[Unicode]

ဖိလစ်ပိုင်တွင် Esports ပညာရပ် ဘွဲ့ဒီဂရီ ရယူနိုင်တော့မည်

 

အီလက်ထရောနစ်အားကစားဘာသာရပ် (Esports) ဒီဂရီဘွဲ့များဟာ ကမ္ဘာပေါ်မှာ အလွန်ထွန်းကားလာတဲ့ Esports ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာခဲ့တဲ့ဘွဲ့များပါ။ ဒါကြောင့် အမေရိကန်၊ ယူကေနဲ့ မလေးရှားတို့လို ခေတ်မီနိုင်ငံများမှာ Esports ဘာသာရပ်များကို တွင်တွင်ကျယ်ကျယ်သင်ကြားပြီး ဒီဂရီဘွဲ့ အပ်နှင်းပေးနေတဲ့ ကောလိပ်တက္ကသိုလ်အမြောက်အများ ပေါ်ပေါက်လို့နေပါပြီ။

မကြာသေးမီက ထွက်ပေါ်လာခဲ့တဲ့သတင်းများအရ ဖိလပ်ပိုင်ဟာလည်း နိုင်ငံတွင်းမှာ Bachelor of Science in Esports ဒီဂရီဘွဲ့အပ်နှင်းပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Tier One Entertainment ရဲ့ ဥက္ကဌဖြစ်သူ Tryke Gutierrez က ယင်းတို့ဟာ ဖိလစ်ပိုင်နိုင်ငံ လိုင်စီယမ်တက္ကသိုလ်မှာ ဒီဘွဲ့အတွက် သင်ကြားမယ့် သင်ရိုးညွှန်းတမ်းကို အပြီးသတ်ရေးဆွဲနေပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့တာပါ။

Lyceum of the Philippines University

Bachelor of Science in Esports ဘွဲ့ကို ရရှိဖို့အတွက် လိုင်စီယမ်တက္ကသိုလ်မှာ ၄ နှစ်တာ သင်ယူဖို့ လိုအပ်မှာဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။ သင်ရိုးညွှန်းတမ်းအရ ကျောင်းသားများဟာ ဂိမ်းဒီဇိုင်းရေးဆွဲခြင်းဘာသာရပ်နဲ့ Esports ဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် ၂ ခုတို့ကို အဓိကလေ့လာသင်ယူသွားရမှာဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

“ဒီသင်ရိုးညွှန်းတမ်းဟာ ဂိမ်းနဲ့ ပတ်သက်ပြီး အပျော်သက်သက်ရေးဆွဲထားတာ မဟုတ်လို့ ဒါကို လေ့လာသင်ယူဖို့ကိစ္စဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ Esports လောကထဲမှာ ကျင်လည်နေတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီနယ်ပယ်ထဲမှာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ရရှိနိုင်ဖို့အတွက် စိတ်အားထက်သန်မှုအပြင် ဘာတွေထပ်ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာကို ကောင်းကောင်းသိထားပါတယ်။

“Esports လောကမှာ ရှင်သန်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားမှု၊ အနစ်နာခံမှု၊ ကျွမ်းကျင်မှု၊ ပရော်ဖက်ရှင်နယ်ပီသမှုတို့အပြင် အခြားလိုအပ်တဲ့အရာတွေနဲ့လည်း ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ကျောင်းသားများ ဒါတွေရရှိလာနိုင်အောင် သင်ရိုးညွှန်းတမ်းအတွင်းမှာ ထည့်သွင်းသင်ကြားသွားမှာပါ” အစရှိသဖြင့်လည်း Tryke Gutierrez က ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ပထမဆုံးသော Esports ဒီဂရီဘွဲ့ကိုအပ်နှင်းနိုင်ဖို့ သင်ကြားမယ့် ဒီသင်ရိုးညွှန်းတမ်းကို ၈၀ ရာခိုင်နှုန်းရေးဆွဲပြီးဖြစ်ကြောင်းနဲ့ ယခုနှစ် မတ်လမှာ ဖိလစ်ပိုင် အဆင့်မြင်ပညာဦးစီးဌာနကို တင်သွင်းသွားမှာဖြစ်ကြောင်းတို့ကိုလည်း ပြောခဲ့ပါသေးတယ်။ ဂိမ်းကစားခြင်းဟာ အချိန်ဖြုန်းခြင်းမဟုတ်ပဲ ကမ္ဘာမှာ အရေးပါတဲ့ကိစ္စတစ်ခုဖြစ်လာကြောင်း စဉ်းစားတွေးခေါ်နိုင်တဲ့ ဖိလစ်ပိုင်ကတော့ Esports ခြေလှမ်းများစိပ်လာခဲ့ပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming


[ZawGyi]

ဖိလစ္ပိုင္တြင္ Esports ပညာရပ္ ဘြဲ႕ဒီဂရီ ရယူႏိုင္ေတာ့မည္

 

အီလက္ထေရာနစ္အားကစားဘာသာရပ္ (Esports) ဒီဂရီဘြဲ႕မ်ားဟာ ကမာၻေပၚမွာ အလြန္ထြန္းကားလာတဲ့ Esports ေခတ္ေရစီးေၾကာင္းအရ ေပၚေပါက္လာခဲ့တဲ့ဘြဲ႕မ်ားပါ။ ဒါေၾကာင့္ အေမရိကန္၊ ယူေကနဲ႔ မေလးရွားတို႔လို ေခတ္မီႏိုင္ငံမ်ားမွာ Esports ဘာသာရပ္မ်ားကို တြင္တြင္က်ယ္က်ယ္သင္ၾကားၿပီး ဒီဂရီဘြဲ႕ အပ္ႏွင္းေပးေနတဲ့ ေကာလိပ္တကၠသိုလ္အေျမာက္အမ်ား ေပၚေပါက္လို႔ေနပါၿပီ။

မၾကာေသးမီက ထြက္ေပၚလာခဲ့တဲ့သတင္းမ်ားအရ ဖိလပ္ပိုင္ဟာလည္း ႏိုင္ငံတြင္းမွာ Bachelor of Science in Esports ဒီဂရီဘြဲ႕အပ္ႏွင္းေပးႏိုင္ေအာင္ ႀကိဳးပမ္းေနတယ္လို႔ ဆိုပါတယ္။ ဖိလစ္ပိုင္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Tier One Entertainment ရဲ႕ ဥကၠဌျဖစ္သူ Tryke Gutierrez က ယင္းတို႔ဟာ ဖိလစ္ပိုင္ႏိုင္ငံ လိုင္စီယမ္တကၠသိုလ္ (Lyceum of the Philippines University) မွာ ဒီဘြဲ႕အတြက္ သင္ၾကားမယ့္ သင္႐ိုးၫႊန္းတမ္းကို အၿပီးသတ္ေရးဆြဲေနၿပီျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာခဲ့တာပါ။

Lyceum of the Philippines University

Bachelor of Science in Esports ဘြဲ႕ကို ရရွိဖို႔အတြက္ လိုင္စီယမ္တကၠသိုလ္မွာ ၄ ႏွစ္တာ သင္ယူဖို႔ လိုအပ္မွာျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ သင္႐ိုးၫႊန္းတမ္းအရ ေက်ာင္းသားမ်ားဟာ ဂိမ္းဒီဇိုင္းေရးဆြဲျခင္းဘာသာရပ္နဲ႔ Esports ဆိုင္ရာ စီမံခန႔္ခြဲမႈဘာသာရပ္ ၂ ခုတို႔ကို အဓိကေလ့လာသင္ယူသြားရမွာျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

“ဒီသင္႐ိုးၫႊန္းတမ္းဟာ ဂိမ္းနဲ႔ ပတ္သက္ၿပီး အေပ်ာ္သက္သက္ေရးဆြဲထားတာ မဟုတ္လို႔ ဒါကို ေလ့လာသင္ယူဖို႔ကိစၥဟာ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ့္အေနနဲ႔ Esports ေလာကထဲမွာ က်င္လည္ေနတာ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ဒီနယ္ပယ္ထဲမွာ ကိုယ္လိုခ်င္တဲ့အရာတစ္ခုကို ရရွိႏိုင္ဖို႔အတြက္ စိတ္အားထက္သန္မႈအျပင္ ဘာေတြထပ္ျပင္ဆင္ဖို႔ လိုအပ္တယ္ဆိုတာကို ေကာင္းေကာင္းသိထားပါတယ္။


“Esports ေလာကမွာ ရွင္သန္ႏိုင္ဖို႔အတြက္ အျပင္းအထန္ႀကိဳးစားမႈ၊ အနစ္နာခံမႈ၊ ကြၽမ္းက်င္မႈ၊ ပေရာ္ဖက္ရွင္နယ္ပီသမႈတို႔အျပင္ အျခားလိုအပ္တဲ့အရာေတြနဲ႔လည္း ျပည့္စုံေနဖို႔ လိုအပ္ပါတယ္။ ေက်ာင္းသားမ်ား ဒါေတြရရွိလာႏိုင္ေအာင္ သင္႐ိုးၫႊန္းတမ္းအတြင္းမွာ ထည့္သြင္းသင္ၾကားသြားမွာပါ” အစရွိသျဖင့္လည္း Tryke Gutierrez က ေျပာခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ပထမဆုံးေသာ Esports ဒီဂရီဘြဲ႕ကိုအပ္ႏွင္းႏိုင္ဖို႔ သင္ၾကားမယ့္ ဒီသင္႐ိုးၫႊန္းတမ္းကို ၈၀ ရာခိုင္ႏႈန္းေရးဆြဲၿပီးျဖစ္ေၾကာင္းနဲ႔ ယခုႏွစ္ မတ္လမွာ ဖိလစ္ပိုင္ အဆင့္ျမင္ပညာဦးစီးဌာနကို တင္သြင္းသြားမွာျဖစ္ေၾကာင္းတို႔ကိုလည္း ေျပာခဲ့ပါေသးတယ္။ ဂိမ္းကစားျခင္းဟာ အခ်ိန္ျဖဳန္းျခင္းမဟုတ္ပဲ ကမာၻမွာ အေရးပါတဲ့ကိစၥတစ္ခုျဖစ္လာေၾကာင္း စဥ္းစားေတြးေခၚႏိုင္တဲ့ ဖိလစ္ပိုင္ကေတာ့ Esports ေျခလွမ္းမ်ားစိပ္လာခဲ့ၿပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: afkgaming