[Zawgyi]

ဒ႑ာရီထဲက အေမ့ခံ ခ်န္ပီယံေဟာင္း Alliance – TI9 Team Profile

 

Alliance လုိ႔ ေျပာလိုက္တာနဲ႔ Dota 2 ကို အခ်ိန္အေတာ္ၾကာထဲက ကစားခဲ့ၾကတဲ့ ကစားသမားမ်ားရဲ႕ ရင္ထဲမွာ စြဲက်န္ေနတဲ့ အသင္းတစ္သင္းအျဖစ္ အားလုံးက မွတ္မိေနၾကဦးမွာပါ။ TI3 မွာ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ အသင္းၾကီးဟာ ႏွစ္ေပါင္းမ်ားစြာ တိမ္ျမဳပ္ေနခဲ့ျပီးေနာက္ ယခုတဖန္ TI9 မွာ ျပန္လည္ ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ အေျခအေနကို ေရာက္ရွိလာခဲ့ပါတယ္။ ခ်န္ပီယံအသင္းသား ကစားသမားေဟာင္းမ်ား မရွိၾကေတာ့ေပမယ့္ Dota 2 ေလာကမွာ Alliance ၾကီးစိုးခဲ့စဥ္က ကစားသမားေဟာင္းမ်ားဟာ ယခုအသင္းရဲ႕ ေနာက္ကြယ္မွာ ပုံစံမ်ိဳးစုံနဲ႔ ရွိေနေသးတာျဖစ္လို႔ Alliance ဟာ အလားအလာရွိတဲ့ အသင္းတစ္သင္းထဲမွာ ပါဝင္ေနပါတယ္။

လက္ရွိမွာ miCKe, qojqva, Boxi, Taiga နဲ႔ iNSaNiA တို႔ ပါဝင္ကစားေနတဲ့ Alliance အသင္းကို ေနာက္ကြယ္ကေန အသင္းရဲ႕ နည္းျပအျဖစ္ေရာ co-owner အျဖစ္ပါ လိုက္လံျပဳလုပ္ေပးေနတာကေတာ့ ခ်န္ပီယံေဟာင္းကစားသမားၾကီး Loda ပါ။ TI3 ကို အႏိုင္ရရွိခဲ့တဲ့ အသင္းသားေဟာင္းမ်ားဟာ ေနာက္ပိုင္းမွာ ထြက္ခြာခဲ့ၾကေပမယ့္ ေနာက္ဆုံးအထိ Loda ဟာ အသင္းထဲမွာ က်န္ရစ္ကစားေနခဲ့ပါေသးတယ္။

Alliance Current Roster

ယခုအခ်ိန္မွာေတာ့ ကစားသမား အျဖစ္ကေန အနားယူျပီးျဖစ္ေပမယ့္ ႏွစ္ေပါင္းမ်ားစြာက ထြန္းေတာက္ခဲ့တဲ့ Alliance ရဲ႕ အတိတ္ကို ျပန္လည္ ေဖာ္ေဆာင္ဖုိ႔ အသင္းကို လူသစ္မ်ားနဲ႕ ျပန္လည္ဖြဲ႔စည္းကာ TI9 ဝင္ခြင့္ရေအာင္ အေနအထားထိ ေခၚေဆာင္လာခဲ့ပါတယ္။ အသင္းသားေဟာင္း AdmiralBulldog ဟာလည္း အသင္းရဲ႕ streamer နဲ႔ co-owner အျဖစ္လက္ရွိမွာ ရပ္တည္ေနျပီး Akke ဟာလည္း co-owner တစ္ေယာက္ျဖစ္ေနဆဲပါ။

Alliance စတင္ထူေထာင္စဥ္ ၂၀၁၂ အကုန္ ၂၀၁၃ ခုႏွစ္ထဲက Loda ဟာ အသင္းၾကီးျဖစ္လာေစဖုိ႔ အရမ္းအေရးၾကီးခဲ့တဲ့ ကစားသမားတစ္ေယာက္ပါ။ TI2 အျပီးမွာ စကၤာပူအသင္းျဖစ္တဲ့ Team Zenith ကေန ထြက္ခြာခဲ့တဲ့ ဆြီဒင္ကစားသမား Loda ကို s4, EternaLEnVy နဲ႔ AdmiralBulldog တို႔ ပါဝင္တဲ့ Team No Tidehunter က စတင္ေခၚယူခဲ့ပါတယ္။ Loda နဲ႔ အတူ Akke ပါဝင္လာခဲ့ျပီး ျပိဳင္ပြဲရဲ႕တစ္လအလိုမွာမွ ဖြဲ႔စည္းထားခဲ့တဲ့ Team No Tidehunter ဟာ Dreamhack Winter 2012 ကို အႏိုင္ရျပီး အျခား professional အသင္းမ်ား အားလုံးကို အံ့အားသင့္ေစခဲ့ပါတယ္။

No Tidehunter at Thor Tournament

Neutral Creep Camp မ်ားကို stack လုပ္ပြားျပီး farm ျခင္း၊ ရန္သူတာဝါမ်ားကို Nature Prophet နဲ႔ IO ကဲ့သုိ႔ pusher hero မ်ားျဖင့္ လွည့္ပတ္ rat လုပ္ျခင္း စတဲ့ ထူးျခားတဲ့ ကစားနည္း ကစားဟန္မ်ားျဖင့္ ထိုစဥ္က လြန္စြာေအာင္ျမင္မႈမ်ားရရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာ support ကစားသမား EternalEnVy ဟာ အသင္းက ထြက္ခြာသြားခဲ့ျပီး ဆီြဒင္ကစားသမား EGM ဝင္ေရာက္လာခဲ့ပါတယ္။ Loda, AdmiralBulldog, s4, Akke နဲ႕ EDM တို့ဟာ ေနာက္ပိုင္းမွာ TI3 ကို အႏိုင္ရမယ့္ Alliance အသင္းဖြဲ႔စည္းပုံျဖစ္လာခဲ့ပါတယ္။ Team No Tidehunter ဟာ အင္အားၾကီးအသင္းအျဖစ္ ဆက္လက္ရပ္တည္ခဲ့ပါတယ္။

၂၀၁၃ ဧျပီလမွာေတာ့ Team No Tidehunter အသင္းသားမ်ားဟာ Alliance ဆိုတဲ့ အသင္းၾကီး ဖြဲ႔စည္းေၾကာင္းကို ေၾကျငာခဲ့ျပီး CEO ျဖစ္သူ Alex Garfield မွ ဦးစီးကာ Razer မွ အဓိကစပြန္ဆာေပးခဲ့ပါတယ္။ အသင္းဖြဲ႔စည္းျပီးေနာက္ ESL Sprint Finals မွာ ရႈံးနိမ့္ခဲ့ရေပမယ့္ အျခားပြဲစဥ္မ်ားမွာ အႏိုင္ရရွိကာ Loda အပါအဝင္ ဆြီဒင္ကစားသမား ငါးေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ Alliance ဟာ TL.net မွာ အင္အားအၾကီးဆုံးအသင္း အျဖစ္ ေဖာ္ျပျခင္းကို ခံလာရပါတယ္။ ထုိ႔ေနာက္ TI3 အတြက္ ေလ့က်င့္ခဲ့ၾကျပီး TI3 ျပိဳင္ပြဲၾကီး ယွဥ္ျပိဳင္ခဲ့ခ်ိန္မွာေတာ့ ထုိစဥ္က TI grand final မ်ားကို ၃ ခါတိတိတက္လာခဲ့တဲ့ TI1 ခ်န္ပီယံေဟာင္း Na’Vi အသင္းၾကီးကို အႏိုင္ရျပီး ခ်န္ပီယံျဖစ္လာခဲ့ပါေတာ့တယ္။

TI3 Champion Alliance

TI3 ကို အႏိုင္ရရွိျပီးေနာက္ပိုင္းမွာေတာ့ အသင္းဟာ တျဖည္းျဖည္း အင္အားေပ်ာ့သြားခဲ့သလို အသင္းသားေဟာင္းမ်ားဟာလည္း တစ္ေယာက္ျပီး တစ္ေယာက္ ထြက္ခြာသြားခဲ့ၾကပါတယ္။ TI7 အျပီး လေပါင္းမ်ားစြာ အၾကာမွာ လူမရွိေတာ့တဲ့ Alliance အသင္းၾကီးကို Loda တစ္ေယာက္ ျပန္လည္ထူေထာင္ဖုိ႔ MiCKe, INsania, Boxi, Taiga တို႔နဲ႔ အတူ ၂၀၁၇ ႏွစ္ေႏွာင္းပိုင္းမွာ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ Roster အသစ္ကို ေၾကညာခဲ့ျပီးေနာက္ပိုင္း Alliance အသင္းသစ္ဟာ အခ်ိဳ႕ DotA2 ပြဲမ်ားမွာ ေအာင္ျမင္မႈမ်ား ရရွိခဲ့ေပမယ့္ TI8 မွာလည္း ဝင္ခြင့္မရခဲ့ေသးပဲ လြဲေခ်ာ္ေနခဲ့တာပါ။ Loda ကစားသမားဘဝက အနားယူျပီး နည္းျပျဖစ္လာခဲ့ခ်ိန္မွာေတာ့ qojqva ဝင္ေရာက္လာခဲ့ျပီး ယခု TI9 ဝင္ခြင့္ရ Alliance အသင္းျဖစ္လာခဲ့ပါတယ္။

လက္ရွိအသင္းသားမ်ားထဲမွာမွ professional Dota 2 ကစားသမားအျဖစ္ အခ်ိန္အေတာ္ၾကာထဲက ရပ္တည္ေနခဲ့သူကေတာ့ qojqva ပဲ ျဖစ္ပါတယ္။ TI4 မွာ သူ ဝင္ေရာက္ကစားခဲ့တဲ့ Team Liquid ဟာ ၉ နဲ႔ ၁ဝ ပူးတြဲေနရာ ရရွိခဲ့ဖူးသလို TI6 မွာလည္း Escape Gaming ထဲကေန ဝင္ေရာက္ကစားခဲ့ဖူးပါတယ္။ ကစားခဲ့တာ ႏွစ္အေတာ္ၾကာျပီ ျဖစ္တဲ့ qojqva ဟာ TI အေတြ႔အၾကံဳမ်ားေရာ အျခားျပိဳင္ပြဲ အေတြ႔အၾကံဳမ်ားပါ မ်ားျပားလွပါတယ္။

က်န္အသင္းသားမ်ားျဖစ္တဲ့ MiCKe, Boxi နဲဲ႔ Taiga တို႔ဟာ အသက္ ၂၀ ဝန္းက်င္ လူငယ္ကစားသမားမ်ားျဖစ္ၾကျပီး iNSaNiA တစ္ေယာက္သာ အသက္ ၂၅ ႏွစ္ ရွိျပီျဖစ္ပါတယ္။ သူတို႔အားလုံး Alliance ကို ဝင္ေရာက္အျပီးမွာ ထူးျခားတဲ့ ေအာင္ျမင္မႈမ်ားအေနနဲ႕ကေတာ့ X.Bet.co Rampage Series #1 နဲ႔ #2, Rivalry.gg Rumble, Reshuffle Madness, MegaFon Champions League Season 2 စတဲ့ ျပိဳင္ပြဲငယ္ေလးမ်ားမွာ ပထမရရွိခဲ့သလို StarLadder ImbaTV Dota 2 Minor Season 2 မွာလည္း ဒုတိယရရွိခဲ့ပါတယ္။ The Kuala Lumpur Major 2018 နဲ႔ Epicenter major 2019 တို႔မွာလည္း ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ရခဲ့သလို သိပ္မၾကာေသးခင္ TI9 စတင္ဖုိ႔ တစ္လအလိုမွာမွ DOTA Summit 10 မွာ ပထမရရွိခဲ့ၾကပါေသးတယ္။

Dota Summit 10 Champion

အသင္းသားသစ္မ်ားအားလုံးဟာ နည္းျပ Loda ရဲ႕ လမ္းညႊန္မႈေအာက္မွာ ရွိေနၾကျပီး TI9 ကို တက္ေရာက္ဖုိ႔ ျဖစ္ေပၚလာတယ္ဆိုတာ အလြန္ထင္ရွားပါတယ္။ မၾကာေသးခင္ကမွ ဝင္ေရာက္လာတဲ့ အသင္းသားအသစ္မ်ားနဲ႔ Alliance ကိုေတာ့ TI3 ေခတ္ေဟာင္းမ်ားက ၾကီးစိုးခဲ့တဲ့ အသင္းေဟာင္းၾကီးလိုပဲ TI မွာ ဦးေမာ့လာေစဖုိ့ ေခတ္ေဟာင္းပရိတ္သတ္မ်ားက အလြန္အမင္း ေမွ်ာ္လင့္ေနၾကတာပါ။ ခ်န္ပီယံေဟာင္း Loda ရဲ႕ Alliance အသင္းသစ္ၾကီးဟာ TI9 မွာ ဘယ္လိုေတြ ေရွ႕ဆက္ကစားျပီး ဘယ္လို အေျခအေနေတြရွိဦးမလဲ ဆိုတာကို သိပ္မၾကာခင္မွာ အားလုံးပဲ ေတြ႔ျမင္ႏိုင္ၾကမွာ ျဖစ္ပါေတာ့တယ္။

By Combo (Htet Wai Yan)


[Unicode]

ဒဏ္ဍာရီထဲက အမေ့ခံ ချန်ပီယံဟောင်း Alliance – TI9 Team Profile

 

Alliance လို့ ပြောလိုက်တာနဲ့ Dota 2 ကို အချိန်အတော်ကြာထဲက ကစားခဲ့ကြတဲ့ ကစားသမားများရဲ့ ရင်ထဲမှာ စွဲကျန်နေတဲ့ အသင်းတစ်သင်းအဖြစ် အားလုံးက မှတ်မိနေကြဦးမှာပါ။ TI3 မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းကြီးဟာ နှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့ပြီးနောက် ယခုတဖန် TI9 မှာ ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ ချန်ပီယံအသင်းသား ကစားသမားဟောင်းများ မရှိကြတော့ပေမယ့် Dota 2 လောကမှာ Alliance ကြီးစိုးခဲ့စဉ်က ကစားသမားဟောင်းများဟာ ယခုအသင်းရဲ့ နောက်ကွယ်မှာ ပုံစံမျိုးစုံနဲ့ ရှိနေသေးတာဖြစ်လို့ Alliance ဟာ အလားအလာရှိတဲ့ အသင်းတစ်သင်းထဲမှာ ပါဝင်နေပါတယ်။

လက်ရှိမှာ miCKe, qojqva, Boxi, Taiga နဲ့ iNSaNiA တို့ ပါဝင်ကစားနေတဲ့ Alliance အသင်းကို နောက်ကွယ်ကနေ အသင်းရဲ့ နည်းပြအဖြစ်ရော co-owner အဖြစ်ပါ လိုက်လံပြုလုပ်ပေးနေတာကတော့ ချန်ပီယံဟောင်းကစားသမားကြီး Loda ပါ။ TI3 ကို အနိုင်ရရှိခဲ့တဲ့ အသင်းသားဟောင်းများဟာ နောက်ပိုင်းမှာ ထွက်ခွာခဲ့ကြပေမယ့် နောက်ဆုံးအထိ Loda ဟာ အသင်းထဲမှာ ကျန်ရစ်ကစားနေခဲ့ပါသေးတယ်။

Alliance Current Roster

ယခုအချိန်မှာတော့ ကစားသမား အဖြစ်ကနေ အနားယူပြီးဖြစ်ပေမယ့် နှစ်ပေါင်းများစွာက ထွန်းတောက်ခဲ့တဲ့ Alliance ရဲ့ အတိတ်ကို ပြန်လည် ဖော်ဆောင်ဖို့ အသင်းကို လူသစ်များနဲ့ ပြန်လည်ဖွဲ့စည်းကာ TI9 ဝင်ခွင့်ရအောင် အနေအထားထိ ခေါ်ဆောင်လာခဲ့ပါတယ်။ အသင်းသားဟောင်း AdmiralBulldog ဟာလည်း အသင်းရဲ့ streamer နဲ့ co-owner အဖြစ်လက်ရှိမှာ ရပ်တည်နေပြီး Akke ဟာလည်း co-owner တစ်ယောက်ဖြစ်နေဆဲပါ။

Alliance စတင်ထူထောင်စဉ် ၂၀၁၂ အကုန် ၂၀၁၃ ခုနှစ်ထဲက Loda ဟာ အသင်းကြီးဖြစ်လာစေဖို့ အရမ်းအရေးကြီးခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ TI2 အပြီးမှာ စင်္ကာပူအသင်းဖြစ်တဲ့ Team Zenith ကနေ ထွက်ခွာခဲ့တဲ့ ဆွီဒင်ကစားသမား Loda ကို s4, EternaLEnVy နဲ့ AdmiralBulldog တို့ ပါဝင်တဲ့ Team No Tidehunter က စတင်ခေါ်ယူခဲ့ပါတယ်။ Loda နဲ့ အတူ Akke ပါဝင်လာခဲ့ပြီး ပြိုင်ပွဲရဲ့တစ်လအလိုမှာမှ ဖွဲ့စည်းထားခဲ့တဲ့ Team No Tidehunter ဟာ Dreamhack Winter 2012 ကို အနိုင်ရပြီး အခြား professional အသင်းများ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

No Tidehunter at Thor Tournament

Neutral Creep Camp များကို stack လုပ်ပွားပြီး farm ခြင်း၊ ရန်သူတာဝါများကို Nature Prophet နဲ့ IO ကဲ့သို့ pusher hero များဖြင့် လှည့်ပတ် rat လုပ်ခြင်း စတဲ့ ထူးခြားတဲ့ ကစားနည်း ကစားဟန်များဖြင့် ထိုစဉ်က လွန်စွာအောင်မြင်မှုများရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ support ကစားသမား EternalEnVy ဟာ အသင်းက ထွက်ခွာသွားခဲ့ပြီး ဆွီဒင်ကစားသမား EGM ဝင်ရောက်လာခဲ့ပါတယ်။ Loda, AdmiralBulldog, s4, Akke နဲ့ EDM တို့ဟာ နောက်ပိုင်းမှာ TI3 ကို အနိုင်ရမယ့် Alliance အသင်းဖွဲ့စည်းပုံဖြစ်လာခဲ့ပါတယ်။ Team No Tidehunter ဟာ အင်အားကြီးအသင်းအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။

၂၀၁၃ ဧပြီလမှာတော့ Team No Tidehunter အသင်းသားများဟာ Alliance ဆိုတဲ့ အသင်းကြီး ဖွဲ့စည်းကြောင်းကို ကြေငြာခဲ့ပြီး CEO ဖြစ်သူ Alex Garfield မှ ဦးစီးကာ Razer မှ အဓိကစပွန်ဆာပေးခဲ့ပါတယ်။ အသင်းဖွဲ့စည်းပြီးနောက် ESL Sprint Finals မှာ ရှုံးနိမ့်ခဲ့ရပေမယ့် အခြားပွဲစဉ်များမှာ အနိုင်ရရှိကာ Loda အပါအဝင် ဆွီဒင်ကစားသမား ငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Alliance ဟာ TL.net မှာ အင်အားအကြီးဆုံးအသင်း အဖြစ် ဖော်ပြခြင်းကို ခံလာရပါတယ်။ ထို့နောက် TI3 အတွက် လေ့ကျင့်ခဲ့ကြပြီး TI3 ပြိုင်ပွဲကြီး ယှဉ်ပြိုင်ခဲ့ချိန်မှာတော့ ထိုစဉ်က TI grand final များကို ၃ ခါတိတိတက်လာခဲ့တဲ့ TI1 ချန်ပီယံဟောင်း Na’Vi အသင်းကြီးကို အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတော့တယ်။

TI3 Champion Alliance

TI3 ကို အနိုင်ရရှိပြီးနောက်ပိုင်းမှာတော့ အသင်းဟာ တဖြည်းဖြည်း အင်အားပျော့သွားခဲ့သလို အသင်းသားဟောင်းများဟာလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြပါတယ်။ TI7 အပြီး လပေါင်းများစွာ အကြာမှာ လူမရှိတော့တဲ့ Alliance အသင်းကြီးကို Loda တစ်ယောက် ပြန်လည်ထူထောင်ဖို့ MiCKe, INsania, Boxi, Taiga တို့နဲ့ အတူ ၂၀၁၇ နှစ်နှောင်းပိုင်းမှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Roster အသစ်ကို ကြေညာခဲ့ပြီးနောက်ပိုင်း Alliance အသင်းသစ်ဟာ အချို့ DotA2 ပွဲများမှာ အောင်မြင်မှုများ ရရှိခဲ့ပေမယ့် TI8 မှာလည်း ဝင်ခွင့်မရခဲ့သေးပဲ လွဲချော်နေခဲ့တာပါ။ Loda ကစားသမားဘဝက အနားယူပြီး နည်းပြဖြစ်လာခဲ့ချိန်မှာတော့ qojqva ဝင်ရောက်လာခဲ့ပြီး ယခု TI9 ဝင်ခွင့်ရ Alliance အသင်းဖြစ်လာခဲ့ပါတယ်။

လက်ရှိအသင်းသားများထဲမှာမှ professional Dota 2 ကစားသမားအဖြစ် အချိန်အတော်ကြာထဲက ရပ်တည်နေခဲ့သူကတော့ qojqva ပဲ ဖြစ်ပါတယ်။ TI4 မှာ သူ ဝင်ရောက်ကစားခဲ့တဲ့ Team Liquid ဟာ ၉ နဲ့ ၁ဝ ပူးတွဲနေရာ ရရှိခဲ့ဖူးသလို TI6 မှာလည်း Escape Gaming ထဲကနေ ဝင်ရောက်ကစားခဲ့ဖူးပါတယ်။ ကစားခဲ့တာ နှစ်အတော်ကြာပြီ ဖြစ်တဲ့ qojqva ဟာ TI အတွေ့အကြုံများရော အခြားပြိုင်ပွဲ အတွေ့အကြုံများပါ များပြားလှပါတယ်။

ကျန်အသင်းသားများဖြစ်တဲ့ MiCKe, Boxi နဲ့ Taiga တို့ဟာ အသက် ၂၀ ဝန်းကျင် လူငယ်ကစားသမားများဖြစ်ကြပြီး iNSaNiA တစ်ယောက်သာ အသက် ၂၅ နှစ် ရှိပြီဖြစ်ပါတယ်။ သူတို့အားလုံး Alliance ကို ဝင်ရောက်အပြီးမှာ ထူးခြားတဲ့ အောင်မြင်မှုများအနေနဲ့ကတော့ X.Bet.co Rampage Series #1 နဲ့ #2, Rivalry.gg Rumble, Reshuffle Madness, MegaFon Champions League Season 2 စတဲ့ ပြိုင်ပွဲငယ်လေးများမှာ ပထမရရှိခဲ့သလို StarLadder ImbaTV Dota 2 Minor Season 2 မှာလည်း ဒုတိယရရှိခဲ့ပါတယ်။ The Kuala Lumpur Major 2018 နဲ့ Epicenter major 2019 တို့မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သလို သိပ်မကြာသေးခင် TI9 စတင်ဖို့ တစ်လအလိုမှာမှ DOTA Summit 10 မှာ ပထမရရှိခဲ့ကြပါသေးတယ်။

Dota Summit 10 Champion

အသင်းသားသစ်များအားလုံးဟာ နည်းပြ Loda ရဲ့ လမ်းညွှန်မှုအောက်မှာ ရှိနေကြပြီး TI9 ကို တက်ရောက်ဖို့ ဖြစ်ပေါ်လာတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့ အသင်းသားအသစ်များနဲ့ Alliance ကိုတော့ TI3 ခေတ်ဟောင်းများက ကြီးစိုးခဲ့တဲ့ အသင်းဟောင်းကြီးလိုပဲ TI မှာ ဦးမော့လာစေဖို့ ခေတ်ဟောင်းပရိတ်သတ်များက အလွန်အမင်း မျှော်လင့်နေကြတာပါ။ ချန်ပီယံဟောင်း Loda ရဲ့ Alliance အသင်းသစ်ကြီးဟာ TI9 မှာ ဘယ်လိုတွေ ရှေ့ဆက်ကစားပြီး ဘယ်လို အခြေအနေတွေရှိဦးမလဲ ဆိုတာကို သိပ်မကြာခင်မှာ အားလုံးပဲ တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတော့တယ်။

By Combo (Htet Wai Yan)