မကြာမီကျင်းပတော့မယ့် 2020 League of Legends World Championship အကြောင်း သိကောင်းစရာများ

 

နှစ်စဉ်ကျင်းပနေကျ Esports ပြိုင်ပွဲကြီးတစ်ခုဖြ­စ်တဲ့ League of Legends World Championship ပြိုင်ပွဲကြီးကို ယခုနှစ်မှာလည်း အစဉ်အလာမပြတ်ကျင်းပတော့မှာပါ။­ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ Worlds 2019 ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်များမှာတော့ တရုတ်အသင်းတစ်သင်းဖြစ်တဲ့ FunPlus Phoenix က နာမည်ကျော် G2 Esports အသင်းကို အနိုင်ရကာ ချန်ပီယံဆုဖလားကြီးကို­ သိမ်းပိုက်နိုင်ခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပွဲများကြောင့်ပဲ Worlds 2019 ဟာ ကမ္ဘာ့ကြည့်ရှုသူအများဆုံး Esports ပြိုင်ပွဲကြီးအဖြစ် စံချိန်တင်သွားနိုင်ခဲ့­ပါတယ်။

Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် လူအများ အိမ်မှာပဲနေရတဲ့ ယခုလိုအချိန်မှာရောက်ရှိလာမယ့် Worlds 2020 ဟာ မနှစ်ကထက်တောင် ကြည့်ရှုသူများပြားသွားနိုင်တဲ့ အလားအလာရှိနေပါတယ်။ ပထမဆုံး play-in အဆင့် ကနေ ဖိုင်နယ်ပွဲစဉ်များအထိ တစ်လခန့်ကြာမြင့်လေ့ရှိ­တဲ့ ဒီပြိုင်ပွဲကြီးနဲ့ ပတ်သက်တဲ့အကြောင်းအရာ­များကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

LoL Worlds 2020 ပြိုင်ပွဲကြီး စတင်ကျင်းပမယ့်အချိန်­၊ နေရာနဲ့ ရုံတွင်းကို ပရိသတ်ဝင်ရော­က်ခွင့်ရရှိမယ့် အခြေအနေ

2020 League of Legends World Championship ပြိုင်ပွဲကြီးဟာ ယခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ကနေ စတင်မှာဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာ အဆုံးသတ်မှာပါ။ ဒါကြောင့် ပရိသတ်များဟာ ဒီပြိုင်ပွဲကြီးကို အချိန် ၅ ပတ်ကြာအောင် စောင့်မျှော်ကြည့်ရှု­နိုင်ကြမှာဖြစ်ပါတယ်။­

မူလကတော့ Worlds 2020 ကို နေရာတစ်ခုတည်းမှာ မကျင်းပပဲ တရုတ်နိုင်ငံရဲ့ မြို့ကြီး ၆ ခုမှာ လှည့်လည်ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် Covid-19 ပြဿနာကြောင့် ယခုအချိန်မှာတော့ ရှန်ဟိုင်းမြို့အတွင်းမှာပဲ အစအဆုံးကျင်းပသွားတော့မှာဖြစ်ပါတယ်။ Worlds 2020 ဟာ ရှန်ဟိုင်းမြို့ရဲ့ ပူဒေါင်းဘောလုံးအားကစားရုံသစ်ကြီးရဲ့ ပထမဆုံးလက်ခံကျင်းပတဲ့ပွဲကြီးလည်း ဖြစ်လာမှာပါ။

Pudong Football Arena

ထူးခြားတာကတော့ ယခုလိုအချိန်မှာကျင်း­ပတဲ့ ဒီပြိုင်ပွဲကြီးကို ရုံတွင်းပရိသတ်များ ဝင်ရောက် ကြည့်ရှုခွင့် ရရှိမှာ­ဖြစ်ကြောင်း Riot ရဲ့ တာဝန်ရှိသူတစ်ဦးက မကြာသေးမီက ကြေညာလိုက်တာပါ။ ဒါပေမယ့် နောက်ဆုံးအဆင့်ဖိုင်န­ယ်ပွဲစဉ်များမှာသာ ဝင်ရောက်ပြုမှာဖြစ်ပြီး ပရိသတ်အရေအတွက်ကို ကန့်သတ်ထားမှာ ဖြစ်သလို ကစားသမားများ၊ ဝန်ထမ်းများနဲ့ ပါဝင်သူများအားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူး ဆောင်ရွက်သွားမှာ ­ဖြစ်တယ်လို့လည်းဆိုပါတယ်။

League of Legends Worlds 2020 အချိန်ဇယား

Worlds 2020 ရဲ့ အချိန်ဇယားကတော့ အောက်ပါအတိုင်းဖြစ်ပါ­တယ်။

Play-in Stage: September 25 – 30

Group Stage, Round 1: October 3 – 6

Group Stage, Round 2: October 8 – 11

Quarterfinals: October 15-18

Semi-finals: October 24 – 25

Finals: October 31

Riot ဟာ ပိုမိုတိကျတဲ့ အချိန်ဇယားတစ်ခုကိုလည်း ထုတ်ဖော်ကြေညာထားသေးပေ­မယ့် ယင်းတို့ဟာ ခန့်မှန်းအချိန်များသာဖြစ်ကြောင်းကိုလည်း ဖော်ပြထားခဲ့ပါတယ်။

League of Legends Worlds 2020 မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အသင်းများ

Worlds ပြိုင်ပွဲကြီးများရဲ့­ အစမှာ ကမ္ဘာ့ဒေသအသီးသီးက အသင်း ၂၄ သင်း ပါဝင်လေ့ရှီပြီး အုပ်စု အဆင့်ပွဲစဉ်များ ­အတွင်းကိုတော့ အသင်းစုစုပေါင်း ၁၆ သင်း တက်ရောက်ယှဉ်ပြိုင်ခွင့်­ရလေ့ရှိကြပါတယ်။ ယင်းတို့ထဲမှာမှ တရုတ်၊ ကိုရီးယား၊ ဥရောပ၊ မြောက်အမေရိက၊ ဗီယက်နမ် နဲ့ ထိုင်ဝမ်/ ဟောင်ကောင်/­ မကာအိုဒေသများကနေ အသင်း ၁၂ သင်းဟာ အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရလေ့ရှိပြီး ကျန်အသင်းများကတော့ play-in အဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်လို့ တက်ရောက်ခွင့်ရတဲ့အသင်း­များဖြစ်လေ့ရှိကြပါတယ်။

ဒါပေမယ့် ယခုနှစ်မှာတော့ Covid-19 ကြောင့် ဗီယက်နမ်အသင်းများ လာရောက်ယှဉ်ပြိုင်မှာ­ မဟုတ်လို့ Worlds 2020 ရဲ့ အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွ­င့်ရမယ့် ဗီယက်နမ်အသင်း ၂ သင်းရဲ့နေရာဟာ အသင်းစာရင်းမှာ လစ်လပ်သွားခဲ့လို့ စတင်ယှဉ်ပြိုင်ကြမယ့် အသင်းအရေအတွက်ဟာလည််း ၂၄ သင်းအစား ၂၂ သင်းသာရှိပါတယ်။ ယင်း ၂၂ သင်းရဲ့ နာမည်များကတော့ အောက်ပါအတိုင်းဖြစ်ကြ­ပါတယ်။

အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွ­င့်ရမယ့်အသင်းများ

Rogue, Fnatic, G2 Esports (LEC)

Top Esports, JD Gaming, Suning (LPL)

DRX, DAMWON Gaming, Gen.G (LCK)

FlyQuest, TSM (LCS)

Machi Esports (PCS)

Play-in ကို ကျော်ဖြတ်ကြရမယ့်အသင်းများ

MAD Lions (LEC), LGD Gaming (LPL), Team Liquid (LCS), PSG Talon (PCS), INTZ (CBLOL), Legacy Esports (OPL), Rainbow7 (LLA), Super Massive eSports (TCL), Unicorns of Love (LCL), V3 Esports (LJL)

League of Legends Worlds 2020 ရဲ့ play-in ပွဲစဉ်များအတွက် အုပ်စုဇယား

Play-in အဆင့်ကနေ စတင်ကစားကြရမယ့်အသင်းများအတွက် အုပ်စုဇယားကတော့ အောက်ပါအတိုင်းဖြစ်ပါ­တယ်။

Play-in အဆင့်ကနေ စတင်ရမယ့် ယင်းအသင်းများဟာ ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် ယခုအဆင့်ကို မဖြစ်မနေကျော်ဖြတ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် play-in ပွဲစဉ်များဟာ ပြိုင်ပွဲကြီးစတင်တည်းက အကြိတ်အနယ်ယှဉ်ပြိုင်­ကြတဲ့ပွဲစဉ်များဖြစ်လေ့ရှိကြပါတယ်။

League of Legends 2020 အုပ်စုအဆင့်ပွဲစဉ်များအတွက် ဇယား

Group B ရဲ့ DAMWON Gaming နဲ့ JD Gaming တို့ဟာ ယခုပြိုင်ပွဲကြီးအတွက် ပရိသတ်များရဲ့ အထူးစောင့်ကြည့်အားပေးခြင်း­ကို ခံထားရတဲ့အသင်း ၂ သင်းပါ။ Group B ဟာ LCS အသင်းတစ်သင်းမှ မပါဝင်တဲ့တစ်ခုတည်းသော အုပ်စုဖြစ်တာမို့ play-in အဆင့်ကနေ Team Liquid သာ တက်လာနိုင်ခဲ့ရင် ဒီအုပ်စုအတွင်းကို ရောက်ရှိပြီး အပြင်းအထန်ယှဉ်ပြိုင်ကစားနိုင်ခြေလည်းရှိနေပါတယ်။

ဒီအုပ်စုတစ်စုချင်းကနေ အသင်း ၂ သင်းစီသာ ကွာတားဖိုင်နယ်ကို ဝင်ရောက်ခွင့်ရရှိကြမှာဖြစ်ပါတယ်။

League of Legends Worlds 2020 ကို ဘယ်ကကြည့်ရှုလို့ရမလဲ

Worlds 2020 ကို Riot Games ရဲ့ တရားဝင် Twitch ချန်နယ်ကနေ တိုက်ရိုက်ထုတ်လွှင့်­ပြသသွားမှာပါ။ Play-in အဆင့်ကနေ ဖိုင်နယ်ပွဲစဉ်များအထိ ပြသသွားမှာဖြစ်လို့ ယင်းချန်နယ်ကို စောင့်ကြည့်နေရုံတင် လုံလောက်ပါတယ်။

ပြိုင်ပွဲကြီးနဲ့ ပတ်သက်တဲ့လှုပ်ရှားမှ­ုများအားလုံးကိုတော့ League of Legends ရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာကနေ ကြည့်ရှုနိုင်ကြမှာပါ­။ ယင်းဝက်ဘ်ဆိုက်မှာ Pro View အတွက်လည်း စာရင်းပေးသွင်းထားနို­င်ပြီး ဒီလိုပြုလုပ်ထားသူများဟာ ပြိုင်ပွဲကြီးကို ရှုထောင့်ပေါင်းစုံကနေရော POV နဲ့ပါ ကြည့်ရှုခွင့်ရရှိကြမှာဖြစ်ပါတယ်။

https://www.twitch.tv/riotgames

Covid-19 ကာလ စတင်ချိန်တည်းက Esports ပြိုင်ပွဲများကို ရုံတွင်းမှာ ကျင်းပခွင့်မရတော့ပဲ ရပ်နားထားခဲ့ရတာမို့ ယခု Worlds 2020 ဟာ ရုံတွင်းပရိသတ်ပြန်လည်ဝင်ရောက်ခွင့်ပြုတဲ့ အဦးဆုံး Esports ပွဲကြီးဖြစ်လာတော့မှာပါ။ League of Legends ပရိသတ်များ အလွန်ရင်ခုန် စိတ်လှုပ်ရှားတဲ့ World Championship ရာသီ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: theloadout