T1 နဲ့ Nigma တို့ လက်စွမ်းပြခဲ့တဲ့ AniMajor Playoff ပထမနေ့ ပွဲစဉ်များ

 

T1 2 – 0 Aster

Game 1 – T1 အသင်းကတော့ Morphling, Dragon Knight, BroodMother, Enchantress, Lion တို့ကိုရွေးချယ်ခဲ့ပြီး Aster အသင်းကတော့ Lina, Terrorblade, Mars, Phoenix, Nyx Assassin တို့ကိုရွေးချယ်ခဲ့ပါတယ်။

Monet ရဲ့ Tb ဟာ Ku Ku ရဲ့ Broodmother Lane မှာ shutdown ချခံလိုက်ရပါတယ်။ Brood ဟာ top tower ယူရုံသာမက mid ကိုပါ pressure လာပေးတဲ့အတွက် Aster အသင်းရဲ့ farming space တော်တော်လေး ကျဉ်းသွားခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ Carry တွေ farm နေခဲ့ပေမယ့် Brood နဲ့ DK တို့ရဲ့ tower ချိုးတာတွေကို Team Aster ဟာ ကာကွယ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Battle ကြီးကြီးမားမားတွေ မရှိပေမယ့် T1 ရဲ့ Highground Pushing တွေဟာ hero kills အနည်းငယ်နဲ့ barrack တွေကို ရရှိခဲ့ပါတယ်။ နောက်ဆုံး pushing တစ်ခုမှာ Aster အသင်းအနေနဲ့ teamwide ဖြစ်ခဲ့ပြီး Game 1 ကို အရှုံးပေးခဲ့ရပါတယ်။

Game 2 – T1 အသင်းအနေနဲ့ Lifestealer, Magnus, Viper, Abaddon, Enchantress တို့ကိုရွေးချယ်ခဲ့ပြီး Aster အသင်းအနေနဲ့တော့ Medusa, Death Prophet, Mars, Lion, Treant တို့ကို ရွေးချယ်ခဲ့ပါတယ်။

အစောပိုင်းမိနစ်တွေမှာ ပွဲဟာအေးနေခဲ့ပေမယ့် Magnus Dagger ရပြီးတဲ့ နောက်ပိုင်းမှာတော့ T1 အသင်းဟာ hero kill တွေကိုတောက်လျှောက်ဆိုသလို ရရှိခဲ့ပါတယ်။ Karl ရဲ့ Magnus ဟာ battle စခေါ်ပေးရုံသာမက RP လှလှလေးတွေပါပြခဲ့ပြီး T1 အတွက် teamfight တွေမှာ လွယ်ကူစေခဲ့ပါတယ်။ ပွဲကစားချိန် ၂၄ မိနစ် အရောက်မှာတော့ Aster အနေနဲ့ ဘယ်လိုမှယှဉ်မဆော့နိုင်တော့ဘဲ Game 2 ကိုပါ အရှုံးပေးခဲ့ရပါတယ်။

PSG.LGD 2 – 0 ALLIANCE

Group Stage တွေမှာ လက်စွမ်းပြနေတဲ့ PSG.LGD နဲ့ Play offs မှာ စောင့်နေတဲ့ Alliance တို့ရဲ့ တွေ့ဆုံပွဲမှာတော့ ပွဲစဉ်ဟာ ထင်မထားလောက်အောင် ပြတ်နေခဲ့ပါတယ်။

Game 1 မှာတော့ နှစ်သင်းလုံးဟာ အပြန်အလှန်ချနေပေမယ့် Morphling Aegis ရတဲ့အချိန်ကစပြီး PSG.LGD ဟာ နောက်ဆုံးပွဲပြီးတဲ့အထိကို ဦးဆောင်နိုင်ခဲ့ပါတယ်။ Alliance ရဲ့ 4 protect 1 ပုံစံတွေဟာ PSG.LGD အသင်းနဲ့ တွေ့တဲ့အခါမှာ အလုပ်မဖြစ်ခဲ့တာလည်း တွေ့ရပါတယ်။

PSG.LGD ဟာ Nikobaby အတွက် farming လုံး၀မပေးဘဲ force to battle တွေချည်း လုပ်နေတာတွေ့ရပါတယ်။ Nikobaby အနေနဲ့ TP ဖျက်ပြီး battle ဆိုင်ပေးလောက်ရတဲ့အထိကို PSG.LGD အသင်းဟာ တောက်လျှောက်ကို pressure လိုက်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Alliance ဟာ PSG.LGD ကို 0-2 ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Nigma 2 – 0 Virus Pro

VP ဟာ Online Tournament တွေမှာ လက်စွမ်းပြသလောက် Main Stage တွေမှာဆို ပြာပြာသွားပါတယ်။ Gpk ဆို အရင်က team တစ်ခုလုံးကို carry ပေးနိုင်တဲ့အထိ အရမ်းကောင်းတဲ့ midlaner ပါ။ ယနေ့ ပွဲစဥ်မှာတော့ Gpk အနေနဲ့ ထင်သလောက် လုပ်ကွက် မထွက်ခဲ့ပါဘူး။

Game 1 မှာတော့ Magnus နဲ့ အစောပိုင်းတွေမှာ လှုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Nigma အသင်းရဲ့ Instant kill တွေ အောက်မှာ သေခဲ့ရပါတယ်။ Miracle ရဲ့ Quas Wex Invoker ဟာ ပုံမှန်လို early ganking တွေမလုပ်ဘဲ ပွဲမှာ items လိုအပ်ချက်များတဲ့အတွက် Midas မရမချင်း lane မှာပဲ farm နေခဲ့တာ တွေ့ရပါတယ်။

Game 2 မှာတော့ VP အသင်းဟာ Mars carry နဲ့ Nigma အသင်းကို non-stop တွေ လိုက်ချပေမယ့် Kuroky Winter ရဲ့ Winter Curse တွေနဲ့ပဲ counter မိခဲ့ပါတယ်။ Nigma ဟာ Spectre carry နှစ်ပွဲနဲ့ပဲ VP ကို 2-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ Miracle ရဲ့ Invoker ဟာ AniMajor မှာ ၉ ပွဲကစားခဲ့ပြီး တစ်ပွဲသာလျှင် ရှုံးထားသေးတာလည်း တွေ့ရပါတယ်။

Quincy Crew 2 – 1 NoPing

Play Offs ပွဲစဥ်တွေရဲ့ ပထမဆုံး Game 3 ထိရောက်တဲ့ ပွဲစဥ်တစ်ပွဲပဲဖြစ်ပါတယ်။ Game 1 မှာ QC အသင်း အနေနဲ့ အလွယ်တကူ အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် Game 2 နဲ့ 3 မှာတော့ အတော်လေး ဆော့လိုက်ရတာလည်း တွေ့ရပါတယ်။

Game 2 မှာတော့ NoPing က rampage ရတဲ့အထိပါ နှစ်သင်းစလုံးဟာ teamfight တွေ ရှယ်ချခဲ့ကြတာပါ။ Game 3 မှာလည်း QC ရဲ့ Throne ဟာ hp 2000 ကျော်လောက်ပဲ ကျန်တဲ့အထိကို NoPing အနေနဲ့ pressure ပေးနိုင်ခဲ့ပါတယ်။ Buybacks မရှိဘဲ risk ယူပြီး highground pushing ကြောင့် NoPing ဟာ QC ကို 1-2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပါတယ်။