[Unicode]

ကစားသမားသစ် ခေါ်ယူလိုက်တဲ့ Astralis CSGO နဲ့ နောက်ကွယ်က ပြဿနာများ

 

နာမည်ကျော် CS:GO အသင်းကြီးတစ်သင်းဖြစ်တဲ့ Astralis ဟာ ၆ ယောက်မြောက်ကစားသမားအဖြစ် es3tag ကို ခေါ်ယူလိုက်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် es3tag ဟာ ယခင်အသင်းဟောင်း Heroic နဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ စောင့်ဆိုင်းရဦးမှာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာသာ Astralis အသင်းသားအဖြစ် စတင်ကစားနိုင်မှာဖြစ်ပါတယ်။

Es3tag ကို Astralis က ခေါ်ယူသွားတဲ့အတွက် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်တဲ့ ပြိုင်ဘက်အသင်းတစ်သင်းတော့ ရှိပါတယ်။ အဲဒါကတော့ Heroic ရဲ့ အသင်းသားဟောင်းများကို ခေါ်ယူပြီး CS:GO အသင်းဖွဲ့စည်းကြောင်း ကြေညာခဲ့တဲ့ FunPlus Phoenix (FPX) ပါ။ FunPlus Phoenix ဟာ 2019 League of Legends World Championship အသင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ FPX ဟာ Flashpoint ပြိုင်ပွဲကို ဝင်ရောက်ဖို့အတွက် Heroic ကစားသမားဟောင်းများဖြစ်ကြတဲ့ es3tag, stavn, b0RUP, Snappi, cadiaN တို့နဲ့အတူ နည်းပြဟောင်းဖြစ်သူ LOMME ကိုပါ ခေါ်ယူကြောင်း မတ်လလယ်တုန်းက ကြေညာခဲ့ပါတယ်။

ယင်းအနေအထားအရတော့ Heroic အသင်းဟာ ကစားသမားဟောင်းများကို စာချုပ်သက်တမ်းမကုန်ဆုံးခင် FPX ဆီ လွှဲပြောင်းဖို့ အစီအစဉ်ဆွဲခဲ့ပုံပါ။ ဒါပေမယ့် ယခုအချိန်မှာတော့ es3tag ကို Astralis က ကြားဖြတ်ခေါ်ယူလိုက်ပြီဖြစ်လို့ ကျန် Heroic အသင်းသားဟောင်းများဟာလည်း FPX ကို စွန့်ခွာဖို့ အလားအလာများသွားခဲ့ပါပြီ။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Heroic ရဲ့ ဥက္ကဌဖြစ်သူ Erik Askered က “လက်ရှိအချိန်မှာ ဘာကိုမှအတိအကျမပြောနိုင်သေးပေမယ့် ဥပဒေအရ ပြင်ဆင်မှုများကို ပြုလုပ်နေပါတယ်။ Astralis ရဲ့ လုပ်ရပ်ဟာ Heroic နဲ့ FPX ကြား ကစားသမားရွှေ့ပြောင်းရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ပျက်ပြားအောင် ပြုလုပ်ခဲ့တာဖြစ်ကြောင်း ကျွန်တော်တို့ သိထားသလို သက်သေလည်းပြနိုင်ပါတယ်” လို့ HLTV.org ကို ပြောသွားခဲ့ပါတယ်။

Astralis ရဲ့ ဥက္ကဌဖြစ်သူ Nikolaj Nyholm ကလည်း Es3tag ကို ခေါ်ယူမှုနဲ့ ပတ်သက်လို့ တွစ်တာပေါ်မှာ ပို့စ်တင်ပြီး ရေးသားထားခဲ့ပါတယ်။ ယင်းပို့စ်အတွင်း ရေးသားချက်များအရ သူဟာ ယခင်က Heroic အသင်းကို ဆက်သွယ်ပြီး ဇူလိုင်လအထိ မစောင့်ဆိုင်းပဲ es3tag ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စာချုပ်ဟောင်းသက်တမ်းကုန်ချိန်အထိ မစောင့်ဆိုင်းပဲ ခေါ်ယူလိုရင် ကျန်ရှိနေတဲ့ ၃ လကျော်အချိန်အတွက် ဒေါ်လာ ၈ သိန်း ပေးလျော်ရမယ်လို့ Heroic ရဲ့ ဥက္ကဌက ဖြေကြားခဲ့ကြောင်း၊ ဒါကြောင့် Astralis အနေနဲ့ es3tag နဲ့ပဲ တိုက်ရိုက်စာချုပ်ချုပ်ဆိုခဲ့ပြီး Heroic နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ စောင့်ဆိုင်းမှာဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။

၂၀၁၇ နှောင်းပိုင်းမှာ Astralis ရဲ့ ကစားသမားတစ်ဦးဖြစ်သူ device ဟာ ကျန်းမာရေးပြဿနာများကြောင့် ခေတ္တအနားယူခဲ့ရစဉ်တည်းက အသင်းအတွက် ကစားသမားအပိုခေါ်ယူဖို့ အစီအစဉ်ရှိခဲ့တာဖြစ်ကြောင်း၊ Heroic နဲ့ FPX တို့ကြားက သဘောတူညီမှုများကိုတော့ သူ့အနေနဲ့ မသိသလို ယင်းကိစ္စများအတွက် တုံ့ပြန်မှုတစ်စုံတစ်ရာလည်း မပြုလုပ်ခဲ့ကြောင်း အစရှိသဖြင့်လည်း Nikolaj Nyholm က ရေးသားခဲ့ပါသေးတယ်။

Heroic အသင်းသားဟောင်းများ ပါဝင်တဲ့ FPX ဟာ Flashpoint ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေခဲ့ကြပါတယ်။ FPX ဟာ Flashpoint မှာ ပါဝင်နိုင်ဖို့အတွက် ဝင်ကြေး ဒေါ်လာ ၂ သန်း ပေးချေရမှာဖြစ်ပေမယ့် လက်ငင်းပေးခဲ့တာမဟုတ်ပဲ ပြိုင်ပွဲထဲမှာ ဆက်ရှိနေမှာသေချာမှ နောက် ၁၂ လအကြာမှာ ပေးရမှာဖြစ်ကြောင်း 1pv.fr က ရေးသားထားခဲ့ပါတယ်။ ဒါပေမယ့် Cloud9 ရဲ့ ဥက္ကဌအဖြစ်ရော Flashpoint ရဲ့ ကြားဖြတ်ဥက္ကဌအဖြစ်ပါ တာဝန်ယူထားသူ Dan Fiden ကတော့ ဒီကိစ္စဟာ မမှန်ကန်ဘူးလို့ ဆိုပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ Flashpoint ပြိုင်ပွဲအတွင်းက FPX နဲ့ Orgless တို့ ယှဉ်ပြိုင်ကစားကြရမယ့်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး Orgless အသင်းဟာ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။ လာမယ့် Flashpoint ပြိုင်ပွဲရဲ့ Phase 2 မှာတော့ အမေရိကန်အသင်း Swole Patrol က FunPlus Phoenix နာမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Esports လောကရဲ့ ကစားသမားအရွှေ့အပြောင်းကိစ္စများဟာ အရှုပ်အထွေးများဖြစ်ပေါ်လာတတ်ကြောင်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: hltv.org, Astralis twitter, Nikolaj Nyholm twitter


[ZawGyi]

ကစားသမားသစ္ ေခၚယူလိုက္တဲ့ Astralis CSGO နဲ႔ ေနာက္ကြယ္က ျပႆနာမ်ား

 

နာမည္ေက်ာ္ CS:GO အသင္းႀကီးတစ္သင္းျဖစ္တဲ့ Astralis ဟာ ၆ ေယာက္ေျမာက္ကစားသမားအျဖစ္ es3tag ကို ေခၚယူလိုက္ေၾကာင္း မၾကာေသးမီက ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ es3tag ဟာ ယခင္အသင္းေဟာင္း Heroic နဲ႔ ခ်ဳပ္ဆိုထားခဲ့တဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္အထိ ေစာင့္ဆိုင္းရဦးမွာျဖစ္ၿပီး ဇူလိုင္လ ၁ ရက္ေန႔မွာသာ Astralis အသင္းသားအျဖစ္ စတင္ကစားႏိုင္မွာျဖစ္ပါတယ္။

Es3tag ကို Astralis က ေခၚယူသြားတဲ့အတြက္ ဆုံးရႈံးမႈမ်ား ႀကဳံေတြ႕ရႏိုင္တဲ့ ၿပိဳင္ဘက္အသင္းတစ္သင္းေတာ့ ရွိပါတယ္။ အဲဒါကေတာ့ Heroic ရဲ႕ အသင္းသားေဟာင္းမ်ားကို ေခၚယူၿပီး CS:GO အသင္းဖြဲ႕စည္းေၾကာင္း ေၾကညာခဲ့တဲ့ FunPlus Phoenix (FPX) ပါ။ FunPlus Phoenix ဟာ 2019 League of Legends World Championship အသင္းကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ FPX ဟာ Flashpoint ၿပိဳင္ပြဲကို ဝင္ေရာက္ဖို႔အတြက္ Heroic ကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ့ es3tag, stavn, b0RUP, Snappi, cadiaN တို႔နဲ႔အတူ နည္းျပေဟာင္းျဖစ္သူ LOMME ကိုပါ ေခၚယူေၾကာင္း မတ္လလယ္တုန္းက ေၾကညာခဲ့ပါတယ္။

ယင္းအေနအထားအရေတာ့ Heroic အသင္းဟာ ကစားသမားေဟာင္းမ်ားကို စာခ်ဳပ္သက္တမ္းမကုန္ဆုံးခင္ FPX ဆီ လႊဲေျပာင္းဖို႔ အစီအစဥ္ဆြဲခဲ့ပုံပါ။ ဒါေပမယ့္ ယခုအခ်ိန္မွာေတာ့ es3tag ကို Astralis က ၾကားျဖတ္ေခၚယူလိုက္ၿပီျဖစ္လို႔ က်န္ Heroic အသင္းသားေဟာင္းမ်ားဟာလည္း FPX ကို စြန႔္ခြာဖို႔ အလားအလာမ်ားသြားခဲ့ပါၿပီ။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Heroic ရဲ႕ ဥကၠဌျဖစ္သူ Erik Askered က “လက္ရွိအခ်ိန္မွာ ဘာကိုမွအတိအက်မေျပာႏိုင္ေသးေပမယ့္ ဥပေဒအရ ျပင္ဆင္မႈမ်ားကို ျပဳလုပ္ေနပါတယ္။ Astralis ရဲ႕ လုပ္ရပ္ဟာ Heroic နဲ႔ FPX ၾကား ကစားသမားေ႐ႊ႕ေျပာင္းေရးကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ပ်က္ျပားေအာင္ ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ကြၽန္ေတာ္တို႔ သိထားသလို သက္ေသလည္းျပႏိုင္ပါတယ္” လို႔ HLTV.org ကို ေျပာသြားခဲ့ပါတယ္။

Astralis ရဲ႕ ဥကၠဌျဖစ္သူ Nikolaj Nyholm ကလည္း Es3tag ကို ေခၚယူမႈနဲ႔ ပတ္သက္လို႔ တြစ္တာေပၚမွာ ပို႔စ္တင္ၿပီး ေရးသားထားခဲ့ပါတယ္။ ယင္းပို႔စ္အတြင္း ေရးသားခ်က္မ်ားအရ သူဟာ ယခင္က Heroic အသင္းကို ဆက္သြယ္ၿပီး ဇူလိုင္လအထိ မေစာင့္ဆိုင္းပဲ es3tag ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ စာခ်ဳပ္ေဟာင္းသက္တမ္းကုန္ခ်ိန္အထိ မေစာင့္ဆိုင္းပဲ ေခၚယူလိုရင္ က်န္ရွိေနတဲ့ ၃ လေက်ာ္အခ်ိန္အတြက္ ေဒၚလာ ၈ သိန္း ေပးေလ်ာ္ရမယ္လို႔ Heroic ရဲ႕ ဥကၠဌက ေျဖၾကားခဲ့ေၾကာင္း၊ ဒါေၾကာင့္ Astralis အေနနဲ႔ es3tag နဲ႔ပဲ တိုက္႐ိုက္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး Heroic နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္အထိ ေစာင့္ဆိုင္းမွာျဖစ္ေၾကာင္း ေရးသားထားခဲ့ပါတယ္။

၂၀၁၇ ေႏွာင္းပိုင္းမွာ Astralis ရဲ႕ ကစားသမားတစ္ဦးျဖစ္သူ device ဟာ က်န္းမာေရးျပႆနာမ်ားေၾကာင့္ ေခတၱအနားယူခဲ့ရစဥ္တည္းက အသင္းအတြက္ ကစားသမားအပိုေခၚယူဖို႔ အစီအစဥ္ရွိခဲ့တာျဖစ္ေၾကာင္း၊ Heroic နဲ႔ FPX တို႔ၾကားက သေဘာတူညီမႈမ်ားကိုေတာ့ သူ႔အေနနဲ႔ မသိသလို ယင္းကိစၥမ်ားအတြက္ တုံ႔ျပန္မႈတစ္စုံတစ္ရာလည္း မျပဳလုပ္ခဲ့ေၾကာင္း အစရွိသျဖင့္လည္း Nikolaj Nyholm က ေရးသားခဲ့ပါေသးတယ္။

Heroic အသင္းသားေဟာင္းမ်ား ပါဝင္တဲ့ FPX ဟာ Flashpoint ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ေနခဲ့ၾကပါတယ္။ FPX ဟာ Flashpoint မွာ ပါဝင္ႏိုင္ဖို႔အတြက္ ဝင္ေၾကး ေဒၚလာ ၂ သန္း ေပးေခ်ရမွာျဖစ္ေပမယ့္ လက္ငင္းေပးခဲ့တာမဟုတ္ပဲ ၿပိဳင္ပြဲထဲမွာ ဆက္ရွိေနမွာေသခ်ာမွ ေနာက္ ၁၂ လအၾကာမွာ ေပးရမွာျဖစ္ေၾကာင္း 1pv.fr က ေရးသားထားခဲ့ပါတယ္။ ဒါေပမယ့္ Cloud9 ရဲ႕ ဥကၠဌအျဖစ္ေရာ Flashpoint ရဲ႕ ၾကားျဖတ္ဥကၠဌအျဖစ္ပါ တာဝန္ယူထားသူ Dan Fiden ကေတာ့ ဒီကိစၥဟာ မမွန္ကန္ဘူးလို႔ ဆိုျပန္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Flashpoint ၿပိဳင္ပြဲအတြင္းက FPX နဲ႔ Orgless တို႔ ယွဥ္ၿပိဳင္ကစားၾကရမယ့္ပြဲကို ဖ်က္သိမ္းလိုက္ၿပီျဖစ္ၿပီး Orgless အသင္းဟာ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားခဲ့ပါၿပီ။ လာမယ့္ Flashpoint ၿပိဳင္ပြဲရဲ႕ Phase 2 မွာေတာ့ အေမရိကန္အသင္း Swole Patrol က FunPlus Phoenix နာမည္နဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။Esports ေလာကရဲ႕ ကစားသမားအေ႐ႊ႕အေျပာင္းကိစၥမ်ားဟာ အရႈပ္အေထြးမ်ားျဖစ္ေပၚလာတတ္ေၾကာင္း ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: hltv.org, Astralis twitter, Nikolaj Nyholm twitter