[Zawgyi]

Google က ထုတ္မယ့္ “Stadia” အြန္လုိင္းဂိမ္းပလက္ေဖာင္းအေၾကာင္း သိျပီးၾကျပီလား

 

၂၀၁၉ အတြင္း လူအမ်ားစုၾကား ေရပန္းစားေနတဲ့ အေၾကာင္းအရာေတြထဲမွာ Google က ထုတ္မယ့္ Stadia လို႔ အမည္ေပးထားတဲ့ gaming platform အေၾကာင္းလည္း ပါဝင္ပါတယ္။ Stadia ဟာ Steam, PS5, Xbox One နဲ႔ Nintendo တို႔ရဲ႕ျပိဳင္ဘက္အျဖစ္ ေၾကညာလိုက္သလိုျဖစ္ျပီး ဝါရင့္ဂိမ္းကုမၸဏီၾကီးမ်ားရဲ႕ အေလးထားေစာင့္ၾကည့္ခံရမယ့္သူ ျဖစ္ေနပါၿပီ။ Google ဟာ အင္တာနက္ထိပ္တန္းကုမၸဏီၾကီးျဖစ္ေပမယ့္ ဂိမ္းေလာကကို အၾကီးအက်ယ္ ဝင္ေရာက္မွာကေတာ့ ဒါပထမဆုံးပါ။

ဒီႏွစ္ ႏိုဝင္ဘာလမွာ ထြက္ရွိလာမယ္လို႔ ေၾကညာထားတဲ့ Stadia ကို အသုံးျပဳဖုိ႔ ဘာ hardware မွ ထပ္ဝယ္ဖုိ႔ မလိုအပ္ပဲ ရွိျပီးသား PC မ်ား၊ tablet မ်ားနဲ႔ ဖုန္းမ်ားေပၚမွာ အသုံးျပဳႏိုင္မွာပါ။ Online gaming platform ျဖစ္တာနဲ႔အညီ အင္တာနက္လိုအပ္မွာျဖစ္ျပီး ဂိမ္းအမ်ိဳးအစားေပါင္းေျမာက္မ်ားစြာကို stream လုပ္ ကစားႏိုင္မွာပါ။ Chromecast Ultra ပါဝင္တဲ့ TV တစ္လုံးနဲ႔ အင္တာနက္ရွိရင္ေတာင္ အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

 

Stadia ရဲ႕ ဆြဲေဆာင္မႈရွိတဲ့ feature တစ္ခုကေတာ့ ဂိမ္းမ်ားကို အျမင့္ဆုံး 4k resolution နဲ႔ 60 fps ေလာက္မွာ ကစားႏိုင္မယ္လို႔ အာမခံထားတာပါ။ HDR နဲ႔ 5.1 surround sound မ်ားလည္း support လုပ္ထားပါတယ္။ အင္တာနက္လိုင္းေကာင္းရွိဖုိ႔ေတာ့ လိုမွာျဖစ္ျပီး နည္းပညာအဆင့္ျမင့္တဲ့ device လည္း လိုအပ္မွာပါ။ Gaming experience ေကာင္းမ်ား အျပည့္အဝရႏိုင္မွာျဖစ္ေပမယ့္ အကုန္အက်ေတာ့မ်ားမယ္လို႔ အခ်ိဳ႕က တြက္ခ်က္ခန္႔မွန္းၾကပါတယ္။

4k နဲ႔ကစားႏိုင္ဖုိ႔ဟာ တကယ္တမ္းေတာ့မလြယ္ကူလွပါဘူး။ 720p နဲ႔ ကစားႏိုင္ဖုိ႔ကိုေတာင္ 10Mbps အင္တာနက္ေကာ္နက္ရွင္ လိုအပ္တာျဖစ္ျပီး Full HD and HDR ရရွိဖုိ႔ဆိုရင္ေတာ့ 20Mbps ေလာက္လိုအပ္ပါတယ္။ ေမွာ္ဆန္တယ္လို႔ေတာင္ တင္စားလို႔ၾကတဲ့ 4k နဲ႔ ကစားႏိုင္ဖုိ႔ကေတာ့ အနည္းဆုံး 30Mbps နဲ႔ အထက္လိုပါတယ္။ မိမိရဲ႕ အေျခအေနနဲ႔ ကိုက္ညီသေလာက္ပဲ ကစားၾကရဖုိ႔ မ်ားပါတယ္။

Google Stadia Controller

PC ဂိမ္းမ်ား ကစားမယ္ဆိုရင္ ရွိျပီးသား mouse မ်ား၊ keyboard မ်ားကို အသုံးျပဳကစားႏိုင္မွာျဖစ္သလို console ဂိမ္းမ်ား ကစားမယ္ဆိုရင္လည္း Stadia နဲ႔ ကိုက္ညီတဲ့ controller မ်ားကို အသုံးျပဳႏိုင္မွာပါ။ ဒါေပမယ့္ Google ဟာ Stadia အတြက္ သီးသန္႔ controller မ်ားကို ထုတ္လုပ္ေရာင္းခ်သြားဖုိ႔ အစီအစဥ္ရွိျပီး ဒီ controller မ်ားကေတာ့ အေကာင္းဆုံးေရြးခ်ယ္မႈျဖစ္လာႏိုင္ပါတယ္။ Stadia ရဲ႕ controller မ်ားဟာ အျမင္ပိုင္းအရ ဆန္းသစ္မႈ သိပ္မရွိလွေပမယ့္ လြန္စြာ အၾကမ္းခံျပီး ေကာင္းမြန္တယ္လို႔ ဆိုထားပါတယ္။

Google Stadia ကို free အသုံးျပဳႏိုင္မယ့္ တစ္ခုတည္းေသာနည္းလမ္းကေတာ့ Base version ကို အသုံးျပဳတာျဖစ္ျပီး Pro version ကို တိုးျမွင့္အသုံးျပဳမယ္ဆိုရင္ေတာ့ တစ္လကို ၁၀ ေဒၚလာ က်သင့္မွာပါ။ Google Stadia Base မွာ 1080p 60 fps အထိပဲ အျမင့္ဆုံး အသုံးျပဳႏိုင္မွာျဖစ္ျပီး Google Stadia Pro မွာမွ ေၾကညာထားတဲ့ 4k 60 fps နဲ႔ 5.1 surround sound တို့လို feature ေတြကို အျပည့္အဝရရွိမွာျဖစ္ပါတယ္။

Google Stadia ကို Pre-order ၾကိဳတင္မွာယူမယ္ဆိုရင္ Founder’s Edition ကုိ ရရွိမွာျဖစ္ျပီး ေဒၚလာ ၁၃၀ က်သင့္မွာပါ။ Chromecast Ultra, Stadia Controller တစ္ခု, Pro version ကို ကိုယ္တိုင္ကစားႏိုင္ဖုိ႔ ၃ လစာ နဲ႔ သူငယ္ခ်င္းတစ္ေယာက္ကို လက္ေဆာင္ေပးဖုိ႔ ၃လစာစီ ပါဝင္မွာျဖစ္ပါတယ္။ Founder’s Edition ဟာ ေစ်းၾကီးျမင့္လုိ့ မဝယ္ယူေသးဖုိ႔ ေစာင့္ၾကည့္သူမ်ားက သုံးသပ္အၾကံေပးထားၾကပါတယ္။

Stadia ေပၚမွာ ကစားႏိုင္မယ္လို႔ ေၾကညာထားျပီးသားဂိမ္းမ်ားကေတာ့

Bandai Namco – Dragon Ball Xenoverse 2

Bethesda – DOOM Eternal, DOOM 2016, Rage 2, The Elder Scrolls Online, Wolfenstein: Youngblood

Bungie – Destiny 2, Destiny 2: Shadowkeep Expansion

CD PROJEKT RED – Cyberpunk 2077

Chump Squad – KINE

Coatsink – Get Packed

Codemasters – GRID

Dotemu – Windjammers 2

Deep Silver – Metro Exodus

Drool – Thumper

Giants Software – Farming Simulator 19

Larian Studios – Baldur’s Gate 3

nWay Games – Power Rangers: Battle for the Grid

Omega Force – Attack on Titan 2: Final Battle

Pandemic Studios – Destroy All Humans!

Robot Entertainment – Orcs Must Die 3

Sega – Football Manager

SNK – Samurai Shodown

Square Enix – Final Fantasy XV – Tomb Raider Definitive Edition, Rise of the Tomb Raider, Shadow of the Tomb Raider, Marvel’s Avengers

SUPERHOT – SUPERHOT

2K – NBA 2K, Borderlands 3

Tequila Works – Gylt

Warner Bros – Mortal Kombat 11

THQ – Darksiders Genesis

Ubisoft – Assassin’s Creed Odyssey, Just Dance , Tom Clancy’s Ghost Recon Breakpoint, Tom Clancy’s The Division 2 , Trials Rising, The Crew 2, Watch Dogs: Legion

တို႔ပဲျဖစ္ပါတယ္။

လက္ရွိမွာ Fortnite, PUBG စတဲ့ဂိမ္းမ်ား မပါဝင္ေသးေပမယ့့္ Stadia သာ တကယ္တမ္း ေအာင္ျမင္လာခဲ့ရင္ ဂိမ္းကုမၸဏီမ်ားနဲ႔ ပူးေပါင္းျပီး ထည့္သြင္းမႈမ်ား ျပဳလုပ္လာႏိုင္ပါတယ္။ Google ကုမၸဏီကိုယ္တိုင္ Stadia အတြက္ သီးသန္႔ဂိမ္းမ်ား ထုတ္လုပ္လာႏိုင္သလို ေအာင္ျမင္မႈအေပၚမူတည္ျပီး Esports tournament မ်ားေတာင္ ျပဳလုပ္လာႏိုင္တဲ့ အလားအလာရွိပါတယ္။

Google လို ကုမၸဏီၾကီးမ်ိဳးက ထုတ္လုပ္မယ့္ Stadia gaming platform ဟာ အလားအလာေကာင္းမ်ားရွိေနေပမယ့္ အခေၾကးေငြေပးရမွာေတြ ပါဝင္သလုိ အင္တာနက္လိုအပ္ခ်က္လည္း မ်ားျပားလုိ့ ေရြးခ်ယ္ကစားဖုိ႔ အဆင္ေျပပါ့မလား ဆိုတာကေတာ့ ထြက္ရွိခ်ိန္မွာမွ ဆက္လက္သုံးသပ္ႏိုင္မွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

Google က ထုတ်မယ့် “Stadia” အွန်လိုင်းဂိမ်းပလက်ဖောင်းအကြောင်း သိပြီးကြပြီလား

 

၂၀၁၉ အတွင်း လူအများစုကြား ရေပန်းစားနေတဲ့ အကြောင်းအရာတွေထဲမှာ Google က ထုတ်မယ့် Stadia လို့ အမည်ပေးထားတဲ့ gaming platform အကြောင်းလည်း ပါဝင်ပါတယ်။ Stadia ဟာ Steam, PS5, Xbox One နဲ့ Nintendo တို့ရဲ့ပြိုင်ဘက်အဖြစ် ကြေညာလိုက်သလိုဖြစ်ပြီး ဝါရင့်ဂိမ်းကုမ္ပဏီကြီးများရဲ့ အလေးထားစောင့်ကြည့်ခံရမယ့်သူ ဖြစ်နေပါပြီ။ Google ဟာ အင်တာနက်ထိပ်တန်းကုမ္ပဏီကြီးဖြစ်ပေမယ့် ဂိမ်းလောကကို အကြီးအကျယ် ဝင်ရောက်မှာကတော့ ဒါပထမဆုံးပါ။

ဒီနှစ် နိုဝင်ဘာလမှာ ထွက်ရှိလာမယ်လို့ ကြေညာထားတဲ့ Stadia ကို အသုံးပြုဖို့ ဘာ hardware မှ ထပ်ဝယ်ဖို့ မလိုအပ်ပဲ ရှိပြီးသား PC များ၊ tablet များနဲ့ ဖုန်းများပေါ်မှာ အသုံးပြုနိုင်မှာပါ။ Online gaming platform ဖြစ်တာနဲ့အညီ အင်တာနက်လိုအပ်မှာဖြစ်ပြီး ဂိမ်းအမျိုးအစားပေါင်းမြောက်များစွာကို stream လုပ် ကစားနိုင်မှာပါ။ Chromecast Ultra ပါဝင်တဲ့ TV တစ်လုံးနဲ့ အင်တာနက်ရှိရင်တောင် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Stadia ရဲ့ ဆွဲဆောင်မှုရှိတဲ့ feature တစ်ခုကတော့ ဂိမ်းများကို အမြင့်ဆုံး 4k resolution နဲ့ 60 fps လောက်မှာ ကစားနိုင်မယ်လို့ အာမခံထားတာပါ။ HDR နဲ့ 5.1 surround sound များလည်း support လုပ်ထားပါတယ်။ အင်တာနက်လိုင်းကောင်းရှိဖို့တော့ လိုမှာဖြစ်ပြီး နည်းပညာအဆင့်မြင့်တဲ့ device လည်း လိုအပ်မှာပါ။ Gaming experience ကောင်းများ အပြည့်အဝရနိုင်မှာဖြစ်ပေမယ့် အကုန်အကျတော့များမယ်လို့ အချို့က တွက်ချက်ခန့်မှန်းကြပါတယ်။

4k နဲ့ကစားနိုင်ဖို့ဟာ တကယ်တမ်းတော့မလွယ်ကူလှပါဘူး။ 720p နဲ့ ကစားနိုင်ဖို့ကိုတောင် 10Mbps အင်တာနက်ကော်နက်ရှင် လိုအပ်တာဖြစ်ပြီး Full HD and HDR ရရှိဖို့ဆိုရင်တော့ 20Mbps လောက်လိုအပ်ပါတယ်။ မှော်ဆန်တယ်လို့တောင် တင်စားလို့ကြတဲ့ 4k နဲ့ ကစားနိုင်ဖို့ကတော့ အနည်းဆုံး 30Mbps နဲ့ အထက်လိုပါတယ်။ မိမိရဲ့ အခြေအနေနဲ့ ကိုက်ညီသလောက်ပဲ ကစားကြရဖို့ များပါတယ်။

Google Stadia Controller

PC ဂိမ်းများ ကစားမယ်ဆိုရင် ရှိပြီးသား mouse များ၊ keyboard များကို အသုံးပြုကစားနိုင်မှာဖြစ်သလို console ဂိမ်းများ ကစားမယ်ဆိုရင်လည်း Stadia နဲ့ ကိုက်ညီတဲ့ controller များကို အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် Google ဟာ Stadia အတွက် သီးသန့် controller များကို ထုတ်လုပ်ရောင်းချသွားဖို့ အစီအစဉ်ရှိပြီး ဒီ controller များကတော့ အကောင်းဆုံးရွေးချယ်မှုဖြစ်လာနိုင်ပါတယ်။ Stadia ရဲ့ controller များဟာ အမြင်ပိုင်းအရ ဆန်းသစ်မှု သိပ်မရှိလှပေမယ့် လွန်စွာ အကြမ်းခံပြီး ကောင်းမွန်တယ်လို့ ဆိုထားပါတယ်။

Google Stadia ကို free အသုံးပြုနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ Base version ကို အသုံးပြုတာဖြစ်ပြီး Pro version ကို တိုးမြှင့်အသုံးပြုမယ်ဆိုရင်တော့ တစ်လကို ၁၀ ဒေါ်လာ ကျသင့်မှာပါ။ Google Stadia Base မှာ 1080p 60 fps အထိပဲ အမြင့်ဆုံး အသုံးပြုနိုင်မှာဖြစ်ပြီး Google Stadia Pro မှာမှ ကြေညာထားတဲ့ 4k 60 fps နဲ့ 5.1 surround sound တို့လို feature တွေကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။

Google Stadia ကို Pre-order ကြိုတင်မှာယူမယ်ဆိုရင် Founder’s Edition ကို ရရှိမှာဖြစ်ပြီး ဒေါ်လာ ၁၃၀ ကျသင့်မှာပါ။ Chromecast Ultra, Stadia Controller တစ်ခု, Pro version ကို ကိုယ်တိုင်ကစားနိုင်ဖို့ ၃ လစာ နဲ့ သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးဖို့ ၃လစာစီ ပါဝင်မှာဖြစ်ပါတယ်။ Founder’s Edition ဟာ ဈေးကြီးမြင့်လို့ မဝယ်ယူသေးဖို့ စောင့်ကြည့်သူများက သုံးသပ်အကြံပေးထားကြပါတယ်။

Stadia ပေါ်မှာ ကစားနိုင်မယ်လို့ ကြေညာထားပြီးသားဂိမ်းများကတော့

Bandai Namco – Dragon Ball Xenoverse 2

Bethesda – DOOM Eternal, DOOM 2016, Rage 2, The Elder Scrolls Online, Wolfenstein: Youngblood

Bungie – Destiny 2, Destiny 2: Shadowkeep Expansion

CD PROJEKT RED – Cyberpunk 2077

Chump Squad – KINE

Coatsink – Get Packed

Codemasters – GRID

Dotemu – Windjammers 2

Deep Silver – Metro Exodus

Drool – Thumper

Giants Software – Farming Simulator 19

Larian Studios – Baldur’s Gate 3

nWay Games – Power Rangers: Battle for the Grid

Omega Force – Attack on Titan 2: Final Battle

Pandemic Studios – Destroy All Humans!

Robot Entertainment – Orcs Must Die 3

Sega – Football Manager

SNK – Samurai Shodown

Square Enix – Final Fantasy XV – Tomb Raider Definitive Edition, Rise of the Tomb Raider, Shadow of the Tomb Raider, Marvel’s Avengers

SUPERHOT – SUPERHOT

2K – NBA 2K, Borderlands 3

Tequila Works – Gylt

Warner Bros – Mortal Kombat 11

THQ – Darksiders Genesis

Ubisoft – Assassin’s Creed Odyssey, Just Dance , Tom Clancy’s Ghost Recon Breakpoint, Tom Clancy’s The Division 2 , Trials Rising, The Crew 2, Watch Dogs: Legion

တို့ပဲဖြစ်ပါတယ်။

လက်ရှိမှာ Fortnite, PUBG စတဲ့ဂိမ်းများ မပါဝင်သေးပေမယ့် Stadia သာ တကယ်တမ်း အောင်မြင်လာခဲ့ရင် ဂိမ်းကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ထည့်သွင်းမှုများ ပြုလုပ်လာနိုင်ပါတယ်။ Google ကုမ္ပဏီကိုယ်တိုင် Stadia အတွက် သီးသန့်ဂိမ်းများ ထုတ်လုပ်လာနိုင်သလို အောင်မြင်မှုအပေါ်မူတည်ပြီး Esports tournament များတောင် ပြုလုပ်လာနိုင်တဲ့ အလားအလာရှိပါတယ်။

Google လို ကုမ္ပဏီကြီးမျိုးက ထုတ်လုပ်မယ့် Stadia gaming platform ဟာ အလားအလာကောင်းများရှိနေပေမယ့် အခကြေးငွေပေးရမှာတွေ ပါဝင်သလို အင်တာနက်လိုအပ်ချက်လည်း များပြားလို့ ရွေးချယ်ကစားဖို့ အဆင်ပြေပါ့မလား ဆိုတာကတော့ ထွက်ရှိချိန်မှာမှ ဆက်လက်သုံးသပ်နိုင်မှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။