[Unicode]

ယနေ့မနက် ကြေညာခဲ့တဲ့ PS5 မှာ ဘာတွေ မျှော်လင့်နိုင်မလဲ

 

Console ဂိမ်းပရိသတ်များ စောင့်မျှော်နေခဲ့ကြတဲ့ PlayStation 5 (PS5) ဂိမ်းစက်ရဲ့ ပုံပန်းသွင်ပြင်ကို ယနေ့မနက်ပိုင်းမှာ Sony က ဗီဒီယိုအတိုလေးတစ်ခုနဲ့ တရားဝင်ထုတ်ဖော်ပြသလိုက်ပါတယ်။ ၃ မိနစ်ကျော်ခန့်သာ ရှိတဲ့ ယင်းဗီဒီယိုကို ထွက်ရှိပြီးခဏလေးအတွင်းမှာတင် Twitch ပေါ်မှာ လူပေါင်း ၁ သန်းကျော်က ကြည့်ရှုခဲ့ကြသလို YouTube ပေါ်မှာလည်း လူပေါင်း ၂ သန်းကျော်က ကြည့်ရှုခဲ့ကြလို့ PS5 အပေါ် လူအများရဲ့ စိတ်ဝင်စားမှုဟာ ကြီးမားလှတယ်လို့ ဆိုနိုင်ပါတယ်။

ထူးခြားချက်ကတော့ PS5 ကို disc drive ပါဝင်ပြီး ဂိမ်းခွေထည့်ကစားနိုင်မယ့် အမျိုးအစားနဲ့ ဂိမ်းများကို ဒေါင်းလုတ်သီးသန့်နဲ့သာ ကစားနိုင်မယ့် all-digital PS5 ဆိုပြီး ၂ မျိုးခွဲ မိတ်ဆက်သွားခဲ့တာပါ။ Digital Edition Console Type ကို မိတ်ဆက်ခဲ့ပုံအရတော့ အနာဂတ် PS5 ဂိမ်းများထဲမှာ အခွေမထွက်ရှိလာတော့ပဲ digital သီးသန့်နဲ့သာ ရောက်ရှိလာတော့မယ့်ဂ်ိမ်းများကို မြင်တွေ့ရဖို့ အလားအလာများရှိနေပါတယ်။

ဗီဒီယိုထဲက PS5 ရဲ့အသွင်အပြင်ကတော့ အပြင်ပိုင်းမှာ အဖြူရောင်ဖုံးအုပ်ထားပြီး အတွင်းပိုင်းမှာ အနက်ရောင်အောက်ခံနဲ့ အပြာရောင်မီးအလင်းများ ပါဝင်ပါတယ်။ PS5 ဟာ gaming PC တစ်လုံးလို ထောင်ထားတဲ့ပုံစံမျိုးကိုလည်း ပိုင်ဆိုင်ထားပြီး သမားရိုးကျ အပြားလိုက်လှဲထားတဲ့ဂိမ်းစက်ပုံစံမဟုတ်ပါဘူး။

ဗီဒီယိုအတွင်းမှာ Sony ဟာ PS5 ဂိမ်းစက်တစ်ခုတည်းသာမဟုတ်ပဲ ယင်းနဲ့တွဲဖက်ကစားနိုင်မယ့် controller နဲ့ remote၊ PlayStation Headset ဗားရှင်းသစ်၊ PlayStation Eye camera ဗားရှင်းသစ် စ တာတွေကိုလည်း ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ ယင်းတို့အားလုံးကိုလည်း ဂိမ်းစက်နဲ့ လိုက်ဖက်ညီအောင် အဖြူရောင်နဲ့အမည်းရောင် ပေါင်းစပ်ပြုလုပ်ထားတာကို တွေ့ရပါတယ်။

PS5 ရဲ့ specs များအနေနဲ့ကတော့
• GPU: 10.28 TFLOPs, 36 CUs at 2.23GHz (variable frequency) with RDNA 2 architecture
• CPU: AMD Zen 2-based CPU with 8 cores at 3.5GHz (variable frequency)
• Memory: 16GB GDDR6, 256-bit interface, 448GB/s bandwidth
• Storage: Custom 825GB SSD with 5.5GB/s (raw), typical 8-9GB/s (compressed)
• Expandable storage: NVMe SSD slot, USB HDD support (for PS4 games only)
• Optical: 4K UHD Blu Ray drive
• Visuals: Native 4K 120Hz + 8K
• Audio: Temptest 3D
တို့အကြောင်းကိုသာ သိထားရပါသေးတယ်။

PS5 ရဲ့ ထူးခြားကောင်းမွန်ချက်ကတော့ SSD များကို အသုံးပြုထားခြင်းပါ။ 825 GB သာ ပါဝင်လို့ နည်းပါးတယ်လို့ ထင်ရပေမယ့် PS4 Pro ထက် ၁၉ ဆလောက် လျင်မြန်တဲ့နှုန်းတဲ့ ဂိမ်း loading များကို ပြုလုပ်နိုင်တော့မှာပါ။ ဒါ့အပြင် PS4 Pro မှာ မပါဝင်တဲ့ 4K UHD Blu Ray drive လည်း PS5 လည်း ပါဝင်လို့ ဂိမ်းများကို ပိုမိုကြည်လင်ပြတ်သားစွာ ကြည့်ရှုကစားနိုင်ကြမှာဖြစ်ပါတယ်။

Temptest 3D sound ပါဝင်လာခြင်းကလည်း ဂိမ်းများအတွင်းမှာ ပါဝင်မယ့် အသံများကို ကောင်းစွာခံစားနိုင်စေဖို့ အထောက်အကူကောင်းတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Sony ဟာ speaker အသုံးပြုသူများအတွက် virtual surround sound စနစ်ကို ဖန်တီးလျက်ရှိတယ်လို့လည်း ဆိုပါတယ်။ PS5 ဟာ လက်ရှိ PSVR hardware ကိုလည်း support လုပ်ပေးမှာဖြစ်လို့ ဂိမ်းများကို VR နဲ့လည်း ကစားနိုင်ကြမှာပါ။

PS5 အတွက် တရားဝင်ကြေညာထားပြီးသားဂိမ်းများအနေနဲ့ကတော့
• Kena: Bridge of Spirits
• Goodbye Volcano High
• Ghostwire: Tokyo
• Horizon: Forbidden West
• Bugsnax
• Village: Resident Evil
• Deathloop
• Returnal
• Jett: The Far Shore
စတာတွေရှိပြီး
• Project Athia
• Spider-man: Miles Morales
• Solar Ash
• Stray
• Gran Turismo 7
• Rachet & Clank: Rift Apart
• Oddworld: Soulstorm
• Hitman III
• Pragmata
• NBA 2K21
• Astro’s Playroom
• Demon’s Souls
• Sackboy: A Big Adventure
• Destruction Allstars
• Godfall
• Rainbow Six Siege
• Rainbow Six Quarantine
• GTA V: Expanded & Enhanced
စတာတွေလည်း ပါဝင်လာဦးမှာပါ။ ဒါ့အပြင် PS5 ရဲ့ backwards compatibility ကြောင့် စတင်ထွက်ရှိချိန်တည်းက PS4 ဂိမ်းအမျိုးအစားပေါင်း ၁၀၀ ကျော်လောက်ကို ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

PS5 ထွက်ရှိလာမယ့်အချိန်ကို တရားဝင်ကြေညာထားခြင်း မရှိပဲ ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမယ်လို့သာ ဖော်ပြထားပါတယ်။ ဒါ့အပြင် PS5 ရဲ့ စျေးနှုန်းကိုလည်း တရားဝင်ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ပေါက်ကြားနေခဲ့တဲ့သတင်းများအရတော့ PS5 ဟာ ၄၉၉ ဒေါ်လာဝန်းကျင်ခန့် ကျသင့်မယ်လို့ ခန့်မှန်း ရေးသားထားကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: techradar, wired, dotesports


[ZawGyi]

ယေန႔မနက္ ေၾကညာခဲ့တဲ့ PS5 မွာ ဘာေတြ ေမွ်ာ္လင့္ႏိုင္မလဲ

 

Console ဂိမ္းပရိသတ္မ်ား ေစာင့္ေမွ်ာ္ေနခဲ့ၾကတဲ့ PlayStation 5 (PS5) ဂိမ္းစက္ရဲ႕ ပုံပန္းသြင္ျပင္ကို ယေန႔မနက္ပိုင္းမွာ Sony က ဗီဒီယိုအတိုေလးတစ္ခုနဲ႔ တရားဝင္ထုတ္ေဖာ္ျပသလိုက္ပါတယ္။ ၃ မိနစ္ေက်ာ္ခန္႔သာ ရွိတဲ့ ယင္းဗီဒီယိုကို ထြက္ရွိၿပီးခဏေလးအတြင္းမွာတင္ Twitch ေပၚမွာ လူေပါင္း ၁ သန္းေက်ာ္က ၾကည့္ရႈခဲ့ၾကသလို YouTube ေပၚမွာလည္း လူေပါင္း ၂ သန္းေက်ာ္က ၾကည့္ရႈခဲ့ၾကလို႔ PS5 အေပၚ လူအမ်ားရဲ႕ စိတ္ဝင္စားမႈဟာ ႀကီးမားလွတယ္လို႔ ဆိုႏိုင္ပါတယ္။

ထူးျခားခ်က္ကေတာ့ PS5 ကို disc drive ပါဝင္ၿပီး ဂိမ္းေခြထည့္ကစားႏိုင္မယ့္ အမ်ိဳးအစားနဲ႔ ဂိမ္းမ်ားကို ေဒါင္းလုတ္သီးသန္႔နဲ႔သာ ကစားႏိုင္မယ့္ all-digital PS5 ဆိုၿပီး ၂ မ်ိဳးခြဲ မိတ္ဆက္သြားခဲ့တာပါ။ Digital Edition Console Type ကို မိတ္ဆက္ခဲ့ပုံအရေတာ့ အနာဂတ္ PS5 ဂိမ္းမ်ားထဲမွာ အေခြမထြက္ရွိလာေတာ့ပဲ digital သီးသန္႔နဲ႔သာ ေရာက္ရွိလာေတာ့မယ့္ဂ္ိမ္းမ်ားကို ျမင္ေတြ႕ရဖို႔ အလားအလာမ်ားရွိေနပါတယ္။

ဗီဒီယိုထဲက PS5 ရဲ႕အသြင္အျပင္ကေတာ့ အျပင္ပိုင္းမွာ အျဖဴေရာင္ဖုံးအုပ္ထားၿပီး အတြင္းပိုင္းမွာ အနက္ေရာင္ေအာက္ခံနဲ႔ အျပာေရာင္မီးအလင္းမ်ား ပါဝင္ပါတယ္။ PS5 ဟာ gaming PC တစ္လုံးလို ေထာင္ထားတဲ့ပုံစံမ်ိဳးကိုလည္း ပိုင္ဆိုင္ထားၿပီး သမား႐ိုးက် အျပားလိုက္လွဲထားတဲ့ဂိမ္းစက္ပုံစံမဟုတ္ပါဘူး။

ဗီဒီယိုအတြင္းမွာ Sony ဟာ PS5 ဂိမ္းစက္တစ္ခုတည္းသာမဟုတ္ပဲ ယင္းနဲ႔တြဲဖက္ကစားႏိုင္မယ့္ controller နဲ႔ remote၊ PlayStation Headset ဗားရွင္းသစ္၊ PlayStation Eye camera ဗားရွင္းသစ္ စ တာေတြကိုလည္း ထုတ္ေဖာ္ျပသသြားခဲ့ပါတယ္။ ယင္းတို႔အားလုံးကိုလည္း ဂိမ္းစက္နဲ႔ လိုက္ဖက္ညီေအာင္ အျဖဴေရာင္နဲ႔အမည္းေရာင္ ေပါင္းစပ္ျပဳလုပ္ထားတာကို ေတြ႕ရပါတယ္။

PS5 ရဲ႕ specs မ်ားအေနနဲ႔ကေတာ့
• GPU: 10.28 TFLOPs, 36 CUs at 2.23GHz (variable frequency) with RDNA 2 architecture
• CPU: AMD Zen 2-based CPU with 8 cores at 3.5GHz (variable frequency)
• Memory: 16GB GDDR6, 256-bit interface, 448GB/s bandwidth
• Storage: Custom 825GB SSD with 5.5GB/s (raw), typical 8-9GB/s (compressed)
• Expandable storage: NVMe SSD slot, USB HDD support (for PS4 games only)
• Optical: 4K UHD Blu Ray drive
• Visuals: Native 4K 120Hz + 8K
• Audio: Temptest 3D
တို႔အေၾကာင္းကိုသာ သိထားရပါေသးတယ္။

PS5 ရဲ႕ ထူးျခားေကာင္းမြန္ခ်က္ကေတာ့ SSD မ်ားကို အသုံးျပဳထားျခင္းပါ။ 825 GB သာ ပါဝင္လို႔ နည္းပါးတယ္လို႔ ထင္ရေပမယ့္ PS4 Pro ထက္ ၁၉ ဆေလာက္ လ်င္ျမန္တဲ့ႏႈန္းတဲ့ ဂိမ္း loading မ်ားကို ျပဳလုပ္ႏိုင္ေတာ့မွာပါ။ ဒါ့အျပင္ PS4 Pro မွာ မပါဝင္တဲ့ 4K UHD Blu Ray drive လည္း PS5 လည္း ပါဝင္လို႔ ဂိမ္းမ်ားကို ပိုမိုၾကည္လင္ျပတ္သားစြာ ၾကည့္ရႈကစားႏိုင္ၾကမွာျဖစ္ပါတယ္။

Temptest 3D sound ပါဝင္လာျခင္းကလည္း ဂိမ္းမ်ားအတြင္းမွာ ပါဝင္မယ့္ အသံမ်ားကို ေကာင္းစြာခံစားႏိုင္ေစဖို႔ အေထာက္အကူေကာင္းတစ္ခုပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ Sony ဟာ speaker အသုံးျပဳသူမ်ားအတြက္ virtual surround sound စနစ္ကို ဖန္တီးလ်က္ရွိတယ္လို႔လည္း ဆိုပါတယ္။ PS5 ဟာ လက္ရွိ PSVR hardware ကိုလည္း support လုပ္ေပးမွာျဖစ္လို႔ ဂိမ္းမ်ားကို VR နဲ႔လည္း ကစားႏိုင္ၾကမွာပါ။

PS5 အတြက္ တရားဝင္ေၾကညာထားၿပီးသားဂိမ္းမ်ားအေနနဲ႔ကေတာ့
• Kena: Bridge of Spirits
• Goodbye Volcano High
• Ghostwire: Tokyo
• Horizon: Forbidden West
• Bugsnax
• Village: Resident Evil
• Deathloop
• Returnal
• Jett: The Far Shore
စတာေတြရွိၿပီး
• Project Athia
• Spider-man: Miles Morales
• Solar Ash
• Stray
• Gran Turismo 7
• Rachet & Clank: Rift Apart
• Oddworld: Soulstorm
• Hitman III
• Pragmata
• NBA 2K21
• Astro’s Playroom
• Demon’s Souls
• Sackboy: A Big Adventure
• Destruction Allstars
• Godfall
• Rainbow Six Siege
• Rainbow Six Quarantine
• GTA V: Expanded & Enhanced
စတာေတြလည္း ပါဝင္လာဦးမွာပါ။ ဒါ့အျပင္ PS5 ရဲ႕ backwards compatibility ေၾကာင့္ စတင္ထြက္ရွိခ်ိန္တည္းက PS4 ဂိမ္းအမ်ိဳးအစားေပါင္း ၁၀၀ ေက်ာ္ေလာက္ကို ကစားႏိုင္မွာလည္း ျဖစ္ပါတယ္။

PS5 ထြက္ရွိလာမယ့္အခ်ိန္ကို တရားဝင္ေၾကညာထားျခင္း မရွိပဲ ယခုႏွစ္ေႏွာင္းပိုင္းမွာ ထြက္ရွိလာမယ္လို႔သာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ PS5 ရဲ႕ ေစ်းႏႈန္းကိုလည္း တရားဝင္ေၾကညာထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ ေပါက္ၾကားေနခဲ့တဲ့သတင္းမ်ားအရေတာ့ PS5 ဟာ ၄၉၉ ေဒၚလာဝန္းက်င္ခန္႔ က်သင့္မယ္လို႔ ခန္႔မွန္း ေရးသားထားၾကပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: techradar, wired, dotesports