Alliance အသင္းက ျပဳလုပ္မယ့္ Alliance Dota League

TI3 ခ်န္ပီယံေဟာင္း Alliance အသင္းဟာ ၾသစေတးလ် esports tournament platform ကုမၸဏီ Mogul နဲ႔ ပူးေပါင္းျပီး အသင္းနာမည္နဲ႔ Dota 2 League ျပိဳင္ပြဲတစ္ခုကို က်င္းပမွာ ျဖစ္ပါတယ္။ Alliance အေနနဲ႔ TI9 ကို ဝင္ေရာက္ယွဥ္ျပိဳင္ဖုိ႔ ရက္ပိုင္းပဲလိုတဲ့ အခ်ိန္မွာ ဒီ Alliance League အေၾကာင္း ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္ျပီး ဒီျပိဳင္ပြဲမွာ ဆုေၾကးေငြ စုစုေပါင္း ေဒၚလာ တစ္သိန္း ခ်ီးျမွင့္မွာပါ။

Mogul ဟာ ေမလ မွာတည္းက Alliance နဲ႔ ပူးေပါင္းမႈကို ထုတ္ျပန္ေၾကညာခဲ့ေပမယ့္ ျပိဳင္ပြဲက်င္းပမယ့္ သတင္းကိုေတာ့ ယခုမွ ထုတ္ေဖာ္ေျပာၾကားခဲ့တာပါ။ Fan မ်ားအတြက္ membership ဝင္ခြင့္တစ္ခုကိုလည္း ေၾကညာခဲ့ျပီး membership ဝင္ေရာက္ထားသူမ်ားဟာ Alliance ကစားသမားမ်ားနဲ႔ တစ္ဦးခ်င္း Dota 2 training ျပဳလုပ္ခြင့္မ်ားအထိ အခြင့္ထူးမ်ား ရရွိႏိုင္မယ္လို႔ ပါရွိပါတယ္။

ယခုအခ်ိန္မွာ Alliance ရဲ႕ CEO ျဖစ္ေနတဲ့ အသင္းဝင္ကစားသမားေဟာင္း Loda ကေတာ့ “Alliance League မွာ fan မ်ားဟာ Alliance ကစားသမားမ်ားနဲ႔ တစ္ဦးခ်င္း ေလ့က်င့္ျခင္း၊ Dota 2 စြမ္းရည္မ်ား ျမွင့္တင္ျခင္း၊ Alliance ကစားသမားေတြ ဘယ္လိုကစားတယ္ဆိုတာကို အတြင္းက်က်ေလ့လာျခင္း နဲ႔ ဆုၾကီးမ်ား ဆြတ္ခူးႏိုင္ျခင္း စတဲ့ အခြင့္အလမ္းေတြကို ရယူႏိုင္မွာပါ။ အသစ္ျပဳလုပ္ထားတဲ့ membership ဝင္ခြင့္နဲ႔ ျပိဳင္ပြဲဟာ ကြ်န္ေတာ္တို႔ အသင္းကို အားေပးတဲ့ fan မ်ားနဲ႔ ေနာင္အနာဂတ္မ်ိဳးဆက္သစ္ကစားသမားေကာင္းမ်ားကို ဆက္တိုက္ေမြးထုတ္ဖုိ႔ ရည္ရြယ္ပါတယ္။ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ယခုျပိဳင္ပြဲကို ဥေရာပ နဲ႔ အေရွ႕ေတာင္အာရွမွာရွိတဲ့ ကစားသမားမ်ား ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ျပိဳင္ပြဲရဲ႕ ပထမအဆင့္ qualifier season မ်ားကို လအတန္ၾကာ က်င္းပမွာျဖစ္ျပီး final ပြဲစဥ္မ်ားကေတာ့ ၂၀၂၀ ထဲမွာမွ ျပဳလုပ္မွာပါ။ Region တစ္ခုခ်င္းစီမွ ထိပ္ဆုံးအႏိုင္ရရွိတဲ့ အသင္းမ်ားဟာ အနည္းဆုံး ေဒၚလာ ႏွစ္ေသာင္းခြဲေက်ာ္စီ ရရွိမွာျဖစ္ပါတယ္။ Season 1 Qualifier 1 အတြက္ registration ျပဳလုပ္ျခင္းမ်ား စတင္လက္ခံေနျပီး ၾသဂုတ္လ ၃၀ ရက္ေန႔မွာ စတင္က်င္းပေတာ့မွာပါ။

Mogul ရဲ႕ တာဝန္ရွိသူတစ္ဦးကေတာ့ သူတို႔ဟာ Alliance အသင္းနဲ႔ ပူးေပါင္းလုပ္ေဆာင္မႈမ်ားကို ဒီထက္ပိုမိုျပဳလုပ္ဦးမွာျဖစ္ျပီး အျခား partner မ်ားနဲ႔ ပူးေပါင္းဖုိ႔ အစီအစဥ္လည္းရွိတယ္လို႔ ေျပာပါတယ္။ အခုလို membership ဝင္ခြင့္မ်ားေပးျပီး ျပိဳင္ပြဲမ်ား ျပဳလုပ္ေပးျခင္းအားျဖင့္ fan မ်ားဟာ သူတို႔ ႏွစ္သက္ၾကတဲ့ အသင္းမ်ားနဲ႔ ပိုျပီးနီးနီးကပ္ကပ္ ဆက္သြယ္ခြင့္ရသလို မ်ိဳးဆက္သစ္ျပိဳင္ပြဲဝင္မ်ားလည္း ေပၚေပါက္လာမွာျဖစ္တယ္လို႔ ေျပာခဲ့ပါေသးတယ္။

Alliance က ျပဳလုပ္လိုက္တဲ့ ယခုျပိဳင္ပြဲထြက္ေပၚလာျပီးေနာက္ အျခား Dota 2 အသင္းမ်ားကလည္း ျပိဳင္ပြဲမ်ား လိုက္လံျပဳလုပ္လာႏိုင္ပါတယ္။ Alliance အသင္းၾကီး ကိုယ္တိုင္ ပူးေပါင္းပါဝင္ျပဳလုပ္လိုက္တဲ့အတြက္ Dota 2 professional ေလာကမွာ အေျခခ်ခ်င္တဲ့ မ်ိဳးဆက္သစ္မ်ားနဲ႔ fan မ်ားက စိတ္ဝင္တစားရွိေနၾကပါေတာ့တယ္။ Dota 2 သတင္းမ်ားနဲ႔ အျခားေသာ esport သတင္းမ်ားကို Gaming Noolde မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

#GamingNoodle #Dota2 #League #ComBo


Alliance အသင်းက ပြုလုပ်မယ့် Alliance Dota League

TI3 ချန်ပီယံဟောင်း Alliance အသင်းဟာ သြစတေးလျ esports tournament platform ကုမ္ပဏီ Mogul နဲ့ ပူးပေါင်းပြီး အသင်းနာမည်နဲ့ Dota 2 League ပြိုင်ပွဲတစ်ခုကို ကျင်းပမှာ ဖြစ်ပါတယ်။ Alliance အနေနဲ့ TI9 ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရက်ပိုင်းပဲလိုတဲ့ အချိန်မှာ ဒီ Alliance League အကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ တစ်သိန်း ချီးမြှင့်မှာပါ။

Mogul ဟာ မေလ မှာတည်းက Alliance နဲ့ ပူးပေါင်းမှုကို ထုတ်ပြန်ကြေညာခဲ့ပေမယ့် ပြိုင်ပွဲကျင်းပမယ့် သတင်းကိုတော့ ယခုမှ ထုတ်ဖော်ပြောကြားခဲ့တာပါ။ Fan များအတွက် membership ဝင်ခွင့်တစ်ခုကိုလည်း ကြေညာခဲ့ပြီး membership ဝင်ရောက်ထားသူများဟာ Alliance ကစားသမားများနဲ့ တစ်ဦးချင်း Dota 2 training ပြုလုပ်ခွင့်များအထိ အခွင့်ထူးများ ရရှိနိုင်မယ်လို့ ပါရှိပါတယ်။

ယခုအချိန်မှာ Alliance ရဲ့ CEO ဖြစ်နေတဲ့ အသင်းဝင်ကစားသမားဟောင်း Loda ကတော့ “Alliance League မှာ fan များဟာ Alliance ကစားသမားများနဲ့ တစ်ဦးချင်း လေ့ကျင့်ခြင်း၊ Dota 2 စွမ်းရည်များ မြှင့်တင်ခြင်း၊ Alliance ကစားသမားတွေ ဘယ်လိုကစားတယ်ဆိုတာကို အတွင်းကျကျလေ့လာခြင်း နဲ့ ဆုကြီးများ ဆွတ်ခူးနိုင်ခြင်း စတဲ့ အခွင့်အလမ်းတွေကို ရယူနိုင်မှာပါ။ အသစ်ပြုလုပ်ထားတဲ့ membership ဝင်ခွင့်နဲ့ ပြိုင်ပွဲဟာ ကျွန်တော်တို့ အသင်းကို အားပေးတဲ့ fan များနဲ့ နောင်အနာဂတ်မျိုးဆက်သစ်ကစားသမားကောင်းများကို ဆက်တိုက်မွေးထုတ်ဖို့ ရည်ရွယ်ပါတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယခုပြိုင်ပွဲကို ဥရောပ နဲ့ အရှေ့တောင်အာရှမှာရှိတဲ့ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ပထမအဆင့် qualifier season များကို လအတန်ကြာ ကျင်းပမှာဖြစ်ပြီး final ပွဲစဉ်များကတော့ ၂၀၂၀ ထဲမှာမှ ပြုလုပ်မှာပါ။ Region တစ်ခုချင်းစီမှ ထိပ်ဆုံးအနိုင်ရရှိတဲ့ အသင်းများဟာ အနည်းဆုံး ဒေါ်လာ နှစ်သောင်းခွဲကျော်စီ ရရှိမှာဖြစ်ပါတယ်။ Season 1 Qualifier 1 အတွက် registration ပြုလုပ်ခြင်းများ စတင်လက်ခံနေပြီး သြဂုတ်လ ၃၀ ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။

Mogul ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ သူတို့ဟာ Alliance အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မှုများကို ဒီထက်ပိုမိုပြုလုပ်ဦးမှာဖြစ်ပြီး အခြား partner များနဲ့ ပူးပေါင်းဖို့ အစီအစဉ်လည်းရှိတယ်လို့ ပြောပါတယ်။ အခုလို membership ဝင်ခွင့်များပေးပြီး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းအားဖြင့် fan များဟာ သူတို့ နှစ်သက်ကြတဲ့ အသင်းများနဲ့ ပိုပြီးနီးနီးကပ်ကပ် ဆက်သွယ်ခွင့်ရသလို မျိုးဆက်သစ်ပြိုင်ပွဲဝင်များလည်း ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

Alliance က ပြုလုပ်လိုက်တဲ့ ယခုပြိုင်ပွဲထွက်ပေါ်လာပြီးနောက် အခြား Dota 2 အသင်းများကလည်း ပြိုင်ပွဲများ လိုက်လံပြုလုပ်လာနိုင်ပါတယ်။ Alliance အသင်းကြီး ကိုယ်တိုင် ပူးပေါင်းပါဝင်ပြုလုပ်လိုက်တဲ့အတွက် Dota 2 professional လောကမှာ အခြေချချင်တဲ့ မျိုးဆက်သစ်များနဲ့ fan များက စိတ်ဝင်တစားရှိနေကြပါတော့တယ်။ Dota 2 သတင်းများနဲ့ အခြားသော esport သတင်းများကို Gaming Noolde မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

#GamingNoodle #Dota2 #League #ComBo