တရုတ္အေျခစုိက္ Drodo စတူဒီယုိရဲ႕ Dota 2 Auto Chess Mode ေလးဟာ Dota 2 ဂိမ္းထဲမွာ ဝင္ေရာက္ေဆာ့ကစားသူေပါင္း ၉ သန္းနီးပါး ရွိေနပါၿပီ။ ဒီဂိမ္းရဲ႕လူႀကိဳက္မ်ားမႈကို အျခားဂိမ္းကုမၸဏီေတြကလည္း ထုံးစံအတုိင္း အျမတ္ထုတ္ဖို႔ ႀကိဳးစားလာမွာျဖစ္သလို Steam ပလက္ေဖာင္းရဲ႕ပုိင္ရွင္ Valve ကိုယ္တုိင္ Dota Auto Chess အား မူပုိင္ခြင့္ရယူဖို႔ Drodo နဲ႔ ညွိႏႈိင္းခဲ့ပါတယ္။

ဒါေပမယ့္ ညွိႏႈိင္းမႈအဆင္မေျပခဲ့ဘဲ Valve နဲ႔ Drodo တုိ႔ဟာ သီးျခားစီ Auto Chess အတြက္ Standalone ဂိမ္းမ်ား ကိုယ္စီထုတ္လုပ္ဖို႔ သေဘာတူညီခ်က္ရရွိခဲ့တယ္။ Drodo ဟာ တရုတ္အေျခစိုက္ကုမၸဏီေတြျဖစ္တဲ့ Dragon Nest, ImbaTV တုိ႔နဲ႔ပူးေပါင္းၿပီး Auto Chess Mobile ဂိမ္းကို ၿပီးခဲ့တဲ့ ေမလ ၁၈ ရက္ေန႔က စတင္ထုတ္လႊင့္ခဲ့တာ အခုဆုိရင္ ဇြန္လအစမွာ ပထမဆုံး Season ကို စတင္ေနပါၿပီ။

Drodo ဟာ ဒီေလာက္နဲ႔ရပ္တန္႔မသြားဘဲ သူ႕ရဲ႕ Auto Chess ဂိမ္းကိုပဲ ကြန္ျပဴတာပလက္ေဖာင္းေပၚသို႔ ေပးပို႔ႏုိင္ဖို႔ Epic Games နဲ႔ထပ္မံပူးေပါင္းခဲ့ပါတယ္။ Epic Games ဟာ အခုႏွစ္ပုိင္းေတြမွာ Steam ကုိ ယွဥ္ဖိုက္ဖို႔ ကိုယ္ပုိင္ဂိမ္းပလက္ေဖာင္းကို တည္ေဆာက္ေနတာျဖစ္တာေၾကာင့္ Drodo ရဲ႕ Auto Chess ဂိမ္းဟာ သူတုိ႔အတြက္ ေနာက္ထပ္ဆြဲေဆာင္မႈအႀကီးစားတစ္ခု ျဖစ္လာဦးမယ့္အျပင္ PC ပလက္ေဖာင္းေပၚမွာေတာ့ Drodo ရဲ႕ Auto Chess ဂိမ္းကို Epic Games တစ္ဦးတည္းသီးသန္႔ Exclusive ျဖန္႔ခ်ိသြားမွာျဖစ္ပါတယ္။

 

ဒါဟာ Underlords အမည္နဲ႔ ကိုယ္ပုိင္ Dota 2 Auto Chess Standalone ဂိမ္းကို ထုတ္လုပ္ဖို႔ ႀကိဳးစားေနတဲ့ Valve အတြက္ ထိုးႏွက္မႈျဖစ္လာႏုိင္ပါတယ္။ ဒါ့အျပင္ Dota 2 ရဲ႕ ၿပိဳင္ဘက္ League of Legends ကို ပုိင္ဆုိင္တဲ့ RIOT ကလည္း သူတုိ႔ကိုယ္ပိုင္ League ကာရုိက္တာေတြပါဝင္တဲ့ Dota Auto Chess rip-off Mode တစ္ခုကို ထုတ္လုပ္သြားမယ္လို႔ ဇြန္လ ၁၀ ရက္ေန႔မွာ ေၾကျငာခဲ့ၿပီး အစမ္းျပသခဲ့ပါတယ္။

RIOT ရဲ႕ဂိမ္းကေတာ့ LOL ဂိမ္းထဲမွာပဲ ဝင္ေဆာ့ရမယ့္ Mode အသစ္တစ္ခုအေနနဲ႔ အခုလကုန္မွာ Beta Test စတင္လာမွာပါ။ LOL ကစားသမားေတြအတြက္ သတင္းေကာင္းျဖစ္ေပမယ့္ Gameplay တစ္ခုလုံး ခပ္တည္တည္ကူးခ်တာေတာ့ Drodo နဲ႔ Valve တုိ႔ ႏွာကစ္ခ်င္စရာ ျဖစ္သြားမယ္ ထင္ပါတယ္။ RIOT ကေတာ့ Teamfight Tactics လို႔အမည္ေပးထားၿပီး အသြင္အျပင္ကို လုံးဝကြဲျပားေအာင္ ဖန္တီးထားေပမယ့္ ေဆာ့ရမယ့္ ပုံစံကေတာ့ တစ္ပုံစံတည္းပါပဲ။ Auto Chess ထဲမွာ စစ္တုရင္ခုံေဘးနားမွာ ကိုယ့္ရဲ႕ Avatar ေလး ရွိေနတာကိုပါ အတုခုိးမွာျဖစ္ၿပီး အဆုိပါ Avatar ေလးေတြနဲ႔ လႈပ္ရွားပုံေတြကိုပါ ေနာက္ပုိင္းမွာ ဝယ္ယူခုိင္းမယ့္ သေဘာမွာ ရွိေနပါတယ္။

Source 1 : Epic Game Exclusive Auto Chess

Source 2 : Riot Announce an Auto Chess of Their own.

#Kyitha #GamingNoodle #PC


[Unicode]

 

တရုတ်အခြေစိုက် Drodo စတူဒီယိုရဲ့ Dota 2 Auto Chess Mode လေးဟာ Dota 2 ဂိမ်းထဲမှာ ဝင်ရောက်ဆော့ကစားသူပေါင်း ၉ သန်းနီးပါး ရှိနေပါပြီ။ ဒီဂိမ်းရဲ့လူကြိုက်များမှုကို အခြားဂိမ်းကုမ္ပဏီတွေကလည်း ထုံးစံအတိုင်း အမြတ်ထုတ်ဖို့ ကြိုးစားလာမှာဖြစ်သလို Steam ပလက်ဖောင်းရဲ့ပိုင်ရှင် Valve ကိုယ်တိုင် Dota Auto Chess အား မူပိုင်ခွင့်ရယူဖို့ Drodo နဲ့ ညှိနှိုင်းခဲ့ပါတယ်။

ဒါပေမယ့် ညှိနှိုင်းမှုအဆင်မပြေခဲ့ဘဲ Valve နဲ့ Drodo တို့ဟာ သီးခြားစီ Auto Chess အတွက် Standalone ဂိမ်းများ ကိုယ်စီထုတ်လုပ်ဖို့ သဘောတူညီချက်ရရှိခဲ့တယ်။ Drodo ဟာ တရုတ်အခြေစိုက်ကုမ္ပဏီတွေဖြစ်တဲ့ Dragon Nest, ImbaTV တို့နဲ့ပူးပေါင်းပြီး Auto Chess Mobile ဂိမ်းကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာ အခုဆိုရင် ဇွန်လအစမှာ ပထမဆုံး Season ကို စတင်နေပါပြီ။

Drodo ဟာ ဒီလောက်နဲ့ရပ်တန့်မသွားဘဲ သူ့ရဲ့ Auto Chess ဂိမ်းကိုပဲ ကွန်ပြူတာပလက်ဖောင်းပေါ်သို့ ပေးပို့နိုင်ဖို့ Epic Games နဲ့ထပ်မံပူးပေါင်းခဲ့ပါတယ်။ Epic Games ဟာ အခုနှစ်ပိုင်းတွေမှာ Steam ကို ယှဉ်ဖိုက်ဖို့ ကိုယ်ပိုင်ဂိမ်းပလက်ဖောင်းကို တည်ဆောက်နေတာဖြစ်တာကြောင့် Drodo ရဲ့ Auto Chess ဂိမ်းဟာ သူတို့အတွက် နောက်ထပ်ဆွဲဆောင်မှုအကြီးစားတစ်ခု ဖြစ်လာဦးမယ့်အပြင် PC ပလက်ဖောင်းပေါ်မှာတော့ Drodo ရဲ့ Auto Chess ဂိမ်းကို Epic Games တစ်ဦးတည်းသီးသန့် Exclusive ဖြန့်ချိသွားမှာဖြစ်ပါတယ်။

 

ဒါဟာ Underlords အမည်နဲ့ ကိုယ်ပိုင် Dota 2 Auto Chess Standalone ဂိမ်းကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ Valve အတွက် ထိုးနှက်မှုဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Dota 2 ရဲ့ ပြိုင်ဘက် League of Legends ကို ပိုင်ဆိုင်တဲ့ RIOT ကလည်း သူတို့ကိုယ်ပိုင် League ကာရိုက်တာတွေပါဝင်တဲ့ Dota Auto Chess rip-off Mode တစ်ခုကို ထုတ်လုပ်သွားမယ်လို့ ဇွန်လ ၁၀ ရက်နေ့မှာ ကြေငြာခဲ့ပြီး အစမ်းပြသခဲ့ပါတယ်။

RIOT ရဲ့ဂိမ်းကတော့ LOL ဂိမ်းထဲမှာပဲ ဝင်ဆော့ရမယ့် Mode အသစ်တစ်ခုအနေနဲ့ အခုလကုန်မှာ Beta Test စတင်လာမှာပါ။ LOL ကစားသမားတွေအတွက် သတင်းကောင်းဖြစ်ပေမယ့် Gameplay တစ်ခုလုံး ခပ်တည်တည်ကူးချတာတော့ Drodo နဲ့ Valve တို့ နှာကစ်ချင်စရာ ဖြစ်သွားမယ် ထင်ပါတယ်။ RIOT ကတော့ Teamfight Tactics လို့အမည်ပေးထားပြီး အသွင်အပြင်ကို လုံးဝကွဲပြားအောင် ဖန်တီးထားပေမယ့် ဆော့ရမယ့် ပုံစံကတော့ တစ်ပုံစံတည်းပါပဲ။ Auto Chess ထဲမှာ စစ်တုရင်ခုံဘေးနားမှာ ကိုယ့်ရဲ့ Avatar လေး ရှိနေတာကိုပါ အတုခိုးမှာဖြစ်ပြီး အဆိုပါ Avatar လေးတွေနဲ့ လှုပ်ရှားပုံတွေကိုပါ နောက်ပိုင်းမှာ ဝယ်ယူခိုင်းမယ့် သဘောမှာ ရှိနေပါတယ်။

Source 1 : Epic Game Exclusive Auto Chess

Source 2 : Riot Announce an Auto Chess of Their own.

#Kyitha #GamingNoodle #PC