[Unicode]

Team Nigma ကို အချိန်ပြည့် streamer အဖြစ် ဝင်ရောက်သွားတဲ့ Attacker

 

ကမ္ဘာ့ထိပ်တန်း Dota 2 streamer များထဲက တစ်ဦးဖြစ်သူ Attacker ဟာ သူ့ရဲ့ထူးခြားပြောင်မြောက်လှတဲ့ Kunkka ကစားပုံများကြောင့် နာမည်ကြီးလာခဲ့သူတစ်ဦးပါ။ ပရိသတ် အခိုင်အမာရရှိထားတဲ့ Attacker ဟာ ယခုအချိန်မှာတော့ Team Nigma ကို အချိန်ပြည့် streamer တစ်ဦးအနေနဲ့ ဝင်ရောက်လာပြီဖြစ်ကြောင်း ယင်းတို့ရဲ့ တရားဝင်တွစ်တာစာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ယခင်က Attacker ဟာ Complexity Gaming ရဲ့ streamer တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၆ နှစ်နှောင်းပိုင်းကနေ ၂၀၁၈ နှစ်ဦးပိုင်းအထိ ကြာမြင့်ခဲ့ပါတယ်။ UAE နိုင်ငံသားဖြစ်တဲ့ Attacker ဟာ ယင်းနောက်မှာတော့ စစ်မှုထမ်းဖို့ ဝင်ရောက်သွားခဲ့ပြီး streaming လောက ကနေ ခေတ္တခဏအနားယူနေခဲ့ပါတယ်။

စစ်မှုထမ်းကာလပြီးဆုံးသွားတဲ့အချိန်မှာတော့ Attacker ရဲ့ ပုံမှန် stream များကို ပရိသတ်များ ပြန်လည်မြင်တွေ့လာကြရပါတယ်။ ခေတ္တအနားယူချိန်မတိုင်မီက Attacker ရဲ့ stream မှာ ပျှမ်းမျှကြည့်ရှုသူ ထောင်ပေါင်းများစွာရှိနေခဲ့တာဖြစ်ပြီး ယခုအချိန်မှာလည်း နာမည်ကြီး Dota 2 ကြယ်ပွင့်များရှိနေတဲ့ Team Nigma ကို ဝင်ရောက်သွားမှုကြောင့် သူ့ရဲ့ဂုဏ်သတင်းဟာ ပိုမိုကြီးမားလာနိုင်ပါတယ်။

Attacker ဟာ ပြိုင်ပွဲဝင်ကစားသမားတစ်ဦးအဖြစ်လည်း အချိန်အတော်ကြာအောင် ရပ်တည်ခဲ့ဖူးပါတယ်။ ပြိုင်ပွဲဝင်ကစားသမားဘဝ နောက်ဆုံးနေ့ရက်များမှာတော့ သူဟာ World Electronic Sports Games 2019 MENA Finals မှာ အနိုင်ရပြီး APAC Finals ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ် ဇန်နဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ယင်းပြိုင်ပွဲဟာ အချိန်ရွှေ့ဆိုင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ယခုအချိန်မှာ Esports အဖွဲ့အစည်းအမြောက်အများဟာ နာမည်ကြီး content creator များနဲ့ influencer များကို အလေးပေးခေါ်ယူမှုများ ပြုလုပ်လာကြတာကလည်း Attacker ကို အချိန်ပြည့် streamer တစ်ဦးအဖြစ်ရပ်တည်စေဖို့ အကြောင်းဖန်လာခဲ့တာဖြစ်နိုင်ပါတယ်။

ပြန်လည်စတင်တာ မကြာသေးတဲ့ Attacker ရဲ့ Twitch ချန်နယ်ဟာ ယခုအချိန်မှာ follower ပေါင်း တစ်သိန်းသုံးသောင်းကျော် ရရှိထားပါတယ်။ Dota 2 ပရိသတ်အမြောက်အများနှစ်သက်ကြတဲ့ Attacker ရဲ့ stream များကို Twitch ပေါ်မှာ ဆက်လက်စောင့်ကြည့်နိုင်ကြဦးမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming


[ZawGyi]

Team Nigma ကို အခ်ိန္ျပည့္ streamer အျဖစ္ ဝင္ေရာက္သြားတဲ့ Attacker

 

ကမာၻ႔ထိပ္တန္း Dota 2 streamer မ်ားထဲက တစ္ဦးျဖစ္သူ Attacker ဟာ သူ႔ရဲ႕ထူးျခားေျပာင္ေျမာက္လွတဲ့ Kunkka ကစားပုံမ်ားေၾကာင့္ နာမည္ႀကီးလာခဲ့သူတစ္ဦးပါ။ ပရိသတ္ အခိုင္အမာရရွိထားတဲ့ Attacker ဟာ ယခုအခ်ိန္မွာေတာ့ Team Nigma ကို အခ်ိန္ျပည့္ streamer တစ္ဦးအေနနဲ႔ ဝင္ေရာက္လာၿပီျဖစ္ေၾကာင္း ယင္းတို႔ရဲ႕ တရားဝင္တြစ္တာစာမ်က္ႏွာေပၚမွာ ေရးသားထားခဲ့ပါတယ္။

ယခင္က Attacker ဟာ Complexity Gaming ရဲ႕ streamer တစ္ဦးျဖစ္ခဲ့ၿပီး ၂၀၁၆ ႏွစ္ေႏွာင္းပိုင္းကေန ၂၀၁၈ ႏွစ္ဦးပိုင္းအထိ ၾကာျမင့္ခဲ့ပါတယ္။ UAE ႏိုင္ငံသားျဖစ္တဲ့ Attacker ဟာ ယင္းေနာက္မွာေတာ့ စစ္မႈထမ္းဖို႔ ဝင္ေရာက္သြားခဲ့ၿပီး streaming ေလာက ကေန ေခတၱခဏအနားယူေနခဲ့ပါတယ္။

စစ္မႈထမ္းကာလၿပီးဆုံးသြားတဲ့အခ်ိန္မွာေတာ့ Attacker ရဲ႕ ပုံမွန္ stream မ်ားကို ပရိသတ္မ်ား ျပန္လည္ျမင္ေတြ႕လာၾကရပါတယ္။ ေခတၱအနားယူခ်ိန္မတိုင္မီက Attacker ရဲ႕ stream မွာ ပွ်မ္းမွ်ၾကည့္ရႈသူ ေထာင္ေပါင္းမ်ားစြာရွိေနခဲ့တာျဖစ္ၿပီး ယခုအခ်ိန္မွာလည္း နာမည္ႀကီး Dota 2 ၾကယ္ပြင့္မ်ားရွိေနတဲ့ Team Nigma ကို ဝင္ေရာက္သြားမႈေၾကာင့္ သူ႔ရဲ႕ဂုဏ္သတင္းဟာ ပိုမိုႀကီးမားလာႏိုင္ပါတယ္။

Attacker ဟာ ၿပိဳင္ပြဲဝင္ကစားသမားတစ္ဦးအျဖစ္လည္း အခ်ိန္အေတာ္ၾကာေအာင္ ရပ္တည္ခဲ့ဖူးပါတယ္။ ၿပိဳင္ပြဲဝင္ကစားသမားဘဝ ေနာက္ဆုံးေန႔ရက္မ်ားမွာေတာ့ သူဟာ World Electronic Sports Games 2019 MENA Finals မွာ အႏိုင္ရၿပီး APAC Finals ကို တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။

ဒါေပမယ့္ ယခုႏွစ္ ဇန္နဝါရီလမွာ က်င္းပဖို႔ စီစဥ္ထားခဲ့တဲ့ ယင္းၿပိဳင္ပြဲဟာ အခ်ိန္ေ႐ႊ႕ဆိုင္းသြားခဲ့ပါတယ္။ ဒါ့အျပင္ ယခုအခ်ိန္မွာ Esports အဖြဲ႕အစည္းအေျမာက္အမ်ားဟာ နာမည္ႀကီး content creator မ်ားနဲ႔ influencer မ်ားကို အေလးေပးေခၚယူမႈမ်ား ျပဳလုပ္လာၾကတာကလည္း Attacker ကို အခ်ိန္ျပည့္ streamer တစ္ဦးအျဖစ္ရပ္တည္ေစဖို႔ အေၾကာင္းဖန္လာခဲ့တာျဖစ္ႏိုင္ပါတယ္။

ျပန္လည္စတင္တာ မၾကာေသးတဲ့ Attacker ရဲ႕ Twitch ခ်န္နယ္ဟာ ယခုအခ်ိန္မွာ follower ေပါင္း တစ္သိန္းသုံးေသာင္းေက်ာ္ ရရွိထားပါတယ္။ Dota 2 ပရိသတ္အေျမာက္အမ်ားႏွစ္သက္ၾကတဲ့ Attacker ရဲ႕ stream မ်ားကို Twitch ေပၚမွာ ဆက္လက္ေစာင့္ၾကည့္ႏိုင္ၾကဦးမွာျဖစ္ေၾကာင္း သတင္းေကာင္း ပါးလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: afkgaming