[Unicode]

ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တာကြောင့် အဖမ်းခံလိုက်ရတဲ့ B8 Offlaner “LastHero”

 

Dota ကစားသမားတွေရဲ့တစ်ချိန်ကအချစ်တော် Dendi တည်ထောင်ထားတဲ့ B8 အသင်းရဲ့ Position 3 ကစားသမား LastHero ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘီလာရုဇ်နိုင်ငံ မင့်စ်ခ်မြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ ရွေးကောက်ပွဲရလဒ်ကို သဘောမတူတဲ့ ပြည်သူတွေစုပေါင်းကာ ဆန္ဒထုတ်ဖော်တဲ့ပွဲမှာ ပါဝင်ခဲ့ခြင်းကြောင့် အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း B8 အသင်းရဲ့ တရားဝင် Twitter စာမျက်နှာကနေ ထုတ်ပြန်လာခဲ့ပါတယ်။

B8 အသင်းဟာ စတင်တည်ထောင်ပြီးကတည်းက ပြောပလောက်တဲ့အောင်မြင်မှုမျိုးမရရှိခဲ့တာကြောင့် ကစားသမားအချို့ဟာ လပိုင်းခန့်ကစားပြီးအကြာမှာအသင်းကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ Dendi ကတော့ လစ်လပ်နေတဲ့နေရာတွေမှာ ကစားသမားအသစ်တွေနဲ့ပြန်လည်အစားထိုးခဲ့ပြီး အဲဒီအစားထိုးခဲ့တဲ့အထဲမှာ ဘီလာရုဇ်နိုင်ငံသား ၂ ဦးဖြစ်တဲ့ LastHero နဲ့ Fishman တို့ပါ ပါဝင်လာခဲ့ပါတယ်။

B8 LastHero

ဘီလာရုဇ်နိုင်မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ မသမာဘူးလို့ ပြည်သူအများကယူဆကြတာကြောင့် လမ်းမပေါ်မှာထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဘက်ကတော့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို လက်မခံဘဲ အကြမ်းဖက်နှိမ်နှင်းမှုတွေပါပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ လူ ၆၇၀၀ ကျော်ကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။ B8 အသင်းသား ဖြစ်သူ Oleg Demidovich a.k.a LastHero ဟာလည်း မင့်စ်ခ်မြို့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာကြောင့် သူငယ်ချင်း ၃ ဦးနဲ့အတူ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ အသင်းဖော်ဖြစ်သူ Fishman အတည်ပြုပေး ခဲ့ပါတယ်။

B8 Statement

ရဲတပ်ဖွဲ့ဟာ သူ့ကို ၄၈ နာရီကြာထိန်းသိမ်းခဲ့ပြီး ယခုအချိန်မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့နာရီပိုင်းကပဲ သူ့ရဲ့ Twitter အကောင့်ကနေပြောကြားလာခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာတချို့ရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ်အတောအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို မကြာခင်မှာချပြသွားဖို့ရှိတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ဘီလာရုဇ်နိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကိုဖိနှိပ်ဖို့ အာဏာပိုင်တွေက တစ်နိုင်ငံလုံးကို အင်တာနက်အသုံးပြုခွင့်ပိတ်ပင်ခဲ့တာကြောင့် OMEGA League ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ B8 အသင်းဟာ Stand-in တွေခေါ်ယူပြီးဆော့ကစားခဲ့ရပါသေးတယ်။ ဘီလာရုဇ်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဟာ မီးသတ်ပိုက်နဲ့ထိုးပြီး လူစုခွဲတာ၊ ရော်ဘာကျည်ဆံနဲ့ ပစ်ခတ်တာအပြင် အချို့မြို့တွေမှာ ကျည်ဆံအစစ်တွေကိုပါအသုံးပြုပြီး နှိမ်နှင်းလျက်ရှိတယ်လို့သိရပါတယ်။ အဲဒီလို အကြမ်းဖက် နှိမ်နှင်းမှုကြောင့် လူပေါင်းအယောက် ၂၀၀ ကျော်ဒဏ်ရာရှိခဲ့ကာ သေဆုံးသူဦးရေဟာလည်း ၂ ဦးအထိရှိလာပြီဖြစ်ပါတယ်။


[ZawGyi]

ဆႏၵထုတ္ေဖာ္ရာမွာပါဝင္ခဲ့တာေၾကာင့္ အဖမ္းခံလိုက္ရတဲ့ B8 Offlaner “LastHero”

 

Dota ကစားသမားေတြရဲ႕တစ္ခ်ိန္ကအခ်စ္ေတာ္ Dendi တည္ေထာင္ထားတဲ့ B8 အသင္းရဲ႕ Position 3 ကစားသမား LastHero ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဘီလာ႐ုဇ္ႏိုင္ငံ မင့္စ္ခ္ၿမိဳ႕မွာ ဖမ္းဆီးခံခဲ့ရပါတယ္။ အေၾကာင္းအရင္းကေတာ့ ေ႐ြးေကာက္ပြဲရလဒ္ကို သေဘာမတူတဲ့ ျပည္သူေတြစုေပါင္းကာ ဆႏၵထုတ္ေဖာ္တဲ့ပြဲမွာ ပါဝင္ခဲ့ျခင္းေၾကာင့္ အထိန္းသိမ္းခံခဲ့ရတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း B8 အသင္းရဲ႕ တရားဝင္ Twitter စာမ်က္ႏွာကေန ထုတ္ျပန္လာခဲ့ပါတယ္။

B8 အသင္းဟာ စတင္တည္ေထာင္ၿပီးကတည္းက ေျပာပေလာက္တဲ့ေအာင္ျမင္မႈမ်ိဳးမရရွိခဲ့တာေၾကာင့္ ကစားသမားအခ်ိဳ႕ဟာ လပိုင္းခန႔္ကစားၿပီးအၾကာမွာအသင္းကေန ထြက္ခြာသြားခဲ့ၾကပါတယ္။ Dendi ကေတာ့ လစ္လပ္ေနတဲ့ေနရာေတြမွာ ကစားသမားအသစ္ေတြနဲ႔ျပန္လည္အစားထိုးခဲ့ၿပီး အဲဒီအစားထိုးခဲ့တဲ့အထဲမွာ ဘီလာ႐ုဇ္ႏိုင္ငံသား ၂ ဦးျဖစ္တဲ့ LastHero နဲ႔ Fishman တို႔ပါ ပါဝင္လာခဲ့ပါတယ္။

B8 LastHero

ဘီလာ႐ုဇ္ႏိုင္မွာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ကျပဳလုပ္ခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲဟာ မသမာဘူးလို႔ ျပည္သူအမ်ားကယူဆၾကတာေၾကာင့္ လမ္းမေပၚမွာထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အာဏာပိုင္ေတြဘက္ကေတာ့ ၿငိမ္းခ်မ္းစြာဆႏၵျပမႈကို လက္မခံဘဲ အၾကမ္းဖက္ႏွိမ္ႏွင္းမႈေတြပါျပဳလုပ္ခဲ့ၿပီး ဆႏၵထုတ္ေဖာ္ရာမွာပါဝင္တဲ့ လူ ၆၇၀၀ ေက်ာ္ကိုလည္းဖမ္းဆီးထိန္းသိမ္းခဲ့ပါေသးတယ္။ B8 အသင္းသား ျဖစ္သူ Oleg Demidovich a.k.a LastHero ဟာလည္း မင့္စ္ခ္ၿမိဳ႕ဆႏၵျပပြဲမွာ ပါဝင္ခဲ့တာေၾကာင့္ သူငယ္ခ်င္း ၃ ဦးနဲ႔အတူ ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးျခင္းကိုခံခဲ့ရတာျဖစ္တယ္လို႔ အသင္းေဖာ္ျဖစ္သူ Fishman အတည္ျပဳေပး ခဲ့ပါတယ္။

B8 Statement

ရဲတပ္ဖြဲ႕ဟာ သူ႔ကို ၄၈ နာရီၾကာထိန္းသိမ္းခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ ေနအိမ္ကို ျပန္လည္ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့နာရီပိုင္းကပဲ သူ႔ရဲ႕ Twitter အေကာင့္ကေနေျပာၾကားလာခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာတခ်ိဳ႕ရရွိခဲ့ေပမယ့္ စိုးရိမ္စရာမရွိေၾကာင္းနဲ႔ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရစဥ္အေတာအတြင္းမွာ ျဖစ္ပ်က္ခဲ့တာေတြကို မၾကာခင္မွာခ်ျပသြားဖို႔ရွိတယ္လို႔လည္း ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

ဘီလာ႐ုဇ္ႏိုင္ငံမွာလက္ရွိျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြကိုဖိႏွိပ္ဖို႔ အာဏာပိုင္ေတြက တစ္ႏိုင္ငံလုံးကို အင္တာနက္အသုံးျပဳခြင့္ပိတ္ပင္ခဲ့တာေၾကာင့္ OMEGA League ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ B8 အသင္းဟာ Stand-in ေတြေခၚယူၿပီးေဆာ့ကစားခဲ့ရပါေသးတယ္။ ဘီလာ႐ုဇ္ဆႏၵျပပြဲမွာ ရဲတပ္ဖြဲ႕ဟာ မီးသတ္ပိုက္နဲ႔ထိုးၿပီး လူစုခြဲတာ၊ ေရာ္ဘာက်ည္ဆံနဲ႔ ပစ္ခတ္တာအျပင္ အခ်ိဳ႕ၿမိဳ႕ေတြမွာ က်ည္ဆံအစစ္ေတြကိုပါအသုံးျပဳၿပီး ႏွိမ္ႏွင္းလ်က္ရွိတယ္လို႔သိရပါတယ္။ အဲဒီလို အၾကမ္းဖက္ ႏွိမ္ႏွင္းမႈေၾကာင့္ လူေပါင္းအေယာက္ ၂၀၀ ေက်ာ္ဒဏ္ရာရွိခဲ့ကာ ေသဆုံးသူဦးေရဟာလည္း ၂ ဦးအထိရွိလာၿပီျဖစ္ပါတယ္။