမျှ များများကစားသင့်ပါတယ်။ စ စ ချင်း အဆင်မပြေပဲ ရှုံးပွဲတွေ ဆက်နေရင်တောင် နောက်ပိုင်း အတွေ့အကြုံများသွားရင် နိုင်ပွဲတွေရလာနိုင်ပါတယ်။ ကစားခဲ့တဲ့ပွဲတွေမှာ ကြုံခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ မှတ်သားစရာတွေကို အမှုမဲ့ အမှတ်မဲ့ မထားပဲ နောက်တစ်ပွဲမှာ ပြန်အသုံးချသင့်ပါတယ်။

PUBG မှာအနိုင်ရရှိဖို့ အခြားအချက်တွေ အပေါ်မှာလည်း မူတည်နေနိုင်ပါသေးတယ်။ တကယ့် professional ပွဲကြီးတွေမှာ ကစားနေတဲ့ ကစားသမားကြီးတွေတောင် ဘာမှမသိ ဘာမှမတတ်သေးတဲ့ ဘဝကနေ စခဲ့ရတာမို့ မည်သူမဆို အခုထက်ပိုပြီး ကျွမ်းကျင်တဲ့ကစားသမား ဖြစ်လာနိုင်တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ကစားပွဲ တစ်ပွဲ ဖြစ်လာဖို့ကတော့ ကစားသမားရဲ့ တာဝန်ပဲဖြစ်ပါတော့တယ်။ PUBG အကြောင်းအရာများနဲ့ အခြားသော esport သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

 

By Combo (Htet Wai Yan)