Dota 2 ထဲမှာ Among Us ကစားနိုင်ပြီ

 

CIS ရဲ့ နာမည်ကျော် Dota 2 YouTuber များဖြစ်ကြတဲ့ XENO နဲ့ Meeponegeroi တို့ဟာ Dota 2 arcade mode အတွင်းမှာ Among Us ပုံစံ custom game တစ်ခုကို မကြာသေးမီက ဖန်တီးခဲ့ကြပါတယ်။ ဒီဂိမ်းကို မူရင်း Among Us ဂိမ်းကစားနည်းအတိုင်း ကစားရမှာဖြစ်ပြီး Dota 2 ဂိမ်းတွင်းဇာတ်ကောင်များနဲ့ အပြင်အဆင်များထည့်သွင်းထားတဲ့ ကွာခြားချက်တော့ရှိပါတယ်။

Dota 2 Among Us Edition အတွင်း ကစားသူစုစုပေါင်း ၁၀ ဦးလျှင် imposter ၂ ဦး ပါဝင်မှာပါ။ Imposter အဖြစ်ကစားရမယ့် ဟီးရိုးတစ်ကောင်ချင်းစီမှာ ထူးခြားတဲ့ ability များ ပါဝင်ပါတယ်။ ဥပမာအားဖြင့် Monkey King ဟာ crew mate များ မမြင်အောင် ကိုယ်ယောင်ဖျောက်နေနိုင်မှာဖြစ်ပြီး Rubick ဆိုရင် ကိုယ်သတ်လိုက်တဲ့ crew mate ဟီးရိုးရဲ့ ability ကို ခိုးယူနိုင်မှာဖြစ်ပါတယ်။

Dota 2 Among Us Edition အတွင်းက crew mate များကို civilian များလို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဂိမ်းတွင်းမှာ လိုက်လံလုပ်ဆောင်ရမယ့် task များရှိပြီး ယင်းတို့အားလုံးပြီးစီးသွားရင်ဖြစ်စေ imposter များအားလုံးကို ဖော်ထုတ်နိုင်ရင်ဖြစ်စေ civilian များက အနိုင်ရရှိမှာပါ။

Civilian များဟာ မြေပုံရဲ့အလယ်က ခေါင်းလောင်းကြီးကို နှိပ်ပြီးဖြစ်စေ သေဆုံးသွားသူတစ်ဦးကို တွေ့ရင်ဖြစ်စေ vote ပြုလုပ်ကြဖို့ ခေါ်ယူနိုင်ပါတယ်။ Civilian တစ်ဦးသေဆုံးသွားရင် ဂိမ်းတွင်းမှာ စကားပြောလို့ မရတော့ပေမယ့် task များကို spirit form နဲ့ ဆက်လက်ပြုလုပ်နိုင်ဦးမှာလည်းဖြစ်ပါတယ်။

Imposter အဖြစ်ကစားသူများကတော့ civilian များကို လိုက်သတ်ဖို့ ကြိုးပမ်းရမှာပါ။ Imposter များမှာ စက္ကန့် ၃၀ တစ်ခါ သတ်နိုင်စွမ်းနဲ့ ထူးခြားတဲ့ ability တစ်ခုစီအပြင် sabotage ability များလည်း ပိုင်ဆိုင်ထားပါသေးတယ်။

AdmiralBulldog Streaming AmongUs Dota2

Dota 2 Among Us Edition ကို ကစားလိုရင်တော့ Dota 2 ရဲ့ arcade tab အတွင်းမှာ ရှာဖွေပြီး download ရယူနိုင်ပါတယ်။ လက်ရှိမှာ ရုရှားဘာသာနဲ့သာ ကစားနိုင်သေးပေမယ့် မကြာမီ အင်္ဂလိပ်ဗားရှင်း ထွက်ပေါ်လာတော့မှာမို့ Dota 2 နဲ့ Among Us ဂိမ်းချစ်သူပရိသတ်များအတွက် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းမျာကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming