[Unicode]

ကိုယ်ပိုင် အချိုရည် ထုတ်လုပ်ရောင်းချတော့မယ့် Astralis

 

CS: GO အသင်းတစ်သင်းဖြစ်တဲ့ Astralis ဟာ ဒိန်းမတ်အဖျော်ယမကာကုမ္ပဏီ Royal Unibrew နဲ့ စီးပွားရေးအရ သဘောတူညီမှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်းသဘောတူညီမှုများထဲမှာမှ Royal Unibrew ရဲ့ လက်အောက်မှာ ရှိနေတဲ့ CULT အမှတ်တံဆိပ်နဲ့ ပူးပေါင်းပြီး အသင်းရဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ soft drink အချိုရည်ဘူးများ ထုတ်လုပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

အသစ်ထုတ်လုပ်မယ့် ထုတ်ကုန်များကို နော်ဒစ်နိုင်ငံများရဲ့ ဈေးကွက်မှာ ဖြန့်ချိဖို့ ရည်ရွယ်ထားပြီး ယင်းတို့ကနေရရှိတဲ့ အမြတ်အစွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို Astralis အသင်းက ရရှိခံစားနိုင်မှာပါ။ ပူးပေါင်းပြုလုပ်မယ့် ထုတ်ကုန်သစ် ၂ မျိုးကို ယခုနှစ်နွေဦးရာသီအမီ စတင်မိတ်ဆက်သွားမယ်လို့လည်း ဆိုပါတယ်။

Astralis အဖွဲ့အစည်းရဲ့ ပူးတွဲတည်ထောင်သူ Jakob Lund Kristensen က “Astralis အသင်းဟာ စွမ်းဆောင်ရည်ကောင်းမှု၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှု၊ ပရိသတ်များကို အားရကျေနပ်ဖွယ် ရလဒ်ကောင်းများ ပြသနိုင်မှု စ တာတွေနဲ့ ပြည့်စုံအောင် တည်ဆောက်ထားတာပါ။ ယနေ့အချိန်ထိ ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ်ပိုင်းမှာရော ကုန်ပစ္စည်းများထုတ်လုပ်မှုအပိုင်းမှာပါ တိုးတက်အောင် ဆောင်ရွက်လာခဲ့ပါတယ်။

“Royal Unibrew နဲ့ ပူးပေါင်းပြီး ယခုလိုထုတ်ကုန်သစ်များ ထုတ်လုပ်မယ့် အစီအစဉ်ဟာ ကျွန်တော်တို့အတွက် စီးပွားရေးပိုင်းမှာ နယ်ပယ်ချဲ့ထွင်လာစေနိုင်ရုံသာမက ကျွန်တော်တို့ အသင်းနဲ့ ပရိသတ်များ ရင်းနှီးထိတွေ့နေအောင်လည်း ကူညီပေးနိုင်မှာဖြစ်ပါတယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Royal Unibrew ကုမ္ပဏီရဲ့ဈေးကွက်မန်နေဂျာဖြစ်သူ Lise Tjell ကတော့ “Astralis အသင်းရဲ့ ခွန်အားနဲ့ စွမ်းပကားများဟာ CULT အမှတ်တံဆိပ်နဲ့ ပူးပေါင်းဖို့အတွက် အသင့်တော်ဆုံးအရာများပါ။ Astralis အုပ်စုနဲ့ ပူးပေါင်းဖို့ ညှိနှိုင်းပြောဆိုပြီးချိန်မှာ ယင်းအဖွဲ့အစည်းဟာ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ဖို့ အလွန်အလားအလာကောင်းကြောင်းလည်း ပိုမိုသိလာခဲ့ရပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

Esports အဖွဲ့အစည်းများရဲ့ နာမည်ကျော်ကြားမှုဟာ စီးပွားရေးကုမ္ပဏီများကို အကျိုးအမြတ်အတွက် လာရောက်ပူးပေါင်းစေဖို့ ဆွဲဆောင်လျက်ရှိပါတယ်။ တစ်နေ့တစ်ခြားတိုးတက်လာနေတဲ့ Esports ဟာ ကမ္ဘာ့စီးပွားရေးနယ်ပယ်ပေါင်းစုံမှာ အသွင်အမျိုးမျိုးနဲ့ နေရာယူလာနေပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: esportsinsider


[Zawgyi]

ကိုယ္ပိုင္ အခ်ိဳရည္ ထုတ္လုပ္ေရာင္းခ်ေတာ့မယ့္ Astralis

 

CS: GO အသင္းတစ္သင္းျဖစ္တဲ့ Astralis ဟာ ဒိန္းမတ္အေဖ်ာ္ယမကာကုမၸဏီ Royal Unibrew နဲ႔ စီးပြားေရးအရ သေဘာတူညီမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ယင္းသေဘာတူညီမႈမ်ားထဲမွာမွ Royal Unibrew ရဲ႕ လက္ေအာက္မွာ ရွိေနတဲ့ CULT အမွတ္တံဆိပ္နဲ႔ ပူးေပါင္းျပီး အသင္းရဲ႕ ကိုယ္ပိုင္အမွတ္အသားနဲ႔ soft drink အခ်ိဳရည္ဘူးမ်ား ထုတ္လုပ္မယ့္ အစီအစဥ္လည္း ပါဝင္ပါတယ္။

အသစ္ထုတ္လုပ္မယ့္ ထုတ္ကုန္မ်ားကို ေနာ္ဒစ္ႏိုင္ငံမ်ားရဲ႕ ေစ်းကြက္မွာ ျဖန္႔ခ်ိဖုိ႔ ရည္ရြယ္ထားျပီး ယင္းတို့ကေနရရွိတဲ့ အျမတ္အစြန္းရဲ႕ တစ္စိတ္တစ္ပိုင္းကို Astralis အသင္းက ရရွိခံစားႏိုင္မွာပါ။ ပူးေပါင္းျပဳလုပ္မယ့္ ထုတ္ကုန္သစ္ ၂ မ်ိဳးကို ယခုႏွစ္ေႏြဦးရာသီအမီ စတင္မိတ္ဆက္သြားမယ္လို႔လည္း ဆိုပါတယ္။

Astralis အဖြဲ႔အစည္းရဲ႕ ပူးတြဲတည္ေထာင္သူ Jakob Lund Kristensen က “Astralis အသင္းဟာ စြမ္းေဆာင္ရည္ေကာင္းမႈ၊ ကိုယ္ရည္ကိုယ္ေသြးေကာင္းမြန္မႈ၊ ပရိသတ္မ်ားကို အားရေက်နပ္ဖြယ္ ရလဒ္ေကာင္းမ်ား ျပသႏိုင္မႈ စ တာေတြနဲ႔ ျပည့္စုံေအာင္ တည္ေဆာက္ထားတာပါ။ ယေန႔အခ်ိန္ထိ ကြ်န္ေတာ္တို႔ဟာ ဒစ္ဂ်စ္တယ္ပိုင္းမွာေရာ ကုန္ပစၥည္းမ်ားထုတ္လုပ္မႈအပိုင္းမွာပါ တိုးတက္ေအာင္ ေဆာင္ရြက္လာခဲ့ပါတယ္။

“Royal Unibrew နဲ႔ ပူးေပါင္းျပီး ယခုလိုထုတ္ကုန္သစ္မ်ား ထုတ္လုပ္မယ့္ အစီအစဥ္ဟာ ကြ်န္ေတာ္တို႔အတြက္ စီးပြားေရးပိုင္းမွာ နယ္ပယ္ခ်ဲ႕ထြင္လာေစႏိုင္ရုံသာမက ကြ်န္ေတာ္တို့ အသင္းနဲ႔ ပရိသတ္မ်ား ရင္းႏွီးထိေတြ႕ေနေအာင္လည္း ကူညီေပးႏိုင္မွာျဖစ္ပါတယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

Royal Unibrew ကုမၸဏီရဲ႕ေစ်းကြက္မန္ေနဂ်ာျဖစ္သူ Lise Tjell ကေတာ့ “Astralis အသင္းရဲ႕ ခြန္အားနဲ႔ စြမ္းပကားမ်ားဟာ CULT အမွတ္တံဆိပ္နဲ႔ ပူးေပါင္းဖုိ႔အတြက္ အသင့္ေတာ္ဆုံးအရာမ်ားပါ။ Astralis အုပ္စုနဲ႔ ပူးေပါင္းဖုိ႔ ညိွႏိႈင္းေျပာဆိုျပီးခ်ိန္မွာ ယင္းအဖြဲ႔အစည္းဟာ ရင္းႏွီးျမွပ္ႏွံမႈမ်ား ျပဳလုပ္ဖုိ႔ အလြန္အလားအလာေကာင္းေၾကာင္းလည္း ပိုမိုသိလာခဲ့ရပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

Esports အဖြဲ႔အစည္းမ်ားရဲ႕ နာမည္ေက်ာ္ၾကားမႈဟာ စီးပြားေရးကုမၸဏီမ်ားကို အက်ိဳးအျမတ္အတြက္ လာေရာက္ပူးေပါင္းေစဖုိ႔ ဆြဲေဆာင္လ်က္ရွိပါတယ္။ တစ္ေန႔တစ္ျခားတိုးတက္လာေနတဲ့ Esports ဟာ ကမၻာ့စီးပြားေရးနယ္ပယ္ေပါင္းစုံမွာ အသြင္အမ်ိဳးမ်ိဳးနဲ႔ ေနရာယူလာေနျပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: esportsinsider