[Zawgyi]

TI9 ၾကည့္ရင္း Twitch ေပၚမွာ ဒီစကားလုံးေတြ ေျပာရင္ ban မယ္

 

Dota 2 ရဲ႕ The International 2019 (TI9) ကို တရုတ္ႏိုင္ငံ ရွန္ဟိုင္းမွာ က်င္းပျပဳလုပ္တာျဖစ္ျပီး Dota 2 client ေပၚမွာသာမက Twitch ေပၚမွာလည္း ၾကည့္ရႈႏိုင္ပါတယ္။ လြန္ခဲ့တဲ့ရက္အနည္းငယ္က ပရိသတ္မ်ားဟာ Dota 2 ရဲ႕ တရားဝင္ TI Twitch channel ေပၚမွာ “Tiananmen Square” နဲ႔ “Winnie the Pooh” ဆိုတဲ့ စကားလုံးမ်ား ကို ေျပာရင္ stream chat ကို ဖယ္ရွားခံရျပီး ေျပာသူကိုလည္း အျပစ္ဒဏ္ေပးေၾကာင္း ေတြ႔ရွိခဲ့ၾကပါတယ္။

ဒီ စကားလုံးမ်ားကုိ ေျပာသူဟာ အရင္ဆုံး chat ေျပာခြင့္ ၂ မိနစ္ခန္႔ ပိတ္သြားမွာ ျဖစ္ျပီး ဆက္ေျပာေနမယ္ဆိုရင္ေတာ့ ban ခံရႏိုင္ပါတယ္။ Valve နဲ႔ ရွန္ဟိုင္းအာဏာပိုင္အဖြဲ႔ဟာ TI9 ပြဲၾကီးျပဳလုပ္ဖုိ႔ သေဘာတူညီမႈမ်ား ျပဳလုပ္ထားတာ ျဖစ္ျပီး တရုတ္ကုမၸဏီ Perfect World နဲ႔လည္း ပူးေပါင္းထားရပါတယ္။ Perfect World ဟာ တရုတ္မွာ Steam ကို အသုံးျပဳခြင့္ရေစဖုိ႔ ကူညီထားတာျဖစ္ျပီး အဆိုပါ ကုမၸဏီကပဲ ဒီကန္႔သတ္မႈမ်ားကို ျပဳလုပ္တာပါ။

1989 Tiananmen Square Protest (From Wiki)

“Tiananmen Square” ဆိုတာကေတာ့ ေဘက်င္းျမိဳ႕မွာ ရွိတဲ့ နာမည္ေက်ာ္ ေနရာတစ္ခုျဖစ္ပါတယ္။ ၁၉၈၉ ခုႏွစ္က တရုတ္အစိုးရဟာ ေက်ာင္းသားမ်ား ဦးေဆာင္တဲ့ အေရးအခင္းတစ္ခုကို ႏိွမ္နင္းခဲ့ျပီး ဒီအျဖစ္အပ်က္မွာ လူေသဆုံးမႈမ်ားလည္းျဖစ္ေပၚခဲ့ပါတယ္။ ဓာတ္ပုံမ်ားလည္း ေပၚထြက္လာခဲ့ျပီး တရုတ္အစိုးရဟာ ဒီကိစၥနဲ႔ ပတ္သတ္တာ မွန္သမွ် ထပ္မံ မေပၚေပါက္လာဖုိ႔ ျပင္းျပင္းထန္ထန္ ကန္႔သတ္ထားပါတယ္။

“Winnie the Pooh” ကို ေျပာမိလို႔ ban ခံရတဲ့ ပရိသတ္မ်ားရွိေနတယ္လို႔လည္း ဆိုၾကပါတယ္။ Winnie the Pooh ဆိုတာကေတာ့ အဝါေရာင္ဝက္ဝံပုံစံရွိတဲ့ ကာတြန္းဇာတ္ေကာင္ေလးျဖစ္ျပီး ကေလးမ်ားအတြက္ ျဗိတိန္ႏိုင္ငံက ထုတ္လုပ္ထားတာပါ။ လူမႈကြန္ရက္မ်ားေပၚမွာ တရုတ္သမၼတ Xi Jinping နဲ႔ ႏိႈင္းယွဥ္ျပီး ဟာသလုပ္မႈ မ်ားျပားလာလုိ႔ ၂၀၁၈ က စျပီး Winnie the Pooh ကို တရုတ္မွာ ဆင္ဆာကန္႔သတ္ခဲ့ပါတယ္။

မယုံၾကည္လို႔ စမ္းသပ္ေျပာဆိုၾကတဲ့ အခ်ိဳ႕သူမ်ားကေတာ့ ban မခံရဘူးလုိ႔ ေျပာၾကျပီး အျခားသူမ်ားနဲ႔ ကြဲျပားျခားနားေနပါတယ္။ ဒါဟာ Twitch ေပၚမွာ ကန္႔သတ္မႈမ်ား ျပဳလုပ္တဲ့ MooBot ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ျဖစ္ႏိုင္ေၾကာင္း အခ်ိဳ႕က သုံးသပ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ TI9 ကို ၾကည့္ရႈရင္း Twitch ေပၚမွာ ban ခံရျခင္းမ်ား ကင္းေဝးေစဖုိ႔ ဒီစကားလုံးမ်ားကို ေရွာင္ၾကဥ္သင့္လွပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

TI9 ကြည့်ရင်း Twitch ပေါ်မှာ ဒီစကားလုံးတွေ ပြောရင် ban မယ်

 

Dota 2 ရဲ့ The International 2019 (TI9) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး Dota 2 client ပေါ်မှာသာမက Twitch ပေါ်မှာလည်း ကြည့်ရှုနိုင်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ပရိသတ်များဟာ Dota 2 ရဲ့ တရားဝင် TI Twitch channel ပေါ်မှာ “Tiananmen Square” နဲ့ “Winnie the Pooh” ဆိုတဲ့ စကားလုံးများ ကို ပြောရင် stream chat ကို ဖယ်ရှားခံရပြီး ပြောသူကိုလည်း အပြစ်ဒဏ်ပေးကြောင်း တွေ့ရှိခဲ့ကြပါတယ်။

1989 Tiananmen Square Protest (From Wiki)

ဒီ စကားလုံးများကို ပြောသူဟာ အရင်ဆုံး chat ပြောခွင့် ၂ မိနစ်ခန့် ပိတ်သွားမှာ ဖြစ်ပြီး ဆက်ပြောနေမယ်ဆိုရင်တော့ ban ခံရနိုင်ပါတယ်။ Valve နဲ့ ရှန်ဟိုင်းအာဏာပိုင်အဖွဲ့ဟာ TI9 ပွဲကြီးပြုလုပ်ဖို့ သဘောတူညီမှုများ ပြုလုပ်ထားတာ ဖြစ်ပြီး တရုတ်ကုမ္ပဏီ Perfect World နဲ့လည်း ပူးပေါင်းထားရပါတယ်။ Perfect World ဟာ တရုတ်မှာ Steam ကို အသုံးပြုခွင့်ရစေဖို့ ကူညီထားတာဖြစ်ပြီး အဆိုပါ ကုမ္ပဏီကပဲ ဒီကန့်သတ်မှုများကို ပြုလုပ်တာပါ။

 

“Tiananmen Square” ဆိုတာကတော့ ဘေကျင်းမြို့မှာ ရှိတဲ့ နာမည်ကျော် နေရာတစ်ခုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က တရုတ်အစိုးရဟာ ကျောင်းသားများ ဦးဆောင်တဲ့ အရေးအခင်းတစ်ခုကို နှိမ်နင်းခဲ့ပြီး ဒီအဖြစ်အပျက်မှာ လူသေဆုံးမှုများလည်းဖြစ်ပေါ်ခဲ့ပါတယ်။ ဓာတ်ပုံများလည်း ပေါ်ထွက်လာခဲ့ပြီး တရုတ်အစိုးရဟာ ဒီကိစ္စနဲ့ ပတ်သတ်တာ မှန်သမျှ ထပ်မံ မပေါ်ပေါက်လာဖို့ ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါတယ်။

“Winnie the Pooh” ကို ပြောမိလို့ ban ခံရတဲ့ ပရိသတ်များရှိနေတယ်လို့လည်း ဆိုကြပါတယ်။ Winnie the Pooh ဆိုတာကတော့ အဝါရောင်ဝက်ဝံပုံစံရှိတဲ့ ကာတွန်းဇာတ်ကောင်လေးဖြစ်ပြီး ကလေးများအတွက် ဗြိတိန်နိုင်ငံက ထုတ်လုပ်ထားတာပါ။ လူမှုကွန်ရက်များပေါ်မှာ တရုတ်သမ္မတ Xi Jinping နဲ့ နှိုင်းယှဉ်ပြီး ဟာသလုပ်မှု များပြားလာလို့ ၂၀၁၈ က စပြီး Winnie the Pooh ကို တရုတ်မှာ ဆင်ဆာကန့်သတ်ခဲ့ပါတယ်။

မယုံကြည်လို့ စမ်းသပ်ပြောဆိုကြတဲ့ အချို့သူများကတော့ ban မခံရဘူးလို့ ပြောကြပြီး အခြားသူများနဲ့ ကွဲပြားခြားနားနေပါတယ်။ ဒါဟာ Twitch ပေါ်မှာ ကန့်သတ်မှုများ ပြုလုပ်တဲ့ MooBot ရဲ့ ချို့ယွင်းချက်ကြောင့်ဖြစ်နိုင်ကြောင်း အချို့က သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် TI9 ကို ကြည့်ရှုရင်း Twitch ပေါ်မှာ ban ခံရခြင်းများ ကင်းဝေးစေဖို့ ဒီစကားလုံးများကို ရှောင်ကြဉ်သင့်လှပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။