[Zawgyi]

Video Game ဆိုတာ အားကစားနည္း တစ္ခုပါလား?

 

ကၽြန္ေတာ္တို႔ လက္ရွိေနထိုင္ေနတဲ့ အသိုင္းအဝိုင္းတစ္ခုမွာ Computer နဲ႔ပဲျဖစ္ျဖစ္ Console ဂိမ္းစက္နဲ႔ ျဖစ္ျဖစ္ Mobile ဖုန္းနဲ႔ျဖစ္ျဖစ္ Video Game ေဆာ့ေနျခင္းကို အက်ိဳးမရွိပဲ အခ်ိန္ျဖဳန္းသလို ထင္ျမင္ေနသူ အမ်ားအျပားရွိပါတယ္။ အဲလိုမ်ိဳးဟာ သင့္ပတ္ဝန္းက်င္မွာရွိေနတက္သလို သင္ကိုယ္တိုင္ကလည္း ထိုကဲ့သို႔ အျမင္မ်ိဳးရွိေနႏိုင္ပါတယ္။ ဒါေပမယ့္လည္း Video Game ဆိုတာ ပံုမွန္ျမင္ေတြ႕ေနက် အားကစားနည္းမ်ိဳးပဲျဖစ္ၿပီး သူကေတာ့ ကာယထက္စာရင္ ဉာဏကို အသံုးျပဳၿပီး ေဆာ့ရတဲ့ ကစားနည္းမ်ိဳးပါလို႔ ရွင္းျပပါရေစ။

Video Game ကို တစ္ဦးခ်င္းျဖစ္ေစ၊ အသင္းလိုက္ျဖစ္ေစ၊ ၿပိဳင္ပြဲအသြင္ ယွဥ္ၿပိဳင္ကစားျခင္းကို Electronic Sports (Esports) လို႔ေခၚပါတယ္။ Video Game ဆိုတာကို သမာ႐ိုးက် အားကစားေတြလိုပဲ အားလပ္ခ်ိန္မွာ ေဆာ့ကစားရင္ ဝါသနာ သို႔မဟုတ္ အပန္းေျဖျခင္း သေဘာမ်ိဳးနဲ႔ ေဆာ့ကစားႏိုင္ၿပီး ေသခ်ာေလ့လာလိုက္စားၿပီး ထူးခၽြန္မယ္ဆိုရင္ Professional Esports Player တစ္ေယာက္အျဖစ္အသက္ေမြးဝမ္းေၾကာင္းျပဳႏိုင္ပါတယ္။

Credit: Korizon

Esports ဂိမ္းအမ်ိဳးအစားေတြကေတာ့ Computer နဲ႔ေဆာ့ရတဲ့ Dota, Counter Strike, PUBG တုိ႔၊ Mobile ဖုန္းနဲ႔ေဆာ့ရတဲ့ Mobile Legends, PUBG Mobile, Clash Royale တို႔အျပင္ PS4, Xbox တို႔လို Console Platform မွာေဆာ့ရတဲ့ Pro Evolution Soccer, FIFA, Call of Duty, Tekken တို႔အျပင္ အျခားအမ်ိဳးအစားေပါင္းမ်ားစြာလည္း က်န္ရွိေနပါေသးတယ္။

ဒါေပမယ့္လည္း လူအမ်ားလက္ခံထားက်တဲ့ ကိုယ္ခႏၶာၾကံ႕ခိုင္မႈကို အသားေပးတဲ့ ေဘာလံုး၊ ဘက္စကက္ေဘာ၊ လက္ေဝွ႕၊ တင္းနစ္၊ ၾကက္ေတာင္ တို႔လို႔ အားကစားနည္းေတြနဲ႔ Esports ဟာ အေပၚယံမွာေတာ့ ကြဲျပားသလို ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ တူညီမႈေတြ အမ်ားအျပားရွိေနပါတယ္။

ဘာေတြတူညီေနလည္းဆိုတာ ေအာက္ပါအတိုင္း ေတြ႕ရွိရမွာပါ။

 

>> စနစ္က်ေသာ ေနထိုင္စားေသာက္မႈပံုစံ <<

Esports ကစားသမားေတြဟာအမ်ားျမင္ေတြ႕ေနက် Video ဂိမ္းကို အေပ်ာ္ေဆာ့ေနသူေတြလို ညကိုသန္းေခါင္ေက်ာ္မွအိပ္၊ မနက္ကို ေနဖင္ထိုးမွထၾကရတာ မဟုတ္ပါဘူး။ သူတို႔ဟာ အိမ္တစ္အိမ္/ အခန္းတစ္ခန္းမွာ စခန္းသြင္းသလို စုစုစည္းစည္း ေနၾကရၿပီး ပံုမွန္အားကစားသမား တစ္ေယာက္လို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အိပ္ခ်ိန္စားခ်ိန္အရ ေနထိုင္ရပါတယ္။ အိပ္ခ်ိန္စားခ်ိန္ မမွန္တဲ့အခါ စိတ္မရႊင္မလန္းျဖစ္ေစႏိုင္ၿပီး ကိုယ့္ရဲ႕ Game အတြင္းက ဆံုးျဖတ္ခ်က္ကိုပါ ထိခိုက္ေစႏိုင္ပါတယ္။

Credit: Inkedgaming

Professional အသင္းအမ်ားစုမွာ ကစားသမားေတြကို က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြ ခ်က္ျပဳတ္ေပးဖို႔ စားဖိုမႈးတစ္ဦး ရွိေနတက္ပါတယ္။ ထို႔အျပင္ Professional Esports ကစားသမား အမ်ားစုဟာ လူေတြထင္သလို အထိုင္မ်ားေနတဲ့အတြက္ ပံုမွန္အားကစားသမားေတြလို မဟုတ္ပဲ ပံုပ်က္ပန္းပ်က္ခႏၶာကိုယ္နဲ႔ အဝလြန္ေနတယ္လို႔ထင္ေနရင္ မွားသြားပါလိမ့္မယ္။

Credit: New York Times

 

Professional Esports အသင္းတိုင္းလိုလို ကစားသမားေတြရဲ႕ ေန႔စဥ္အခ်ိန္ဇယားမွာ စားခ်ိန္အိပ္ခ်ိန္ ေလ့က်င့္ခ်ိန္အျပင္ ကိုယ္ကာယအခ်ိန္ကိုပါ ထည့္သြင္းထားတတ္ၾကၿပီး Gym ေဆာ့သည္ျဖစ္ေစ၊ ေဘာလံုး ဘက္စကက္ေဘာ ၾကက္ေတာင္ စသည့္ ကစားနည္းမ်ားကိုပါ ကစားေစတာကို ေတြ႕ရမွာပါ။

 

>> ေလ့က်င့္ခ်ိန္ <<

Professional Esports Player / အသင္းတစ္သင္းအေနနဲ႔ ေလ့က်င့္ခ်ိန္က ပ်မ္းမွ်တစ္ေန႔ကို ၆ နာရီမွ ၈ နာရီ၊ တစ္ပါတ္ကို နာရီ ၅၀ ခန္႔အထိ ရွိတတ္ပါတယ္။

ျမန္မာႏိုင္ငံက အခ်ိဳ႕ေသာ Semi-Professional အသင္းေတြေတာင္ တစ္ေန႔ေလ့က်င့္ခ်ိန္ ၅ နာရီ၊ ၆ နာရီခန္႔အထိ ရွိတတ္ၾကပါတယ္။

Training အတြက္ ႏိုင္ငံျခားက အသင္းေတြနဲ႔ခ်ိတ္ဆက္ၿပီး Online ကေနပဲ ယွဥ္ၿပိဳင္ကစားရတာ မ်ားပါတယ္။ ပံုမွန္ Esports အသင္းတစ္သင္းရဲ႕ ေလ့ခ်ိန္မႈကိုေတာ့ ေန႔လည္ ၁ နာရီဝန္းက်င္ခန္႔ကေန ညေန ၇,၈,၉ နာရီေလာက္မွအထိ ျပဳလုပ္ေလ့ ရွိၾကပါတယ္။

Evil Geniuses Training House

>> ၿပိဳင္ဖက္ကိုေလ့လာမႈ <<

Professional ျဖစ္ေစ၊ Semi-Professional ျဖစ္ေစ Esports အသင္းတစ္သင္းမွာ နည္းျပ (Coach) တစ္ဦး ရွိပါတယ္။ ဒီ Coach ဟာ အသင္းရဲ႕ နည္းစနစ္နဲ႔ နည္းဗ်ဴဟာေတြကို ခ်မွတ္တဲ့အျပင္ Player ေတြရဲ႕ အရည္အခ်င္းေတြ တိုးတက္ဖို႔ပါ ကူညီေပးရတယ္။ ဒါ့ျပင္ ၿပိဳင္ဖက္ရဲ႕နည္းဗ်ဴဟာေတြကိုပါ ေလ့လာရၿပီး အသာရႏိုင္မယ့္ ကစားကြက္ကို ခင္းက်င္းေပးရပါတယ္။

ကစားသမားေတြကိုယ္တိုင္ကလည္း ေလ့က်င့္မႈနားထားတဲ့ အခ်ိန္မွာ ၿပိဳင္ဖက္အသင္းရဲ႕ ကစားထားတဲ့ ပြဲေတြကို အတူတူ ၾကည့္ရႈေလ့လာသံုးသပ္တာမ်ိဳးေတြ၊ ကမာၻအဆင့္အသင္းေတြရဲ႕ ကစားပံုေတြကို ေလ့လာ မွတ္သားရတာမ်ိဳးေတြကိုလည္း ျပဳလုပ္ရပါတယ္။

 

>> ပရိသတ္အားေပးမႈ <<

Esports ၿပိဳင္ပြဲအမ်ိဳးအစားေတြအားလံုး Online ကေန ယွဥ္ၿပိဳင္ကစားႏိုင္ၿပီး ၾကည့္႐ွဳသူ ပရိသတ္မ်ားအေနနဲ႔လည္း ဂိမ္းအတြင္းသို႔ ဝင္ေရာက္၍ျဖစ္ေစ၊ Facebook, Youtube, Twitch အစရွိ Channel မ်ားမွျဖစ္ေစ၊ TV Channel မ်ားမွျဖစ္ေစ အခ်ိန္နဲ႔တေျပးညီ တိုက္႐ိုက္ၾကည့္႐ွဳဖို႔ ေရြးခ်ယ္စရာမ်ားျပားျခင္းက သမား႐ိုးက် အားကစားနည္းေတြထက္ သာလြန္တဲ့ အခ်က္ပါပဲ။

ပံုမွန္အားျဖင့္ ႏိုင္ငံအလိုက္ သို႔မဟုတ္ ေဒသအလိုက္ လက္ရည္စစ္ပြဲမ်ားကိုသာ Online မွတဆင့္ ေဆာ့ကစားေစၿပီး လက္ရည္စစ္ပြဲေအာင္ျမင္လာေသာ အသင္းမ်ားအားလံုးကို စုေပါင္းၿပီး ေနာက္ဆံုးအဆင့္ Final ၿပိဳင္ပြဲမ်ားကို Shopping Mall မ်ား၊ Esports Stadium မ်ား၊ Indoor Stadium မ်ား၊ ေဘာလံုးကြင္းမ်ား၊ Hotel / Resort မ်ား စသည့္ေနရာမ်ားတြင္ က်င္းပေလ့ရွိတယ္။

2017 World Championship Finals Stage at Beijing National Stadium in Beijing, China on 4 November 2017.

ဥပမာ 2014 ခုႏွစ္တုန္းက ဂိမ္းအမ်ိဳးေပါင္းမ်ားစြာ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ Myanmar Gaming Festival ၿပိဳင္ပြဲကို သုဝဏၰ မိုးလံုေလလံုအားကစားခန္းမမွာ ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့သလို 2018 ခုႏွစ္မွာလည္း မႏၲေလးတကၠသိုလ္မ်ား Dota2 ၿပိဳင္ပြဲကို မႏၲေလး အမ်ိဳးသား ကဇာတ္ရံုတြင္ ေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံရွိ Syracuse University မွစစ္တမ္းမ်ားအရ ယခု 2019 ခုႏွစ္တြင္ တကမာၻလံုးရွိ Esports ပရိသတ္ဦးေရ သန္း ၄၅၀ ခန္႔ ရွိလာႏိုင္ၿပီး 2020 ခုႏွစ္မွာ ပရိသတ္ဦးေရ သန္း ၅၀၀ ခန္႔အထိ ရွိလာႏိုင္တယ္လို႔ ေဖာ္ျပထားတယ္။

>> ဆုေၾကး <<

Esports ၿပိဳင္ပြဲေတြရဲ႕ ဆုေၾကးေတြက သမား႐ိုးက် အားကစားၿပိဳင္ပြဲအမ်ားစုရဲ႕ ဆုေၾကးေတြထက္ မ်ားတယ္ဆိုတာကို သင္ယံုၾကည္လိုက္ပါ။ လက္ရွိဆုေၾကးအမ်ားဆံုးဂိမ္းၿပိဳင္ပြဲကေတာ့ 2018 ကေနဒါႏိုင္ငံမွာက်င္းခဲ့တဲ့ The International 2018 Dota2 ၿပိဳင္ပြဲျဖစ္ၿပီး ဆုေၾကးေငြေဒၚလာ 25.5 သန္း ေပးအပ္ခဲ့ပါတယ္။ ပထမရရွိခဲ့တဲ့အသင္းဟာ ဆုေၾကး ေဒၚလာ 11.2 သန္း ရရွိခဲ့ပါတယ္။

ဒီဆုေၾကးဟာ Tennis, Golf, American Football, Rugby, Ice Hockey စတဲ့ ကစားနည္းေတြရဲ႕ အႀကီးက်ယ္ဆံုးၿပိဳင္ပြဲမ်ိဳးေတြမွာ ရတဲ့ဆုေၾကးထက္ မ်ားပါတယ္။

Esports ၿပိဳင္ပြဲေတြရဲ႕ ဆုေၾကးေငြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ လွ်င္ျမန္စြာတိုးတက္ေနတဲ့အတြက္ မၾကာမီကာလတစ္ခုမွာ World Cup, Champion League, World Series (Baseball) စတဲ့ ကမ႓ာေက်ာ္ၿပိဳင္ပြဲေတြကို ေက်ာ္တက္သြားႏိုင္မယ္ဆိုရင္ ဒါဟာ အထူးအဆန္းျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ေန႔စဥ္ကမာၻအရပ္ရပ္က အခ်ိန္တိုင္း ေနရာတိုင္းမွာ က်င္းပေနတဲ့ Esports ၿပိဳင္ပြဲတစ္ပြဲကေတာ့ အစဥ္အၿမဲရွိလို႔ေနၿပီး လစဥ္တိုင္းမွာ ဆုေၾကးေငြအေမရိကန္ ေဒၚလာသိန္းဂဏန္း ကေန သန္းဂဏန္းအထိ ေပးအပ္မယ့္ၿပိဳင္ပြဲႀကီးေတြ တစ္ပြဲမဟုတ္တစ္ပြဲ က်င္းပေလ့ရွိေနလို႔ပါပဲ။

 

>> စီးပြားေရး <<

သမာ႐ိုးက် အားကစားေတြလိုပဲ Esports အသင္းေတြဟာလည္း ဆုေၾကးေငြတစ္ခုတည္းနဲ႔ ရပ္တည္တာမဟုတ္ပဲ သူတို႔ကို ေထာက္ပံ့ေပးေနတဲ့ Brand ေတြ၊ Sponsor ေတြ ရင္းႏွီးျမဳပ္ႏွံသူေတြရွိေနတာကို ေတြ႕ရမွာပါ။

ဒီလို Esports အသင္းမ်ားကို ရင္းႏွီးျမဳပ္ႏွံသူေတြထဲမွာ Esports နဲ႔မသက္ဆိုင္တဲ့ အားကစားသမားမ်ား အဆိုေတာ္မ်ား ဆယ္လီမ်ား ပါဝင္ေနတာကို ေတြ႕ရမွာပါ။

Esports ကစားသမားမ်ားရဲ႕ အသင္းအက်ႌေတြမွာလည္း အျခားကစားနည္းေတြလို ေၾကာ္ညာေတြ ျပည့္နက္ေနတာကို ျမင္ႏုိင္ပါတယ္။ Sponsor အမ်ားစုက ဂိမ္းနဲ႔ဆက္စပ္ပစၥည္းေတြ ျဖစ္တဲ့ Gaming Gear နဲ႔ Hardware ကုမၸဏီေတြ၊ ဖုန္းကုမၸဏီေတြ၊ Internet ကုမၸဏီေတြ ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ အစားအေသာက္ Brand ေတြ၊ လူသံုးကုန္ပစၥည္းေတြ၊ ကားကုမၸဏီေတြပါ Esports အသင္းေတြ ၿပိဳင္ပြဲေတြကို စပြန္ဆာ ေပးလာၾကတာကို ေတြ႕ရမွာပါ။

Credit – Medium:100+ Brands Have Invested In eSports: Q3 2017 Brand Tracker

အႏွစ္ခ်ဳပ္အေနနဲ႔ဆိုရင္ Esports ဟာ သမား႐ိုးက်အားကစားနည္းေတြနဲ႔ တူညီမႈေတြ ရွိေနေပမယ့္လည္း အိုလံပစ္ေကာ္မတီ International Olympic Committee (IOC) ကေန အားကစားနည္းတစ္ခုအျဖစ္ အသိအမွတ္ျပဳထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လည္း မၾကာေသးမီက က်င္းပခဲ့တဲ့ 2018 အင္ဒိုနီးရွား ၁၈ ႀကိမ္ေျမာက္ အာရွအားကစားပြဲေတာ္ (2018 ASIAN GAMES) မွာအစမ္းျပကစားနည္းအျဖစ္ ပါဝင္ခဲ့သလုိ၊ လာမယ့္ 2019 November ဖိလစ္ပိုင္မွာ က်င္းပမယ့္ အႀကိမ္၃၀ေျမာက္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ (Philippines 2019 SEA GAMES) မွာလည္း Esports ကို ဆုတံဆိပ္ေပးအပ္တဲ့ အားကစားနည္းတစ္ခု အေနနဲ႔ ပထမဆုံးထည့္သြင္းလာခဲ့ပါၿပီ။

Credit: UNGEEK

စစ္တုရင္ (Chess) လို ဉာဏ္ပညာအသားေပး ကစားနည္းမ်ိဳးကို (အိုလံပစ္ၿပိဳင္ပြဲ တစ္ခုမွပါထားျခင္း မရွိေသးေပမယ့္လည္း) အိုလံပစ္ကစားနည္း တစ္ခုအျဖစ္ International Olympic Committee က အသိအမွတ္ၿပီးသားျဖစ္ပါတယ္။

ဒါေၾကာင့္လည္း မေဝးေတာ့တဲ့ အနာဂတ္တစ္ခုမွာ Electronic Sports (Esports) ကို Olympic အားကစားတစ္ခုအေနနဲ႔ပါ အသိအမွတ္ျပဳခံရၿပီး ျပင္သစ္ႏုိင္ငံမွာ က်င္းပမယ့္ 2024 အုိလံပစ္မွာျဖစ္ျဖစ္၊ အေမရိကန္မွာက်င္းပမယ့္ 2028 အုိလံပစ္မွာျဖစ္ျဖစ္ ပါဝင္လာမယ္ဆိုရင္ေတာ့ သင့္တို႔အားေပးတဲ့ Esports Player ေတြ သုိ႔မဟုတ္ သင္ကိုယ္တိုင္ေတာင္မွ ႏိုင္ငံဂုဏ္ေဆာင္ ကစားသမားတစ္ေယာက္အေနနဲ႔ Video ဂိမ္းဆိုတာႀကီးကို ကမာၻအလယ္မွာ ဝင့္ႂကြားစြာ တရားဝင္ယွဥ္ၿပိဳင္ကစားခြင့္ရေတာ့မွာပဲ ျဖစ္ပါတယ္ ခင္ဗ်ာ။

===============================================

[Unicode]

Video Game ဆိုတာ အားကစားနည်း တစ်ခုပါလား?

 

ကျွန်တော်တို့ လက်ရှိနေထိုင်နေတဲ့ အသိုင်းအဝိုင်းတစ်ခုမှာ Computer နဲ့ပဲဖြစ်ဖြစ် Console ဂိမ်းစက်နဲ့ ဖြစ်ဖြစ် Mobile ဖုန်းနဲ့ဖြစ်ဖြစ် Video Game ဆော့နေခြင်းကို အကျိုးမရှိပဲ အချိန်ဖြုန်းသလို ထင်မြင်နေသူ အများအပြားရှိပါတယ်။ အဲလိုမျိုးဟာ သင့်ပတ်ဝန်းကျင်မှာရှိနေတက်သလို သင်ကိုယ်တိုင်ကလည်း ထိုကဲ့သို့ အမြင်မျိုးရှိနေနိုင်ပါတယ်။ ဒါပေမယ့်လည်း Video Game ဆိုတာ ပုံမှန်မြင်တွေ့နေကျ အားကစားနည်းမျိုးပဲဖြစ်ပြီး သူကတော့ ကာယထက်စာရင် ဉာဏကို အသုံးပြုပြီး ဆော့ရတဲ့ ကစားနည်းမျိုးပါလို့ ရှင်းပြပါရစေ။

Video Game ကို တစ်ဦးချင်းဖြစ်စေ၊ အသင်းလိုက်ဖြစ်စေ၊ ပြိုင်ပွဲအသွင် ယှဉ်ပြိုင်ကစားခြင်းကို Electronic Sports (Esports) လို့ခေါ်ပါတယ်။ Video Game ဆိုတာကို သမာရိုးကျ အားကစားတွေလိုပဲ အားလပ်ချိန်မှာ ဆော့ကစားရင် ဝါသနာ သို့မဟုတ် အပန်းဖြေခြင်း သဘောမျိုးနဲ့ ဆော့ကစားနိုင်ပြီး သေချာလေ့လာလိုက်စားပြီး ထူးချွန်မယ်ဆိုရင် Professional Esports Player တစ်ယောက်အဖြစ်အသက်မွေးဝမ်းကြောင်းပြုနိုင်ပါတယ်။

Credit: Korizon

Esports ဂိမ်းအမျိုးအစားတွေကတော့ Computer နဲ့ဆော့ရတဲ့ Dota, Counter Strike, PUBG တို့၊ Mobile ဖုန်းနဲ့ဆော့ရတဲ့ Mobile Legends, PUBG Mobile, Clash Royale တို့အပြင် PS4, Xbox တို့လို Console Platform မှာဆော့ရတဲ့ Pro Evolution Soccer, FIFA, Call of Duty, Tekken တို့အပြင် အခြားအမျိုးအစားပေါင်းများစွာလည်း ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့်လည်း လူအများလက်ခံထားကျတဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အသားပေးတဲ့ ဘောလုံး၊ ဘက်စကက်ဘော၊ လက်ဝှေ့၊ တင်းနစ်၊ ကြက်တောင် တို့လို့ အားကစားနည်းတွေနဲ့ Esports ဟာ အပေါ်ယံမှာတော့ ကွဲပြားသလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ တူညီမှုတွေ အများအပြားရှိနေပါတယ်။

ဘာတွေတူညီနေလည်းဆိုတာ အောက်ပါအတိုင်း တွေ့ရှိရမှာပါ။

 

>> စနစ်ကျသော နေထိုင်စားသောက်မှုပုံစံ <<

Esports ကစားသမားတွေဟာအများမြင်တွေ့နေကျ Video ဂိမ်းကို အပျော်ဆော့နေသူတွေလို ညကိုသန်းခေါင်ကျော်မှအိပ်၊ မနက်ကို နေဖင်ထိုးမှထကြရတာ မဟုတ်ပါဘူး။ သူတို့ဟာ အိမ်တစ်အိမ်/ အခန်းတစ်ခန်းမှာ စခန်းသွင်းသလို စုစုစည်းစည်း နေကြရပြီး ပုံမှန်အားကစားသမား တစ်ယောက်လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်ချိန်စားချိန်အရ နေထိုင်ရပါတယ်။ အိပ်ချိန်စားချိန် မမှန်တဲ့အခါ စိတ်မရွှင်မလန်းဖြစ်စေနိုင်ပြီး ကိုယ့်ရဲ့ Game အတွင်းက ဆုံးဖြတ်ချက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

Credit: Inkedgaming

Professional အသင်းအများစုမှာ ကစားသမားတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ချက်ပြုတ်ပေးဖို့ စားဖိုမှုးတစ်ဦး ရှိနေတက်ပါတယ်။ ထို့အပြင် Professional Esports ကစားသမား အများစုဟာ လူတွေထင်သလို အထိုင်များနေတဲ့အတွက် ပုံမှန်အားကစားသမားတွေလို မဟုတ်ပဲ ပုံပျက်ပန်းပျက်ခန္ဓာကိုယ်နဲ့ အဝလွန်နေတယ်လို့ထင်နေရင် မှားသွားပါလိမ့်မယ်။

Credit: New York Times

Professional Esports အသင်းတိုင်းလိုလို ကစားသမားတွေရဲ့ နေ့စဉ်အချိန်ဇယားမှာ စားချိန်အိပ်ချိန် လေ့ကျင့်ချိန်အပြင် ကိုယ်ကာယအချိန်ကိုပါ ထည့်သွင်းထားတတ်ကြပြီး Gym ဆော့သည်ဖြစ်စေ၊ ဘောလုံး ဘက်စကက်ဘော ကြက်တောင် စသည့် ကစားနည်းများကိုပါ ကစားစေတာကို တွေ့ရမှာပါ။

 

>> လေ့ကျင့်ချိန် <<

Professional Esports Player / အသင်းတစ်သင်းအနေနဲ့ လေ့ကျင့်ချိန်က ပျမ်းမျှတစ်နေ့ကို ၆ နာရီမှ ၈ နာရီ၊ တစ်ပါတ်ကို နာရီ ၅၀ ခန့်အထိ ရှိတတ်ပါတယ်။

မြန်မာနိုင်ငံက အချို့သော Semi-Professional အသင်းတွေတောင် တစ်နေ့လေ့ကျင့်ချိန် ၅ နာရီ၊ ၆ နာရီခန့်အထိ ရှိတတ်ကြပါတယ်။

Training အတွက် နိုင်ငံခြားက အသင်းတွေနဲ့ချိတ်ဆက်ပြီး Online ကနေပဲ ယှဉ်ပြိုင်ကစားရတာ များပါတယ်။ ပုံမှန် Esports အသင်းတစ်သင်းရဲ့ လေ့ချိန်မှုကိုတော့ နေ့လည် ၁ နာရီဝန်းကျင်ခန့်ကနေ ညနေ ၇,၈,၉ နာရီလောက်မှအထိ ပြုလုပ်လေ့ ရှိကြပါတယ်။

Evil Geniuses Training House

>> ပြိုင်ဖက်ကိုလေ့လာမှု <<

Professional ဖြစ်စေ၊ Semi-Professional ဖြစ်စေ Esports အသင်းတစ်သင်းမှာ နည်းပြ (Coach) တစ်ဦး ရှိပါတယ်။ ဒီ Coach ဟာ အသင်းရဲ့ နည်းစနစ်နဲ့ နည်းဗျူဟာတွေကို ချမှတ်တဲ့အပြင် Player တွေရဲ့ အရည်အချင်းတွေ တိုးတက်ဖို့ပါ ကူညီပေးရတယ်။ ဒါ့ပြင် ပြိုင်ဖက်ရဲ့နည်းဗျူဟာတွေကိုပါ လေ့လာရပြီး အသာရနိုင်မယ့် ကစားကွက်ကို ခင်းကျင်းပေးရပါတယ်။

ကစားသမားတွေကိုယ်တိုင်ကလည်း လေ့ကျင့်မှုနားထားတဲ့ အချိန်မှာ ပြိုင်ဖက်အသင်းရဲ့ ကစားထားတဲ့ ပွဲတွေကို အတူတူ ကြည့်ရှုလေ့လာသုံးသပ်တာမျိုးတွေ၊ ကမ္ဘာအဆင့်အသင်းတွေရဲ့ ကစားပုံတွေကို လေ့လာ မှတ်သားရတာမျိုးတွေကိုလည်း ပြုလုပ်ရပါတယ်။

 

>> ပရိသတ်အားပေးမှု <<

Esports ပြိုင်ပွဲအမျိုးအစားတွေအားလုံး Online ကနေ ယှဉ်ပြိုင်ကစားနိုင်ပြီး ကြည့်ရှုသူ ပရိသတ်များအနေနဲ့လည်း ဂိမ်းအတွင်းသို့ ဝင်ရောက်၍ဖြစ်စေ၊ Facebook, Youtube, Twitch အစရှိ Channel များမှဖြစ်စေ၊ TV Channel များမှဖြစ်စေ အချိန်နဲ့တပြေးညီ တိုက်ရိုက်ကြည့်ရှုဖို့ ရွေးချယ်စရာများပြားခြင်းက သမားရိုးကျ အားကစားနည်းတွေထက် သာလွန်တဲ့ အချက်ပါပဲ။

ပုံမှန်အားဖြင့် နိုင်ငံအလိုက် သို့မဟုတ် ဒေသအလိုက် လက်ရည်စစ်ပွဲများကိုသာ Online မှတဆင့် ဆော့ကစားစေပြီး လက်ရည်စစ်ပွဲအောင်မြင်လာသော အသင်းများအားလုံးကို စုပေါင်းပြီး နောက်ဆုံးအဆင့် Final ပြိုင်ပွဲများကို Shopping Mall များ၊ Esports Stadium များ၊ Indoor Stadium များ၊ ဘောလုံးကွင်းများ၊ Hotel / Resort များ စသည့်နေရာများတွင် ကျင်းပလေ့ရှိတယ်။

2017 World Championship Finals Stage at Beijing National Stadium in Beijing, China on 4 November 2017.

ဥပမာ 2014 ခုနှစ်တုန်းက ဂိမ်းအမျိုးပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Gaming Festival ပြိုင်ပွဲကို သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို 2018 ခုနှစ်မှာလည်း မန္တလေးတက္ကသိုလ်များ Dota2 ပြိုင်ပွဲကို မန္တလေး အမျိုးသား ကဇာတ်ရုံတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရှိ Syracuse University မှစစ်တမ်းများအရ ယခု 2019 ခုနှစ်တွင် တကမ္ဘာလုံးရှိ Esports ပရိသတ်ဦးရေ သန်း ၄၅၀ ခန့် ရှိလာနိုင်ပြီး 2020 ခုနှစ်မှာ ပရိသတ်ဦးရေ သန်း ၅၀၀ ခန့်အထိ ရှိလာနိုင်တယ်လို့ ဖော်ပြထားတယ်။

>> ဆုကြေး <<

Esports ပြိုင်ပွဲတွေရဲ့ ဆုကြေးတွေက သမားရိုးကျ အားကစားပြိုင်ပွဲအများစုရဲ့ ဆုကြေးတွေထက် များတယ်ဆိုတာကို သင်ယုံကြည်လိုက်ပါ။ လက်ရှိဆုကြေးအများဆုံးဂိမ်းပြိုင်ပွဲကတော့ 2018 ကနေဒါနိုင်ငံမှာကျင်းခဲ့တဲ့ The International 2018 Dota2 ပြိုင်ပွဲဖြစ်ပြီး ဆုကြေးငွေဒေါ်လာ 25.5 သန်း ပေးအပ်ခဲ့ပါတယ်။ ပထမရရှိခဲ့တဲ့အသင်းဟာ ဆုကြေး ဒေါ်လာ 11.2 သန်း ရရှိခဲ့ပါတယ်။

ဒီဆုကြေးဟာ Tennis, Golf, American Football, Rugby, Ice Hockey စတဲ့ ကစားနည်းတွေရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲမျိုးတွေမှာ ရတဲ့ဆုကြေးထက် များပါတယ်။

Esports ပြိုင်ပွဲတွေရဲ့ ဆုကြေးငွေဟာ တစ်နှစ်ထက်တစ်နှစ် လျှင်မြန်စွာတိုးတက်နေတဲ့အတွက် မကြာမီကာလတစ်ခုမှာ World Cup, Champion League, World Series (Baseball) စတဲ့ ကမ္ဘာကျော်ပြိုင်ပွဲတွေကို ကျော်တက်သွားနိုင်မယ်ဆိုရင် ဒါဟာ အထူးအဆန်းဖြစ်တော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နေ့စဉ်ကမ္ဘာအရပ်ရပ်က အချိန်တိုင်း နေရာတိုင်းမှာ ကျင်းပနေတဲ့ Esports ပြိုင်ပွဲတစ်ပွဲကတော့ အစဉ်အမြဲရှိလို့နေပြီး လစဉ်တိုင်းမှာ ဆုကြေးငွေအမေရိကန် ဒေါ်လာသိန်းဂဏန်း ကနေ သန်းဂဏန်းအထိ ပေးအပ်မယ့်ပြိုင်ပွဲကြီးတွေ တစ်ပွဲမဟုတ်တစ်ပွဲ ကျင်းပလေ့ရှိနေလို့ပါပဲ။

 

>> စီးပွားရေး <<

သမာရိုးကျ အားကစားတွေလိုပဲ Esports အသင်းတွေဟာလည်း ဆုကြေးငွေတစ်ခုတည်းနဲ့ ရပ်တည်တာမဟုတ်ပဲ သူတို့ကို ထောက်ပံ့ပေးနေတဲ့ Brand တွေ၊ Sponsor တွေ ရင်းနှီးမြုပ်နှံသူတွေရှိနေတာကို တွေ့ရမှာပါ။

ဒီလို Esports အသင်းများကို ရင်းနှီးမြုပ်နှံသူတွေထဲမှာ Esports နဲ့မသက်ဆိုင်တဲ့ အားကစားသမားများ အဆိုတော်များ ဆယ်လီများ ပါဝင်နေတာကို တွေ့ရမှာပါ။

Esports ကစားသမားများရဲ့ အသင်းအင်္ကျီတွေမှာလည်း အခြားကစားနည်းတွေလို ကြော်ညာတွေ ပြည့်နက်နေတာကို မြင်နိုင်ပါတယ်။ Sponsor အများစုက ဂိမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖြစ်တဲ့ Gaming Gear နဲ့ Hardware ကုမ္ပဏီတွေ၊ ဖုန်းကုမ္ပဏီတွေ၊ Internet ကုမ္ပဏီတွေ ဖြစ်ပြီး နောက်ပိုင်းမှာတော့ အစားအသောက် Brand တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ ကားကုမ္ပဏီတွေပါ Esports အသင်းတွေ ပြိုင်ပွဲတွေကို စပွန်ဆာ ပေးလာကြတာကို တွေ့ရမှာပါ။

Credit – Medium:100+ Brands Have Invested In eSports: Q3 2017 Brand Tracker

အနှစ်ချုပ်အနေနဲ့ဆိုရင် Esports ဟာ သမားရိုးကျအားကစားနည်းတွေနဲ့ တူညီမှုတွေ ရှိနေပေမယ့်လည်း အိုလံပစ်ကော်မတီ International Olympic Committee (IOC) ကနေ အားကစားနည်းတစ်ခုအဖြစ် အသိအမှတ်ပြုထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာသေးမီက ကျင်းပခဲ့တဲ့ 2018 အင်ဒိုနီးရှား ၁၈ ကြိမ်မြောက် အာရှအားကစားပွဲတော် (2018 ASIAN GAMES) မှာအစမ်းပြကစားနည်းအဖြစ် ပါဝင်ခဲ့သလို၊ လာမယ့် 2019 November ဖိလစ်ပိုင်မှာ ကျင်းပမယ့် အကြိမ်၃၀မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (Philippines 2019 SEA GAMES) မှာလည်း Esports ကို ဆုတံဆိပ်ပေးအပ်တဲ့ အားကစားနည်းတစ်ခု အနေနဲ့ ပထမဆုံးထည့်သွင်းလာခဲ့ပါပြီ။

Credit: UNGEEK

စစ်တုရင် (Chess) လို ဉာဏ်ပညာအသားပေး ကစားနည်းမျိုးကို (အိုလံပစ်ပြိုင်ပွဲ တစ်ခုမှပါထားခြင်း မရှိသေးပေမယ့်လည်း) အိုလံပစ်ကစားနည်း တစ်ခုအဖြစ် International Olympic Committee က အသိအမှတ်ပြီးသားဖြစ်ပါတယ်။

ဒါကြောင့်လည်း မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ Electronic Sports (Esports) ကို Olympic အားကစားတစ်ခုအနေနဲ့ပါ အသိအမှတ်ပြုခံရပြီး ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် 2024 အိုလံပစ်မှာဖြစ်ဖြစ်၊ အမေရိကန်မှာကျင်းပမယ့် 2028 အိုလံပစ်မှာဖြစ်ဖြစ် ပါဝင်လာမယ်ဆိုရင်တော့ သင့်တို့အားပေးတဲ့ Esports Player တွေ သို့မဟုတ် သင်ကိုယ်တိုင်တောင်မှ နိုင်ငံဂုဏ်ဆောင် ကစားသမားတစ်ယောက်အနေနဲ့ Video ဂိမ်းဆိုတာကြီးကို ကမ္ဘာအလယ်မှာ ဝင့်ကြွားစွာ တရားဝင်ယှဉ်ပြိုင်ကစားခွင့်ရတော့မှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

#TraditionalSports #ElectronicSports #SEAGames #Olympic