(English Version Below)

[ZawGyi]

Burmese Ghouls MLBB ကေန ထြက္ခြာခဲ့တဲ့ Ardam

 



 










===========================

[Unicode]

Burmese Ghouls MLBB ကနေ ထွက်ခွာခဲ့တဲ့ Ardam

 

မြန်မာနိုင်ငံရဲ့ လက်ရှိအောင်မြင်မှု အများဆုံး Mobile Legends အသင်းဖြစ်တဲ့ Burmese Ghouls အသင်းရဲ့ Mage Player “Ardam” ဟာ အသင်းကနေ ထွက်သွားခွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Ardam ဟာ Burmese Ghouls MLBB မှာ တစ်နှစ်ခန့် ဆော့ကစားခဲ့တာဖြစ်ပြီး အသင်းရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေတိုင်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

  • 2018 MSC Myanmar Qualifier Champion
  • 2018 MSC Main Event at Indonesia
  • Huawei Nova Mobile Legends Champion
  • MPL Myanmar Season (1) Champion
  • SEA Clash of Champions Tournament at Singapore
  • First Runner-up MPL Myanmar Season (2)

စတဲ့ ပြိုင်ပွဲ အတွေ့အကြုံနဲ့ အောင်မြင်မှုတွေအပြင် Huawei နဲ့ Ooredoo ရဲ့ ကြော်ညာ အချို့မှာလည်း BG အသင်းသားများနဲ့ ပါဝင်ခဲ့တဲ့ အမှတ်တရများစွာ ရှိခဲ့ပါတယ်။

Ardam အသင်းမှ ထွက်ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် MSC 2019 Philippines ပြိုင်ပွဲ နီးကပ်နေချိန်မှာဖြစ်လို့ Player ဖက်ရော အသင်းရော နှစ်ဖက်လုံးအတွက် နစ်နာမှု အနည်းငယ်တော့ ရှိမှာ အသေအချာပါပဲ။

MPL Myanmar Season (1) Champions

ထိုကွဲကွာမှုဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ MPL Myanmar Season (2) Grand Final ပွဲအဖြေကလည်း အနည်းနဲ့ အများ သက်ဆိုင်နေမယ်လို့တော့ ယူဆရပါတယ်။

Ardam ဟာလည်း ဘယ်အသင်းကို ရောက်ရှိမယ်ဆိုတာ မကြေညာသေးပေမယ့် အနာဂတ်မှာ အောင်မြင်မှု ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။

Huawei Nova ML Championship 2018 Winners

Burmese Ghouls အသင်း ဟာလည်း Player အသစ် ထပ်ခေါ်ဖို့ အစီအစဉ်မရှိသေးပဲ လက်ရှိကျန်ရှိနေတဲ့ Ruby DD, PVNDV, CG-0-, ICE ICE, ACE လူစားရင်းနဲ့ ဖိလစ်ပိုင်မှာ MSC 2019 ကို Team Resolution နဲ့တူတူ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရှိရပါတယ်။

Burmese Ghouls အသင်းအနေနဲ့လည်း လွတ်သွားတဲ့ Ardam ရဲ့နေရာကို အကောင်းဆုံးဖြည့်ဆည်း နိုင်ရန် လေ့ကျင့်ပြီး အောင်မြင်မှု ရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။

===========================

[English]

Ardam quits from Burmese Ghouls MLBB

 

According to the official statement of Burmese Ghouls, the most successful MLBB team in Myanmar, their Mage player “Ardam” left the team yesterday.

Ardam joined Burmese Ghouls one year ago and he was part of their most memorable achievements.

  • 2018 MSC Myanmar Qualifier Champion
  • 2018 MSC Main Event at Indonesia
  • Huawei Nova Mobile Legends Champion
  • MPL Myanmar Season (1) Champion
  • SEA Clash of Champions Tournament at Singapore
  • First Runner-up MPL Myanmar Season (2)

These are list of his achievements with Burmese Ghouls team and he also appeared in Huawei and Ooredoo commercial with other BG members.

MPL Myanmar Season (1) Champions

Although we cannot confirm the cause of Ardam leaving BG, it is not good for both parties since MSC 2019 in Philippines is only two weeks away. It can be assumed as the aftermath of losing 3-0 against Team Resolution in MPL Myanmar Season 2 Grand Final.

Ardam has not announced the team he is joining next. But we wish will to have a successful career ahead.

Huawei Nova ML Championship 2018 Winners

Since Burmese Ghouls still has 5 players in their roster (Ruby DD, PVNDV, CG-0-, ICEICE & ACE), they will travel to Philippines with this roster to compete in MSC 2019 together with Team Resolution to represent Myanmar.

We also wish Burmese Ghouls to perform well in upcoming tournaments.

#BurmeseGhouls #Ardam #MSC2019 #MLBB