WePlay AniMajor Playoff Day (3) ပွဲကြိုသုံးသပ်ချက်

 

WePlay AniMajor Play offs ရဲ့ Day 3 ကိုတော့ ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီနေ့ ပွဲစဥ်တွေကတော့ ပြိုင်ဆိုင်မှုအတော်လေးပြင်းထန်နေမှာပါ။ Matches Previews နဲ့ Predicts လေးတွေကိုလည်း Gaming Noodle ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်…

VG Vs Team Spirit (MMT 3:30 PM)

Paparazi မရှိတဲ့နောက်ပိုင်းမှာ VG အသင်းဟာ Poyoyo နဲ့အတူ လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ ပြိုင်ပွဲတွေမှာ ဆက်လက်ရုန်းကန်နေခဲ့ရတာပါ။ VG ရဲ့ အဓိက Key point ဟာ Ori ပဲဖြစ်ပါတယ်။ Ori ဟာ အတော်လေးပါးနပ်တဲ့ midlaner ဖြစ်ပြီး Carry ကို Space ပေးတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်ပါတယ်။

Mid နဲ့ Position 4 မှာတော့ TSpirit ထက် VG က ပိုသာတယ်လို့ ထင်ပါတယ်။ Offlane players တွေဖြစ်တဲ့ ဝါရင့်ကစားသမား Old Eleven နဲ့ Collapse တို့ကိုယှဥ်ကြည့်ရင်တော့ ဒီ Major မှာ Collapse ဟာ ပိုပြီး လက်စွမ်းပြနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ နှစ်သင်းလုံးရဲ့ carry players တွေကတော့ စိတ်ချရပါတယ်။ ဒီပွဲဟာ နှစ်သင်းလုံးအတွက် ခက်ခက်ခဲခဲယှဥ်ပြိုင်ရမှာပါ။
Match Winner အနေနဲ့ ရွေးချယ်ရမယ်ဆိုရင်တော့ Team VG ကို ရွေးချယ်မိမှာပါ။

TNC Vs EG (MMT 6:30 PM)

TNC ဟာ မနေ့က ကစားခဲ့တဲ့ Aster နဲ့ ပွဲစဥ်ကို ကြည့်ပြီး နိုင်ချင်စိတ် တော်တော်ပြင်းတယ်ဆိုတာ တွေ့ရပါတယ်။ TNC အနေနဲ့ TI Qualifier ကနေ ပြန်ယှဥ်ပြိုင်ရရင်တော့ လွယ်ကူမှာမဟုတ်ပါဘူး။ TNC ရဲ့ current DPC Points ဟာ 572.25 ပဲဖြစ်ပါတယ်။ 7-8th အသင်းတွေအထိ Points 200 ထပ်ရဖို့ သေချာတယ်ဆိုပေမယ့် TNC အနေနဲ့က Direct Invite ရဖို့ဆို ဒီပွဲနိုင်မှဖြစ်မှာပါ။ ဒါကြောင့် TNC အတွက် ခက်ခဲတယ်ဆိုပေမယ့် အစွမ်းကုန်ကြိုးစားပြီး ကစားတာတွေကို တွေ့မြင်ရမှာပါ။

EG ကလည်း DPC points မလိုအပ်ပေမယ့် နိုင်ပွဲတွေကို ဆာလောင်နေတာပါ။ Singapore Major တုန်းကလို အမှားတွေဟာ EG အသင်းအတွက် သင်ခန်းစာတွေ ဖြစ်လာမှာပါ။ Abed နဲ့ Armel တို့ရဲ့ mid laning stage ကိုလည်း ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။
TNC အသင်းကို အားပေးပေမယ့် Match Winner ဆိုရင်တော့ EG ကိုပဲ စဥ်းစားရမှာပါ။

Nigma Vs PSG.LGD (MMT 9:30 PM)

ဒီပွဲကိုတော့ Match of the Day လို့ ခန့်မှန်းပါရစေ။ ဒီ Major ရဲ့ အကောင်းဆုံးအသင်းနှစ်သင်း တွေ့တယ်ဆိုလည်း မမှားပါဘူး။ Group Stage မှာတော့ 1-1 ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့ပေမယ့် ယခုပွဲစဥ်ကတော့ အနိုင်အရှုံးကစားရမှာပါ။ GH နဲ့ XinQ တို့ map control ကို ဘယ်လိုယူပြီး ဘယ်လိုမွှေနှောက်နေမလဲဆိုတာ အရမ်းရင်ခုန်ဖို့ ကောင်းပါတယ်။

NthToSay ကလည်း mid မှာ Ori ကိုတောင် shutdown ချနိုင်လောက်တဲ့အထိ ဒီ Major မှာ တော်တော်လေး လက်စွာနေတာပါ။ PSG.LGD ရဲ့ offlane နဲ့ pos5 ဟာ Wings Gaming က players တွေဖြစ်လို့ လျှော့တွက်လို့တော့ မရပါဘူး။ ILTW နဲ့ Ame တို့ အသင်းတွေကို ဘယ်လို carry သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပွဲစဥ်ဟာ ဘယ်သူနိုင်နိုင် Bo3 အထိ ကြည့်ရမယ်ဆိုတာတော့ သေချာသလောက်ပါပဲ။
Match Winner ကိုရွေးချယ်ရရင်တော့ PSG.LGD ကို ပိုပြီးသဘောကျနေတာ အမှန်ပါ။

T1 Vs Quincy Crew (MMT 1:30 AM)

SEA Pride အသင်းဖြစ်တဲ့ T1 ဟာ ဒီပွဲစဥ်မှာလည်း QC ကို အနိုင်ရရှိအောင် ကစားသွားမယ်လို့ ထင်ပါတယ်။ Karl နဲ့ Quinn မှာတော့ Karl ပိုသာမယ်လို့တော့ ထင်ပါတယ်။ ဒါဟာလည်း hero picking အပေါ်မူတည်ပြီး ဆော့ပုံတွေပြောင်းလဲနိုင်ပါတယ်။ 23savage ဟာ တကယ်ကောင်းပြီး Talent ရှိတဲ့ player တစ်ယောက်ပါ။ Kuku ရဲ့ offlane ကလည်း hero pools ကျယ်ကျယ်နဲ့ တစ်ဖက်အသင်းရဲ့ carry ကို pressure ပေးပြီး ဆော့နိုင်ခဲ့တာတွေလည်း တွေ့ရပါတယ်။

Quincy Crew အသင်း အတွက် အရင်က ပွဲချောင်တယ်လို့ထင်ရပေမယ့် ယခု T1 ရဲ့ ကစားပုံဟာ အတော်လေးကောင်းမွန်တာဖြစ်လို့ အနိုင်ရရှိဖို့ဆို ခက်ခက်ခဲခဲ ယှဥ်ပြိုင်ရမှာပါ။
Match Winner ဆိုရင်တော့ T1 ကိုပဲ ရွေးချယ်သင့်ပါတယ်။

#Arrpu