Apex Legends Update Patch 3.2 Update

[Unicode]

နောက်ပိုင်းထွက်ရှိလာတဲ့ Battle Royale Video game တွေထဲမှာ Electronic Arts ရဲ့ Apex Legends ဟာလည်း လူကြိုက်များပြီး အောင်မြင်တဲ့ Battle Royale Game တစ်ခုလို့ ပြောလို့ရပါတယ်။ သက်တမ်းနုနယ်သေးတဲ့ Free-to-play PC game တစ်ခုဖြစ်တာနဲ့အညီ Apex Legends ဟာ ကစားသမားအကြိုက် Update တွေ၊ Event တွေနဲ့ Battlepass တွေ ဆက်တိုက်ဆိုသလို ထုတ်ပေးလျက်ရှိပါတယ်။

လက်ရှိ Ongoing Apex Legends Ranked Season 3 ဟာ (၄) လ ခန့် ကြာမြင့်မှာဖြစ်ပြီး January အကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒါကြောင့် Season အသစ်နဲ့အတူ Battlepass အသစ် မလာခင်မှာ ကစားတဲ့ player တွေအတွက် မပျင်းရလေအောင် EA ဟာ ကြားထိုး Event များ ထည့်သွင်းပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ Event တစ်ခုအနေနဲ့ မလာသေးဘဲ Game Update အကြီးစား တစ်ခုကို ဒီနေ့ မနက်မှာ ထုတ်ပေးခဲ့ပါတယ်။ Game File Size ကတော့ 3.93 Gb ရှိပါတယ်။

၁။ Player Level နှင့် Free Apex Packs များ

Player Level Cap ကို Maximum 100 မှ 500 အထိ တိုးမြှင့်ပေးလိုက်ပါတယ်။
ဒါ့အပြင် Level တက်ရင် တက်လာသလောက် Free Apex Pack များကို ဆက်လက်ရှိရမှာဖြစ်ပါတယ်။

Lvl 2 – 20 အတွင်း = Level တစ်ဆင့် တက်တိုင်း 1 Apex Pack
Lvl 22 – 300 အတွင်း = Level နှစ်ဆင့် တက်တိုင်း 1 Apex Pack
Lvl 305 – 500 အတွင်း = Level ငါးဆင့် တက်တိုင်း 1 Apex Pack ဆိုပြီး ရရှိသွားမှာဖြစ်ပါတယ်။

ဒါကြောင့် Apex Legends ကို ပုံမှန်ဆော့တဲ့ Player တစ်ယောက်ဟာ Account Level 500 ရောက်တဲ့အထိ ဆော့မယ်ဆိုရင် စုစုပေါင်း Apex Packs 199 ခု ရရှိသွားမှာဖြစ်ပါတယ်။

၂။ New Gun Charms

လက်ရှိ Gun တွေမှာ ချိတ်ဆွဲလို့ရတဲ့ Gun Charms (Key chain) တွေဟာ စုစုပေါင်း (၉) ခု ခန့်ရှိပါတယ်။ Fight or Fright Event နှင့် Season 3 Battlepass အားလုံးပေါင်းမှ Gun Charms (၉) ခုသာ ရှိခဲ့ပေမယ့် အခု Update မှာတော့ Free Apex Pack တွေနဲ့အတူ Gun Charms Key Chain အသစ် (၃၆) ခုကို ထည့်သွင်းပေးလာတာကိုလည်း တွေ့ရပါတယ်။ Legendary Bubblehead Keychain တို့အပြင် Med Kit, Supply Bin, Arc Star, Granade, Deathbox စသည်ဖြင့် Ingame မှာ မြင်နေကြ Item များနှင့် Bloodhound knife, Pathfinder Grapple hook, Bangalore Missile တို့လို Legends iconic item များကိုလည်း ဒီ (၃၆) ခုသော Key Chain တွေအဖြစ် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

၃။ Peacekeeper Nerf hints.

အရမ်း Powerful ဖြစ်လွန်းတဲ့ Peacekeeper ဟာ အခုချိန်အထိ ဆက်တိုက် Nerf ခံနေရပေမယ့် သိပ်မကြာခင်မှာလည်း ထပ် Nerf မယ့်အကြောင်း အရိပ်အမြွတ်ပြောထားပါသေးတယ်။ ဒါကြောင့် Peacekeeper ဟာ Meta အပြင်ကို ရောက်ဖို့ အလားအလာ တော်တော်များတဲ့ Item တစ်ခုဖြစ်လာပါပြီ။

၄။ Ingame Changes

Colorblind ကစားသမားများအတွက် Helment နှင့် Armor အတွက် Improvement များ၊ Deathbox looting လုပ်နေချိန်မှာ Damage ထိမထိ သိနိုင်မယ့် Setting အသစ်တစ်ခု၊ Console player များအတွက် Auto Sprint Improvement ၊ Lifeline Heirloom Animation ၊ “Thank you” response bug fix ၊ Gold Armor ရရှိနိုင်ချေကို လျှော့ချခြင်း နှင့် အရေးအကြီးဆုံးတစ်ခုအဖြစ် Finisher ကို Cancel လုပ်နိုင်မယ့် Buttom တစ်ခုကို ထည့်သွင်းပေးခြင်း စသည်တို့ ပြောင်းလဲ ထားတာကို တွေ့ရပါတယ်။ အခြားသော Bug Fixed ပေါင်းများစွာနှင့် Knockdown shield တို့ရဲ့ HP ကိုလည်း Common 200 HP, Rare 450 HP နှင့် Shield သုံးထားတဲ့အချိန်မှာ လမ်းလျှောက်တဲ့ နှုန်းကိုလည်း အနည်းငယ်မြန်ပေးထားပါတယ်။

၅။ Firing Range Update

Practice Mode အသစ်တစ်ခုဖြစ်တဲ့ Firing Range မှာ 1 vs 1 ဆော့ခွင့်ကို ထည့်သွင်းပေးထားပါတယ်။ မိမိ နဲ့ Friend တစ်ယောက် စိတ်တိုင်းကျ Gun တွေ ကိုင်ပြီး လေ့ကျင့်ခွင့်ရရှိမယ့်အတွက် Apex Legends ကို အသစ်ရောက်လာမယ့် ကစားသမားကို Apex Legends game အကြောင်းကို သေချာသင်ပေးနိုင်မယ့် အပြောင်းအလဲတစ်ခုလို့ ပြောလို့ရပါတယ်။

၆။ Wattson’s Ultimate Buff

Wattson’s ရဲ့ Ultimate ဟာ Shield Regeneration အပြင် Granade, Calldown rocket ကံသို့သော Projectile များကို ကာကွယ်ပေးတဲ့ Aura တစ်ခုလည်းပါဝင်ပါတယ်။ ဒါပေမယ့် ဒီ Aura ဟာ Granade အားလုံးကို ဖျက်စီးပစ်တဲ့အတွက် မိမိအသင်းက ပစ်လွှတ်လိုက်တဲ့ Granade တွေကိုပါ ဖျက်စီးခြင်းက သူ့ရဲ့ အားနည်းချက်လို ဖြစ်နေခဲ့တာပါ။ အခု update မှာတော Watton နဲ့ သူ့ရဲ့ Allied Legends တွေဟာ Wattson Ultimate ရဲ့ Zone ထဲကနေ ပစ်လွှတ်လိုက်တဲ့ Granade များကိုတွေကိုတော့ ဖျက်ဆီး ပစ်တော့မှာ မဟုတ်ပါဘူး။

၇။ Free BP-1 Pathfinder Free Skin

Patch 3.2 ကို Download ဆွဲသူတိုင်းအတွက် EA ရဲ့ အသစ်ထွက်ရှိထားတဲ့ Star Wars Jedi: Fallen Order ထဲက BD-1 Character ကို Inspire ယူပြီး ဖန်တီးထားတဲ့ Pathfinder ရဲ့ New Skin BP-1 ကို လက်ဆောင်ပေးထားပါတယ်။

ဒီ Update ရဲ့ အနှစ်ချူပ်ကတော့ Account Level ကနေ Apex Pack အသစ်များ ရရှိနိုင်မယ့် အချက်က အဓိဖြစ်ပြီး
Update ဟာ File Size ကြီးမားပေမယ့် ပါဝင်တဲ့ အချက်အလက်တွေကတော့ နည်းပါးတယ်လို့ ထင်ရပါတယ်။ ဒါကလည်း EA ဟာ Update တစ်ခုနဲ့အတူ Data အသစ်တွေ ထည့်သွင်းပေးလိုက်ပေမယ့် တစ်ခါတည်း ထုတ်မပေးသေးတာကြောင့် ဒီလောက်ပဲ သိနိုင်သေးတာဖြစ်ပါတယ်။ သိပ်မကြာခင်မှာ Apex Legends ရဲ့ နာမည်ကြီး Data miner တွေကလည်း ဒီ Update ထဲမှာ ပါဝင်ပြီး ထုတ်မပေးသေးတဲ့ အချက်တွေကို ဖော်သွားပေးဦးမှာ သေချာပါတယ်။

File Size : 3.93 Gb

#GamingNoodle #ApexLegends #3.2Update

 

Apex Legends Update Patch 3.2 Update

[Zawgyi]

ေနာက္ပုိင္းထြက္ရွိလာတဲ့ Battle Royale Video game ေတြထဲမွာ Electronic Arts ရဲ႕ Apex Legends ဟာလည္း လူၾကဳိက္မ်ားျပီး ေအာင္ျမင္တဲ့ Battle Royale Game တစ္ခုလုိ႔ ေျပာလုိ႔ရပါတယ္။ သက္တမ္းႏုနယ္ေသးတဲ့ Free-to-play PC game တစ္ခုျဖစ္တာနဲ႕အညီ Apex Legends ဟာ ကစားသမားအၾကဳိက္ Update ေတြ၊ Event ေတြနဲ႕ Battlepass ေတြ ဆက္တုိက္ဆုိသလုိ ထုတ္ေပးလ်က္ရွိပါတယ္။

လက္ရွိ Ongoing Apex Legends Ranked Season 3 ဟာ (၄) လ ခန္႔ ၾကာျမင့္မွာျဖစ္ျပီး January အကုန္မွာ ျပီးဆုံးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Season အသစ္နဲ႕အတူ Battlepass အသစ္ မလာခင္မွာ ကစားတဲ့ player ေတြအတြက္ မပ်င္းရေလေအာင္ EA ဟာ ၾကားထုိး Event မ်ား ထည့္သြင္းေပးေလ့ရွိပါတယ္။ ဒီတစ္ေခါက္မွာေတာ့ Event တစ္ခုအေနနဲ႕ မလာေသးဘဲ Game Update အၾကီးစား တစ္ခုကုိ ဒီေန႔ မနက္မွာ ထုတ္ေပးခဲ့ပါတယ္။ Game File Size ကေတာ့ 3.93 Gb ရွိပါတယ္။

၁။ Player Level ႏွင့္ Free Apex Packs မ်ား

Player Level Cap ကုိ Maximum 100 မွ 500 အထိ တုိးျမွင့္ေပးလုိက္ပါတယ္။
ဒါ့အျပင္ Level တက္ရင္ တက္လာသေလာက္ Free Apex Pack မ်ားကုိ ဆက္လက္ရွိရမွာျဖစ္ပါတယ္။

Lvl 2 – 20 အတြင္း = Level တစ္ဆင့္ တက္တုိင္း 1 Apex Pack
Lvl 22 – 300 အတြင္း = Level ႏွစ္ဆင့္ တက္တုိင္း 1 Apex Pack
Lvl 305 – 500 အတြင္း = Level ငါးဆင့္ တက္တုိင္း 1 Apex Pack ဆုိျပီး ရရွိသြားမွာျဖစ္ပါတယ္။

ဒါေၾကာင့္ Apex Legends ကုိ ပုံမွန္ေဆာ့တဲ့ Player တစ္ေယာက္ဟာ Account Level 500 ေရာက္တဲ့အထိ ေဆာ့မယ္ဆုိရင္ စုစုေပါင္း Apex Packs 199 ခု ရရွိသြားမွာျဖစ္ပါတယ္။

၂။ New Gun Charms

လက္ရွိ Gun ေတြမွာ ခ်ိတ္ဆြဲလုိ႔ရတဲ့ Gun Charms (Key chain) ေတြဟာ စုစုေပါင္း (၉) ခု ခန္႔ရွိပါတယ္။ Fight or Fright Event ႏွင့္ Season 3 Battlepass အားလုံးေပါင္းမွ Gun Charms (၉) ခုသာ ရွိခဲ့ေပမယ့္ အခု Update မွာေတာ့ Free Apex Pack ေတြနဲ႕အတူ Gun Charms Key Chain အသစ္ (၃၆) ခုကုိ ထည့္သြင္းေပးလာတာကုိလည္း ေတြ႕ရပါတယ္။ Legendary Bubblehead Keychain တုိ႔အျပင္ Med Kit, Supply Bin, Arc Star, Granade, Deathbox စသည္ျဖင့္ Ingame မွာ ျမင္ေနၾက Item မ်ားႏွင့္ Bloodhound knife, Pathfinder Grapple hook, Bangalore Missile တုိ႔လုိ Legends iconic item မ်ားကုိလည္း ဒီ (၃၆) ခုေသာ Key Chain ေတြအျဖစ္ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။

၃။ Peacekeeper Nerf hints.

အရမ္း Powerful ျဖစ္လြန္းတဲ့ Peacekeeper ဟာ အခုခ်ိန္အထိ ဆက္တုိက္ Nerf ခံေနရေပမယ့္ သိပ္မၾကာခင္မွာလည္း ထပ္ Nerf မယ့္အေၾကာင္း အရိပ္အျမြတ္ေျပာထားပါေသးတယ္။ ဒါေၾကာင့္ Peacekeeper ဟာ Meta အျပင္ကုိ ေရာက္ဖုိ႔ အလားအလာ ေတာ္ေတာ္မ်ားတဲ့ Item တစ္ခုျဖစ္လာပါျပီ။

၄။ Ingame Changes

Colorblind ကစားသမားမ်ားအတြက္ Helment ႏွင့္ Armor အတြက္ Improvement မ်ား၊ Deathbox looting လုပ္ေနခ်ိန္မွာ Damage ထိမထိ သိနုိင္မယ့္ Setting အသစ္တစ္ခု၊ Console player မ်ားအတြက္ Auto Sprint Improvement ၊ Lifeline Heirloom Animation ၊ “Thank you” response bug fix ၊ Gold Armor ရရွိနုိင္ေခ်ကုိ ေလွ်ာ့ခ်ျခင္း ႏွင့္ အေရးအၾကီးဆုံးတစ္ခုအျဖစ္ Finisher ကုိ Cancel လုပ္နုိင္မယ့္ Buttom တစ္ခုကုိ ထည့္သြင္းေပးျခင္း စသည္တုိ႔ ေျပာင္းလဲ ထားတာကုိ ေတြ႕ရပါတယ္။ အျခားေသာ Bug Fixed ေပါင္းမ်ားစြာႏွင့္ Knockdown shield တုိ႔ရဲ႕ HP ကုိလည္း Common 200 HP, Rare 450 HP ႏွင့္ Shield သုံးထားတဲ့အခ်ိန္မွာ လမ္းေလွ်ာက္တဲ့ ႏႈန္းကုိလည္း အနည္းငယ္ျမန္ေပးထားပါတယ္။

၅။ Firing Range Update

Practice Mode အသစ္တစ္ခုျဖစ္တဲ့ Firing Range မွာ 1 vs 1 ေဆာ့ခြင့္ကုိ ထည့္သြင္းေပးထားပါတယ္။ မိမိ နဲ႕ Friend တစ္ေယာက္ စိတ္တုိင္းက် Gun ေတြ ကုိင္ျပီး ေလ့က်င့္ခြင့္ရရွိမယ့္အတြက္ Apex Legends ကုိ အသစ္ေရာက္လာမယ့္ ကစားသမားကုိ Apex Legends game အေၾကာင္းကုိ ေသခ်ာသင္ေပးနုိင္မယ့္ အေျပာင္းအလဲတစ္ခုလုိ႔ ေျပာလုိ႔ရပါတယ္။

၆။ Wattson’s Ultimate Buff

Wattson’s ရဲ႕ Ultimate ဟာ Shield Regeneration အျပင္ Granade, Calldown rocket ကံသုိ႔ေသာ Projectile မ်ားကုိ ကာကြယ္ေပးတဲ့ Aura တစ္ခုလည္းပါဝင္ပါတယ္။ ဒါေပမယ့္ ဒီ Aura ဟာ Granade အားလုံးကုိ ဖ်က္စီးပစ္တဲ့အတြက္ မိမိအသင္းက ပစ္လႊတ္လိုက္တဲ့ Granade ေတြကုိပါ ဖ်က္စီးျခင္းက သူ႔ရဲ႕ အားနည္းခ်က္လုိ ျဖစ္ေနခဲ့တာပါ။ အခု update မွာေတာ Watton နဲ႕ သူ႔ရဲ႕ Allied Legends ေတြဟာ Wattson Ultimate ရဲ႕ Zone ထဲကေန ပစ္လႊတ္လုိက္တဲ့ Granade မ်ားကုိေတြကိုေတာ့ ဖ်က္ဆီး ပစ္ေတာ့မွာ မဟုတ္ပါဘူး။

၇။ Free BP-1 Pathfinder Free Skin

Patch 3.2 ကုိ Download ဆြဲသူတုိင္းအတြက္ EA ရဲ႕ အသစ္ထြက္ရွိထားတဲ့ Star Wars Jedi: Fallen Order ထဲက BD-1 Character ကုိ Inspire ယူျပီး ဖန္တီးထားတဲ့ Pathfinder ရဲ႕ New Skin BP-1 ကုိ လက္ေဆာင္ေပးထားပါတယ္။

ဒီ Update ရဲ႕ အႏွစ္ခ်ဴပ္ကေတာ့ Account Level ကေန Apex Pack အသစ္မ်ား ရရွိနုိင္မယ့္ အခ်က္က အဓိျဖစ္ျပီး
Update ဟာ File Size ၾကီးမားေပမယ့္ ပါဝင္တဲ့ အခ်က္အလက္ေတြကေတာ့ နည္းပါးတယ္လုိ႔ ထင္ရပါတယ္။ ဒါကလည္း EA ဟာ Update တစ္ခုနဲ႕အတူ Data အသစ္ေတြ ထည့္သြင္းေပးလုိက္ေပမယ့္ တစ္ခါတည္း ထုတ္မေပးေသးတာေၾကာင့္ ဒီေလာက္ပဲ သိနုိင္ေသးတာျဖစ္ပါတယ္။ သိပ္မၾကာခင္မွာ Apex Legends ရဲ႕ နာမည္ၾကီး Data miner ေတြကလည္း ဒီ Update ထဲမွာ ပါဝင္ျပီး ထုတ္မေပးေသးတဲ့ အခ်က္ေတြကုိ ေဖာ္သြားေပးဦးမွာ ေသခ်ာပါတယ္။

File Size : 3.93 Gb

#GamingNoodle #ApexLegends #Dec3Update